Premier League

ဂ်ိဳးဂိုမက္ဇ္နဲ႔ မီလ္နာတို႔ လီဗာပူးလ္အသင္းမွာ ျပန္ပါလာ

UNICODE: ဝတ်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ်မှာ ဒီရာသီအတွက် ပထမဆုံးရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် ရှုံးပွဲမရှိမှတ်တမ်းပါ ရပ်တန့်ခဲ့ရတဲ့ လီဗာပူးနည်းပြ ယာဂန် ကလော့ပ်ဟာ အင်္ဂါနေ့ ချဲလ်ဆီးနဲ့ အက်ဖ်အေဖလားပွဲမှာ ဂျိုးဂိုမက်ဇ်နဲ့အတူ ကွင်းလယ်လူ ဂျိမ်းစ် မီလ်နာတို့ကို ပြန်သုံးခွင့်ရတော့မယ်လို့ သိရပါတယ်။

ဂျိုးဂိုမက်ဇ်ဟာ ဗီကာရေ့ချ်လမ်းမှာ ဝတ်ဖို့ဒ်ကို သုံးဂိုးပြတ်နဲ့ ရှုံးခဲ့တဲ့ပွဲတုန်းက လီဗာပူးလ်အသင်းမှာ အသေးစားဒဏ်ရာတစ်ရပ်ကြောင့် မပါဝင်နိုင်ခဲ့ဘဲ စနေနေ့ပွဲစဉ်ကို သူ လွဲချော်ခဲ့ရပြီး သူ့နေရာမှာ ဝင်ကစားတဲ့ ဒီဂျန် လိုဗရန်ရဲ့ အချိန်ကိုက် ကစားပုံဆိုးရွားမှုကြောင့် ပရိသတ်တွေ စိတ်ပျက်ခဲ့ရတာလည်း ဖြစ်ပါတယ်။

ဝါရင့်ကွင်းလယ်လူ ဂျိမ်းစ် မီလ်နာကတော့ ကြွက်သားဒဏ်ရာတစ်ရပ်ကြောင့် အနားယူနေခဲ့ရတာဖြစ်ပြီး အခုအချိန်မှာတော့ သူတို့နှစ်ယောက်စလုံး ပြန်ကစားနိုင်တော့မယ့်အကြောင်းကို နည်းပြ ယာဂန် ကလော့ပ်က အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အတည်ပြုခဲ့ပါတယ်။

“ဒဏ်ရာရကစားသမားသစ်တော့ မရှိပါဘူး။ ဂျိုးနဲ့ မီလ်နာကတော့ ပြန်ပါပါမယ်။ ဟန်ဒါဆန်၊ ကီတာနဲ့ ရှာကျီရီတို့ကတော့ မပါနိုင်သေးပါဘူး”လို့ ကလော့ပ်က ပြောခဲ့ပြီး နောက်ဆုံးရကစားသမားတွေရဲ့ အခြေအနေကို အတည်ပြုခဲ့တာလည်းဖြစ်ပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့ ချဲလ်ဆီးနဲ့ အက်ဖ်အေဖလား၊ ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ်ဖလားနဲ့ တစ်ဆက်တည်းမှာပဲ အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့လည်း ကစားရဖို့ရှိနေတာကြောင့် ခံစစ်မှာ ဂျိုးဂိုမက်ဇ် ပြန်ကစားနိုင်မှာကတော့ နည်းပြအတွက်ရော ပရိသတ်တွေအတွက်ပါ အားရစရာဖြစ်ပြီး ဗဟိုခံစစ်မှာ သူနဲ့ ဗန်ဒိုက် တွဲကစားခဲ့တဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ၁၁ပွဲမှာ ၉ ပွဲအထိ Clean Sheet ရခဲ့ကြောင်းလည်း သိရှိရတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

ZAWGYI: ဝတ္ဖို႔ဒ္နဲ႔ ပရီးမီးယားလိဂ္မွာ ဒီရာသီအတြက္ ပထမဆံုး႐ွဳံးပြဲနဲ႔ ရင္ဆုိင္ခဲ့ရၿပီးေနာက္ ရွဳံးပြဲမရွိမွတ္တမ္းပါ ရပ္တန္႔ခဲ့ရတဲ့ လီဗာပူးနည္းျပ ယာဂန္ ကေလာ့ပ္ဟာ အဂၤါေန႔ ခ်ဲလ္ဆီးနဲ႔ အက္ဖ္ေအဖလားပြဲမွာ ဂ်ိဳးဂိုမက္ဇ္နဲ႔အတူ ကြင္းလယ္လူ ဂ်ိမ္းစ္ မီလ္နာတို႔ကို ျပန္သံုးခြင့္ရေတာ့မယ္လို႔ သိရပါတယ္။

ဂ်ိဳးဂိုမက္ဇ္ဟာ ဗီကာေရ႕ခ်္လမ္းမွာ ၀တ္ဖို႔ဒ္ကို သံုးဂိုးျပတ္နဲ႔ ရႈံးခဲ့တဲ့ပြဲတုန္းက လီဗာပူးလ္အသင္းမွာ အေသးစားဒဏ္ရာတစ္ရပ္ေၾကာင့္ မပါဝင္ႏုိင္ခဲ့ဘဲ စေနေန႔ပြဲစဥ္ကို သူ လြဲေခ်ာ္ခဲ့ရၿပီး သူ႕ေနရာမွာ ဝင္ကစားတဲ့ ဒီဂ်န္ လိုဗရန္ရဲ႕ အခ်ိန္ကိုက္ ကစားပုံဆုိးရြားမွဳေၾကာင့္ ပရိသတ္ေတြ စိတ္ပ်က္ခဲ့ရတာလည္း ျဖစ္ပါတယ္။

၀ါရင့္ကြင္းလယ္လူ ဂ်ိမ္းစ္ မီလ္နာကေတာ့ ၾကြက္သားဒဏ္ရာတစ္ရပ္ေၾကာင့္ အနားယူေနခဲ့ရတာျဖစ္ၿပီး အခုအခ်ိန္မွာေတာ့ သူတို႔ႏွစ္ေယာက္စလံုး ျပန္ကစားႏိုင္ေတာ့မယ့္အေၾကာင္းကို နည္းျပ ယာဂန္ ကေလာ့ပ္က အက္ဖ္ေအဖလား ပဥၥမအဆင့္ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ အတည္ျပဳခဲ့ပါတယ္။

“ဒဏ္ရာရကစားသမားသစ္ေတာ့ မရွိပါဘူး။ ဂ်ိဳးနဲ႔ မီလ္နာကေတာ့ ျပန္ပါပါမယ္။ ဟန္ဒါဆန္၊ ကီတာနဲ႔ ရွာက်ီရီတို႔ကေတာ့ မပါႏိုင္ေသးပါဘူး”လို႔ ကေလာ့ပ္က ေျပာခဲ့ၿပီး ေနာက္ဆုံးရကစားသမားေတြရဲ႕ အေျခအေနကို အတည္ျပဳခဲ့တာလည္းျဖစ္ပါတယ္။

လီဗာပူးလ္အသင္းအေနနဲ႔ ခ်ဲလ္ဆီးနဲ႔ အက္ဖ္ေအဖလား၊ ဘုန္းေမာက္နဲ႔ ပရီးမီးယားလိဂ္ဖလားနဲ႔ တစ္ဆက္တည္းမွာပဲ အက္သလက္တီကိုနဲ႔ ခ်န္ပီယံလိဂ္ ၁၆ သင္း ရွဳံးထြက္အဆင့္ ဒုတိယအေက်ာ့လည္း ကစားရဖို႔ရွိေနတာေၾကာင့္ ခံစစ္မွာ ဂ်ိဳးဂိုမက္ဇ္ ျပန္ကစားႏိုင္မွာကေတာ့ နည္းျပအတြက္ေရာ ပရိသတ္ေတြအတြက္ပါ အားရစရာျဖစ္ၿပီး ဗဟိုခံစစ္မွာ သူနဲ႔ ဗန္ဒိုက္ တြဲကစားခဲ့တဲ့ ပရီးမီးယားလိဂ္ေနာက္ဆံုး ၁၁ပြဲမွာ ၉ ပြဲအထိ Clean Sheet ရခဲ့ေၾကာင္းလည္း သိရွိရတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.