Premier League

1 Jan နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများစုစည်းမှု


-အာဆင်နယ်နည်းပြ အာတီတာဟာ အသင်းသားတွေနဲ့ မကြာသေးမီက တွေ့ဆုံချိန်မှာ ငုတ်တုတ်ထိုင်နေရတဲ့ စီနီယာကစားသမားတွေထဲကတစ်ဦးရဲ့ စိန်ခေါ်ခြင်းကို ခံခဲ့ရပြီး ယခုရာသီမှာ ဘာကြောင့် အခြားပထမအသင်းကြယ်ပွင့်တွေဟာ ခွဲခြားဆက်ဆံခံခဲ့ရတာလဲလို့ မေးခွန်းထုတ်ခဲ့ကြောင်း သိရ။


-အာဆင်နယ်ကွင်းလယ်ကစားသမားဟောင်း လီယန်ဘရက်ဒီက အသင်းအမှုဆောင်ချုပ်ဟောင်း အိုင်ဗန်ဂါဇီဒစ်ရဲ့ အိုဇေးလ်ကို လွန်ခဲ့တဲ့ ၃ နှစ်လောက်က အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်မပြုခဲ့တဲ့အမှားကို လက်ရှိအချိန်အထိ အသင်းက ခံစားနေရဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပြီး အိုဇေးလ်ဟာ အဝတ်လဲခန်းထဲမှာရော ကွင်းထဲမှာပါ ကောင်းတဲ့ကောင်မဟုတ်ဘူးလို့ ဝေဖန်ခဲ့။


-အာဆင်နယ်နည်းပြအာတီတာက ပရီးမီးယားလိဂ်ကို နောက်ဆုံးမိနစ်ကျမှ ပွဲကို ရပ်တန့်ဖို့ ညွှန်ကြားတာနဲ့ပတ်သက်ပြီး စောစောစီးစီးကတည်းက ဆုံးဖြတ်ချက်ချမှတ်ပေးဖို့ တောင်းဆိုခဲ့ပြီး ပွဲမစတင်မီ ၂ နာရီအလိုလောက်မှ ပွဲကစားရမလား၊ ပွဲပျက်မလားဆိုတာကို သိရတာက အဆင်မပြေဘဲ ကြိုတင်သိရှိမယ်ဆိုရင် ပြင်ဆင်နိုင်လိမ့်မယ်လို့ ပြောကြားခဲ့။


-အာဆင်နယ်အသင်းဟာ ရိုးမားနောက်ခံကစားသမား ရော်ဂျာအိုင်ဘနက်ဇ်ကို အဲဗာတန်၊ လက်စတာစီးတီတို့နဲ့အပြိုင် ခေါ်ယူဖို့ ချဉ်းကပ်ခဲ့ကြောင်း Calciomercato က ဖော်ပြခဲ့ပြီး သိပ်မကြာသေးမီကပဲ လီဗာပူးအသင်းကလည်း ခေါ်ယူဖို့ သတင်းတွေထွက်ပေါ်ခဲ့ဖူးသူဖြစ်။


-နည်းပြအာတီတာက ပရီးမီးယားလိဂ်မှာ ၂ ပွဲဆက်တိုက်အနိုင်ရရှိခဲ့ပြီးနောက် ၎င်းရဲ့အသင်းအပေါ်က ဖိအားတွေ သက်သာရာရခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပြီး ဝက်စ်ဘရွန်းအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မှာ နောက်ထပ် နိုင်ပွဲရယူပြီး ယုံကြည်ချက်ပိုမိုခိုင်မာအောင် တည်ဆောက်နိုင်ဖို့ မျှော်လင့်နေ။


-အာဆင်နယ်အသင်းဟာ လာမယ့်ဇန်နဝါရီလမှာ ကြီးမားလွန်းတဲ့အသင်းလူစာရင်းပမာဏကို လျှော့သွားဖို့ ပထမဦးစားပေးသတ်မှတ်ထားပြီး အိုဇေးလ်၊ ကိုလာစီနက် တို့လို အသင်းမှာ လူပိုဖြစ်နေတဲ့ စီနီယာကစားသမားတွေအပါအဝင် လူငယ်ကစားသမားအချို့လည်း အငှားနဲ့ ထွက်ကစားသွားမယ်လို့ နည်းပြအာတီက အတည်ပြုခဲ့။


-အာဆင်နယ်ကစားသမားတွေဟာ ဒေါ့မွန်ကြယ်ပွင့် ဂျူလီယန်ဘရန့်တ် အသင်းကို ပြောင်းရွှေ့လာနိုင်ခြေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ သိရပြီး Sport Bild သတင်းထောက် ခရစ်ရှန်ဖော့ခ်က ဂျူလီယန်ဘရန့်တ်ဟာ အမ်းမရိတ်စ်ကို ပြောင်းရွှေ့ဖို့ ကြိုးပမ်းနေတာကြောင့် အမှန်တကယ်အပြောင်းအရွှေ့ဖြစ်ပေါ်လာမယ်လို့ ပြောကြားခဲ့။


-အသက် ၁၉ နှစ်အရွယ် လူငယ်ကစားသမား ဆာကာ လုပ်နေတာတွေက ၎င်းရဲ့အသက်အရွယ်နဲ့ သာမန်မဟုတ်ဘဲ အခြေအနေတွေ ဆိုးရွားနေတဲ့အချိန်မှာ ချမှတ်တဲ့ ဆုံးဖြတ်ချက်တွေကို တာဝန်ယူမှုနဲ့ ကိုယ်ရည်ကိုယ်သွေးကောင်းမွန်မှုတွေဟာ ပြီးခဲ့တဲ့လအနည်းငယ်အတွင်း အကြီးမားဆုံးလုပ်ဆောင်ခဲ့တာတွေဖြစ်တယ်လို့ အာတီတာက ချီးကျူးခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


-အာဆင္နယ္နည္းၿပ အာတီတာဟာ အသင္းသားေတြနဲ႔ မၾကာေသးမီက ေတြ႕ဆုံခ်ိန္မွာ ငုတ္တုတ္ထိုင္ေနရတဲ့ စီနီယာကစားသမားေတြထဲကတစ္ဦးရဲ့ စိန္ေခၚျခင္းကို ခံခဲ့ရၿပီး ယခုရာသီမွာ ဘာေၾကာင့္ အျခားပထမအသင္းၾကယ္ပြင့္ေတြဟာ ခြဲျခားဆက္ဆံခံခဲ့ရတာလဲလို႔ ေမးခြန္းထုတ္ခဲ့ေၾကာင္း သိရ။


-အာဆင္နယ္ကြင္းလယ္ကစားသမားေဟာင္း လီယန္ဘရက္ဒီက အသင္းအမႈေဆာင္ခ်ဳပ္ေဟာင္း အိုင္ဗန္ဂါဇီဒစ္ရဲ့ အိုေဇးလ္ကို လြန္ခဲ့တဲ့ ၃ ႏွစ္ေလာက္က အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာခြင့္မျပဳခဲ့တဲ့အမွားကို လက္ရွိအခ်ိန္အထိ အသင္းက ခံစားေနရဆဲျဖစ္တယ္လို႔ ေျပာၾကားခဲ့ၿပီး အိုေဇးလ္ဟာ အဝတ္လဲခန္းထဲမွာေရာ ကြင္းထဲမွာပါ ေကာင္းတဲ့ေကာင္မဟုတ္ဘူးလို႔ ေဝဖန္ခဲ့။


-အာဆင္နယ္နည္းျပအာတီတာက ပရီးမီးယားလိဂ္ကို ေနာက္ဆုံးမိနစ္က်မွ ပြဲကို ရပ္တန႔္ဖို႔ ညႊန္ၾကားတာနဲ႔ပတ္သက္ၿပီး ေစာေစာစီးစီးကတည္းက ဆုံးျဖတ္ခ်က္ခ်မွတ္ေပးဖို႔ ေတာင္းဆိုခဲ့ၿပီး ပြဲမစတင္မီ ၂ နာရီအလိုေလာက္မွ ပြဲကစားရမလား၊ ပြဲပ်က္မလားဆိုတာကို သိရတာက အဆင္မေျပဘဲ ႀကိဳတင္သိရွိမယ္ဆိုရင္ ျပင္ဆင္နိုင္လိမ့္မယ္လို႔ ေျပာၾကားခဲ့။


-အာဆင္နယ္အသင္းဟာ ရိုးမားေနာက္ခံကစားသမား ေရာ္ဂ်ာအိုင္ဘနက္ဇ္ကို အဲဗာတန္၊ လက္စတာစီးတီတို႔နဲ႔အၿပိဳင္ ေခၚယူဖို႔ ခ်ဥ္းကပ္ခဲ့ေၾကာင္း Calciomercato က ေဖာ္ျပခဲ့ၿပီး သိပ္မၾကာေသးမီကပဲ လီဗာပူးအသင္းကလည္း ေခၚယူဖို႔ သတင္းေတြထြက္ေပၚခဲ့ဖူးသူျဖစ္။


-နည္းျပအာတီတာက ပရီးမီးယားလိဂ္မွာ ၂ ပြဲဆက္တိုက္အနိုင္ရရွိခဲ့ၿပီးေနာက္ ၎ရဲ့အသင္းအေပၚက ဖိအားေတြ သက္သာရာရခဲ့တယ္လို႔ ဝန္ခံေျပာၾကားခဲ့ၿပီး ဝက္စ္ဘရြန္းအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ပြဲစဥ္မွာ ေနာက္ထပ္ နိုင္ပြဲရယူၿပီး ယုံၾကည္ခ်က္ပိုမိုခိုင္မာေအာင္ တည္ေဆာက္နိုင္ဖို႔ ေမၽွာ္လင့္ေန။


-အာဆင္နယ္အသင္းဟာ လာမယ့္ဇန္နဝါရီလမွာ ႀကီးမားလြန္းတဲ့အသင္းလူစာရင္းပမာဏကို ေလၽွာ့သြားဖို႔ ပထမဦးစားေပးသတ္မွတ္ထားၿပီး အိုေဇးလ္၊ ကိုလာစီနက္ တို႔လို အသင္းမွာ လူပိုျဖစ္ေနတဲ့ စီနီယာကစားသမားေတြအပါအဝင္ လူငယ္ကစားသမားအခ်ိဳ႕လည္း အငွားနဲ႔ ထြက္ကစားသြားမယ္လို႔ နည္းျပအာတီက အတည္ျပဳခဲ့။


-အာဆင္နယ္ကစားသမားေတြဟာ ေဒါ့မြန္ၾကယ္ပြင့္ ဂ်ဴလီယန္ဘရန႔္တ္ အသင္းကို ေျပာင္းေရႊ႕လာနိုင္ေျခနဲ႔ပတ္သက္ၿပီး ေဆြးေႏြးခဲ့ၾကတယ္လို႔ သိရၿပီး Sport Bild သတင္းေထာက္ ခရစ္ရွန္ေဖာ့ခ္က ဂ်ဴလီယန္ဘရန႔္တ္ဟာ အမ္းမရိတ္စ္ကို ေျပာင္းေရႊ႕ဖို႔ ႀကိဳးပမ္းေနတာေၾကာင့္ အမွန္တကယ္အေျပာင္းအေရႊ႕ျဖစ္ေပၚလာမယ္လို႔ ေျပာၾကားခဲ့။


-အသက္ ၁၉ ႏွစ္အရြယ္ လူငယ္ကစားသမား ဆာကာ လုပ္ေနတာေတြက ၎ရဲ့အသက္အရြယ္နဲ႔ သာမန္မဟုတ္ဘဲ အေျခအေနေတြ ဆိုးရြားေနတဲ့အခ်ိန္မွာ ခ်မွတ္တဲ့ ဆုံးျဖတ္ခ်က္ေတြကို တာဝန္ယူမႈနဲ႔ ကိုယ္ရည္ကိုယ္ေသြးေကာင္းမြန္မႈေတြဟာ ၿပီးခဲ့တဲ့လအနည္းငယ္အတြင္း အႀကီးမားဆုံးလုပ္ေဆာင္ခဲ့တာေတြျဖစ္တယ္လို႔ အာတီတာက ခ်ီးက်ဴးခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.