Premier League

လက္စတာစီးတီးအတြက္ အျမန္ျပန္ကစားႏိုင္ဖို႔ ေဂ်မီဗာဒီနဲ႔ အန္ဒီဒီတို႔ ဆႏၵျပင္းျပေန

UNICODE: လက်စတာစီးတီးအသင်းမှာ ဒဏ်ရာကြောင့်နားနေရတဲ့ အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင် ဂျေမီ ဗာဒီနဲ့ ကွင်းလယ်လူ ဝီးလ်ဖရက်ဒ် အန်ဒီဒီတို့ဟာ ရာသီကုန်ရင် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် လက်ကျန်ပွဲတွေမှာ အကောင်းဆုံး ပြန်ကစားနိုင်ဖို့ ပြင်ဆင်လေ့ကျင့်နေကြပါတယ်။

သူတို့နှစ်ယောက်စလုံးဟာ နော့ဝစ်ချ်ကို တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးခဲ့တဲ့ အခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲမှာ မပါနိုင်ခဲ့ကြဘဲ အန်ဒီဒီကတော့ ပွဲပြီးခါနီးမှာ လူစားဝင်ကစားခဲ့ပေမယ့် အသင်းအတွက်တော့ အရင်လိုမျိုး မကစားနိုင်သေးဘဲ စမ်းသပ်သုံးစွဲမှုတစ်ခုပဲ ဖြစ်ခဲ့တာပါ။

လက်စတာအသင်းရဲ့ ပရိသတ်တွေအတွက် အဓိကအကျဆုံးကစားသမားနှစ်ယောက် မကစားနိုင်တာကတော့ စိတ်ပျက်စရာဖြစ်ခဲ့ရပြီး လက်ရှိမှာတော့ အသင်းလေ့ကျင့်ရေးကွင်းမှာ လက်အိတ်ကိုယ်စီနဲ့ အပေါ့စားလေ့ကျင့်ခန်းတွေ လုပ်နိုင်ပြီဖြစ်လို့ ပွဲကစားခွင့်ပြန်ရဖို့ သိပ်မလိုလောက်တော့ဘူးလို့ ယုံကြည်ရပါတယ်။

အန်ဒီဒီနဲ့ ဂျေမီဗာဒီတို့ဟာ လက်ဝှေ့လေ့ကျင့်ခန်းတွေလုပ်ရင်း တစ်ကြိမ်မှာ ဗာဒီရဲ့ ဘယ်ဝိုက်သီးကြောင့် အန်ဒီဒီတစ်ယောက် ကြမ်းပြင်ပေါ်လဲကျသွားခဲ့တာကို တွေ့မြင်ခဲ့ရပြီး နှစ်ယောက်စလုံး စိတ်ပြေလက်ပျောက်လက်ဝှေ့ထိုးခဲ့ကြတဲ့ ဗီဒီယိုဖိုင်ကို အန်ဒီဒီက လူမှုကွန်ယက်ဝက်ဘ်ဆိုက်မှာ တင်ခဲ့သလို “ကျွန်တော်တို့တွေ ဒီထက်ပိုပြီး ကြံ့ခိုင်မှုကောင်းကောင်းနဲ့ ပြန်လာမယ်”ဆိုတဲ့ စာသားလည်း ရေးခဲ့ပါသေးတယ်။

လက်စတာစီးတီးအသင်းဟာ ပထမရာသီဝက်က မန်စီးတီးအသင်းနဲ့အတူ အဆင့် ၂ နေရာကို ယှဉ်လုနိုင်မယ့်အသင်းအဖြစ် ထင်ခဲ့ရပေမယ့် အခုတော့ ပရီးမီးယားလိဂ်မှာ ဖေဖော်ဝါရီလထဲမှာ နိုင်ပွဲလုံးဝပျောက်ဆုံးနေခဲ့တာလည်းဖြစ်ပြီး အက်စတွန်ဗီလာနဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်မှာ သူတို့နှစ်ယောက်စလုံး ပြန်ကစားနိုင်ခြေရှိတယ်လို့လည်း နည်းပြ ဘရန်ဒန် ရော့ဂျားစ်က မျှော်လင့်ထားပါတယ်။

REF: DAILY MAIL
PHOTOS & VIDEOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

ZAWGYI: လက္စတာစီးတီးအသင္းမွာ ဒဏ္ရာေၾကာင့္နားေနရတဲ့ အသင္းရဲ႕ ထိပ္တန္းဂိုးသြင္းရွင္ ေဂ်မီ ဗာဒီနဲ႔ ကြင္းလယ္လူ ၀ီးလ္ဖရက္ဒ္ အန္ဒီဒီတို႔ဟာ ရာသီကုန္ရင္ ခ်န္ပီယံလိဂ္၀င္ခြင့္ရဖို႔အတြက္ လက္က်န္ပြဲေတြမွာ အေကာင္းဆံုး ျပန္ကစားႏိုင္ဖို႔ ျပင္ဆင္ေလ့က်င့္ေနၾကပါတယ္။

သူတုိ႔ႏွစ္ေယာက္စလံုးဟာ ေနာ့၀စ္ခ်္ကို တစ္ဂိုး-ဂိုးမရွိနဲ႔ ရႈံးခဲ့တဲ့ အခုတစ္ပတ္ ပရီးမီးယားလိဂ္ပြဲမွာ မပါႏိုင္ခဲ့ၾကဘဲ အန္ဒီဒီကေတာ့ ပြဲၿပီးခါနီးမွာ လူစားဝင္ကစားခဲ့ေပမယ့္ အသင္းအတြက္ေတာ့ အရင္လိုမ်ဳိး မကစားႏုိင္ေသးဘဲ စမ္းသပ္သုံးစြဲမွဳတစ္ခုပဲ ျဖစ္ခဲ့တာပါ။

လက္စတာအသင္းရဲ႕ ပရိသတ္ေတြအတြက္ အဓိကအက်ဆုံးကစားသမားႏွစ္ေယာက္ မကစားႏုိင္တာကေတာ့ စိတ္ပ်က္စရာျဖစ္ခဲ့ရၿပီး လက္ရွိမွာေတာ့ အသင္းေလ့က်င့္ေရးကြင္းမွာ လက္အိတ္ကိုယ္စီနဲ႔ အေပါ့စားေလ့က်င့္ခန္းေတြ လုပ္ႏိုင္ၿပီျဖစ္လို႔ ပြဲကစားခြင့္ျပန္ရဖို႔ သိပ္မလိုေလာက္ေတာ့ဘူးလို႔ ယံုၾကည္ရပါတယ္။

အန္ဒီဒီနဲ႔ ေဂ်မီဗာဒီတို႔ဟာ လက္ေ၀ွ႔ေလ့က်င့္ခန္းေတြလုပ္ရင္း တစ္ႀကိမ္မွာ ဗာဒီရဲ႕ ဘယ္၀ိုက္သီးေၾကာင့္ အန္ဒီဒီတစ္ေယာက္ ၾကမ္းျပင္ေပၚလဲက်သြားခဲ့တာကို ေတြ႕ျမင္ခဲ့ရၿပီး ႏွစ္ေယာက္စလံုး စိတ္ေျပလက္ေပ်ာက္လက္ေ၀ွ႔ထိုးခဲ့ၾကတဲ့ ဗီဒီယိုဖိုင္ကို အန္ဒီဒီက လူမႈကြန္ယက္၀က္ဘ္ဆိုက္မွာ တင္ခဲ့သလို “ကၽြန္ေတာ္တို႔ေတြ ဒီထက္ပိုၿပီး ႀကံ့ခိုင္မႈေကာင္းေကာင္းနဲ႔ ျပန္လာမယ္”ဆိုတဲ့ စာသားလည္း ေရးခဲ့ပါေသးတယ္။

လက္စတာစီးတီးအသင္းဟာ ပထမရာသီ၀က္က မန္စီးတီးအသင္းနဲ႔အတူ အဆင့္ ၂ ေနရာကို ယွဥ္လုႏိုင္မယ့္အသင္းအျဖစ္ ထင္ခဲ့ရေပမယ့္ အခုေတာ့ ပရီးမီးယားလိဂ္မွာ ေဖေဖာ္ဝါရီလထဲမွာ ႏုိင္ပြဲလုံးဝေပ်ာက္ဆုံးေနခဲ့တာလည္းျဖစ္ၿပီး အက္စတြန္ဗီလာနဲ႔ ပရီးမီးယားလိဂ္ အိမ္ကြင္းပြဲစဥ္မွာ သူတို႔ႏွစ္ေယာက္စလံုး ျပန္ကစားႏိုင္ေျခရွိတယ္လို႔လည္း နည္းျပ ဘရန္ဒန္ ေရာ့ဂ်ားစ္က ေမွ်ာ္လင့္ထားပါတယ္။

REF: DAILY MAIL
PHOTOS & VIDEOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.