Premier League Transfer News

30 Dec ညပိုင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ ကစားသမားတွေထဲမှာ ကိုဗစ်-၁၉ ကူးစက်မှုဒဏ်ကို ၇ ဦးအထိ သက်ရောက်နေပေမယ့် အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေကိုတော့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး လူငယ်အကယ်ဒမီအသင်းနဲ့ ပူးပေါင်းလေ့ကျင့်သွားဖို့ရှိနေ။

– ဥရောပအသင်းကြီးတွေအားလုံး ဝိုင်းလိုက်နေကြတဲ့ ဘိုင်ယန်မြူးနစ် နောက်ခံလူ ဒေးဗစ် အလာဘာကို ခေါ်ယူနိုင်ဖို့အတွက် မန်ချက်စတာစီးတီးနည်းပြ ပက်ပ် ဂွါဒီယိုလာမှာ ဝှက်ဖဲတစ်ချက်ရှိနေတယ်လို့ဆိုပြီး နိုင်ငံအသင်းမှာလို ကွင်းလယ်မှာ ကစားခွင့်ပေးသွားဖို့ဖြစ်တယ်လို့ ဆိုနေကြ။

– မန်စီးတီးအသင်းတာဝန်ရှိသူတွေအနေနဲ့ လာမယ့်နွေရာသီမှာ အသင်းကို ဘတ်ဂျက်များများစားစား ချပေးဖွယ်ရှိနေပြီး ဘာစီလိုနာကနေ အလွတ်ထွက်ခွာလာမယ့် တိုက်စစ်မှူး လီယွန်နယ် မက်ဆီအပြင်၊ အာလင်း ဟားလန်းနဲ့ ကိုင်လျန် အမ်ဘာပေတို့ထဲက တစ်ဦးကို ခေါ်ယူသွားဖွယ်ရှိ။

– နည်းပြ ဂွါဒီယိုလာအနေနဲ့ ပြီးခဲ့တဲ့ ရာသီကစပြီး ခြေစွမ်းကျဆင်းနေခဲ့သလို ကြံ့ခိုင်မှု မကောင်းတော့ဘဲ ဒဏ်ရာတွေ များနေခဲ့တဲ့ ဘယ်နောက်ခံလူ ဘင်ဂျမင် မန်ဒီအပေါ် သည်းခံမှု ကုန်ဆုံးနေပြီဖြစ်ပြီး ပြင်သစ်လီဂူးဝမ်းကို မန်စီးတီးတာဝန်ရှိသူတွေအနေနဲ့ ပြန်လည် ရောင်းချဖို့ ဝယ်လက်ရှာဖွေရဖွယ်ရှိနေ။

– ကာရာဘောင်းဖလား ကွာတားဖိုင်နယ်အဆင့်အတွက် အကောင်းဆုံးဂိုးအဖြစ် ရွေးချယ်ခံရဖို့အတွက် အာဆင်နယ်နဲ့ အဝေးကွင်းပွဲမှာ သွင်းယူခဲ့တဲ့ မန်ချက်စတာစီးတီးကွင်းလယ်လူ ဖီးလ် ဖိုဒန်ရဲ့ ဂိုးက ထိပ်ဆုံးက ရေပန်းစားနေခဲ့ပြီး ဘရန့်ဖို့ဒ်၊ အာဆင်နယ်၊ စပါးစ်၊ မန်ယူအသင်းတွေဆီကလည်း တစ်ဂိုးစီ ပဏာမ ရွေးချယ်ထား။

– ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဘိုရုရှား ဒေါ့မွန်အသင်းအနေနဲ့ မန်ချက်စတာစီးတီးလူငယ်တောင်ပံကစားသမား ဂျေဒင် ဘရာ့ဖ်ကို စိတ်ဝင်တစား စောင့်ကြည့်နေကြောင်း အတည်ပြုသွားခဲ့ပြီး တရားဝင် ကမ်းလှမ်းမှုမျိုးတော့ လုပ်ဆောင်ရခြင်း မရှိသေးဘူးလို့ မီဒီယာတွေ ဖော်ပြ။

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင် ဒီဘရိုင်းနားကို ရရှိခဲ့ပြီလို့ အသင်းရဲ့ လူငယ်ကြယ်ပွင့် အီမီးလ် စမစ်ရိုးကို တောင်ပံကစားသမား ရီးစ် နယ်လ်ဆန်က သူ့ရဲ့ အင်စတာဂရမ်အကောင့်ကနေ မန်ချက်စတာစီးတီးကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားနဲ့ နှိုင်းယှဉ်ချီးကျူးသွား။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ သူတို့ရဲ့ တောင်ပံတိုက်စစ်ကို အားဖြည့်ဖို့အတွက် ဖယ်ရန် တောရက်စ်နဲ့ မကျေနပ်သေးဘဲ ယူကရိန်း ပရီးမီးယားလိဂ်ကလပ် ရှက်ခ်တာဒိုးနက်ခ်စ်အသင်းရဲ့ ဘရာဇီးလ်တောင်ပံကစားသမား တေတေကို ခေါ်ယူလိုနေပြီး ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ယှဉ်ပြိုင်ရဖွယ်ရှိနေ။

– လိဒ်စ်ယူနိုက်တက်အသင်းကို ၃ ရာသီ ဆက်တိုက် အငှားချထားခဲ့ပြီး ယော့ခ်ရှိုင်းယားကလပ်ရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်နေခဲ့တဲ့ အင်္ဂလန်တောင်ပံကစားသမား ဂျက်ခ် ဟာရီဆန်ကို နွေက ပေါင်သန်း ၂၀ နဲ့ မရောင်းဖြစ်ခဲ့ပေမယ့် ဆောင်းရာသီမှာ ပေါင် ၁၀ သန်း ဝန်းကျင်နဲ့ အပြီးသတ်ကမ်းလှမ်းမှုကို မန်စီးတီးတို့ လက်ခံသွားဖို့ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ကစားသမားေတြထဲမွာ ကိုဗစ္-၁၉ ကူးစက္မႈဒဏ္ကို ၇ ဦးအထိ သက္ေရာက္ေနေပမယ့္ အသင္းရဲ႕ ေလ့က်င့္ေရးအစီအစဥ္ေတြကိုေတာ့ ဆက္လက္လုပ္ေဆာင္သြားမွာျဖစ္ၿပီး လူငယ္အကယ္ဒမီအသင္းနဲ႔ ပူးေပါင္းေလ့က်င့္သြားဖို႔ရွိေန။

– ဥေရာပအသင္းႀကီးေတြအားလုံး ဝိုင္းလိုက္ေနၾကတဲ့ ဘိုင္ယန္ျမဴးနစ္ ေနာက္ခံလူ ေဒးဗစ္ အလာဘာကို ေခၚယူႏိုင္ဖို႔အတြက္ မန္ခ်က္စတာစီးတီးနည္းျပ ပက္ပ္ ဂြါဒီယိုလာမွာ ဝွက္ဖဲတစ္ခ်က္ရွိေနတယ္လို႔ဆိုၿပီး ႏိုင္ငံအသင္းမွာလို ကြင္းလယ္မွာ ကစားခြင့္ေပးသြားဖို႔ျဖစ္တယ္လို႔ ဆိုေနၾက။

– မန္စီးတီးအသင္းတာဝန္ရွိသူေတြအေနနဲ႔ လာမယ့္ေႏြရာသီမွာ အသင္းကို ဘတ္ဂ်က္မ်ားမ်ားစားစား ခ်ေပးဖြယ္ရွိေနၿပီး ဘာစီလိုနာကေန အလြတ္ထြက္ခြာလာမယ့္ တိုက္စစ္မႉး လီယြန္နယ္ မက္ဆီအျပင္၊ အာလင္း ဟားလန္းနဲ႔ ကိုင္လ်န္ အမ္ဘာေပတို႔ထဲက တစ္ဦးကို ေခၚယူသြားဖြယ္ရွိ။

– နည္းျပ ဂြါဒီယိုလာအေနနဲ႔ ၿပီးခဲ့တဲ့ ရာသီကစၿပီး ေျခစြမ္းက်ဆင္းေနခဲ့သလို ႀကံ့ခိုင္မႈ မေကာင္းေတာ့ဘဲ ဒဏ္ရာေတြ မ်ားေနခဲ့တဲ့ ဘယ္ေနာက္ခံလူ ဘင္ဂ်မင္ မန္ဒီအေပၚ သည္းခံမႈ ကုန္ဆုံးေနၿပီျဖစ္ၿပီး ျပင္သစ္လီဂူးဝမ္းကို မန္စီးတီးတာဝန္ရွိသူေတြအေနနဲ႔ ျပန္လည္ ေရာင္းခ်ဖို႔ ဝယ္လက္ရွာေဖြရဖြယ္ရွိေန။

– ကာရာေဘာင္းဖလား ကြာတားဖိုင္နယ္အဆင့္အတြက္ အေကာင္းဆုံးဂိုးအျဖစ္ ေ႐ြးခ်ယ္ခံရဖို႔အတြက္ အာဆင္နယ္နဲ႔ အေဝးကြင္းပြဲမွာ သြင္းယူခဲ့တဲ့ မန္ခ်က္စတာစီးတီးကြင္းလယ္လူ ဖီးလ္ ဖိုဒန္ရဲ႕ ဂိုးက ထိပ္ဆုံးက ေရပန္းစားေနခဲ့ၿပီး ဘရန႔္ဖို႔ဒ္၊ အာဆင္နယ္၊ စပါးစ္၊ မန္ယူအသင္းေတြဆီကလည္း တစ္ဂိုးစီ ပဏာမ ေ႐ြးခ်ယ္ထား။

– ဂ်ာမန္ဘြန္ဒက္စ္လီဂါကလပ္ ဘို႐ုရွား ေဒါ့မြန္အသင္းအေနနဲ႔ မန္ခ်က္စတာစီးတီးလူငယ္ေတာင္ပံကစားသမား ေဂ်ဒင္ ဘရာ့ဖ္ကို စိတ္ဝင္တစား ေစာင့္ၾကည့္ေနေၾကာင္း အတည္ျပဳသြားခဲ့ၿပီး တရားဝင္ ကမ္းလွမ္းမႈမ်ိဳးေတာ့ လုပ္ေဆာင္ရျခင္း မရွိေသးဘူးလို႔ မီဒီယာေတြ ေဖာ္ျပ။

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ကိုယ္ပိုင္ ဒီဘ႐ိုင္းနားကို ရရွိခဲ့ၿပီလို႔ အသင္းရဲ႕ လူငယ္ၾကယ္ပြင့္ အီမီးလ္ စမစ္႐ိုးကို ေတာင္ပံကစားသမား ရီးစ္ နယ္လ္ဆန္က သူ႔ရဲ႕ အင္စတာဂရမ္အေကာင့္ကေန မန္ခ်က္စတာစီးတီးကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနားနဲ႔ ႏႈိင္းယွဥ္ခ်ီးက်ဴးသြား။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ သူတို႔ရဲ႕ ေတာင္ပံတိုက္စစ္ကို အားျဖည့္ဖို႔အတြက္ ဖယ္ရန္ ေတာရက္စ္နဲ႔ မေက်နပ္ေသးဘဲ ယူကရိန္း ပရီးမီးယားလိဂ္ကလပ္ ရွက္ခ္တာဒိုးနက္ခ္စ္အသင္းရဲ႕ ဘရာဇီးလ္ေတာင္ပံကစားသမား ေတေတကို ေခၚယူလိုေနၿပီး ရီးရဲလ္မက္ဒရစ္ အသင္းနဲ႔ ယွဥ္ၿပိဳင္ရဖြယ္ရွိေန။

– လိဒ္စ္ယူႏိုက္တက္အသင္းကို ၃ ရာသီ ဆက္တိုက္ အငွားခ်ထားခဲ့ၿပီး ေယာ့ခ္ရႈိင္းယားကလပ္ရဲ႕ အဓိက ကစားသမားတစ္ဦး ျဖစ္ေနခဲ့တဲ့ အဂၤလန္ေတာင္ပံကစားသမား ဂ်က္ခ္ ဟာရီဆန္ကို ေႏြက ေပါင္သန္း ၂၀ နဲ႔ မေရာင္းျဖစ္ခဲ့ေပမယ့္ ေဆာင္းရာသီမွာ ေပါင္ ၁၀ သန္း ဝန္းက်င္နဲ႔ အၿပီးသတ္ကမ္းလွမ္းမႈကို မန္စီးတီးတို႔ လက္ခံသြားဖို႔ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.