Premier League Transfer News

31 Dec နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– ချဲလ်ဆီးအသင်းမှာ ၁၀ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးနေခဲ့တဲ့ တိုက်စစ်မှူး တီမို ဗာနာရဲ့ အကောင်းဆုံး ပုံစံတွေကို ပြန်လည် မြင်တွေ့ရဖို့ RB လိုက်ပ်ဇစ်အသင်းမှာ သူနဲ့ အတွဲညီခဲ့တဲ့ တိုက်စစ်မှူး ယူဆွတ်ဖ် ပေါလ်ဆန်ကို ခေါ်ယူအားဖြည့်ပေးဖို့ အသင်းတိုက်စစ်မှူးဟောင်း တိုနီ ကက်စ်ကာရီနို တိုက်တွန်း။

– ဝက်စ်ဟမ်းအသင်းရဲ့ အဓိက ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ ဒက်ကလန် ရိုက်စ်ကို ခေါ်ယူဖို့ ချဲလ်ဆီးအသင်းတာဝန်ရှိသူတွေရဲ့ ဆွေးနွေးမှုက အသေးစိတ် ဆွေးနွေးတဲ့အဆင့်ကို ရောက်နေပြီဖြစ်ပြီး ယူရို ၅၅ သန်း ပေးချေရနိုင်တယ်လို့ ခန့်မှန်းနေကြ။

– လေဗာကူဆင်အသင်းမှာ ခြေစွမ်းပြခဲ့ပြီးမှ ဒီရာသီမှာ ခြေစွမ်းပျောက်ဆုံးနေခဲ့တဲ့ ပေါင် ၇၂ သန်းတန် ကွင်းလယ်လူ ခိုင်ဟာဗတ်ဇ်က သူ့အနေနဲ့ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့တာ မှားပြီလို့ ထင်နေတယ်လို့ နီးစပ်ရာ အသိုင်းအဝိုင်းကို ဝန်ခံပြောကြားခဲ့ကြောင်း သတင်း ထွက်ပေါ်လာ။

– ရီးရဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေပြီး ကစားခွင့်လိုချင်နေတယ်လို့ ဝန်ခံလိုက်တဲ့ စပိန်လက်ရွေးစင်ကွင်းလယ်လူ အစ္စကို အတွက် မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းနဲ့အပြိုင် ခေါ်ယူသွားဖို့ ချဲလ်ဆီးအသင်း စီစဉ်နေပြီး အငှားအပြောင်းအရွှေ့ ပေါ်ပေါက်လာနိုင်။

– တိုက်စစ်မှူး ဒီယေဂို ကော်စတာကို စာချုပ်ဖျက်သိမ်းပေးလိုက်တဲ့ အက်သလက်တီကို မက်ဒရစ်အသင်းအနေနဲ့ ဒီရာသီမှာ အကောင်းဆုံး ပုံစံနဲ့ လာလီဂါ ချန်ပီယံဆုကို ရယူနိုင်ဖို့အတွက် ချဲလ်ဆီးအသင်းရဲ့ ဝါရင့်တိုက်စစ်မှူး အိုလီဗီးယေး ဂျီရူးကို ဇန်နဝါရီမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေ။

– နောက်ပိုင်းပွဲတွေမှာ တောင်ပံကနေ ခြေစွမ်းပြနေပြီး ကစားခွင့် ပိုမိုပေးအပ်ဖို့ ယုံကြည်စိတ်ချလာနိုင်ခဲ့တဲ့ လူငယ်ကစားသမား ကာလမ် ဟဒ်ဆန်-အိုဒွိုင်းအနေနဲ့ သူ့ရဲ့ ကစားပုံမှာ အဆုံးသတ်ပိုင်းနဲ့ အပိုင်အခွင့်အရေးဖန်တီးမှုတွေကို ပိုမိုယူဆောင်လာစေဖို့ နည်းပြ ဖရန့် လမ်းပတ် အလိုရှိနေ။

– ဖရန့် လမ်းပတ်ရဲ့ အနေအထားက ချဲလ်ဆီးအသင်းတာဝန်ရှိသူတွေအတွက်တော့ စောင့်ကြည့်နေအထားကို ရောက်ရှိနေခဲ့ပြီဖြစ်ပြီး တကယ်လို့များ အသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ်က ထုတ်တော့လို့ ပြောခဲ့ရင် သူ့နေရာကို အစားထိုးဖို့ သောမတ်စ် တူဟယ်လ်၊ မက်ဆီမီလီယာနို အယ်လီဂရီနီနဲ့ နူနို ဆန်တိုတို့ကို ပစ်မှတ်ထားနေ။

– ချဲလ်ဆီးအသင်းကနေ စီးရီးအေကလပ်တွေဆီ ရောင်းချမယ်လို့ ရည်ရွယ်ထားခဲ့တဲ့ ဘရာဇီးလ်ဖွား အီတလီလက်ရွေးစင် အီမာဆန် ပယ်လ်မီယာရီကို ဆက်လက် ထိန်းသိမ်းသွားဖို့ ဆန္ဒရှိနေပြီး စပိန်သား မားကို့စ် အလွန်ဆိုရဲ့ အက်သလက်တီကို မက်ဒရစ်နဲ့ နီးစပ်နေမှုကြောင့် ခုလို ဆုံးဖြတ်ခဲ့တာလို့ သိရ။

– ချဲလ်ဆီးအသင်းရဲ့ ဂျာမန်နောက်ခံလူ အန်တိုနီယို ရူဒီဂါက သူဟာ ငယ်စဉ်ဘဝတုန်းက ဘယ်တောင်ပံတိုက်စစ်မှူးတစ်ယောက်ဖြစ်ပြီး ၄-၃-၃ ကစားကွက်ရဲ့ ရှေ့တန်းမှာ ကစားခဲ့သူဖြစ်ကြောင်း အသင်းတိုက်စစ်မှူးတွေ ဂိုးမရချိန် အင်တာဗျူးတစ်ခုမှာ ပြောကြားသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ခ်ဲလ္ဆီးအသင္းမွာ ၁၀ ပြဲဆက္တိုက္ ဂိုးေပါက္ေပ်ာက္ဆုံးေနခဲ့တဲ့ တိုက္စစ္မႉး တီမို ဗာနာရဲ႕ အေကာင္းဆုံး ပုံစံေတြကို ျပန္လည္ ျမင္ေတြ႕ရဖို႔ RB လိုက္ပ္ဇစ္အသင္းမွာ သူနဲ႔ အတြဲညီခဲ့တဲ့ တိုက္စစ္မႉး ယူဆြတ္ဖ္ ေပါလ္ဆန္ကို ေခၚယူအားျဖည့္ေပးဖို႔ အသင္းတိုက္စစ္မႉးေဟာင္း တိုနီ ကက္စ္ကာရီႏို တိုက္တြန္း။

– ဝက္စ္ဟမ္းအသင္းရဲ႕ အဓိက ကြင္းလယ္ကစားသမားတစ္ဦးျဖစ္တဲ့ ဒက္ကလန္ ႐ိုက္စ္ကို ေခၚယူဖို႔ ခ်ဲလ္ဆီးအသင္းတာဝန္ရွိသူေတြရဲ႕ ေဆြးေႏြးမႈက အေသးစိတ္ ေဆြးေႏြးတဲ့အဆင့္ကို ေရာက္ေနၿပီျဖစ္ၿပီး ယူ႐ို ၅၅ သန္း ေပးေခ်ရႏိုင္တယ္လို႔ ခန႔္မွန္းေနၾက။

– ေလဗာကူဆင္အသင္းမွာ ေျခစြမ္းျပခဲ့ၿပီးမွ ဒီရာသီမွာ ေျခစြမ္းေပ်ာက္ဆုံးေနခဲ့တဲ့ ေပါင္ ၇၂ သန္းတန္ ကြင္းလယ္လူ ခိုင္ဟာဗတ္ဇ္က သူ႔အေနနဲ႔ ခ်ဲလ္ဆီးအသင္းကို ေျပာင္းေ႐ႊ႕ခဲ့တာ မွားၿပီလို႔ ထင္ေနတယ္လို႔ နီးစပ္ရာ အသိုင္းအဝိုင္းကို ဝန္ခံေျပာၾကားခဲ့ေၾကာင္း သတင္း ထြက္ေပၚလာ။

– ရီးရဲလ္မက္ဒရစ္အသင္းကေန ထြက္ခြာဖို႔ ဆႏၵရွိေနၿပီး ကစားခြင့္လိုခ်င္ေနတယ္လို႔ ဝန္ခံလိုက္တဲ့ စပိန္လက္ေ႐ြးစင္ကြင္းလယ္လူ အစၥကို အတြက္ ၿမိဳ႕ခံၿပိဳင္ဘက္ အာဆင္နယ္အသင္းနဲ႔အၿပိဳင္ ေခၚယူသြားဖို႔ ခ်ဲလ္ဆီးအသင္း စီစဥ္ေနၿပီး အငွားအေျပာင္းအေ႐ႊ႕ ေပၚေပါက္လာႏိုင္။

– တိုက္စစ္မႉး ဒီေယဂို ေကာ္စတာကို စာခ်ဳပ္ဖ်က္သိမ္းေပးလိုက္တဲ့ အက္သလက္တီကို မက္ဒရစ္အသင္းအေနနဲ႔ ဒီရာသီမွာ အေကာင္းဆုံး ပုံစံနဲ႔ လာလီဂါ ခ်န္ပီယံဆုကို ရယူႏိုင္ဖို႔အတြက္ ခ်ဲလ္ဆီးအသင္းရဲ႕ ဝါရင့္တိုက္စစ္မႉး အိုလီဗီးေယး ဂ်ီ႐ူးကို ဇန္နဝါရီမွာ ေခၚယူဖို႔ စိတ္ဝင္စားေန။

– ေနာက္ပိုင္းပြဲေတြမွာ ေတာင္ပံကေန ေျခစြမ္းျပေနၿပီး ကစားခြင့္ ပိုမိုေပးအပ္ဖို႔ ယုံၾကည္စိတ္ခ်လာႏိုင္ခဲ့တဲ့ လူငယ္ကစားသမား ကာလမ္ ဟဒ္ဆန္-အိုဒြိဳင္းအေနနဲ႔ သူ႔ရဲ႕ ကစားပုံမွာ အဆုံးသတ္ပိုင္းနဲ႔ အပိုင္အခြင့္အေရးဖန္တီးမႈေတြကို ပိုမိုယူေဆာင္လာေစဖို႔ နည္းျပ ဖရန႔္ လမ္းပတ္ အလိုရွိေန။

– ဖရန႔္ လမ္းပတ္ရဲ႕ အေနအထားက ခ်ဲလ္ဆီးအသင္းတာဝန္ရွိသူေတြအတြက္ေတာ့ ေစာင့္ၾကည့္ေနအထားကို ေရာက္ရွိေနခဲ့ၿပီျဖစ္ၿပီး တကယ္လို႔မ်ား အသင္းပိုင္ရွင္ ႐ိုမန္ ေအဘရာမိုဗစ္ခ်္က ထုတ္ေတာ့လို႔ ေျပာခဲ့ရင္ သူ႔ေနရာကို အစားထိုးဖို႔ ေသာမတ္စ္ တူဟယ္လ္၊ မက္ဆီမီလီယာႏို အယ္လီဂရီနီနဲ႔ ႏူႏို ဆန္တိုတို႔ကို ပစ္မွတ္ထားေန။

– ခ်ဲလ္ဆီးအသင္းကေန စီးရီးေအကလပ္ေတြဆီ ေရာင္းခ်မယ္လို႔ ရည္႐ြယ္ထားခဲ့တဲ့ ဘရာဇီးလ္ဖြား အီတလီလက္ေ႐ြးစင္ အီမာဆန္ ပယ္လ္မီယာရီကို ဆက္လက္ ထိန္းသိမ္းသြားဖို႔ ဆႏၵရွိေနၿပီး စပိန္သား မားကို႔စ္ အလြန္ဆိုရဲ႕ အက္သလက္တီကို မက္ဒရစ္နဲ႔ နီးစပ္ေနမႈေၾကာင့္ ခုလို ဆုံးျဖတ္ခဲ့တာလို႔ သိရ။

– ခ်ဲလ္ဆီးအသင္းရဲ႕ ဂ်ာမန္ေနာက္ခံလူ အန္တိုနီယို ႐ူဒီဂါက သူဟာ ငယ္စဥ္ဘဝတုန္းက ဘယ္ေတာင္ပံတိုက္စစ္မႉးတစ္ေယာက္ျဖစ္ၿပီး ၄-၃-၃ ကစားကြက္ရဲ႕ ေရွ႕တန္းမွာ ကစားခဲ့သူျဖစ္ေၾကာင္း အသင္းတိုက္စစ္မႉးေတြ ဂိုးမရခ်ိန္ အင္တာဗ်ဴးတစ္ခုမွာ ေျပာၾကားသြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.