Premier League Transfer News

31 Dec နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ နော့ဝစ်ချ်စီးတီးအသင်းနောက်ခံလူ မက်စ် အာရွန်စ်ကို ခေါ်ယူဖို့ ကြိုးစားနေပြီး တန်းပြန်တက်ဖို့ ကြိုးစားနေတဲ့ ကနေရီငှက်တွေဘက်က အလွယ်တကူ လက်လွှတ်ပေးနိုင်ခြေနည်းနေတဲ့အတွက် နွေရာသီအထိ စောင့်ဆိုင်းရဖွယ်ရှိနေ။

– အက်စ်တန်ဗီလာအသင်းဟာ လျင်မြန်ပြီး တန်ပြန်တိုက်စစ်ကစားပုံ ထူးချွန်တဲ့ အသင်းမျိုးဖြစ်တာကြောင့် အိုးလ်ထရက်ဖို့ဒ်မှာ သတိထား ကစားရမယ်လို့ မန်ချက်စတာယူနိုက်တက်ဂိုးသမား ဒေးဗစ် ဒဟေးယားက အသင်းဖော်တွေကို သတိပေးလိုက်ပြီး အချိန်မီ ပြန်လည် လန်းဆန်းအားပြည့်နေစေအောင် ကြိုးစားထားဖို့ တိုက်တွန်း။

– အသင်းရဲ့ အမေ့ခံကစားသမားတစ်ဦးဖြစ်ပြီး ဦးစားပေးကစားသမားတွေ ကြံ့ခိုင်မှု မပြည့်ချိန်တွေမှာသာ ကစားခွင့်ရတဲ့ နောက်ခံလူ တီမိုသီ ဖိုဆူမန်ဆားကို ယူနိုက်တက်တို့အနေနဲ့ သုံးနှစ်ခွဲစာချုပ်နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားဘက်က ပယ်ချခဲ့ပြီး အသင်းက ထွက်ခွာဖို့ကိုပဲ အလိုရှိနေ။

– လီဗာပူးလ်အသင်းရဲ့ နယူးကာဆယ်လ်နဲ့ စိန့်ဂျိမ်းစ်ပါ့ခ်ကွင်းမှာ သရေကျခဲ့မှုကြောင့် မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ သွေးနံ့ကို ရတဲ့ သားရဲတစ်ကောင်လို လာမယ့်ပွဲတွေမှာ အာရုံစိုက်ပြီး ကြိုးစားတော့မှာဖြစ်ပြီး ပရီးမီးယားလိဂ်က စိတ်ဝင်စားဖို့ ကောင်းလာခဲ့ပြီလို့ ကျွမ်းကျင်သူတွေ သုံးသပ်။

– နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်သာ မရှိရင် မန်ချက်စတာယူနိုက်တက်နည်းပြနေရာမှာ ရှိနေတော့မှာ မဟုတ်ဘူးလို့ အင်္ဂလန်နဲ့ ဝက်စ်ဟမ်းတိုက်စစ်မှူးဟောင်း ဒင်းန် အက်ရှ်တန်က သုံးသပ်လိုက်ပြီး ပေါ်တူဂီကွင်းလယ်လူရဲ့ ပွဲအဖြေကို ပြောင်းလဲနိုင်စွမ်းကို ချီးကျူးသွား။

– စကိုင်းစပို့စ်ရဲ့ တင်ဆက်သူတစ်ဦးအဖြစ် ဆောင်ရွက်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီ နဗီးလ်က လီဗာပူးလ်အသင်းဆီက ပရီးမီးယားလိဂ်ဆုဖလားကို လုယူနိုင်မယ့်သူအဖြစ် အသင်းဟောင်းကို တစ်ပေးလိုက်ပြီး ချဲလ်ဆီးနဲ့ စပါးစ်တို့ ခြေချော်ချိန်မှာ အကောင်းဆုံး အခွင့်အရေးယူနိုင်ခဲ့တယ်လို့ ထောက်ပြ။

– ပေးချေထားရတဲ့ ပြောင်းရွှေ့ကြေးအရကို ပထမအသင်းကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ခံထားရတဲ့ အာမက် ဂျယ်လို ထရာအိုရေးအနေနဲ့ ယူနိုက်တက်မှာ သူဝတ်ဆင်ချင်တဲ့ နံပါတ် ၇၉ ကို ပိတ်ပင်ခံရဖွယ်ရှိနေပြီး ဖြစ်နိုင်ဖွယ်နံပါတ် ၃၀ နဲ့ ၃၂ ကိုသာ မျက်စိမှိတ်ရွေးချယ်ရဖွယ်ရှိနေ။

– မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးအသင်းရဲ့ လူငယ်အသင်းအဆင့်ဆင့် ပြိုင်ပွဲတွေမှာ ဂိုးပေါင်း ၆၀၀ ကျော် သွင်းယူခဲ့တဲ့ လူငယ်တိုက်စစ်မှူးလေး ချာလီ မက်နီးလ်ကို ယူနိုက်တက်တို့ နွေရာသီက ခေါ်ယူခဲ့အပြီးမှာ ဆက်လက်ခြေစွမ်းပြနေခဲ့ပြီး စောင့်ကြည့်သူတွေကတော့ မားကပ်စ် ရက်ရှ်ဖို့ဒ် လက်သစ်လို့ ဆိုနေကြ။

– ဂျေဒန် ဆန်ချိုကို ခေါ်ယူနိုင်ဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းက ထိပ်ဆုံးကနေ ဦးဆောင်နေတယ်လို့ ဆိုပေမယ့် လာမယ့် နွေရာသီမှာတော့ အသင်းကို ကြီးကြီးမားမား အပြောင်းအလဲလုပ်ဦးမယ့် ချဲလ်ဆီးအသင်းနဲ့အပြိုင် ဒေါ့မွန်ဆီ ကမ်းလှမ်းသွားရဖွယ်ရှိနေ။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ပွဲကို အချိန်ပြည့် အာရုံစူးစိုက်ပြီး ကစားလာနိုင်မှုမှာ ပိုမိုကောင်းမွန်တိုးတက်လာခဲ့တယ်လို့ အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားက ပြောကြားလိုက်ပြီး ဖြစ်ကတတ်ဆန်းဂိုးတွေ မပေးရတော့တာနဲ့ နောက်ဆုံးမိနစ်တွေမှာ ဂိုးတွေ သွင်းယူလာနိုင်ခဲ့တာကို ထောက်ပြပြောကြားသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ေနာ့ဝစ္ခ်္စီးတီးအသင္းေနာက္ခံလူ မက္စ္ အာ႐ြန္စ္ကို ေခၚယူဖို႔ ႀကိဳးစားေနၿပီး တန္းျပန္တက္ဖို႔ ႀကိဳးစားေနတဲ့ ကေနရီငွက္ေတြဘက္က အလြယ္တကူ လက္လႊတ္ေပးႏိုင္ေျခနည္းေနတဲ့အတြက္ ေႏြရာသီအထိ ေစာင့္ဆိုင္းရဖြယ္ရွိေန။

– အက္စ္တန္ဗီလာအသင္းဟာ လ်င္ျမန္ၿပီး တန္ျပန္တိုက္စစ္ကစားပုံ ထူးခြၽန္တဲ့ အသင္းမ်ိဳးျဖစ္တာေၾကာင့္ အိုးလ္ထရက္ဖို႔ဒ္မွာ သတိထား ကစားရမယ္လို႔ မန္ခ်က္စတာယူႏိုက္တက္ဂိုးသမား ေဒးဗစ္ ဒေဟးယားက အသင္းေဖာ္ေတြကို သတိေပးလိုက္ၿပီး အခ်ိန္မီ ျပန္လည္ လန္းဆန္းအားျပည့္ေနေစေအာင္ ႀကိဳးစားထားဖို႔ တိုက္တြန္း။

– အသင္းရဲ႕ အေမ့ခံကစားသမားတစ္ဦးျဖစ္ၿပီး ဦးစားေပးကစားသမားေတြ ႀကံ့ခိုင္မႈ မျပည့္ခ်ိန္ေတြမွာသာ ကစားခြင့္ရတဲ့ ေနာက္ခံလူ တီမိုသီ ဖိုဆူမန္ဆားကို ယူႏိုက္တက္တို႔အေနနဲ႔ သုံးႏွစ္ခြဲစာခ်ဳပ္နဲ႔ ကမ္းလွမ္းခဲ့ေပမယ့္ ကစားသမားဘက္က ပယ္ခ်ခဲ့ၿပီး အသင္းက ထြက္ခြာဖို႔ကိုပဲ အလိုရွိေန။

– လီဗာပူးလ္အသင္းရဲ႕ နယူးကာဆယ္လ္နဲ႔ စိန႔္ဂ်ိမ္းစ္ပါ့ခ္ကြင္းမွာ သေရက်ခဲ့မႈေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ေသြးနံ႔ကို ရတဲ့ သားရဲတစ္ေကာင္လို လာမယ့္ပြဲေတြမွာ အာ႐ုံစိုက္ၿပီး ႀကိဳးစားေတာ့မွာျဖစ္ၿပီး ပရီးမီးယားလိဂ္က စိတ္ဝင္စားဖို႔ ေကာင္းလာခဲ့ၿပီလို႔ ကြၽမ္းက်င္သူေတြ သုံးသပ္။

– နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားအေနနဲ႔ ကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္သာ မရွိရင္ မန္ခ်က္စတာယူႏိုက္တက္နည္းျပေနရာမွာ ရွိေနေတာ့မွာ မဟုတ္ဘူးလို႔ အဂၤလန္နဲ႔ ဝက္စ္ဟမ္းတိုက္စစ္မႉးေဟာင္း ဒင္းန္ အက္ရွ္တန္က သုံးသပ္လိုက္ၿပီး ေပၚတူဂီကြင္းလယ္လူရဲ႕ ပြဲအေျဖကို ေျပာင္းလဲႏိုင္စြမ္းကို ခ်ီးက်ဴးသြား။

– စကိုင္းစပို႔စ္ရဲ႕ တင္ဆက္သူတစ္ဦးအျဖစ္ ေဆာင္႐ြက္ေနတဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ေဟာင္း ဂယ္ရီ နဗီးလ္က လီဗာပူးလ္အသင္းဆီက ပရီးမီးယားလိဂ္ဆုဖလားကို လုယူႏိုင္မယ့္သူအျဖစ္ အသင္းေဟာင္းကို တစ္ေပးလိုက္ၿပီး ခ်ဲလ္ဆီးနဲ႔ စပါးစ္တို႔ ေျခေခ်ာ္ခ်ိန္မွာ အေကာင္းဆုံး အခြင့္အေရးယူႏိုင္ခဲ့တယ္လို႔ ေထာက္ျပ။

– ေပးေခ်ထားရတဲ့ ေျပာင္းေ႐ႊ႕ေၾကးအရကို ပထမအသင္းကစားသမားတစ္ေယာက္အျဖစ္ သတ္မွတ္ခံထားရတဲ့ အာမက္ ဂ်ယ္လို ထရာအိုေရးအေနနဲ႔ ယူႏိုက္တက္မွာ သူဝတ္ဆင္ခ်င္တဲ့ နံပါတ္ ၇၉ ကို ပိတ္ပင္ခံရဖြယ္ရွိေနၿပီး ျဖစ္ႏိုင္ဖြယ္နံပါတ္ ၃၀ နဲ႔ ၃၂ ကိုသာ မ်က္စိမွိတ္ေ႐ြးခ်ယ္ရဖြယ္ရွိေန။

– ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာစီးတီးအသင္းရဲ႕ လူငယ္အသင္းအဆင့္ဆင့္ ၿပိဳင္ပြဲေတြမွာ ဂိုးေပါင္း ၆၀၀ ေက်ာ္ သြင္းယူခဲ့တဲ့ လူငယ္တိုက္စစ္မႉးေလး ခ်ာလီ မက္နီးလ္ကို ယူႏိုက္တက္တို႔ ေႏြရာသီက ေခၚယူခဲ့အၿပီးမွာ ဆက္လက္ေျခစြမ္းျပေနခဲ့ၿပီး ေစာင့္ၾကည့္သူေတြကေတာ့ မားကပ္စ္ ရက္ရွ္ဖို႔ဒ္ လက္သစ္လို႔ ဆိုေနၾက။

– ေဂ်ဒန္ ဆန္ခ်ိဳကို ေခၚယူႏိုင္ဖို႔အတြက္ မန္ခ်က္စတာယူႏိုက္တက္အသင္းက ထိပ္ဆုံးကေန ဦးေဆာင္ေနတယ္လို႔ ဆိုေပမယ့္ လာမယ့္ ေႏြရာသီမွာေတာ့ အသင္းကို ႀကီးႀကီးမားမား အေျပာင္းအလဲလုပ္ဦးမယ့္ ခ်ဲလ္ဆီးအသင္းနဲ႔အၿပိဳင္ ေဒါ့မြန္ဆီ ကမ္းလွမ္းသြားရဖြယ္ရွိေန။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ပြဲကို အခ်ိန္ျပည့္ အာ႐ုံစူးစိုက္ၿပီး ကစားလာႏိုင္မႈမွာ ပိုမိုေကာင္းမြန္တိုးတက္လာခဲ့တယ္လို႔ အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြိဳင္းယားက ေျပာၾကားလိုက္ၿပီး ျဖစ္ကတတ္ဆန္းဂိုးေတြ မေပးရေတာ့တာနဲ႔ ေနာက္ဆုံးမိနစ္ေတြမွာ ဂိုးေတြ သြင္းယူလာႏိုင္ခဲ့တာကို ေထာက္ျပေျပာၾကားသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.