Premier League

သူအလန့်ဆုံးနည်းပြက ဖာဂူဆန် မဟုတ်ဘူးလို့ ထုတ်ပြောလိုက်တဲ့ ဒိုင်လူကြီး မိုက်ဒင်းန်

ပရီးမီးယားလိဂ်ကနေ ဒီရာသီကုန်မှာ အနားယူတော့မယ့် နာမည်ကြီး ဒိုင်လူကြီး မိုက်ဒင်းန်က ဒီပြိုင်ပွဲတွေကို ကိုင်တွယ်ခဲ့စဉ်မှာ သူ့အတွက် ဆက်ဆံရ အခက်ခဲဆုံးနဲ့ အလန့်ဆုံး နည်းပြတစ်ဦး ရှိခဲ့ပြီး မန်ချက်စတာယူနိုက်တက်ရဲ့ ဆာအဲလက်စ် ဖာဂူဆန်တော့ မဟုတ်သလို တခြားတစ်ယောက် ဖြစ်ကြောင်း ပြောပြလိုက်ပါတယ်။

မိုက်ဒင်းန်က ဖာဂူဆန်ဟာ ထင်သလောက် မဆိုးကြောင်းနဲ့ သူ့ရဲ့ ဒိုင်လူကြီးသက်တမ်း ၃၇ နှစ်တာအတွင်းမှာ ကိုင်ရတွယ်ရ အခက်ခဲဆုံး ဖြစ်ခဲ့တဲ့ အသင်းဟာ အာဆင်နယ်ဖြစ်သလို လက်ရှိနဲ့ အတိတ်က အခြေအနေတွေ ကွာခြားသွားမှုက ပြင်သစ်သား နည်းပြကြီး အာဆင် ဝင်းဂါးကြောင့် ဖြစ်ကြောင်း ထုတ်ဖော်လိုက်တာပါ။

ပရီးမီးယားလိဂ်ကနေ အနားယူတော့မယ့် သူ့ရဲ့ ဘဝအနိမ့်အမြင့် အတက်အကျ အတွေ့အကြုံတွေကို BBC က မေးမြန်းရာမှာ အသက် ၅၃ နှစ် အရွယ် ဒိုင်လူကြီးက “အဲ့ဒီလိုလူရှိရင် အာဆင်နယ်ရဲ့ အာဆင်ဝင်းဂါးပဲ ဖြစ်ရမှာပေါ့ဗျာ”လို့ ပြောသွားခဲ့ပြီး သူရင်ဆိုင်ခဲ့ရတဲ့ အဖြစ်အပျက်တွေကိုလည်း ပြန်ပြောင်းပြောပြသွားခဲ့ပါတယ်။

“အာဆင်နယ်အသင်းကို ခြုံငုံပြောရရင်တော့ ကိုင်တွယ်ရ မခက်ခဲလှပါဘူး။ ဒါပေမယ့် အာဆင်ဝင်းဂါး မန်နေဂျာလုပ်နေတဲ့ နေ့ရက်တွေမှာတော့ ဒီလို မဟုတ်ဘူး။ သူရှိနေတာနဲ့ သူ့ရဲ့အသင်းက တက်တက်ကြွကြွ ကစားပေးနေသလို သူကလည်း သူ့အသင်းသားတွေအတွက် တစ်ခုခု မကျေနပ်တာနဲ့ ခင်ဗျားဆီလာပြီး ပြဿနာရှာမှာပါ”လို့ မိုက်ဒင်းန်က ဖွင့်ဟခဲ့တာပါ။

မိုက်ဒင်းန်နဲ့ အာဆင်ဝင်းဂါးတို့ကြားက ထင်ရှားတဲ့ အဖြစ်အပျက်ကတော့ အိုးလ်ထရက်ဖို့ဒ်မှာ အဆုံးအဖြတ်ကို မကျေနပ်လို့ ရေဘူးကို ကန်ခဲ့တဲ့ အပြုအမူအတွက် အထုတ်ခံရပြီး ပွဲကြည့်စင်ပေါ် အပို့ခံခဲ့ရတာဖြစ်သလို ပြင်သစ်နည်းပြကြီးအနေနဲ့ စင်ရဲ့ လှေကားထစ် လူသွားလမ်းမှာ မတ်တပ်ရပ်ပြီး မကျေနပ်မှုကို ကိုယ်ဟန်လက်ဟန်နဲ့ ဆက်လက်ပြသခဲ့တာဖြစ်ပါတယ်။

“သူ ဘောလုံးလောကနဲ့ အာဆင်နယ်ကနေ အနားယူတော့ ကျွန်တော် ကြည့်မိပါတယ်။ အာဆင်နယ်မှာလိုတုန်းက ပုံစံမျိုး မဟုတ်တော့ဘူး။ လည်စည်းအဖြူကို စည်းပြီး(အာဆင်နယ်လည်စည်းက အနီရောင်ဖြစ်သည်) လူကြီးလူကောင်းဆန်ဆန် တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းပါပဲ။ သာမန်လူတွေလိုပေါ့… ကျွန်တော်တို့ ဒိုင်တွေလည်း တူတူပေါ့ဗျာ”

“ဖာဂူဆန်ကတော့ တစ်မျိုး ခင်ဗျားအခန်းတံခါးကို လာခေါက်ပြီးမှ စကားလုံးတွေနဲ့ ပစ်ပေါက်တတ်တာ။ တစ်ခုခု သူမကျေနပ်တာရှိရင် သူ့ရဲ့ အမြင်ကို ကိုင်စွဲပြီး ဆိုးဆိုးရွားရွား တုံ့ပြန်တတ်တယ်။ ဒါပေမယ့် လူတွေ ထင်နေကြသလိုမျိုးတော့ မဟုတ်ပါဘူး”လို့ ပရီးမီးယားလိဂ်ရဲ့ ပုံရိပ်အမြင့်ဆုံး နည်းပြနှစ်ဦးအကြောင်း ပြောပြခဲ့တာပါ။

ပြဿနာအရှာတတ်ဆုံးနဲ့ ကိုင်တွယ်ဖို့ အခက်ခဲဆုံး ကစားသမားတွေအဖြစ်တော့ အထက်ကလိုပဲ တူညီတဲ့ အသင်းတွေက ရွိုင်းကီးန်နဲ့ ဗီယာရာလို့ မိုက်ဒင်းန်က ထုတ်ပြောသွားပြီး သူအကြိုက်ဆုံး ကစားသမားတွေက ပက်ထရစ် ဗီယာရာ၊ ဒင်းနစ္စ ဘားကမ့်နဲ့ သီယာရီ အွန်နရီတို့ ဖြစ်တယ်လို့ ဆိုသွားခဲ့သလို ကိုင်တွယ်ခွင့်ရခဲ့တဲ့ အကောင်းဆုံးပွဲစဉ်ကတော့ ၂၀၁၂ ခုနှစ်က မန်စီးတီးရဲ့ ချန်ပီယံအဆုံးအဖြတ် QPR နဲ့ပွဲဖြစ်တယ်လို့ ဆိုပါတယ်။

“အဲ့ဒီပွဲတုန်းကတော့ဗျာ… ဟိုအသင်းက နောက်ဆုံးမိနစ်အထိ ဂိုးကွာခြားချက်နဲ့ နိုင်နေတုန်းဗျ။ ဒါပေမယ့် ဆာဂျီယို အဂွေရိုက အနိုင်ဂိုးသွင်းပြီး အင်္ကျီချွတ် အောင်ပွဲခံခဲ့လို့ အဝါပြခဲ့ရတဲ့ အချိန်မှာ အားလုံးပြောင်းလဲသွားတာပေါ့။ သူအဝါ ထိမထားလို့ ပြတာပါ… ကျွန်တော်လည်း နို့မို့ မပြပါဘူး။ ဒီလို အောင်ပွဲခံတာက ဖြစ်သင့်ပါတယ်လို့ အထက်ကို အစီရင်ခံပြီး လျှော်ပေးလိုက်မှာပါပဲ”လို့ အမှတ်တရတွေကို မိုက်ဒင်းန်က ဖြေကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပရီးမီးယားလိဂ္ကေန ဒီရာသီကုန္မွာ အနားယူေတာ့မယ့္ နာမည္ႀကီး ဒိုင္လူႀကီး မိုက္ဒင္းန္က ဒီၿပိဳင္ပြဲေတြကို ကိုင္တြယ္ခဲ့စဥ္မွာ သူ႔အတြက္ ဆက္ဆံရ အခက္ခဲဆုံးနဲ႔ အလန႔္ဆုံး နည္းျပတစ္ဦး ရွိခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ဆာအဲလက္စ္ ဖာဂူဆန္ေတာ့ မဟုတ္သလို တျခားတစ္ေယာက္ ျဖစ္ေၾကာင္း ေျပာျပလိုက္ပါတယ္။

မိုက္ဒင္းန္က ဖာဂူဆန္ဟာ ထင္သေလာက္ မဆိုးေၾကာင္းနဲ႔ သူ႔ရဲ႕ ဒိုင္လူႀကီးသက္တမ္း ၃၇ ႏွစ္တာအတြင္းမွာ ကိုင္ရတြယ္ရ အခက္ခဲဆုံး ျဖစ္ခဲ့တဲ့ အသင္းဟာ အာဆင္နယ္ျဖစ္သလို လက္ရွိနဲ႔ အတိတ္က အေျခအေနေတြ ကြာျခားသြားမႈက ျပင္သစ္သား နည္းျပႀကီး အာဆင္ ဝင္းဂါးေၾကာင့္ ျဖစ္ေၾကာင္း ထုတ္ေဖာ္လိုက္တာပါ။

ပရီးမီးယားလိဂ္ကေန အနားယူေတာ့မယ့္ သူ႔ရဲ႕ ဘဝအနိမ့္အျမင့္ အတက္အက် အေတြ႕အႀကဳံေတြကို BBC က ေမးျမန္းရာမွာ အသက္ ၅၃ ႏွစ္ အ႐ြယ္ ဒိုင္လူႀကီးက “အဲ့ဒီလိုလူရွိရင္ အာဆင္နယ္ရဲ႕ အာဆင္ဝင္းဂါးပဲ ျဖစ္ရမွာေပါ့ဗ်ာ”လို႔ ေျပာသြားခဲ့ၿပီး သူရင္ဆိုင္ခဲ့ရတဲ့ အျဖစ္အပ်က္ေတြကိုလည္း ျပန္ေျပာင္းေျပာျပသြားခဲ့ပါတယ္။

“အာဆင္နယ္အသင္းကို ၿခဳံငုံေျပာရရင္ေတာ့ ကိုင္တြယ္ရ မခက္ခဲလွပါဘူး။ ဒါေပမယ့္ အာဆင္ဝင္းဂါး မန္ေနဂ်ာလုပ္ေနတဲ့ ေန႔ရက္ေတြမွာေတာ့ ဒီလို မဟုတ္ဘူး။ သူရွိေနတာနဲ႔ သူ႔ရဲ႕အသင္းက တက္တက္ႂကြႂကြ ကစားေပးေနသလို သူကလည္း သူ႔အသင္းသားေတြအတြက္ တစ္ခုခု မေက်နပ္တာနဲ႔ ခင္ဗ်ားဆီလာၿပီး ျပႆနာရွာမွာပါ”လို႔ မိုက္ဒင္းန္က ဖြင့္ဟခဲ့တာပါ။

မိုက္ဒင္းန္နဲ႔ အာဆင္ဝင္းဂါးတို႔ၾကားက ထင္ရွားတဲ့ အျဖစ္အပ်က္ကေတာ့ အိုးလ္ထရက္ဖို႔ဒ္မွာ အဆုံးအျဖတ္ကို မေက်နပ္လို႔ ေရဘူးကို ကန္ခဲ့တဲ့ အျပဳအမူအတြက္ အထုတ္ခံရၿပီး ပြဲၾကည့္စင္ေပၚ အပို႔ခံခဲ့ရတာျဖစ္သလို ျပင္သစ္နည္းျပႀကီးအေနနဲ႔ စင္ရဲ႕ ေလွကားထစ္ လူသြားလမ္းမွာ မတ္တပ္ရပ္ၿပီး မေက်နပ္မႈကို ကိုယ္ဟန္လက္ဟန္နဲ႔ ဆက္လက္ျပသခဲ့တာျဖစ္ပါတယ္။

“သူ ေဘာလုံးေလာကနဲ႔ အာဆင္နယ္ကေန အနားယူေတာ့ ကြၽန္ေတာ္ ၾကည့္မိပါတယ္။ အာဆင္နယ္မွာလိုတုန္းက ပုံစံမ်ိဳး မဟုတ္ေတာ့ဘူး။ လည္စည္းအျဖဴကို စည္းၿပီး(အာဆင္နယ္လည္စည္းက အနီေရာင္ျဖစ္သည္) လူႀကီးလူေကာင္းဆန္ဆန္ တည္တည္ၿငိမ္ၿငိမ္ ေအးေအးခ်မ္းခ်မ္းပါပဲ။ သာမန္လူေတြလိုေပါ့… ကြၽန္ေတာ္တို႔ ဒိုင္ေတြလည္း တူတူေပါ့ဗ်ာ”

“ဖာဂူဆန္ကေတာ့ တစ္မ်ိဳး ခင္ဗ်ားအခန္းတံခါးကို လာေခါက္ၿပီးမွ စကားလုံးေတြနဲ႔ ပစ္ေပါက္တတ္တာ။ တစ္ခုခု သူမေက်နပ္တာရွိရင္ သူ႔ရဲ႕ အျမင္ကို ကိုင္စြဲၿပီး ဆိုးဆိုး႐ြား႐ြား တုံ႔ျပန္တတ္တယ္။ ဒါေပမယ့္ လူေတြ ထင္ေနၾကသလိုမ်ိဳးေတာ့ မဟုတ္ပါဘူး”လို႔ ပရီးမီးယားလိဂ္ရဲ႕ ပုံရိပ္အျမင့္ဆုံး နည္းျပႏွစ္ဦးအေၾကာင္း ေျပာျပခဲ့တာပါ။

ျပႆနာအရွာတတ္ဆုံးနဲ႔ ကိုင္တြယ္ဖို႔ အခက္ခဲဆုံး ကစားသမားေတြအျဖစ္ေတာ့ အထက္ကလိုပဲ တူညီတဲ့ အသင္းေတြက ႐ြိဳင္းကီးန္နဲ႔ ဗီယာရာလို႔ မိုက္ဒင္းန္က ထုတ္ေျပာသြားၿပီး သူအႀကိဳက္ဆုံး ကစားသမားေတြက ပက္ထရစ္ ဗီယာရာ၊ ဒင္းနစၥ ဘားကမ့္နဲ႔ သီယာရီ အြန္နရီတို႔ ျဖစ္တယ္လို႔ ဆိုသြားခဲ့သလို ကိုင္တြယ္ခြင့္ရခဲ့တဲ့ အေကာင္းဆုံးပြဲစဥ္ကေတာ့ ၂၀၁၂ ခုႏွစ္က မန္စီးတီးရဲ႕ ခ်န္ပီယံအဆုံးအျဖတ္ QPR နဲ႔ပြဲျဖစ္တယ္လို႔ ဆိုပါတယ္။

“အဲ့ဒီပြဲတုန္းကေတာ့ဗ်ာ… ဟိုအသင္းက ေနာက္ဆုံးမိနစ္အထိ ဂိုးကြာျခားခ်က္နဲ႔ ႏိုင္ေနတုန္းဗ်။ ဒါေပမယ့္ ဆာဂ်ီယို အေဂြ႐ိုက အႏိုင္ဂိုးသြင္းၿပီး အက်ႌခြၽတ္ ေအာင္ပြဲခံခဲ့လို႔ အဝါျပခဲ့ရတဲ့ အခ်ိန္မွာ အားလုံးေျပာင္းလဲသြားတာေပါ့။ သူအဝါ ထိမထားလို႔ ျပတာပါ… ကြၽန္ေတာ္လည္း ႏို႔မို႔ မျပပါဘူး။ ဒီလို ေအာင္ပြဲခံတာက ျဖစ္သင့္ပါတယ္လို႔ အထက္ကို အစီရင္ခံၿပီး ေလွ်ာ္ေပးလိုက္မွာပါပဲ”လို႔ အမွတ္တရေတြကို မိုက္ဒင္းန္က ေျဖၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.