Premier League Transfer News

ဗီဒီယိုတင်ပြီး သတင်းစကားပါးတဲ့ ဗန်ဒိုက်၊ ဆန်ချိုနဲ့ အူပါမီကာနိုအပြောင်းအရွှေ့အပါအဝင် လီဗာပူး အပြောင်းအရွှေ့သတင်းများ


-လီဗာပူးအသင်းဟာ အင်တာမီလန်နောက်ခံကစားသမား စခရီနီရာကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ပြသခဲ့ပေမယ့် တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရိုသန်း ၆၀ ကိုတော့ ပေးချေလိုခြင်းမရှိဘဲ အလွတ်နဲ့ခေါ်ယူနိုင်မယ့် ဗလင်စီယာနောက်ခံကစားသမားဟောင်း ဂါရေးကိုလည်း ခေါ်ယူဖို့ ငြင်းပယ်ခဲ့တယ်လို့ သိရ။


-လီဗာပူးကွင်းလယ်ခံစစ်ကစားသမား ဖာဘင်ညိုက ဗဟိုခံစစ်နေရာမှာ ပေရော်ဖက်ရှင်နယ်ကစားသမားအဖြစ် တစ်ခါမှ မကစားခဲ့ဖူးဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပြီး ကလေးဘဝတုန်းက အကြိမ်ပေါင်းများစွာ ကစားခဲ့ဖူးပေမယ့် ဘရိုက်တန်နဲ့ပွဲမှာ ၎င်းရဲ့အဓိကကစားတဲ့နေရာမဟုတ်တဲ့ နေရာမှာ ပထမဆုံးကစားဖူးတာဖြစ်တယ်လို့ ပြောကြားခဲ့။


-လီဗာပူးနည်းပြယာဂင်ကလော့ပ်က သီယေဂိုအယ်လ်ကန်တာရာအတွက် နယူးကာဆယ်အသင်းနဲ့ပွဲစဉ်က အရမ်းစောလွန်းသေးတယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပြီး အသင်းရဲ့ပွဲစဉ်တွေကို ၁၆ ပွဲအထိ လွဲချော်ထားတဲ့ စပိန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာ ခရစ်စမတ်အကြိုနေ့နဲ့ ခရစ်စမတ်နေ့တို့မှာ အပေါ့စားလေ့ကျင့်ရေးအစီအစဉ်တွေမှာ ပါဝင်ခဲ့သူဖြစ်။


-လီဗာပူးဂန္တဝင်ကစားသမား ဂျေမီကာရေဂါက ကလော့ပ်ရဲ့ ယာယီခံစစ်အပေါ်မှာ ဖိအားတွေသက်သာသွားစေဖို့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဗဟိုခံစစ်ကစားသမားသစ်တစ်ဦး ခေါ်ယူဖို့ အလွန်အရေးကြီးတယ်လို့ လီဗာပူးဘုတ်အဖွဲ့ကို တောင်းဆိုခဲ့ပြီး အသင်းမှာရှိသမျှ ခံစစ်ကစားသမားတွေအားလုံးက အပတ်တိုင်းကစားနေရလို့ ဒဏ်ရာဒဏ်ချက်တွေ များစွာရရှိနေကြပြီလို့ ပြောကြားခဲ့။


-ဂျော်ဂျင်နီယို ဗိုင်နယ်လ်ဒွမ်ဟာ ၎င်းရဲ့မိသားစုက လီဗာပူးမြို့ကို ကိုယ့်အိမ်လိုမျိုး မြင်နေကြတဲ့အတွက် အန်းဖီးမှာ ဆက်နေချင်နေတယ်လို့ သိရပြီး အသင်းမှာ ၎င်းရဲ့အရေးကြီးတဲ့အခန်းကဏ္ဍနဲ့ ပိုမိုသင့်လျော်မယ့် စာချုပ်ကမ်းလှမ်းမှုမျိုး ဒတ်ချ်ကွင်းလယ်ကစားသမားက လိုချင်နေတယ်လို့ Liverpool Echo က ဖော်ပြခဲ့။


-လီဗာပူးခံစစ်ကျောက်ဆောင် ဗန်ဒိုက်ဟာ အားကစားခန်းမထဲမှာ လေ့ကျင့်ရေးစက်ဘီးကိုတောင် ကောင်းကောင်းနင်းနိုင်နေပြီဖြစ်ပြီး ယမန်နေ့ညနေက ဗန်ဒိုက်ကိုယ်တိုင် တွစ်တာအကောင့်ကနေ တင်ခဲ့တဲ့ ဗီဒီယိုအရ ဆိုးရွားလွန်းတဲ့ဒဏ်ရာရရှိခဲ့တဲ့ ဒူးဒဏ်ရာဟာ သက်သာပျောက်ကင်းပြီး ကြံ့ခိုင်မှု ပြန်လည်ရရှိနေပြီလို့တောင် ယူဆရနိုင်တဲ့အခြေအနေမှာရှိနေ။


-နာမည်ကျော်ဂျာနယ်လစ်ဖြစ်တဲ့ ဖက်ဘရီဇီယိုရိုမာနိုရဲ့ ပြောကြားချက်အရ လာမယ့်နွေရာသီမှာ လီဗာပူးလ်အသင်းဟာ ဂျေဒန်ဆန်ချိုအတွက် စိန်ခေါ်မှုတွေ ပြုလုပ်ရလိမ့်မယ်လို့ သိရပြီး ယခုနွေရာသီမှာမှ အဆင်သင့်ပြင်ဆင်မထားရင် အခြားအသင်းတွေ လုခေါ်သွားမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ပြောကြားခဲ့။


-အိုရီဂီဟာ ကစားသမားဘဝရဲ့ အကြီးမားဆုံး ဆုံးဖြတ်ချက်ကို ချမှတ်ရမယ့်အရေးနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပြီး လာမယ့်ဇန်နဝါရီလမှာ အငှား သို့မဟုတ် အပြီးသတ်ပြောင်းရွှေ့ရလိမ့်မယ်လို့ Corriere Dello Sport က ဖော်ပြခဲ့။


– လီဗာပူးလ်အသင်း အားကစားဒါရိုက်တာ မိုက်ကယ် အက်ဒဝပ်အနေနဲ့ ဇန်နဝါရီမှာ ပေါင်သန်း ၅၀ ကျော် ကျသင့်နိုင်တဲ့ RB လိုက်ပ်ဇစ် နောက်ခံလူ ဒါယို အူပါမီကာနိုကို အလိုရှိတဲ့ စာရင်းထဲကနေ စောစောစီးစီး ဖယ်ထုတ်ထားခဲ့တယ်လို့ သိရပြီး ဈေးသက်သာမယ့် နောက်ခံလူတွေနဲ့ အငှားကစားသမားတွေကိုပဲ ခေါ်ယူဖို့ရှိနေ။


– ဒီရာသီအသင်းကြီးမှာ ကစားခွင့် စတင်ရရှိခဲ့ပြီး လက်ရှိအချိန်အထိ နွေရာသီမှာ ကုန်ဆုံးမယ့် စာချုပ်ကို သက်တမ်းမတိုးသေးတဲ့ ယူ-၂၃ တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂွန်ကို အာဆင်နယ်ပရိသတ်တွေက လီဗာပူးလ်အသင်းဆီ ပြောင်းရွှေ့သွားခဲ့မယ်ဆိုရင် ခွင့်လွှတ်လိမ့်မယ် မထင်နဲ့လို့ ကစားသမားနဲ့ တာဝန်ရှိသူတွေကို ခြိမ်းခြောက်နေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


-လီဗာပူးအသင္းဟာ အင္တာမီလန္ေနာက္ခံကစားသမား စခရီနီရာကို ေခၚယူဖို႔ စိတ္ဝင္စားေၾကာင္း ျပသခဲ့ေပမယ့္ ေတာင္းဆိုထားတဲ့ ေျပာင္းေရႊ႕ေၾကး ယူရိုသန္း ၆၀ ကိုေတာ့ ေပးေခ်လိုျခင္းမရွိဘဲ အလြတ္နဲ႔ေခၚယူနိုင္မယ့္ ဗလင္စီယာေနာက္ခံကစားသမားေဟာင္း ဂါေရးကိုလည္း ေခၚယူဖို႔ ျငင္းပယ္ခဲ့တယ္လို႔ သိရ။


-လီဗာပူးကြင္းလယ္ခံစစ္ကစားသမား ဖာဘင္ညိဳက ဗဟိုခံစစ္ေနရာမွာ ေပေရာ္ဖက္ရွင္နယ္ကစားသမားအျဖစ္ တစ္ခါမွ မကစားခဲ့ဖူးဘူးလို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး ကေလးဘဝတုန္းက အႀကိမ္ေပါင္းမ်ားစြာ ကစားခဲ့ဖူးေပမယ့္ ဘရိုက္တန္နဲ႔ပြဲမွာ ၎ရဲ့အဓိကကစားတဲ့ေနရာမဟုတ္တဲ့ ေနရာမွာ ပထမဆုံးကစားဖူးတာျဖစ္တယ္လို႔ ေျပာၾကားခဲ့။


-လီဗာပူးနည္းျပယာဂင္ကေလာ့ပ္က သီေယဂိုအယ္လ္ကန္တာရာအတြက္ နယူးကာဆယ္အသင္းနဲ႔ပြဲစဥ္က အရမ္းေစာလြန္းေသးတယ္လို႔ အရိပ္အႁမြက္ေျပာၾကားခဲ့ၿပီး အသင္းရဲ့ပြဲစဥ္ေတြကို ၁၆ ပြဲအထိ လြဲေခ်ာ္ထားတဲ့ စပိန္လက္ေရြးစင္ကြင္းလယ္ကစားသမားဟာ ခရစ္စမတ္အႀကိဳေန႔နဲ႔ ခရစ္စမတ္ေန႔တို႔မွာ အေပါ့စားေလ့က်င့္ေရးအစီအစဥ္ေတြမွာ ပါဝင္ခဲ့သူျဖစ္။


-လီဗာပူးဂႏၲဝင္ကစားသမား ေဂ်မီကာေရဂါက ကေလာ့ပ္ရဲ့ ယာယီခံစစ္အေပၚမွာ ဖိအားေတြသက္သာသြားေစဖို႔ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ ဗဟိုခံစစ္ကစားသမားသစ္တစ္ဦး ေခၚယူဖို႔ အလြန္အေရးႀကီးတယ္လို႔ လီဗာပူးဘုတ္အဖြဲ႕ကို ေတာင္းဆိုခဲ့ၿပီး အသင္းမွာရွိသမၽွ ခံစစ္ကစားသမားေတြအားလုံးက အပတ္တိုင္းကစားေနရလို႔ ဒဏ္ရာဒဏ္ခ်က္ေတြ မ်ားစြာရရွိေနၾကၿပီလို႔ ေျပာၾကားခဲ့။


-ေဂ်ာ္ဂ်င္နီယို ဗိုင္နယ္လ္ဒြမ္ဟာ ၎ရဲ့မိသားစုက လီဗာပူးၿမိဳ႕ကို ကိုယ့္အိမ္လိုမ်ိဳး ျမင္ေနၾကတဲ့အတြက္ အန္းဖီးမွာ ဆက္ေနခ်င္ေနတယ္လို႔ သိရၿပီး အသင္းမွာ ၎ရဲ့အေရးႀကီးတဲ့အခန္းက႑နဲ႔ ပိုမိုသင့္ေလ်ာ္မယ့္ စာခ်ဳပ္ကမ္းလွမ္းမႈမ်ိဳး ဒတ္ခ်္ကြင္းလယ္ကစားသမားက လိုခ်င္ေနတယ္လို႔ Liverpool Echo က ေဖာ္ျပခဲ့။


-လီဗာပူးခံစစ္ေက်ာက္ေဆာင္ ဗန္ဒိုက္ဟာ အားကစားခန္းမထဲမွာ ေလ့က်င့္ေရးစက္ဘီးကိုေတာင္ ေကာင္းေကာင္းနင္းနိုင္ေနၿပီျဖစ္ၿပီး ယမန္ေန႔ညေနက ဗန္ဒိုက္ကိုယ္တိုင္ တြစ္တာအေကာင့္ကေန တင္ခဲ့တဲ့ ဗီဒီယိုအရ ဆိုးရြားလြန္းတဲ့ဒဏ္ရာရရွိခဲ့တဲ့ ဒူးဒဏ္ရာဟာ သက္သာေပ်ာက္ကင္းၿပီး ႀကံ့ခိုင္မႈ ျပန္လည္ရရွိေနၿပီလို႔ေတာင္ ယူဆရနိုင္တဲ့အေျခအေနမွာရွိေန။


-နာမည္ေက်ာ္ဂ်ာနယ္လစ္ျဖစ္တဲ့ ဖက္ဘရီဇီယိုရိုမာနိုရဲ့ ေျပာၾကားခ်က္အရ လာမယ့္ေႏြရာသီမွာ လီဗာပူးလ္အသင္းဟာ ေဂ်ဒန္ဆန္ခ်ိဳအတြက္ စိန္ေခၚမႈေတြ ျပဳလုပ္ရလိမ့္မယ္လို႔ သိရၿပီး ယခုေႏြရာသီမွာမွ အဆင္သင့္ျပင္ဆင္မထားရင္ အျခားအသင္းေတြ လုေခၚသြားမယ့္ အႏၲရာယ္နဲ႔ ရင္ဆိုင္ရလိမ့္မယ္လို႔ ေျပာၾကားခဲ့။


-အိုရီဂီဟာ ကစားသမားဘဝရဲ့ အႀကီးမားဆုံး ဆုံးျဖတ္ခ်က္ကို ခ်မွတ္ရမယ့္အေရးနဲ႔ ရင္ဆိုင္ေနရတယ္လို႔ သိရၿပီး လာမယ့္ဇန္နဝါရီလမွာ အငွား သို႔မဟုတ္ အၿပီးသတ္ေျပာင္းေရႊ႕ရလိမ့္မယ္လို႔ Corriere Dello Sport က ေဖာ္ျပခဲ့။


– လီဗာပူးလ္အသင္း အားကစားဒါရိုက္တာ မိုက္ကယ္ အက္ဒဝပ္အေနနဲ႔ ဇန္နဝါရီမွာ ေပါင္သန္း ၅၀ ေက်ာ္ က်သင့္နိုင္တဲ့ RB လိုက္ပ္ဇစ္ ေနာက္ခံလူ ဒါယို အူပါမီကာနိုကို အလိုရွိတဲ့ စာရင္းထဲကေန ေစာေစာစီးစီး ဖယ္ထုတ္ထားခဲ့တယ္လို႔ သိရၿပီး ေဈးသက္သာမယ့္ ေနာက္ခံလူေတြနဲ႔ အငွားကစားသမားေတြကိုပဲ ေခၚယူဖို႔ရွိေန။


– ဒီရာသီအသင္းႀကီးမွာ ကစားခြင့္ စတင္ရရွိခဲ့ၿပီး လက္ရွိအခ်ိန္အထိ ေႏြရာသီမွာ ကုန္ဆုံးမယ့္ စာခ်ဳပ္ကို သက္တမ္းမတိုးေသးတဲ့ ယူ-၂၃ တိုက္စစ္မႉး ဖိုလာရင္ ဘာလိုဂြန္ကို အာဆင္နယ္ပရိသတ္ေတြက လီဗာပူးလ္အသင္းဆီ ေျပာင္းေရႊ႕သြားခဲ့မယ္ဆိုရင္ ခြင့္လႊတ္လိမ့္မယ္ မထင္နဲ႔လို႔ ကစားသမားနဲ႔ တာဝန္ရွိသူေတြကို ၿခိမ္းေျခာက္ေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.