Match Report Premier League

ခံစစ်ငါးယောက်နဲ့ ပိတ်ကစားချိန်မှာ ကွင်းလယ်မှာ ရုန်းကန်ပြီး သရေကျပြန်တဲ့ လီဗာပူးလ်

ဒီနေ့ပွဲမှာတော့ လီဗာပူးလ်တို့အနေနဲ့ နယူးကာဆယ်လ်ကို အဝေးကွင်း စိန့်ဂျိမ်းစ်ပါ့ခ်မှာ ရင်ဆိုင်ရမယ့် အသင်းရဲ့ ဒဏ်ရာရနောက်တန်းမှာ နောက်ခံလူ နာသန် ဖိလစ်ကို ဖာဘင်ညိုနဲ့ တွဲပေးခဲ့ပြီး သီယာဂိုကိုတော့ အရန်ခုံမှာပဲထားခဲ့သလို ကွင်းလယ်မှာတော့ ကားတစ်ဂျုံးကို ဝါရင့် မီလ်နာ၊ ဟန်ဒါဆန်တို့နဲ့ အထိုင်ချလာခဲ့ပါတယ်။

မာနေး၊ ဆာလား၊ ဖာမီနိုတို့ရဲ့ အတွဲအဖက်ကတော့ အရင်လိုမျိုး MSF တိုက်စစ်လို့ ဖူးဖူးမှုတ်လို့ မကောင်းတော့ဘဲ သူတို့သုံးယောက် တွဲကစားရင် ဂိုးရဖို့ ပိုခက်လာတတ်သလို ဝန်မခံဘဲ ကြိတ်ပြိုင်နေကြတဲ့ ဆီနီဂေါသားနဲ့ အီဂျစ်သားတို့ရဲ့ ပြိုင်ဆိုင်မှုမှာ တခြားအသင်းဖော်တွေနဲ့ ဘရာဇီးလ်သား ဘော်ဘီပါ ရုန်းကန်နေရတာပါ။

ပုံမှန်မဟုတ်တဲ့ လီဗာပူးလ်နောက်တန်းကြောင့် တည်ကန်ဘောတွေကနေ နယူးကာဆယ်လ်တို့ ခြိမ်းခြောက်ခွင့်ရခဲ့ပြီး နောက်တန်း ၅ ယောက်နဲ့ ပိတ်ကစားခဲ့သလို အမြင့်ဘောတွေမှာ ရှင်းထုတ်နိုင်စွမ်း မြင့်မားတဲ့သူတွေကြောင့် ပထမပိုင်းမှာ ဆာလားနဲ့ ဖာမီနိုတို့ရဲ့ အခွင့်အရေးနှစ်ကြိမ်ကိုပဲ ကာကွယ်ခဲ့ရတာပါ။

ဘောလုံးပိုင်ဆိုင်ခွင့် အများဆုံးရပြီး ဘောလုံးခင်းပေးမှုနဲ့ ကစားကွက်တည်ဆောက်မှုမှာတော့ ဒီလူတွေနဲ့ အလုပ်မဖြစ်ချိန်မှာ ပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းလောက်နဲ့ ကောင်တာကို အားကိုးနေရတဲ့ လီဗာပူးလ်ရဲ့ Mentality နဲ့ Tactics တွေက အတိုင်အဖောက် မညီတာကြောင့် သူတို့ကို ပိတ်ကစားလိုက်ရင် အမှတ်လျော့ဖို့ များလာတဲ့ ပုံစံကိုလည်း ပြသနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဗိုင်နယ်လ်ဒွမ်ကို ကားတစ်ဂျုံးစ်နဲ့လဲ၊ မီလ်နာကို သီယာဂိုနဲ့ လဲခဲ့ပေမယ့် ရစ်သမ်မိနေတဲ့ နယူးကာဆယ်လ်နောက်တန်းနဲ့ ဂိုးသမား ဒါလိုးတို့ကြောင့် ဆာလား၊ ဖာမီနိုတို့ အလုပ်မဖြစ်နိုင်သလို အိမ်ရှင်ဂိုးသမားရဲ့ ကာကွယ်မှုတွေကလည်း စက္ကန့်မလပ်ကို သတိကြီးကြီးနဲ့ ပြုလုပ်ဖို့ အဆင်သင့်ရှိနေခဲ့တာပါ။

နောက်ပိုင်းပွဲတွေမှာ ပွဲပန်းလာတဲ့ ဆာလားကို ကူညီပေးမယ့် အလက်ဇန်းဒါး-အာနိုးလ်ဒ်ကလည်း ဒဏ်ရာက ပြန်လာပြီးကတည်းက အရင်လို မကောင်းတော့လို့ နည်းလမ်းပေါင်းစုံ ကြိုးစားပြီးချိန်မှာ လီဗာပူးလ်တို့ အိမ်ရှင်ခံစစ်က အကောင်းဆုံးနှစ်ဦးဖြစ်တဲ့ ဂိုးသမား ဒါလိုးနဲ့ နောက်ခံလူ ဖာနန်ဒက်ဇ်တို့ကို မကျော်ဖြတ်နိုင်ခဲ့ဘဲ စိန့်ဂျိမ်းစ်ပါ့ခ်မှာ ဂိုးမရှိသရေသာ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပြိုင်ဘက်အသင်းငယ်တွေရဲ့ ခံစစ် ၅ ယောက်နဲ့ ကွင်းလယ်အဖျက်တို့ ပိတ်ကစားခြင်းကို ခံရရင် မထိုးဖောက်နိုင်တော့ဘဲ နှစ်ပွဲဆက်တိုက် အသာစီးက ကစားပြီးမှ သရေကျခဲ့တဲ့ လီဗာပူးလ်တို့ ဒီနေ့ပွဲမှာ ထပ်မံနစ်နာခဲ့ရပြီး ဒုတိယနေရာက မန်ချက်စတာယူနိုက်တက်ကို တစ်ပွဲပိုကစား၊ ၃ မှတ်သာ ဖြတ်ထားနိုင်တော့တဲ့အတွက် ချန်ပီယံဆုအတွက် အတိအလင်း ခြိမ်းခြောက်ခဲ့ခဲ့ရသလို လာမယ့်ပွဲတွေမှာတော့ ယာဂန် ကလော့ပ်အနေနဲ့ မတူညီတဲ့ တိုက်စစ်ဆင်ပုံကို ရှာဖွေရတော့မှာလည်းဖြစ်ကြောင်း သုံးသပ်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဒီေန႔ပြဲမွာေတာ့ လီဗာပူးလ္တို႔အေနနဲ႔ နယူးကာဆယ္လ္ကို အေဝးကြင္း စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာ ရင္ဆိုင္ရမယ့္ အသင္းရဲ႕ ဒဏ္ရာရေနာက္တန္းမွာ ေနာက္ခံလူ နာသန္ ဖိလစ္ကို ဖာဘင္ညိဳနဲ႔ တြဲေပးခဲ့ၿပီး သီယာဂိုကိုေတာ့ အရန္ခုံမွာပဲထားခဲ့သလို ကြင္းလယ္မွာေတာ့ ကားတစ္ဂ်ဳံးကို ဝါရင့္ မီလ္နာ၊ ဟန္ဒါဆန္တို႔နဲ႔ အထိုင္ခ်လာခဲ့ပါတယ္။

မာေနး၊ ဆာလား၊ ဖာမီႏိုတို႔ရဲ႕ အတြဲအဖက္ကေတာ့ အရင္လိုမ်ိဳး MSF တိုက္စစ္လို႔ ဖူးဖူးမႈတ္လို႔ မေကာင္းေတာ့ဘဲ သူတို႔သုံးေယာက္ တြဲကစားရင္ ဂိုးရဖို႔ ပိုခက္လာတတ္သလို ဝန္မခံဘဲ ႀကိတ္ၿပိဳင္ေနၾကတဲ့ ဆီနီေဂါသားနဲ႔ အီဂ်စ္သားတို႔ရဲ႕ ၿပိဳင္ဆိုင္မႈမွာ တျခားအသင္းေဖာ္ေတြနဲ႔ ဘရာဇီးလ္သား ေဘာ္ဘီပါ ႐ုန္းကန္ေနရတာပါ။

ပုံမွန္မဟုတ္တဲ့ လီဗာပူးလ္ေနာက္တန္းေၾကာင့္ တည္ကန္ေဘာေတြကေန နယူးကာဆယ္လ္တို႔ ၿခိမ္းေျခာက္ခြင့္ရခဲ့ၿပီး ေနာက္တန္း ၅ ေယာက္နဲ႔ ပိတ္ကစားခဲ့သလို အျမင့္ေဘာေတြမွာ ရွင္းထုတ္ႏိုင္စြမ္း ျမင့္မားတဲ့သူေတြေၾကာင့္ ပထမပိုင္းမွာ ဆာလားနဲ႔ ဖာမီႏိုတို႔ရဲ႕ အခြင့္အေရးႏွစ္ႀကိမ္ကိုပဲ ကာကြယ္ခဲ့ရတာပါ။

ေဘာလုံးပိုင္ဆိုင္ခြင့္ အမ်ားဆုံးရၿပီး ေဘာလုံးခင္းေပးမႈနဲ႔ ကစားကြက္တည္ေဆာက္မႈမွာေတာ့ ဒီလူေတြနဲ႔ အလုပ္မျဖစ္ခ်ိန္မွာ ပိုင္ဆိုင္မႈ ၇၀ ရာခိုင္ႏႈန္းေလာက္နဲ႔ ေကာင္တာကို အားကိုးေနရတဲ့ လီဗာပူးလ္ရဲ႕ Mentality နဲ႔ Tactics ေတြက အတိုင္အေဖာက္ မညီတာေၾကာင့္ သူတို႔ကို ပိတ္ကစားလိုက္ရင္ အမွတ္ေလ်ာ့ဖို႔ မ်ားလာတဲ့ ပုံစံကိုလည္း ျပသေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ဗိုင္နယ္လ္ဒြမ္ကို ကားတစ္ဂ်ဳံးစ္နဲ႔လဲ၊ မီလ္နာကို သီယာဂိုနဲ႔ လဲခဲ့ေပမယ့္ ရစ္သမ္မိေနတဲ့ နယူးကာဆယ္လ္ေနာက္တန္းနဲ႔ ဂိုးသမား ဒါလိုးတို႔ေၾကာင့္ ဆာလား၊ ဖာမီႏိုတို႔ အလုပ္မျဖစ္ႏိုင္သလို အိမ္ရွင္ဂိုးသမားရဲ႕ ကာကြယ္မႈေတြကလည္း စကၠန႔္မလပ္ကို သတိႀကီးႀကီးနဲ႔ ျပဳလုပ္ဖို႔ အဆင္သင့္ရွိေနခဲ့တာပါ။

ေနာက္ပိုင္းပြဲေတြမွာ ပြဲပန္းလာတဲ့ ဆာလားကို ကူညီေပးမယ့္ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ကလည္း ဒဏ္ရာက ျပန္လာၿပီးကတည္းက အရင္လို မေကာင္းေတာ့လို႔ နည္းလမ္းေပါင္းစုံ ႀကိဳးစားၿပီးခ်ိန္မွာ လီဗာပူးလ္တို႔ အိမ္ရွင္ခံစစ္က အေကာင္းဆုံးႏွစ္ဦးျဖစ္တဲ့ ဂိုးသမား ဒါလိုးနဲ႔ ေနာက္ခံလူ ဖာနန္ဒက္ဇ္တို႔ကို မေက်ာ္ျဖတ္ႏိုင္ခဲ့ဘဲ စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာ ဂိုးမရွိသေရသာ ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ၿပိဳင္ဘက္အသင္းငယ္ေတြရဲ႕ ခံစစ္ ၅ ေယာက္နဲ႔ ကြင္းလယ္အဖ်က္တို႔ ပိတ္ကစားျခင္းကို ခံရရင္ မထိုးေဖာက္ႏိုင္ေတာ့ဘဲ ႏွစ္ပြဲဆက္တိုက္ အသာစီးက ကစားၿပီးမွ သေရက်ခဲ့တဲ့ လီဗာပူးလ္တို႔ ဒီေန႔ပြဲမွာ ထပ္မံနစ္နာခဲ့ရၿပီး ဒုတိယေနရာက မန္ခ်က္စတာယူႏိုက္တက္ကို တစ္ပြဲပိုကစား၊ ၃ မွတ္သာ ျဖတ္ထားႏိုင္ေတာ့တဲ့အတြက္ ခ်န္ပီယံဆုအတြက္ အတိအလင္း ၿခိမ္းေျခာက္ခဲ့ခဲ့ရသလို လာမယ့္ပြဲေတြမွာေတာ့ ယာဂန္ ကေလာ့ပ္အေနနဲ႔ မတူညီတဲ့ တိုက္စစ္ဆင္ပုံကို ရွာေဖြရေတာ့မွာလည္းျဖစ္ေၾကာင္း သုံးသပ္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.