Premier League Transfer News

30 Dec ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု


– လီဗာပူးလ်အသင်းအနေနဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ လက်ရှိကစားသမားတွေနဲ့ ရှေ့ဆက်လို့ မရဘဲ ချန်ပီယံဆုကို ဆက်လက် ထိန်းသိမ်းချင်တယ်ဆိုရင် ဗဟိုနောက်ခံလူသစ်တစ်ယောက် မဖြစ်မနေ ဝယ်ယူရလိမ့်မယ်လို့ အနည်းငယ်သွေးအေးနေပုံရှိတဲ့ အသင်းကို အင်္ဂလန်နည်းပြဟောင်း ဂလင်း ဟော့ဒယ်လ် သတိပေး။


– အသင်းရဲ့ နောက်တန်းမှာ ဖာဘင်ညိုကို ဆက်ထားပြီး စိတ်ချလက်ချကစားဖို့ဆိုရင် သီယာဂို အယ်လ်ကန်တာရာရဲ့ ကွင်းလယ်ကို စိုးမိုးနိုင်မှုက မဖြစ်မနေ လိုအပ်နေပြီး အမြန်ဆုံးပြန်လာနိုင်မှ ဖြစ်မှာကြောင့် နယူးကာဆယ်လ်နဲ့ပွဲကို ပါဝင်ကစားလာဖို့ ပရိသတ်တွေ မျှော်လင့်နေကြ။


– လီဗာပူးလ်အသင်းဟာ ဒီရာသီ VAR ရဲ့ မမျှတဘဲ အမှားအယွင်းများတဲ့ ဆုံးဖြတ်ချက်တွေရဲ့ ဒဏ်ကို အပြင်းထန်ဆုံးခံခဲ့ရသူအဖြစ် ရနိုင်တဲ့ ရမှတ်ထဲက ၅ မှတ်အထိ နစ်နာခဲ့ရပြီး မြို့ခံ မာဆေးဆိုက် ဒါဘီပြိုင်ဘက် အဲဗာတန်ကတော့ အများဆုံးအကျိုးရှိသူအဖြစ် ၃ မှတ် ပိုမိုရယူနိုင်ခဲ့။


– ပရိသတ်တွေရဲ့ တောင်းဆိုမှုတွေ ဘယ်လိုပဲရှိနေပစေ နည်းပြ ယာဂန် ကလော့ပ်ကတော့ ကွင်းလယ်လူ သီယာဂိုကို ပွဲထွက်စေဖို့ ခေါင်းမာဆဲဖြစ်နေပြီး နယူးကာဆယ်လ်နဲ့ အဝေးကွင်းပွဲစဉ်မှာ အများဆုံး မိနစ်အနည်းငယ်ကစားခိုင်းတာလောက်ပဲ ခွင့်ပြုသွားမယ်လို့ ဆိုနေ။


– လာမယ့်ရာသီမှာ အသင်းရဲ့ တိုက်စစ်တောင်ပံကစားသမားနှစ်ဦးဖြစ်ကြတဲ့ ဆာဒီယို မာနေးနဲ့ မိုဟာမက် ဆာလားတို့ အသင်းကနေ ထွက်ခွာခဲ့ရင် ခေါ်ယူဖို့ ဒေါ့မွန်တောင်ပံကစားသမား ဂျေဒန် ဆန်ချိုကို လီဗာပူးလ်တို့ စောင့်ကြည့်နေပြီး အစားထိုးမှုအတွက် ကြိုတင် စဉ်းစားထား။


– လီဗာပူးလ်အသင်း အားကစားဒါရိုက်တာ မိုက်ကယ် အက်ဒဝပ်အနေနဲ့ ဇန်နဝါရီမှာ ပေါင်သန်း ၅၀ ကျော် ကျသင့်နိုင်တဲ့ RB လိုက်ပ်ဇစ် နောက်ခံလူ ဒါယို အူပါမီကာနိုကို အလိုရှိတဲ့ စာရင်းထဲကနေ စောစောစီးစီး ဖယ်ထုတ်ထားခဲ့တယ်လို့ သိရပြီး ဈေးသက်သာမယ့် နောက်ခံလူတွေနဲ့ အငှားကစားသမားတွေကိုပဲ ခေါ်ယူဖို့ရှိနေ။


– စာချုပ်သစ်အတွက် အချိန်ယူစဉ်းစားဦးမယ်လို့ သိရှိထားရတဲ့ ကွင်းလယ်လူ ဂျော်ဂျီနီယို ဗိုင်နယ်လ်ဒွမ်အနေနဲ့ လီဗာပူးလ်အသင်းနဲ့အတူ သက်တမ်းတိုးဖို့ ဆန္ဒရှိနေတယ်လို့ သတင်းထွက်လာခဲ့ပြီး သူ့ရဲ့ အခန်းဏဏ္ဍနဲ့ လိုက်လျောညီထွေတဲ့ လစာငွေကိုလည်း မြင့်မြင့်မားမား အလိုရှိနေ။


– ဒီရာသီအသင်းကြီးမှာ ကစားခွင့် စတင်ရရှိခဲ့ပြီး လက်ရှိအချိန်အထိ နွေရာသီမှာ ကုန်ဆုံးမယ့် စာချုပ်ကို သက်တမ်းမတိုးသေးတဲ့ ယူ-၂၃ တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂွန်ကို အာဆင်နယ်ပရိသတ်တွေက လီဗာပူးလ်အသင်းဆီ ပြောင်းရွှေ့သွားခဲ့မယ်ဆိုရင် ခွင့်လွှတ်လိမ့်မယ် မထင်နဲ့လို့ ကစားသမားနဲ့ တာဝန်ရှိသူတွေကို ခြိမ်းခြောက်နေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.