Premier League

သွေးနံ့ရနေတဲ့ သရဲနီတွေအတွက် တစ်လှမ်းပိုနီးလာတဲ့ ပရီးမီးယားလိဂ်ဆုဖလား

လီဗာပူးလ်အသင်းရဲ့ နှစ်ပွဲဆက်တိုက်သရေကျမှုမှာ မန်ချက်စတာယူနိုက်တက်တို့အတွက်တော့ ချန်ပီယံမျှော်လင့်ချက်တွေကို လက်တစ်ကမ်းမှာ တွေ့မြင်ရတဲ့အထိ ဖြစ်လာခဲ့ပြီး ဝက်စ်ဘရွန်း၊ နယူးကာဆယ်လ်တို့ဟာ ပရီးမီးယားလိဂ်ကို အသက်ဝင်အောင်နဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာဖြစ်လာအောင် တွန်းပို့လိုက်တာလည်းဖြစ်ပါတယ်။

လက်စတာနဲ့ သရေကျခဲ့တဲ့ ယူနိုက်တက်တို့ လီဗာပူးလ်တို့ အမှတ်ပြန်ဖြတ်သွားမှာ စိုးရိမ်ခဲ့ရပေမယ့် Big Sam က အန်းဖီးလ်ကို ပိတ်ဆို့လို့ အကွာအဝေးကို ထိန်းထားနိုင်ဆဲဖြစ်ပြီး ဝုလ်ဗ်စ်ကို နောက်ဆုံးမိနစ် နိုင်ပွဲယူခဲ့တဲ့ သရဲနီတို့ကတော့ လက်ရှိမှာ ငှက်ကျားတွေကို အနိုင်မယူခဲ့တဲ့ ကြိုးကြာနီတွေဆီက သက်ပြင်းချသံတွေကို ကြားနေရပြီလို့လည်း ဆိုရမှာပါ။

ဂယ်ရီ နဗီးလ်ကတော့ ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ ယူနိုက်တက်တို့ကို ထောက်ခံထားချိန်မှာ Game Changer ဘရူနို ဖာနန်ဒက်စ်ရဲ့ နည်းပြ ဆိုးလ်ရှားကို စင်ပေါ်တင်ပေးနေတဲ့ အစွမ်းတွေက ကြောက်စရာလန့်စရာ တိုက်စစ်မှူးတွေနဲ့ ဆာအဲလက်စ် ဖာဂူဆန်နောက်ပိုင်း ပထမဆုံးဖလားအတွက် ပြင်ဆင်လာနိုင်မလား စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။

အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားကတော့ သူတို့အသင်းရဲ့ အာရုံစူးစိုက်ကစားပုံက တစ်စထက်တစ်စ ကောင်းမွန်လာတယ်လို့ ဆိုလိုက်ပြီး ဂိုးတွေ အလွယ်တကူ မပေးရတော့တာနဲ့ နောက်ဆုံးမိနစ်တွေအထိ ဂိုးသွင်းယူနိုင်စွမ်းရှိနေတာတွေဟာ ယူနိုက်တက်ရဲ့ တိုးတက်မှု လမ်းစလို့ ကြုံးဝါးလိုက်ချိန်မှာ အချိန်ကိုက်ပဲ လီဗာပူးလ်တို့ နှစ်ပွဲဆက်တိုက် နှစ်မှတ်စီ ဆုံးရှုံးသွားခဲ့တာပါ။

လက်ဖျားခါလောက်တဲ့ ခြေစွမ်းတွေနဲ့ ဘရူနိုက ဒီဆုအတွက် ကောင်းကောင်းကြီး ပံ့ပိုးလိမ့်မယ်လို့ ဒေးလီးမေးလ်က ရေးသားလိုက်ပြီး ၄၅ ပွဲမှာ ၂၆ ဂိုးသွင်း ၁၇ ဂိုး ဖန်တီးပေးထားတဲ့ ပုံစံက ပေါင် ၆၇ သန်းကို ပဲနိအနည်းငယ် သုံးလိုက်ရသလိုမျိုး ထင်မြင်မိစေသလို တစ်ယောက်မဟုတ် တစ်ယောက်က ခြေစွမ်းပြ ဂိုးသွင်းနိုင်တဲ့ ရက်ရှ်ဖို့ဒ်၊ ကာဗာနီ၊ မာစီယယ်လ်၊ ဂရင်းဝုဒ်တို့ကလည်း အလစ်ပေးလိုက်တာနဲ့ ဂိုးသွင်းပြီးသားပါပဲ။

ဝုလ်ဗ်စ်နဲ့ပွဲမှာ အဒါမာ ထရာအိုရေးကို အဲလက်စ် တဲလက်စ် မထိန်းနိုင်ချိန်မှာ လုခ်ရှော ဝင်လာအပြီး ငြိမ်ကျသွားတာနဲ့အတူ မက်ဂွိုင်းယားရဲ့ ယုံကြည်မှု ပြန်ရပြီး ခံစစ်ကို ကွပ်ကဲနိုင်မှုမှာ ဒဟေးယားတစ်ယောက် ပြန်လည်တည်ငြိမ်လာမှုတွေက အပိုင်အခွင့်အရေးတွေကိုလည်း ကာကွယ်နိုင်ပြီး ၉၃ မိနစ်အချိန်ကာလမှာ အနိုင်ရဖို့ လုံလောက်ခဲ့တာပါ။

ဒါကြောင့် ဒဏ်ရာတွေ ဗရပွနဲ့ လီဗာပူးလ်ရဲ့ ခြေချော်လက်ချော်ဖြစ်မှုကို အခွင့်ကောင်းယူနိုင်ဖို့က ပရီးမီးယားလိဂ်ရဲ့ လူလည်ကြီးသားသမီး မန်ချက်စတာယူနိုက်တက်တို့ကသာ အဲဗာတန်ရဲ့ရှေ့က ခြေတစ်လှမ်းသာနိုင်ပြီး ဖာဂီလက်ထက်က ပွဲမပြီးခင် ရှုံးပြီလို့ မပြောပါနဲ့ဦးဆိုတဲ့ ဆောင်ပုဒ်နဲ့ ၂၀၁၃ နောက်ပိုင်း ဝေးကွာနေတဲ့ ဒီဆုဖလားကို ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် ဇန်နဝါရီမှာ အသင်းကို ပိုမိုကောင်းမွန်အောင် ပြင်ဆင်သွားနိုင်ဖို့ မျှော်လင့်ရင်းနဲ့ သရဲနီပရိသတ်တွေ ရင်ခုန်နေကြပြီလို့ပဲ ထင်မိပါတယ်လေ။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းရဲ႕ ႏွစ္ပြဲဆက္တိုက္သေရက်မႈမွာ မန္ခ်က္စတာယူႏိုက္တက္တို႔အတြက္ေတာ့ ခ်န္ပီယံေမွ်ာ္လင့္ခ်က္ေတြကို လက္တစ္ကမ္းမွာ ေတြ႕ျမင္ရတဲ့အထိ ျဖစ္လာခဲ့ၿပီး ဝက္စ္ဘ႐ြန္း၊ နယူးကာဆယ္လ္တို႔ဟာ ပရီးမီးယားလိဂ္ကို အသက္ဝင္ေအာင္နဲ႔ ရင္ခုန္စိတ္လႈပ္ရွားစရာျဖစ္လာေအာင္ တြန္းပို႔လိုက္တာလည္းျဖစ္ပါတယ္။

လက္စတာနဲ႔ သေရက်ခဲ့တဲ့ ယူႏိုက္တက္တို႔ လီဗာပူးလ္တို႔ အမွတ္ျပန္ျဖတ္သြားမွာ စိုးရိမ္ခဲ့ရေပမယ့္ Big Sam က အန္းဖီးလ္ကို ပိတ္ဆို႔လို႔ အကြာအေဝးကို ထိန္းထားႏိုင္ဆဲျဖစ္ၿပီး ဝုလ္ဗ္စ္ကို ေနာက္ဆုံးမိနစ္ ႏိုင္ပြဲယူခဲ့တဲ့ သရဲနီတို႔ကေတာ့ လက္ရွိမွာ ငွက္က်ားေတြကို အႏိုင္မယူခဲ့တဲ့ ႀကိဳးၾကာနီေတြဆီက သက္ျပင္းခ်သံေတြကို ၾကားေနရၿပီလို႔လည္း ဆိုရမွာပါ။

ဂယ္ရီ နဗီးလ္ကေတာ့ ခ်န္ပီယံဆုကို စိန္ေခၚႏိုင္ဖို႔ ယူႏိုက္တက္တို႔ကို ေထာက္ခံထားခ်ိန္မွာ Game Changer ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ နည္းျပ ဆိုးလ္ရွားကို စင္ေပၚတင္ေပးေနတဲ့ အစြမ္းေတြက ေၾကာက္စရာလန႔္စရာ တိုက္စစ္မႉးေတြနဲ႔ ဆာအဲလက္စ္ ဖာဂူဆန္ေနာက္ပိုင္း ပထမဆုံးဖလားအတြက္ ျပင္ဆင္လာႏိုင္မလား ေစာင့္ၾကည့္ရမွာလည္းျဖစ္ပါတယ္။

အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြိဳင္းယားကေတာ့ သူတို႔အသင္းရဲ႕ အာ႐ုံစူးစိုက္ကစားပုံက တစ္စထက္တစ္စ ေကာင္းမြန္လာတယ္လို႔ ဆိုလိုက္ၿပီး ဂိုးေတြ အလြယ္တကူ မေပးရေတာ့တာနဲ႔ ေနာက္ဆုံးမိနစ္ေတြအထိ ဂိုးသြင္းယူႏိုင္စြမ္းရွိေနတာေတြဟာ ယူႏိုက္တက္ရဲ႕ တိုးတက္မႈ လမ္းစလို႔ ႀကဳံးဝါးလိုက္ခ်ိန္မွာ အခ်ိန္ကိုက္ပဲ လီဗာပူးလ္တို႔ ႏွစ္ပြဲဆက္တိုက္ ႏွစ္မွတ္စီ ဆုံးရႈံးသြားခဲ့တာပါ။

လက္ဖ်ားခါေလာက္တဲ့ ေျခစြမ္းေတြနဲ႔ ဘ႐ူႏိုက ဒီဆုအတြက္ ေကာင္းေကာင္းႀကီး ပံ့ပိုးလိမ့္မယ္လို႔ ေဒးလီးေမးလ္က ေရးသားလိုက္ၿပီး ၄၅ ပြဲမွာ ၂၆ ဂိုးသြင္း ၁၇ ဂိုး ဖန္တီးေပးထားတဲ့ ပုံစံက ေပါင္ ၆၇ သန္းကို ပဲနိအနည္းငယ္ သုံးလိုက္ရသလိုမ်ိဳး ထင္ျမင္မိေစသလို တစ္ေယာက္မဟုတ္ တစ္ေယာက္က ေျခစြမ္းျပ ဂိုးသြင္းႏိုင္တဲ့ ရက္ရွ္ဖို႔ဒ္၊ ကာဗာနီ၊ မာစီယယ္လ္၊ ဂရင္းဝုဒ္တို႔ကလည္း အလစ္ေပးလိုက္တာနဲ႔ ဂိုးသြင္းၿပီးသားပါပဲ။

ဝုလ္ဗ္စ္နဲ႔ပြဲမွာ အဒါမာ ထရာအိုေရးကို အဲလက္စ္ တဲလက္စ္ မထိန္းႏိုင္ခ်ိန္မွာ လုခ္ေရွာ ဝင္လာအၿပီး ၿငိမ္က်သြားတာနဲ႔အတူ မက္ဂြိဳင္းယားရဲ႕ ယုံၾကည္မႈ ျပန္ရၿပီး ခံစစ္ကို ကြပ္ကဲႏိုင္မႈမွာ ဒေဟးယားတစ္ေယာက္ ျပန္လည္တည္ၿငိမ္လာမႈေတြက အပိုင္အခြင့္အေရးေတြကိုလည္း ကာကြယ္ႏိုင္ၿပီး ၉၃ မိနစ္အခ်ိန္ကာလမွာ အႏိုင္ရဖို႔ လုံေလာက္ခဲ့တာပါ။

ဒါေၾကာင့္ ဒဏ္ရာေတြ ဗရပြနဲ႔ လီဗာပူးလ္ရဲ႕ ေျခေခ်ာ္လက္ေခ်ာ္ျဖစ္မႈကို အခြင့္ေကာင္းယူႏိုင္ဖို႔က ပရီးမီးယားလိဂ္ရဲ႕ လူလည္ႀကီးသားသမီး မန္ခ်က္စတာယူႏိုက္တက္တို႔ကသာ အဲဗာတန္ရဲ႕ေရွ႕က ေျခတစ္လွမ္းသာႏိုင္ၿပီး ဖာဂီလက္ထက္က ပြဲမၿပီးခင္ ရႈံးၿပီလို႔ မေျပာပါနဲ႔ဦးဆိုတဲ့ ေဆာင္ပုဒ္နဲ႔ ၂၀၁၃ ေနာက္ပိုင္း ေဝးကြာေနတဲ့ ဒီဆုဖလားကို ျပန္လည္သိမ္းပိုက္ႏိုင္ဖို႔အတြက္ ဇန္နဝါရီမွာ အသင္းကို ပိုမိုေကာင္းမြန္ေအာင္ ျပင္ဆင္သြားႏိုင္ဖို႔ ေမွ်ာ္လင့္ရင္းနဲ႔ သရဲနီပရိသတ္ေတြ ရင္ခုန္ေနၾကၿပီလို႔ပဲ ထင္မိပါတယ္ေလ။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.