Premier League

ကမ္ဘာပေါ်မှာ ထပ်မဖြစ်နိုင်တော့တဲ့ ပေါက်ပေါက်ရှာရှာအပြောင်းအရွှေ့များ


ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်ဟာ လာမယ့် ဇန်နဝါရီ ၂ရက်နေ့မှာ စတင်ဖွင့်လှစ်တော့မှာဖြစ်ပြီး လာလီဂါနဲ့ စီးရီးအေတို့ကတော့ ဇန်နဝါရီ ၄ ရက်နေ့မှ စတင်ဖွင့်လှစ်မှာဖြစ်ပါတယ်။

ပရော်ဖက်ရှင်နယ်ဘောလုံးကလပ်အသင်းတွေဟာ ရာသီတစ်ဝက်နီးပါး ကစားခဲ့ပြီးဖြစ်တာကြောင့် အသင်းမှာ အမှန်တကယ်လိုအပ်နေတဲ့နေရာအတွက် ခေါ်ယူရမယ့်ကစားသမားတွေကို စဉ်းစားထားပြီးဖြစ်နေမှာဖြစ်ပြီး ၎င်းတို့ရဲ့ လက်ကျန်ရာသီမှာ ရလဒ်ကောင်းတွေ ဆောင်ကြဉ်းပေးနိုင်မယ့် ကစားသမားတွေကို ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ လျင်လျင်မြန်မြန်နဲ့ ခေါ်ယူသွားကြတော့မှာဖြစ်ပါတယ်။ ကလပ်အသင်းအချို့သာ မယုံနိုင်ဖွယ် ဇန်နဝါရီအပြောင်းအရွှေ့ကာလ ခေါ်ယူမှုတွေသာ ရှားရှားပါးပါးပြုလုပ်နိုင်လေ့ရှိကြပြီး အသင်းအများစုကတော့ ဖေဖော်ဝါရီလရောက်မှ နဖူးရိုက်မိကြတဲ့ အပြောင်းအရွှေ့တွေလည်း ဘောလုံးသမိုင်းမှာ အများအပြားရှိခဲ့ပါတယ်။

အထူးသဖြင့် ယနေ့ခေတ် အပြောင်းအရွှေ့တွေဟာ မယုံကြည်နိုင်လောက်စရာ ငွေကြေးပမာဏတွေကို အသုံးပြုပြီး သဘောတူညီမှုရယူရတာဖြစ်တဲ့အတွက် အသင်းတိုင်းဟာ အခေါက်ခေါက်အခါခါစဉ်းစားပြီးမှ အပြောင်းအရွှေ့ကို အပြီးသတ်လေ့ရှိကြပါတယ်။ ဒါပေမယ့် ဘောလုံးသမိုင်းမှာ ကစားသမားတွေအတွက် ထူးထူးဆန်းဆန်းပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေးနဲ့ အပြောင်းအရွှေ့တွေလည်း ရှိခဲ့ပြီး ဘယ်လောက်ထိတောင် ကြောင်တောင်တောင်နိုင်လဲဆိုတာ ကိုယ်တိုင်သိမှသာ လက်ခံယုံကြည်မိမှာဖြစ်ပါတယ်။

အာနီဘလန်ကင်ဆော့- ဟတ်ဒ်ဝေါ့သ် မှ ဟားလ်စီးတီး
၁၉၂၀ ပြည့်နှစ်လွန်ကာလတွေက ဘောလုံးလောကဟာ ယနေ့ခေတ်နဲ့ တော်တော်လေးကို ကွဲပြားခြားနားပုံရခဲ့ပေမယ့် ကစားသမားခေါ်ယူမှုအတွက် ပြောင်းရွှေ့ကြေးပေးချေမှုတွေ မလိုအပ်ဘူးဆိုတဲ့အဓိပ္ပာယ်တော့မဟုတ်ပါဘူး။ ဟားလ်စီးတီးအသင်းဟာ ဟတ်ဒ်ဝေါ့သ်ကစားသမားကို ခေါ်ယူရာမှာ တော်တော်လေး ငွေကြေးသုံးစွဲခဲ့တယ်လို့ ပြောရမှာဖြစ်ပြီး ဘလန်ကင်ဆော့အတွက် ဘီယာတစ်စည်နဲ့ ပေါင် ၁၀၀ ကျော်ကို ပေးပို့ခဲ့ပြီးနောက် ဟတ်ဒ်ဝေ့ါသ်အသင်းဟာ ၎င်းတို့ရဲ့ နောက်ပွဲစဉ်မှာ ၁၆-၀ နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။

ဇက်နိုက်- ရူရှယ်အိုလံပစ် မှ ဖူလ်ဟမ်

ရူရှယ်အိုလံပစ်ဆိုတာက ဘာအသင်းကြီးလဲလို့ အရင်ဆုံးတွေးမိမှာသေချာပါတယ်။ ရူရှယ်အိုလံပစ်ဆိုတာက ဝေါဆောမြို့အခြေစိုက် ကလပ်အသင်းဖြစ်ပြီး အနာဂတ်အင်္ဂလန်လက်ရွေးစင်နောက်ခံကစားသမားဖြစ်လာမယ့် ဇက်နိုက်အတွက် အားကစားဝတ်စုံ အစုံ ၃၀ နဲ့ သဘောတူညီခဲ့တာဖြစ်ပါတယ်။

ကက်နက်ခရစ်စတန်ဆန်- Vindbjart မှ Floey
နော်ဝေတတိယတန်းအသင်းတွေက ငွေကြေးနဲ့ အပြောင်းအရွှေ့လုပ်မယ့်အစား အပြောင်းအရွှေ့သဘောတူညီမှုရရှိဖို့ တခြားရွေးချယ်စရာနည်းလမ်းကို ရှာတွေ့ခဲ့ကြပါတယ်။ ယခုအပြောင်းအရွှေ့မှာ ကုန်ပစ္စည်းနဲ့ သဘောတူညီမှုရရှိခဲ့ကြတာဖြစ်ပြီး ခရစ်စတန်ဆန်ရဲ့ ကိုယ်အလေးချိန်နဲ့ ညီမျှတဲ့ ပုစွန်လတ်လတ်ဆတ်ဆတ်တွေနဲ့ အပြောင်းအရွှေ့ဖြစ်မြောက်ခဲ့တာဖြစ်ပါတယ်။

ဂယ်ရီပေါ်လစ္စတာ- ဘေလင်ဂမ် မှ မစ်ဒယ်ဘရော့

မန်ချက်စတာယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့တဲ့ အင်္ဂလန်ရဲ့ အနာဂတ်ခံစစ်ကြယ်ပွင့်ဟာ ဘေလင်ဂမ်ကနေ မစ်ဒယ်ဘရော့ကို ပြောင်းရွှေ့ခဲ့တဲ့အချိန်တုန်းက ၎င်းရဲ့တန်ဖိုးဟာ အားကစားပစ္စည်းဝမ်းဆက်တစ်ခုစာသာ ရှိခဲ့တာဖြစ်ပြီး ဘောလုံးတွေပါဝင်တဲ့အိတ်တစ်အိတ်၊ ဂိုးပိုက်တို့နဲ့ သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။

အိုင်ရွန်ရာဒူ- Valcea မှ Jiul Petrosani
ပြောင်းရွှေ့ကြေးဟာ ယနေ့ခတ်မှာ တော်တော်လေး ကြီးမားတဲ့ပမာဏဖြစ်နေပေမယ့် တစ်ခါတုန်းက အသားတုံးတွေကို ပြောင်းရွှေ့ကြေးအဖြစ်လည်း အသုံးပြုခဲ့ကြပါတယ်။ Jiul Petrosani အသင်းဟာ အိုင်ရွန်ရာဒူကို ခေါ်ယူဖို့အတွက် အမဲသားနဲ့ ဝက်သား ၂ တန်ကို ပေးချေခဲ့ရပြီး ပေးချေသင့်တာထက် ပိုပေးခဲ့ရတယ်လို့တောင် ခံစားခဲ့ကြရပါတယ်တဲ့။

ဂျွန်ဘန်းစ်- ဆက်ဘူရီကော့တ် မှ ဝက်ဖို့ဒ်

အန်းဖီးကို အောင်မြင်မှုတွေ သယ်ဆောင်ပေးတဲ့ သူရဲကောင်းဖြစ်လာမယ့် ဂျွန်ဘန်းစ်ဟာ ဝက်ဖို့ဒ်ကို ဆက်ဘူရီကော့တ်ကနေ ပြောင်းရွှေ့ခဲ့ချိန်တုန်းက အားကစားပစ္စည်းဝမ်းဆက်တစ်စုံနဲ့ သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။

မားရီးယပ်စ်စီးအိုဝါးရား- UTA Arad မှ Regal Hornia
ရိုမေးနီးယားကလပ်အသင်းဖြစ်တဲ့ UTA Arad ဟာ မားရီးယပ်စ်စီးအိုဝါးရားကို ဝက်အူချောင်း ၁၅ ကီလိုဂရမ်နဲ့ ရောင်းချဖို့ သဘောတူညီခဲ့ပြီး ထူးထူးဆန်းဆန်းပဲ နောက်တစ်နေ့မှာ စီးအိုဝါးရားဟာ ကစားသမားဘဝက အနားယူလိုက်တာကြောင့် Regal Hornia အသင်းက ဝက်အူချောင်းတွေ ပြန်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ စားလိုက်လို့ ကုန်သွားရင်တော့ ပြန်အန်ထုတ်ခိုင်းလို့ မရတော့ အမဲသား ပြန်တောင်းသွားလားတော့ မပြောတတ်ပါဘူး။

ဒန်နီရယ်အာယန်ဒီ- Central Espanol မှ Rentistas
ဥရုဂွေးအသင်းတွေဖြစ်ကြတဲ့ Rentistas နဲ့ Central Espanol တို့ဟာ အာယန်ဒီအတွက် အသားကင် အတုံး ၅၅၀ ကို တစ်ပတ်ကို အကင် ၂၅ တုံးကျ ပေးချေဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ Rentistas အသင်းရဲ့ အကင်ဖိုကတော့ အပတ်တိုင်း အလုပ်တော်တော်များနေခဲ့မှာတော့ သေချာပါတယ်။

အီယန်ရိုက်- ဂရင်းဝစ်ချ်ဘရော့ မှ ခရစ္စတယ်ပဲလေ့စ်

အာဆင်နယ်နဲ့ အင်္ဂလန်ဂန္တဝင်တိုက်စစ်မှူးဖြစ်လာမယ့် အီယန်ရိုက်ဟာ ကစားသမားဘဝအစောပိုင်းမှာ တချိန်မှာ လျှမ်းလျှမ်းတောက်ဖြစ်လာမယ့်သူလို့ ပြောရင် ဘယ်သူမှ ယုံခဲ့ကြမှာမဟုတ်ပါဘူး။ ဂရင်းဝစ်ချ်ဘရော့အသင်းဟာ အီယန်ရိုက်ကို ဝိတ်တုံးအနည်းငယ်နဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းကို ရောင်းချဖို့အတွက် သဘောတူညီခဲ့တာဖြစ်ပြီး အာဆင်နယ်အသင်းရဲ့သူရဲကောင်းဖြစ်သွားတဲ့အချိန်မှာ ဂရင်းဝစ်ချ်ဘရော့အသင်းပိုင်ရှင်က အဲဒီဝိတ်မတဲ့ အလေးတုံးတွေနဲ့ ကိုယ့်ခေါင်းကိုယ် ထုမိခဲ့မလား မသိပါဘူး။

ကောလင်းဂျွန်- DES Nijverdal မှ FC Twente

ဂျွန်ကို ပရီးမီးယားလိဂ်ပရိသတ်အများစုကတော့ သိပ်စိမ်းကြမယ်မထင်ပါဘူး။ သူဟာ နောက်ဆုံးမှာတော့ ဖူလ်ဟမ်းအသင်းကို ပေါင် ၆ သိန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပေမယ့် အမြဲတမ်းတော့ အဲဒီလောက်တန်ဖိုးရှိမယ်လို့ ယူဆခြင်းခံခဲ့ရသူမဟုတ်ပါဘူး။ အသက် ၁၇ နှစ်သား ကောလင်းဂျွန်ကို ရောင်းထုတ်ဖို့အတွက် DES Nijverdal အသင်းက FC Twente အသင်းကို Nijverdal မှာရှိတဲ့ ဒေသတွင်းအထက်တန်းကျောင်းကို စွယ်စုံကျမ်းစာအုပ်တွေနဲ့ အဲဒီစာအုပ်တွေနဲ့ ဆက်စပ်တဲ့ပစ္စည်းတွေကို လှူဒါန်းခိုင်းပြီး အသင်းကနေထွက်ခွာခွင့်ပြုခဲ့တာဖြစ်ပါတယ်။

ဖရန်ကိုဒီဆန်တို- Audax Italiano
ဖရန်ကိုဒီဆန်တိုဟာ တစ်ခါတုန်းက ဝီဂန်အသင်းရဲ့ ထွက်ခွာခွင့်ပြုခြင်းခံခဲ့ရသူဖြစ်ပြီး ဝါဒါဘရီမင်အသင်းက ချက်ချင်းခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကို ခေါ်ယူဖို့က အမြဲတမ်းတော့ ဒီလောက် စျေးပေါနေခဲ့တာတော့မဟုတ်ပါဘူး။ ဖရန်ကိုဒီဆန်တိုဟာ Audax Italiano အသင်းကို ပထမဆုံးပြောင်းရွှေ့ခဲ့တဲ့ အပြောင်းအရွှေ့မှာ ဂိုးပိုက် ၂ ပိုက်၊ သုတ်ဆေး လီတာ ၄၀ နဲ့ သဘောတူညီမှုရခဲ့တာပါ။ နောက်ထပ်နှစ်တော်တော်ကြာတဲ့အချိန်မှာ Audax Italiano အသင်းက ဖရန်ကိုဒီဆန်တိုကို ချဲလ်ဆီးအသင်းဆီ မယုံကြည်နိုင်ဖွယ် ပေါင် ၃.၄ သန်းနဲ့ ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


ဇန္နဝါရီအေျပာင္းအေရႊ႕ေစ်းကြက္ဟာ လာမယ့္ ဇန္နဝါရီ ၂ ရက္ေန႔မွာ စတင္ဖြင့္လွစ္ေတာ့မွာျဖစ္ၿပီး လာလီဂါနဲ႔ စီးရီးေအတို႔ကေတာ့ ဇန္နဝါရီ ၄ ရက္ေန႔မွ စတင္ဖြင့္လွစ္မွာျဖစ္ပါတယ္။

ပေရာ္ဖက္ရွင္နယ္ေဘာလုံးကလပ္အသင္းေတြဟာ ရာသီတစ္ဝက္နီးပါး ကစားခဲ့ၿပီးျဖစ္တာေၾကာင့္ အသင္းမွာ အမွန္တကယ္လိုအပ္ေနတဲ့ေနရာအတြက္ ေခၚယူရမယ့္ကစားသမားေတြကို စဥ္းစားထားၿပီးျဖစ္ေနမွာျဖစ္ၿပီး ၎တို႔ရဲ့ လက္က်န္ရာသီမွာ ရလဒ္ေကာင္းေတြ ေဆာင္ၾကဥ္းေပးနိုင္မယ့္ ကစားသမားေတြကို ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ လ်င္လ်င္ျမန္ျမန္နဲ႔ ေခၚယူသြားၾကေတာ့မွာျဖစ္ပါတယ္။ ကလပ္အသင္းအခ်ိဳ႕သာ မယုံနိုင္ဖြယ္ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလ ေခၚယူမႈေတြသာ ရွားရွားပါးပါးျပဳလုပ္နိုင္ေလ့ရွိၾကၿပီး အသင္းအမ်ားစုကေတာ့ ေဖေဖာ္ဝါရီလေရာက္မွ နဖူးရိုက္မိၾကတဲ့ အေျပာင္းအေရႊ႕ေတြလည္း ေဘာလုံးသမိုင္းမွာ အမ်ားအျပားရွိခဲ့ပါတယ္။

အထူးသျဖင့္ ယေန႔ေခတ္ အေျပာင္းအေရႊ႕ေတြဟာ မယုံၾကည္နိုင္ေလာက္စရာ ေငြေၾကးပမာဏေတြကို အသုံးျပဳၿပီး သေဘာတူညီမႈရယူရတာျဖစ္တဲ့အတြက္ အသင္းတိုင္းဟာ အေခါက္ေခါက္အခါခါစဥ္းစားၿပီးမွ အေျပာင္းအေရႊ႕ကို အၿပီးသတ္ေလ့ရွိၾကပါတယ္။ ဒါေပမယ့္ ေဘာလုံးသမိုင္းမွာ ကစားသမားေတြအတြက္ ထူးထူးဆန္းဆန္းေပးေခ်ခဲ့ရတဲ့ ေျပာင္းေရႊ႕ေၾကးနဲ႔ အေျပာင္းအေရႊ႕ေတြလည္း ရွိခဲ့ၿပီး ဘယ္ေလာက္ထိေတာင္ ေၾကာင္ေတာင္ေတာင္နိုင္လဲဆိုတာ ကိုယ္တိုင္သိမွသာ လက္ခံယုံၾကည္မိမွာျဖစ္ပါတယ္။

အာနီဘလန္ကင္ေဆာ့- ဟတ္ဒ္ေဝါ့သ္ မွ ဟားလ္စီးတီး
၁၉၂၀ ျပည့္ႏွစ္လြန္ကာလေတြက ေဘာလုံးေလာကဟာ ယေန႔ေခတ္နဲ႔ ေတာ္ေတာ္ေလးကို ကြဲျပားျခားနားပုံရခဲ့ေပမယ့္ ကစားသမားေခၚယူမႈအတြက္ ေျပာင္းေရႊ႕ေၾကးေပးေခ်မႈေတြ မလိုအပ္ဘူးဆိုတဲ့အဓိပၸာယ္ေတာ့မဟုတ္ပါဘူး။ ဟားလ္စီးတီးအသင္းဟာ ဟတ္ဒ္ေဝါ့သ္ကစားသမားကို ေခၚယူရာမွာ ေတာ္ေတာ္ေလး ေငြေၾကးသုံးစြဲခဲ့တယ္လို႔ ေျပာရမွာျဖစ္ၿပီး ဘလန္ကင္ေဆာ့အတြက္ ဘီယာတစ္စည္နဲ႔ ေပါင္ ၁၀၀ ေက်ာ္ကို ေပးပို႔ခဲ့ၿပီးေနာက္ ဟတ္ဒ္ေဝ့ါသ္အသင္းဟာ ၎တို႔ရဲ့ ေနာက္ပြဲစဥ္မွာ ၁၆-၀ နဲ႔ ရႈံးနိမ့္သြားခဲ့ပါတယ္။

ဇက္နိုက္- ႐ူရွယ္အိုလံပစ္ မွ ဖူလ္ဟမ္

႐ူရွယ္အိုလံပစ္ဆိုတာက ဘာအသင္းႀကီးလဲလို႔ အရင္ဆုံးေတြးမိမွာေသခ်ာပါတယ္။ ႐ူရွယ္အိုလံပစ္ဆိုတာက ေဝါေဆာၿမိဳ႕အေျခစိုက္ ကလပ္အသင္းျဖစ္ၿပီး အနာဂတ္အဂၤလန္လက္ေရြးစင္ေနာက္ခံကစားသမားျဖစ္လာမယ့္ ဇက္နိုက္အတြက္ အားကစားဝတ္စုံ အစုံ ၃၀ နဲ႔ သေဘာတူညီခဲ့တာျဖစ္ပါတယ္။

ကက္နက္ခရစ္စတန္ဆန္- Vindbjart မွ Floey
ေနာ္ေဝတတိယတန္းအသင္းေတြက ေငြေၾကးနဲ႔ အေျပာင္းအေရႊ႕လုပ္မယ့္အစား အေျပာင္းအေရႊ႕သေဘာတူညီမႈရရွိဖို႔ တျခားေရြးခ်ယ္စရာနည္းလမ္းကို ရွာေတြ႕ခဲ့ၾကပါတယ္။ ယခုအေျပာင္းအေရႊ႕မွာ ကုန္ပစၥည္းနဲ႔ သေဘာတူညီမႈရရွိခဲ့ၾကတာျဖစ္ၿပီး ခရစ္စတန္ဆန္ရဲ့ ကိုယ္အေလးခ်ိန္နဲ႔ ညီမၽွတဲ့ ပုစြန္လတ္လတ္ဆတ္ဆတ္ေတြနဲ႔ အေျပာင္းအေရႊ႕ျဖစ္ေျမာက္ခဲ့တာျဖစ္ပါတယ္။

ဂယ္ရီေပၚလစၥတာ- ေဘလင္ဂမ္ မွ မစ္ဒယ္ဘေရာ့

မန္ခ်က္စတာယူနိုက္တက္နဲ႔အတူ ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမႇာက္နိုင္ခဲ့တဲ့ အဂၤလန္ရဲ့ အနာဂတ္ခံစစ္ၾကယ္ပြင့္ဟာ ေဘလင္ဂမ္ကေန မစ္ဒယ္ဘေရာ့ကို ေျပာင္းေရႊ႕ခဲ့တဲ့အခ်ိန္တုန္းက ၎ရဲ့တန္ဖိုးဟာ အားကစားပစၥည္းဝမ္းဆက္တစ္ခုစာသာ ရွိခဲ့တာျဖစ္ၿပီး ေဘာလုံးေတြပါဝင္တဲ့အိတ္တစ္အိတ္၊ ဂိုးပိုက္တို႔နဲ႔ သေဘာတူညီမႈရရွိခဲ့တာျဖစ္ပါတယ္။

အိုင္ရြန္ရာဒူ- Valcea မွ Jiul Petrosani

ေျပာင္းေရႊ႕ေၾကးဟာ ယေန႔ခတ္မွာ ေတာ္ေတာ္ေလး ႀကီးမားတဲ့ပမာဏျဖစ္ေနေပမယ့္ တစ္ခါတုန္းက အသားတုံးေတြကို ေျပာင္းေရႊ႕ေၾကးအျဖစ္လည္း အသုံးျပဳခဲ့ၾကပါတယ္။ Jiul Petrosani အသင္းဟာ အိုင္ရြန္ရာဒူကို ေခၚယူဖို႔အတြက္ အမဲသားနဲ႔ ဝက္သား ၂ တန္ကို ေပးေခ်ခဲ့ရၿပီး ေပးေခ်သင့္တာထက္ ပိုေပးခဲ့ရတယ္လို႔ေတာင္ ခံစားခဲ့ၾကရပါတယ္တဲ့။

ဂၽြန္ဘန္းစ္- ဆက္ဘူရီေကာ့တ္ မွ ဝက္ဖို႔ဒ္

အန္းဖီးကို ေအာင္ျမင္မႈေတြ သယ္ေဆာင္ေပးတဲ့ သူရဲေကာင္းျဖစ္လာမယ့္ ဂၽြန္ဘန္းစ္ဟာ ဝက္ဖို႔ဒ္ကို ဆက္ဘူရီေကာ့တ္ကေန ေျပာင္းေရႊ႕ခဲ့ခ်ိန္တုန္းက အားကစားပစၥည္းဝမ္းဆက္တစ္စုံနဲ႔ သေဘာတူညီမႈရရွိခဲ့တာျဖစ္ပါတယ္။

မားရီးယပ္စ္စီးအိုဝါးရား- UTA Arad မွ Regal Hornia

ရိုေမးနီးယားကလပ္အသင္းျဖစ္တဲ့ UTA Arad ဟာ မားရီးယပ္စ္စီးအိုဝါးရားကို ဝက္အူေခ်ာင္း ၁၅ ကီလိုဂရမ္နဲ႔ ေရာင္းခ်ဖို႔ သေဘာတူညီခဲ့ၿပီး ထူးထူးဆန္းဆန္းပဲ ေနာက္တစ္ေန႔မွာ စီးအိုဝါးရားဟာ ကစားသမားဘဝက အနားယူလိုက္တာေၾကာင့္ Regal Hornia အသင္းက ဝက္အူေခ်ာင္းေတြ ျပန္ေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။ စားလိုက္လို႔ ကုန္သြားရင္ေတာ့ ျပန္အန္ထုတ္ခိုင္းလို႔ မရေတာ့ အမဲသား ျပန္ေတာင္းသြားလားေတာ့ မေျပာတတ္ပါဘူး။

ဒန္နီရယ္အာယန္ဒီ- Central Espanol မွ Rentistas
ဥ႐ုေဂြးအသင္းေတြျဖစ္ၾကတဲ့ Rentistas နဲ႔ Central Espanol တို႔ဟာ အာယန္ဒီအတြက္ အသားကင္ အတုံး ၅၅၀ ကို တစ္ပတ္ကို အကင္ ၂၅ တုံးက် ေပးေခ်ဖို႔ သေဘာတူညီမႈရရွိခဲ့ပါတယ္။ Rentistas အသင္းရဲ့ အကင္ဖိုကေတာ့ အပတ္တိုင္း အလုပ္ေတာ္ေတာ္မ်ားေနခဲ့မွာေတာ့ ေသခ်ာပါတယ္။

အီယန္ရိုက္- ဂရင္းဝစ္ခ်္ဘေရာ့ မွ ခရစၥတယ္ပဲေလ့စ္

အာဆင္နယ္နဲ႔ အဂၤလန္ဂႏၲဝင္တိုက္စစ္မႉးျဖစ္လာမယ့္ အီယန္ရိုက္ဟာ ကစားသမားဘဝအေစာပိုင္းမွာ တခ်ိန္မွာ လၽွမ္းလၽွမ္းေတာက္ျဖစ္လာမယ့္သူလို႔ ေျပာရင္ ဘယ္သူမွ ယုံခဲ့ၾကမွာမဟုတ္ပါဘူး။ ဂရင္းဝစ္ခ်္ဘေရာ့အသင္းဟာ အီယန္ရိုက္ကို ဝိတ္တုံးအနည္းငယ္နဲ႔ ခရစၥတယ္ပဲေလ့စ္အသင္းကို ေရာင္းခ်ဖို႔အတြက္ သေဘာတူညီခဲ့တာျဖစ္ၿပီး အာဆင္နယ္အသင္းရဲ့သူရဲေကာင္းျဖစ္သြားတဲ့အခ်ိန္မွာ ဂရင္းဝစ္ခ်္ဘေရာ့အသင္းပိုင္ရွင္က အဲဒီဝိတ္မတဲ့ အေလးတုံးေတြနဲ႔ ကိုယ့္ေခါင္းကိုယ္ ထုမိခဲ့မလား မသိပါဘူး။

ေကာလင္းဂၽြန္- DES Nijverdal မွ FC Twente

ဂၽြန္ကို ပရီးမီးယားလိဂ္ပရိသတ္အမ်ားစုကေတာ့ သိပ္စိမ္းၾကမယ္မထင္ပါဘူး။ သူဟာ ေနာက္ဆုံးမွာေတာ့ ဖူလ္ဟမ္းအသင္းကို ေပါင္ ၆ သိန္းနဲ႔ ေျပာင္းေရႊ႕သြားခဲ့ေပမယ့္ အျမဲတမ္းေတာ့ အဲဒီေလာက္တန္ဖိုးရွိမယ္လို႔ ယူဆျခင္းခံခဲ့ရသူမဟုတ္ပါဘူး။ အသက္ ၁၇ ႏွစ္သား ေကာလင္းဂၽြန္ကို ေရာင္းထုတ္ဖို႔အတြက္ DES Nijverdal အသင္းက FC Twente အသင္းကို Nijverdal မွာရွိတဲ့ ေဒသတြင္းအထက္တန္းေက်ာင္းကို စြယ္စုံက်မ္းစာအုပ္ေတြနဲ႔ အဲဒီစာအုပ္ေတြနဲ႔ ဆက္စပ္တဲ့ပစၥည္းေတြကို လႉဒါန္းခိုင္းၿပီး အသင္းကေနထြက္ခြာခြင့္ျပဳခဲ့တာျဖစ္ပါတယ္။

ဖရန္ကိုဒီဆန္တို- Audax Italiano
ဖရန္ကိုဒီဆန္တိုဟာ တစ္ခါတုန္းက ဝီဂန္အသင္းရဲ့ ထြက္ခြာခြင့္ျပဳျခင္းခံခဲ့ရသူျဖစ္ၿပီး ဝါဒါဘရီမင္အသင္းက ခ်က္ခ်င္းေခၚယူခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ သူ႔ကို ေခၚယူဖို႔က အျမဲတမ္းေတာ့ ဒီေလာက္ ေစ်းေပါေနခဲ့တာေတာ့မဟုတ္ပါဘူး။ ဖရန္ကိုဒီဆန္တိုဟာ Audax Italiano အသင္းကို ပထမဆုံးေျပာင္းေရႊ႕ခဲ့တဲ့ အေျပာင္းအေရႊ႕မွာ ဂိုးပိုက္ ၂ ပိုက္၊ သုတ္ေဆး လီတာ ၄၀ နဲ႔ သေဘာတူညီမႈရခဲ့တာပါ။ ေနာက္ထပ္ႏွစ္ေတာ္ေတာ္ၾကာတဲ့အခ်ိန္မွာ Audax Italiano အသင္းက ဖရန္ကိုဒီဆန္တိုကို ခ်ဲလ္ဆီးအသင္းဆီ မယုံၾကည္နိုင္ဖြယ္ ေပါင္ ၃.၄ သန္းနဲ႔ ေရာင္းခ်နိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.