Premier League

တစ်နှစ်လုပ်ခ ယူရို ၇ သန်းတန်ကစားသမားကို ယူရိုသန်း ၂၀ နဲ့ ခေါ်ယူမယ့် ယူနိုက်တက်


မန်ချက်စတာယူနိုက်တက်အသင်းဟာ အင်္ဂါနေ့ညမှာ ဝုဗ်အသင်းကို ရက်ရှ်ဖို့ဒ်ရဲ့ နောက်ကျသွင်းဂိုးနဲ့ အနိုင်ယူပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးအသင်းနဲ့ ၂ မှတ်အကွာ ဒုတိယနေရာနဲ့ ၂၀၂၀ ခုနှစ်ကို နှုတ်ဆက်နိုင်ခဲ့ပါတယ်။


မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ဆုဖလားကို အမှန်တကယ်စိန်ခေါ်နိုင်ဖို့အတွက် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ၎င်းတို့ရဲ့ လူစာရင်းကို နောက်ထပ်တိုးတက်လာအောင် ပြုလုပ်ဖို့ ကြိုးပမ်းသင့်ပြီး နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရ အရည်အသွေးမြင့်ကွင်းလယ်တိုက်စစ်ကစားသမားတစ်ဦးကို ပစ်မှတ်ထဲမှာ ထည့်သွင်းထားတယ်လို့ သိရပါတယ်။ AS ရဲ့ ဖော်ပြချက်အရ စပိန်ကွင်းလယ်ကစားသမား အစ္စကိုဟာ ရီးရဲမက်ဒရစ်ကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီး ၎င်းရဲ့ ဆုံးဖြတ်ချက်က ထိပ်တန်းကလပ်အသင်းအများအပြားအတွက် အချက်ပေးသံဖြစ်လာခဲ့တာဖြစ်ပါတယ်။


ရီးရဲမက်ဒရစ်အသင်းကလည်း အစ္စကိုအတွက် တစ်ရာသီလုပ်ခလစာ ယူရို ၇ သန်းကို လျှော့ချဖို့ ပြင်ဆင်နေပြီး ပြောင်းရွှေ့ကြေး ယူရိုသန်း ၂၀ ရရှိမယ်ဆိုရင် အသင်းကနေ ထွက်ခွာခွင့်ပြုသွားမယ်လို့ AS က ဖော်ပြခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ စပိန်ကွင်းလယ်တိုက်စစ်ကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပြီး တစ်ပတ်လုပ်ခလစာ ပေါင် ၁၂၂၀၀၀ ကို ပေးချေနိုင်တဲ့ ဘဏ္ဍာရေး အခြေအနေလည်း ရှိနေတယ်လို့ သိရပါတယ်။


ဒါပေမယ့်လည်း အသက် ၂၈ နှစ်အရွယ် ကွင်းလယ်တိုက်စစ်ကစားသမားကို အဲဗာတန်၊ ဂျူဗင်တပ်၊ မန်ချက်စတာစီးတီးတို့လို အသင်းတွေကလည်း ခေါ်ယူဖို့အတွက် ကြိုးပမ်းနေတယ်လို့ သိရပြီး အစ္စကိုဟာ ရီးရဲမက်ဒရစ်အတွက် ပွဲပေါင်း ၃၀၀ ကျော်ပါဝင်ကစားပေးခဲ့ရာမှာ ချန်ပီယံလိဂ်ဖလား ၃ နှစ်ဆက်တိုက် ကိုင်မြှောက်နိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ ကံဆိုးစွာနဲ့ပဲ ရီးရဲနည်းပြ ဇီဒန်းဟာ ယခုရာသီမှာ မာလာဂါကြယ်ပွင့်ဟောင်းကို အရန်ခုံမှာထိုင်ခိုင်းထားဖို့ ဆုံးဖြတ်ခဲ့တာကြောင့် အစ္စကိုဟာ လာလီဂါမှာ ၃ ပွဲသာ ပွဲထွက်ပါဝင်ကစားထားရသလို ချန်ပီယံလိဂ်အုပ်စုအဆင့်မှာလည်း ပွဲကစားချိန် ၁၃ မိနစ်သာ ရရှိခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


မန္ခ်က္စတာယူနိုက္တက္အသင္းဟာ အဂၤါေန႔ညမွာ ဝုဗ္အသင္းကို ရက္ရွ္ဖို႔ဒ္ရဲ့ ေနာက္က်သြင္းဂိုးနဲ႔ အနိုင္ယူၿပီး ပရီးမီးယားလိဂ္အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ လီဗာပူးအသင္းနဲ႔ ၂ မွတ္အကြာ ဒုတိယေနရာနဲ႔ ၂၀၂၀ ခုႏွစ္ကို ႏႈတ္ဆက္နိုင္ခဲ့ပါတယ္။


မန္ခ်က္စတာယူနိုက္တက္ဟာ ပရီးမီးယားလိဂ္ဆုဖလားကို အမွန္တကယ္စိန္ေခၚနိုင္ဖို႔အတြက္ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ ၎တို႔ရဲ့ လူစာရင္းကို ေနာက္ထပ္တိုးတက္လာေအာင္ ျပဳလုပ္ဖို႔ ႀကိဳးပမ္းသင့္ၿပီး ေနာက္ဆုံးထြက္ေပၚလာတဲ့သတင္းေတြအရ အရည္အေသြးျမင့္ကြင္းလယ္တိုက္စစ္ကစားသမားတစ္ဦးကို ပစ္မွတ္ထဲမွာ ထည့္သြင္းထားတယ္လို႔ သိရပါတယ္။ AS ရဲ့ ေဖာ္ျပခ်က္အရ စပိန္ကြင္းလယ္ကစားသမား အစၥကိုဟာ ရီးရဲမက္ဒရစ္ကို စြန႔္ခြာဖို႔ ဆုံးျဖတ္ခဲ့ၿပီး ၎ရဲ့ ဆုံးျဖတ္ခ်က္က ထိပ္တန္းကလပ္အသင္းအမ်ားအျပားအတြက္ အခ်က္ေပးသံျဖစ္လာခဲ့တာျဖစ္ပါတယ္။


ရီးရဲမက္ဒရစ္အသင္းကလည္း အစၥကိုအတြက္ တစ္ရာသီလုပ္ခလစာ ယူရို ၇ သန္းကို ေလၽွာ့ခ်ဖို႔ ျပင္ဆင္ေနၿပီး ေျပာင္းေရႊ႕ေၾကး ယူရိုသန္း ၂၀ ရရွိမယ္ဆိုရင္ အသင္းကေန ထြက္ခြာခြင့္ျပဳသြားမယ္လို႔ AS က ေဖာ္ျပခဲ့ပါတယ္။ မန္ခ်က္စတာယူနိုက္တက္ဟာ စပိန္ကြင္းလယ္တိုက္စစ္ကစားသမားကို ေခၚယူဖို႔ စိတ္ဝင္စားခဲ့ၿပီး တစ္ပတ္လုပ္ခလစာ ေပါင္ ၁၂၂၀၀၀ ကို ေပးေခ်နိုင္တဲ့ ဘ႑ာေရး အေျခအေနလည္း ရွိေနတယ္လို႔ သိရပါတယ္။


ဒါေပမယ့္လည္း အသက္ ၂၈ ႏွစ္အရြယ္ ကြင္းလယ္တိုက္စစ္ကစားသမားကို အဲဗာတန္၊ ဂ်ဴဗင္တပ္၊ မန္ခ်က္စတာစီးတီးတို႔လို အသင္းေတြကလည္း ေခၚယူဖို႔အတြက္ ႀကိဳးပမ္းေနတယ္လို႔ သိရၿပီး အစၥကိုဟာ ရီးရဲမက္ဒရစ္အတြက္ ပြဲေပါင္း ၃၀၀ ေက်ာ္ပါဝင္ကစားေပးခဲ့ရာမွာ ခ်န္ပီယံလိဂ္ဖလား ၃ ႏွစ္ဆက္တိုက္ ကိုင္ေျမႇာက္နိုင္ခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။ ကံဆိုးစြာနဲ႔ပဲ ရီးရဲနည္းၿပ ဇီဒန္းဟာ ယခုရာသီမွာ မာလာဂါၾကယ္ပြင့္ေဟာင္းကို အရန္ခုံမွာထိုင္ခိုင္းထားဖို႔ ဆုံးျဖတ္ခဲ့တာေၾကာင့္ အစၥကိုဟာ လာလီဂါမွာ ၃ ပြဲသာ ပြဲထြက္ပါဝင္ကစားထားရသလို ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာလည္း ပြဲကစားခ်ိန္ ၁၃ မိနစ္သာ ရရွိခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.