Premier League Transfer News

31 Dec နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ပထမဆုံး ဇန်နဝါရီ ခေါ်ယူမှုကို ပြုလုပ်သွားနိုင်တော့မှာဖြစ်ပြီး နွေရာသီတုန်းက သဘောတူညီမှု နောက်ကျခဲ့လို့ အချိန်မီ စာမချုပ်နိုင်ခဲ့တဲ့ ဟာသာဘာလင် နောက်ခံလူ အိုမာ ရီကစ်ကို ဒီရက်ပိုင်းအတွင်းမှာ ဆေးစစ်ဖို့ရှိနေပြီး ပြောင်းရွှေ့ကြေး ပေါင်ခြောက်သိန်း ပေးချေရမယ်လို့ဆို။

– ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အယ်လ်ချီနဲ့ ပွဲနေ့လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ ကွင်းလယ်လူ အစ္စကိုအတွက် အာဆင်နယ်အသင်းဘက်က ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး ကစားသမားကတော့ အသင်းနည်းပြဟောင်း ဂျူလင် လိုပီတီဂီရဲ့ ဆီဗီလာအသင်းကို ဦးစားပေးအစီအစဉ်အဖြစ် စဉ်းစားဖို့ရှိနေ။

– နော့ဝစ်ချ်စီးတီးအသင်းရဲ့ ချန်ပီယံရှစ်မှာ ထိပ်ဆုံးက ရပ်တည်နေမှုမှာ အာဆင်နယ်ပစ်မှတ်ကွင်းလယ်လူ အီမီလီယာနို ဘွင်ဒီယာဟာ အလွန်အရေးပါသူဖြစ်ပြီး အသင်းရဲ့ တန်းတက်ခွင့်အတွက် ကြိုးစားနေချိန်မှာ ပေါင် ၁၅ သန်းပေးရင်တောင် သူ့ကို လက်လွှတ်နိုင်မှာ မဟုတ်ဘူးလို့ ဘီဘီစီ ရေဒီယိုကနေ ခရစ္စ ဆပ်တန်သုံးသပ်ပြောကြား။

– အာဆင်နယ်အသင်းအနေနဲ့ ကွင်းလယ်ကို ထပ်မံအားဖြည့်သွားဖို့ ရှိနေပြီး နေရာစုံကစားနိုင်တဲ့ RB လိုက်ပ်ဇစ်ကွင်းလယ်လူ ဂျာမန်သား မာဆယ်လ် ဆာဘစ်ဇာကို ခေါ်ယူဖို့ ကြိုးစားနေသလို ဆိုဘော့ဆ်လိုင်းကို ရရှိထားတဲ့ သူတို့အသင်းအနေနဲ့ လက်ခံနိုင်တဲ့ ဈေးရရင် ရောင်းချသွားဖွယ်ရှိနေ။

– ဘွန်ဒက်စ်လီဂါကလပ် ရှော်လ်ကာအသင်းဆီ မကြာခင်ရက်ပိုင်းအတွင်းမှာ အာဆင်နယ်အသင်းကနေ ကိုလာစီနက်ချ်တစ်ယောက် ထွက်ခွာသွားဖွယ်ရှိနေပြီး ပရော်ဖက်ရှင်နယ်ဘဝ စတင်ရာ အသင်းဟောင်းကို ပြန်ဖို့ လုပ်ခလစာငွေကိုလည်း ရာခိုင်နှုန်းတော်တော်များများ လျှော့ယူသွားမယ်လို့ဆို။

– ဆမ်အလာဒိုက်စ်ရဲ့ ဝက်စ်ဘရွန်းအသင်းနဲ့ စနေနေ့ည နောက်အကျဆုံးပွဲစဉ်အဖြစ် ကစားရမယ့် အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ လူစာရင်းမှာ ဝါရင့်ဘရာဇီးလ်ကစားသမားနှစ်ဦးဖြစ်တဲ့ ကွင်းလယ်လူ ဝီလီယန်နဲ့ နောက်ခံလူ ဒေးဗစ် လူးဝစ်ဇ်တို့ကို ပြန်လည်ထည့်သွင်းနိုင်ဖို့ရှိနေပြီး လူငယ်ကစားသမား ဘူကာယို ဆာကာလည်း ဒဏ်ရာ မပြင်းထန်ဘူးလို့ သိရ။

– နည်းပြဟောင်း အူနိုင်း အမ်မရီလက်ထက်က ခေါ်ယူဖို့ ကြိုးစားခဲ့ပြီးမှ ဆီဗီလာအသင်းဆီ လက်လွှတ်လိုက်ရတဲ့ ကွင်းလယ်လူ ဂျိုအန် ဟော်ဒန်ကို အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာအနေနဲ့ တစ်ကျော့ပြန် စိတ်ဝင်စားနေပြီး ခေါ်ယူဖို့အတွက် ပေါင် ၃၂ သန်းခန့် ကျသင့်ဖွယ်ရှိနေ။

– အငှားနဲ့ ရောက်ရှိနေခဲ့တဲ့ အာဆင်နယ်ကွင်းလယ်လူ ဒါနီ စီဘာယော့စ်ရဲ့ အခြေအနေကို ရီးရဲလ်မက်ဒရစ်အသင်းဘက်က စောင့်ကြည့်နေသလို စာချုပ်ကို ဖျက်သိမ်းသွားဖို့ စဉ်းစားနေပြီး လုပ်ဆောင်ဖြစ်ခဲ့ရင် စီးရီးအေကလပ်တွေဖြစ်ကြတဲ့ ဂျူဗင်တပ်စ်နဲ့ မီလန်နှစ်သင်းတို့က ခေါ်ယူဖို့ ကြိုးစားသွားဖွယ်ရှိနေ။

– ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ အစ္စကိုဟာ အာဆင်နယ်အသင်းကို အကျိုးပြုနိုင်မယ့်သူမျိုးဖြစ်ပြီး ကွင်းလယ်ကနေ ဖန်တီးမှုတွေကို ယူဆောင်လာမယ့်သူဖြစ်တဲ့အပြင် အဝတ်လဲခန်းအတွင်းမှာလည်း ဦးဆောင်မှုပေးနိုင်မယ့် ကစားသမားကောင်းတစ်ဦးဖြစ်ကြောင်း ဒါရင်းဘန့်သုံးသပ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ပထမဆုံး ဇန္နဝါရီ ေခၚယူမႈကို ျပဳလုပ္သြားႏိုင္ေတာ့မွာျဖစ္ၿပီး ေႏြရာသီတုန္းက သေဘာတူညီမႈ ေနာက္က်ခဲ့လို႔ အခ်ိန္မီ စာမခ်ဳပ္ႏိုင္ခဲ့တဲ့ ဟာသာဘာလင္ ေနာက္ခံလူ အိုမာ ရီကစ္ကို ဒီရက္ပိုင္းအတြင္းမွာ ေဆးစစ္ဖို႔ရွိေနၿပီး ေျပာင္းေ႐ႊ႕ေၾကး ေပါင္ေျခာက္သိန္း ေပးေခ်ရမယ္လို႔ဆို။

– ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ အယ္လ္ခ်ီနဲ႔ ပြဲေန႔လူစာရင္းကေန ခ်န္လွပ္ခံခဲ့ရတဲ့ ကြင္းလယ္လူ အစၥကိုအတြက္ အာဆင္နယ္အသင္းဘက္က ေဆြးေႏြးမႈေတြ လုပ္ေဆာင္ေနၿပီး ကစားသမားကေတာ့ အသင္းနည္းျပေဟာင္း ဂ်ဴလင္ လိုပီတီဂီရဲ႕ ဆီဗီလာအသင္းကို ဦးစားေပးအစီအစဥ္အျဖစ္ စဥ္းစားဖို႔ရွိေန။

– ေနာ့ဝစ္ခ်္စီးတီးအသင္းရဲ႕ ခ်န္ပီယံရွစ္မွာ ထိပ္ဆုံးက ရပ္တည္ေနမႈမွာ အာဆင္နယ္ပစ္မွတ္ကြင္းလယ္လူ အီမီလီယာႏို ဘြင္ဒီယာဟာ အလြန္အေရးပါသူျဖစ္ၿပီး အသင္းရဲ႕ တန္းတက္ခြင့္အတြက္ ႀကိဳးစားေနခ်ိန္မွာ ေပါင္ ၁၅ သန္းေပးရင္ေတာင္ သူ႔ကို လက္လႊတ္ႏိုင္မွာ မဟုတ္ဘူးလို႔ ဘီဘီစီ ေရဒီယိုကေန ခရစၥ ဆပ္တန္သုံးသပ္ေျပာၾကား။

– အာဆင္နယ္အသင္းအေနနဲ႔ ကြင္းလယ္ကို ထပ္မံအားျဖည့္သြားဖို႔ ရွိေနၿပီး ေနရာစုံကစားႏိုင္တဲ့ RB လိုက္ပ္ဇစ္ကြင္းလယ္လူ ဂ်ာမန္သား မာဆယ္လ္ ဆာဘစ္ဇာကို ေခၚယူဖို႔ ႀကိဳးစားေနသလို ဆိုေဘာ့ဆ္လိုင္းကို ရရွိထားတဲ့ သူတို႔အသင္းအေနနဲ႔ လက္ခံႏိုင္တဲ့ ေဈးရရင္ ေရာင္းခ်သြားဖြယ္ရွိေန။

– ဘြန္ဒက္စ္လီဂါကလပ္ ေရွာ္လ္ကာအသင္းဆီ မၾကာခင္ရက္ပိုင္းအတြင္းမွာ အာဆင္နယ္အသင္းကေန ကိုလာစီနက္ခ်္တစ္ေယာက္ ထြက္ခြာသြားဖြယ္ရွိေနၿပီး ပေရာ္ဖက္ရွင္နယ္ဘဝ စတင္ရာ အသင္းေဟာင္းကို ျပန္ဖို႔ လုပ္ခလစာေငြကိုလည္း ရာခိုင္ႏႈန္းေတာ္ေတာ္မ်ားမ်ား ေလွ်ာ့ယူသြားမယ္လို႔ဆို။

– ဆမ္အလာဒိုက္စ္ရဲ႕ ဝက္စ္ဘ႐ြန္းအသင္းနဲ႔ စေနေန႔ည ေနာက္အက်ဆုံးပြဲစဥ္အျဖစ္ ကစားရမယ့္ အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ လူစာရင္းမွာ ဝါရင့္ဘရာဇီးလ္ကစားသမားႏွစ္ဦးျဖစ္တဲ့ ကြင္းလယ္လူ ဝီလီယန္နဲ႔ ေနာက္ခံလူ ေဒးဗစ္ လူးဝစ္ဇ္တို႔ကို ျပန္လည္ထည့္သြင္းႏိုင္ဖို႔ရွိေနၿပီး လူငယ္ကစားသမား ဘူကာယို ဆာကာလည္း ဒဏ္ရာ မျပင္းထန္ဘူးလို႔ သိရ။

– နည္းျပေဟာင္း အူႏိုင္း အမ္မရီလက္ထက္က ေခၚယူဖို႔ ႀကိဳးစားခဲ့ၿပီးမွ ဆီဗီလာအသင္းဆီ လက္လႊတ္လိုက္ရတဲ့ ကြင္းလယ္လူ ဂ်ိဳအန္ ေဟာ္ဒန္ကို အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ တစ္ေက်ာ့ျပန္ စိတ္ဝင္စားေနၿပီး ေခၚယူဖို႔အတြက္ ေပါင္ ၃၂ သန္းခန႔္ က်သင့္ဖြယ္ရွိေန။

– အငွားနဲ႔ ေရာက္ရွိေနခဲ့တဲ့ အာဆင္နယ္ကြင္းလယ္လူ ဒါနီ စီဘာေယာ့စ္ရဲ႕ အေျခအေနကို ရီးရဲလ္မက္ဒရစ္အသင္းဘက္က ေစာင့္ၾကည့္ေနသလို စာခ်ဳပ္ကို ဖ်က္သိမ္းသြားဖို႔ စဥ္းစားေနၿပီး လုပ္ေဆာင္ျဖစ္ခဲ့ရင္ စီးရီးေအကလပ္ေတြျဖစ္ၾကတဲ့ ဂ်ဴဗင္တပ္စ္နဲ႔ မီလန္ႏွစ္သင္းတို႔က ေခၚယူဖို႔ ႀကိဳးစားသြားဖြယ္ရွိေန။

– ရီးရဲလ္မက္ဒရစ္ကြင္းလယ္လူ အစၥကိုဟာ အာဆင္နယ္အသင္းကို အက်ိဳးျပဳႏိုင္မယ့္သူမ်ိဳးျဖစ္ၿပီး ကြင္းလယ္ကေန ဖန္တီးမႈေတြကို ယူေဆာင္လာမယ့္သူျဖစ္တဲ့အျပင္ အဝတ္လဲခန္းအတြင္းမွာလည္း ဦးေဆာင္မႈေပးႏိုင္မယ့္ ကစားသမားေကာင္းတစ္ဦးျဖစ္ေၾကာင္း ဒါရင္းဘန႔္သုံးသပ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.