Premier League

1 Jan နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု


-ဂါ့သ်ခရွတ်ခ်က ပြီးခဲ့တဲ့နှစ်ဇန်နဝါရီမှာ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့လာတဲ့အချိန်ကတည်းက ကြီးမားတဲ့အကျိုးသက်ရောက်မှုတွေ ပြုလုပ်နိုင်ခဲ့တဲ့ ဖာနန်ဒက်စ်ကို လေးစားခဲ့ပြီး ပေါ့ဂ်ဘာသာ ယခုရာသီမှာ ထိပ်တန်းခြေစွမ်းပြန်လည်ရရှိလာမယ်ဆိုရင် လီဗာပူး ပြဿနာတကယ်တက်ပြီလို့ ပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ကာဗာနီဟာ လူမှုကွန်ရက်မှာ လူမျိုးရေးခွဲခြားတဲ့အသုံးအနှုန်းတွေ သုံးစွဲခဲ့တဲ့အတွက် အက်ဖ်အေက ၃ ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ငွေပေါင် ၁ သိန်းတပ်ရိုက်ခဲ့ပြီး အက်စ်တွန်ဗီလာ၊ မန်စီးတီးနဲ့ကစားရမယ့် ကရာဘောင်ဖလားဆီမီးဖိုင်နယ်ပွဲစဉ်၊ ဝက်ဖို့ဒ်နဲ့ကစားရမယ့် အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်တွေကို လွဲချော်တော့မှာဖြစ်။


-ဘရိုက်တန်အသင်းဟာ အသင်းဂိုးသမား မတ်ရိုင်ယန် ထွက်ခွာခဲ့မယ်ဆိုရင် မန်ချက်စတာယူနိုက်တက်အပယ်ခံဂိုးသမား ဆာဂျီယိုရိုမဲရိုးကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ပြသခဲ့ပြီး အမည်မဖော်နိုင်တဲ့ စပိန်အသင်းတစ်သင်းကလည်း ယခုရာသီကုန်ဆုံးတဲ့အထိ အငှားနဲ့ ခေါ်ယူဖို့ ယူနိုက်တက်နဲ့ ပြောဆိုဆွေးနွေးခဲ့ပြီးဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့။


-ကာဗာနီဟာ ၎င်းရဲ့အင်စတာဂရမ်ပို့စ်ကြောင့် အက်ဖ်အေက ၃ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့တာကို လက်ခံခဲ့ပြီး အမြဲတမ်း ၎င်းရဲ့ယဉ်ကျေးမှုအရ ချစ်ခြင်းမေတ္တာတရားနဲ့ အမြဲတမ်း ကိုယ့်ကိုကိုယ် ထုတ်ဖော်ခဲ့တဲ့အတွက် နှလုံးသားက ငြိမ်းချမ်းနေတယ်လို့ ပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့စက်တင်ဘာလမှာ အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့တဲ့ အက်စ်တွန်ဗီလာကြယ်ပွင့် ဂျက် ဂရီးလစ်ရှ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်တယ်လို့ သိရပြီး ပြီးခဲ့တဲ့နွေရာသီမှာ ဗန်ဒီဘိခ်ကို ပေါင်သန်း ၄၀ နဲ့ ခေါ်ယူထားပြီးဖြစ်တာကြောင့် ဂရီးလစ်ရှ်အတွက် ပေါင် ၆၅ သန်းထက် ပိုပြီးပေးချေဖို့ ငြင်းပယ်ခဲ့တဲ့အတွက် အပြောင်းအရွှေ့မဖြစ်ခဲ့တာဖြစ်။


-ဖိုဆူမန်ဆာဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့ Mirror ရဲ့ ဖော်ပြချက်အရ သိရပြီး ယခုရာသီပရီးမီးယားလိဂ်မှာ ၁ ပွဲသာ ပါဝင်ကစားရသေးတဲ့ အသက် ၂၂ နှစ်အရွယ်နောက်ခံကစားသမားဟာ ၎င်းရဲ့အနာဂတ်ကို တခြားတစ်နေရာရာမှာ ရှိနေဖို့ ဆုံးဖြတ်ထားတာ ဖြစ်ကောင်း ဖြစ်နိုင်။


-မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂယ်ရီနဗီးက ပေါ့ဂ်ဘာဟာ ကမ္ဘာ့အဆင့်ကစားသမားဖြစ်ပြီး ၎င်းရဲ့ အနိုင်ရချင်တဲ့ စိတ်ဓာတ်နဲ့အတူ မန်ချက်စတာယူနိုက်တက်အသင်းကို ဆုဖလား အောင်မြင်မှုတွေဆီ ပြန်လည်သယ်ဆောင်ပေးနိုင်မယ့်ကစားသမားဖြစ်တယ်လို့ ပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အက်စ်တွန်ဗီလာအသင်းရဲ့ လက်ရှိချန်ပီယံလီဗာပူးကို ၇-၂ နဲ့ အလဲထိုးနိုင်ခဲ့မှုက ၎င်းရဲ့အသင်းအတွက် ကြောက်ရွံ့စရာအကြောင်းအရင်းဖြစ်တယ်လို့ ယုံကြည်နေပြီး ယနေ့ညမှာ ဗီလာနဲ့ ကစားရမယ့် ပွဲဟာ ခက်ခဲကြမ်းတမ်းလိမ့်မယ်လို့ ပြောကြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


-ဂါ့သ္ခရြတ္ခ္က ၿပီးခဲ့တဲ့ႏွစ္ဇန္နဝါရီမွာ မန္ခ်က္စတာယူနိုက္တက္ကို ေျပာင္းေရႊ႕လာတဲ့အခ်ိန္ကတည္းက ႀကီးမားတဲ့အက်ိဳးသက္ေရာက္မႈေတြ ျပဳလုပ္နိုင္ခဲ့တဲ့ ဖာနန္ဒက္စ္ကို ေလးစားခဲ့ၿပီး ေပါ့ဂ္ဘာသာ ယခုရာသီမွာ ထိပ္တန္းေျခစြမ္းျပန္လည္ရရွိလာမယ္ဆိုရင္ လီဗာပူး ျပႆနာတကယ္တက္ၿပီလို႔ ေျပာၾကားခဲ့။


-မန္ခ်က္စတာယူနိုက္တက္တိုက္စစ္မႉး ကာဗာနီဟာ လူမႈကြန္ရက္မွာ လူမ်ိဳးေရးခြဲျခားတဲ့အသုံးအႏႈန္းေတြ သုံးစြဲခဲ့တဲ့အတြက္ အက္ဖ္ေအက ၃ ပြဲပယ္ျပစ္ဒဏ္နဲ႔ ဒဏ္ေငြေပါင္ ၁ သိန္းတပ္ရိုက္ခဲ့ၿပီး အက္စ္တြန္ဗီလာ၊ မန္စီးတီးနဲ႔ကစားရမယ့္ ကရာေဘာင္ဖလားဆီမီးဖိုင္နယ္ပြဲစဥ္၊ ဝက္ဖို႔ဒ္နဲ႔ကစားရမယ့္ အက္ဖ္ေအဖလားတတိယအဆင့္ပြဲစဥ္ေတြကို လြဲေခ်ာ္ေတာ့မွာျဖစ္။


-ဘရိုက္တန္အသင္းဟာ အသင္းဂိုးသမား မတ္ရိုင္ယန္ ထြက္ခြာခဲ့မယ္ဆိုရင္ မန္ခ်က္စတာယူနိုက္တက္အပယ္ခံဂိုးသမား ဆာဂ်ီယိုရိုမဲရိုးကို ေခၚယူဖို႔ စိတ္ဝင္စားေၾကာင္း ျပသခဲ့ၿပီး အမည္မေဖာ္နိုင္တဲ့ စပိန္အသင္းတစ္သင္းကလည္း ယခုရာသီကုန္ဆုံးတဲ့အထိ အငွားနဲ႔ ေခၚယူဖို႔ ယူနိုက္တက္နဲ႔ ေျပာဆိုေဆြးေႏြးခဲ့ၿပီးျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့။


-ကာဗာနီဟာ ၎ရဲ့အင္စတာဂရမ္ပို႔စ္ေၾကာင့္ အက္ဖ္ေအက ၃ ပြဲပယ္ ျပစ္ဒဏ္ခ်မွတ္ခဲ့တာကို လက္ခံခဲ့ၿပီး အျမဲတမ္း ၎ရဲ့ယဥ္ေက်းမႈအရ ခ်စ္ျခင္းေမတၱာတရားနဲ႔ အျမဲတမ္း ကိုယ့္ကိုကိုယ္ ထုတ္ေဖာ္ခဲ့တဲ့အတြက္ ႏွလုံးသားက ၿငိမ္းခ်မ္းေနတယ္လို႔ ေျပာၾကားခဲ့။


-မန္ခ်က္စတာယူနိုက္တက္ဟာ ၿပီးခဲ့တဲ့စက္တင္ဘာလမွာ အေျပာင္းအေရႊ႕မျဖစ္ေျမာက္ခဲ့တဲ့ အက္စ္တြန္ဗီလာၾကယ္ပြင့္ ဂ်က္ ဂရီးလစ္ရွ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနဆဲျဖစ္တယ္လို႔ သိရၿပီး ၿပီးခဲ့တဲ့ေႏြရာသီမွာ ဗန္ဒီဘိခ္ကို ေပါင္သန္း ၄၀ နဲ႔ ေခၚယူထားၿပီးျဖစ္တာေၾကာင့္ ဂရီးလစ္ရွ္အတြက္ ေပါင္ ၆၅ သန္းထက္ ပိုၿပီးေပးေခ်ဖို႔ ျငင္းပယ္ခဲ့တဲ့အတြက္ အေျပာင္းအေရႊ႕မျဖစ္ခဲ့တာျဖစ္။


-ဖိုဆူမန္ဆာဟာ မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ စာခ်ဳပ္သစ္ ကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့တယ္လို႔ Mirror ရဲ့ ေဖာ္ျပခ်က္အရ သိရၿပီး ယခုရာသီပရီးမီးယားလိဂ္မွာ ၁ ပြဲသာ ပါဝင္ကစားရေသးတဲ့ အသက္ ၂၂ ႏွစ္အရြယ္ေနာက္ခံကစားသမားဟာ ၎ရဲ့အနာဂတ္ကို တျခားတစ္ေနရာရာမွာ ရွိေနဖို႔ ဆုံးျဖတ္ထားတာ ျဖစ္ေကာင္း ျဖစ္နိုင္။


-မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္ ဂယ္ရီနဗီးက ေပါ့ဂ္ဘာဟာ ကမၻာ့အဆင့္ကစားသမားျဖစ္ၿပီး ၎ရဲ့ အနိုင္ရခ်င္တဲ့ စိတ္ဓာတ္နဲ႔အတူ မန္ခ်က္စတာယူနိုက္တက္အသင္းကို ဆုဖလား ေအာင္ျမင္မႈေတြဆီ ျပန္လည္သယ္ေဆာင္ေပးနိုင္မယ့္ကစားသမားျဖစ္တယ္လို႔ ေျပာၾကားခဲ့။


-မန္ခ်က္စတာယူနိုက္တက္နည္းၿပ ဆိုးလ္ရွားက အက္စ္တြန္ဗီလာအသင္းရဲ့ လက္ရွိခ်န္ပီယံလီဗာပူးကို ၇-၂ နဲ႔ အလဲထိုးနိုင္ခဲ့မႈက ၎ရဲ့အသင္းအတြက္ ေၾကာက္ရြံ့စရာအေၾကာင္းအရင္းျဖစ္တယ္လို႔ ယုံၾကည္ေနၿပီး ယေန႔ညမွာ ဗီလာနဲ႔ ကစားရမယ့္ ပြဲဟာ ခက္ခဲၾကမ္းတမ္းလိမ့္မယ္လို႔ ေျပာၾကားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.