Match Report Premier League

မန်ချက်စတာယူနိုက်တက် 1-0 ဝုလ်ဗ်စ်ပွဲအပြီး မှတ်မှတ်သားသား မြင်ခဲ့ရတဲ့ 7 ချက်


အပြောင်းအလဲလုပ်တဲ့ ဆိုးလ်ရှား – ဒီနေ့ပွဲမှာ အလှည့်ကျလူထုတ်ပုံအရ ပေါ့ဘာနဲ့ မာတစ်ချ်ကို ကွင်းလယ်မှာ တွဲပေးခဲ့တဲ့ ဆိုးလ်ရှားအနေနဲ့ နောက်ဆုံးအချိန်အထိ ရုန်းကန်ရတဲ့ ပွဲတစ်ပွဲကို ရင်ဆိုင်ခဲ့ရပြီး ဝုလ်ဗ်စ်ကို အိမ်ကွင်းမှာ အနိုင်ကစားဖို့ ခက်ခဲခဲ့တာပါ။ နောက်ဆုံးမှာမှ အသင်းအတွက် လိုအပ်ချိန်တိုင်း တာဝန်ကျေနေကျသူနှစ်ဦးဖြစ်တဲ့ ဘရူနို ဖာနန်ဒက်စ်နဲ့ ရက်ရှ်ဖို့ဒ်တို့ရဲ့ အတွဲအဖက်ကနေ သုံးမှတ်ရယူနိုင်ခဲ့ပါတယ်။


ယူနိုက်တက်ကို ကယ်တင်၊ ဝုလ်ဗ်ကို သုတ်သင်ရှင်းလင်းတဲ့ ရက်ရှ်ဖို့ဒ် – မန်ချက်စတာယူနိုက်တက်ပရိသတ်တွေအနေနဲ့ ဒီနေ့ပွဲမှာ ၉၃ မိနစ်အထိ စောင့်ဆိုင်းခဲ့ရပေမယ့် ကျေနပ်စရာဖြစ်ခဲ့ပါတယ်။ တစ်ပွဲလုံး ကြိုးစားကစားနေခဲ့တဲ့ အင်္ဂလန်တိုက်စစ်မှူးအနေနဲ့ ပြီးခဲ့တဲ့ပွဲက ဂိုး ၅၀ ပြည့်ခဲ့သလို ဒီနေ့ပွဲမှာလည်း အဖိုးတန်အနိုင်ဂိုးကို နောက်ဆုံးမိနစ်တွေမှာ တည်တည်ငြိမ်ငြိမ်နဲ့ ရယူကယ်တင်ခဲ့ပြီး ဝုလ်ဗ်စ်တို့ကတော့ ရက်စက်လွန်းသူကြီးလို့ အမည်တပ်တော့မှာဖြစ်ပါတယ်။


အမှတ်ပေးဇယားကို ကြည့်ကြပါဦးလို့ ဂုဏ်ယူဖို့အချိန် – ပြိုင်ဘက်ပရိသတ်တွေကိုတော့ အမှတ်ပေးဇယားကို ကြည့်ကြပါဦးဆိုပြီး ဂုဏ်ယူဖို့ အချိန်ရောက်လာပါပြီ။ မန်ချက်စတာယူနိုက်တက်ဟာ လီဗာပူးလ်ရဲ့နောက်မှာ ၂ မှတ်အလိုကနေ ဖိအားပေးနိုင်ခဲ့ပြီဖြစ်ပြီး သူတစ်ပွဲ ကိုယ်တစ်ပွဲ ကျန်ချိန်မှာ ဒီနေ့လို နာကျင်အချိန်ပိုမှာ အနိုင်ယူဖို့ စွမ်းရည်ရှိတဲ့ အသင်းအတွက် ဒုတိယနေရာဆိုတာဟာ ပထမနေရာကို ကိုင်လှုပ်လိုက်သလိုပါပဲ။


လူကျွံဘော၊ ပင်နယ်တီနဲ့ VAR – ပွဲချိန် မိနစ် ၇၀ ကတော့ ယူနိုက်တက်ပရိသတ်တွေ စိတ်အပျက်ရဆုံးအချိန်ပါပဲ။ ကိုဒီကို ထိတယ်ဆိုရင် ကာဗာနီဂိုးက လူမကျွံ၊ လူကျွံတယ်ဆိုရင်လည်း ထိခဲ့တဲ့ ကိုဒီက လက်ကြီးနဲ့ဆိုတော့ ဘာဆိုဘာမှ မရခဲ့တဲ့ အခိုက်အတန့်လည်းဖြစ်ပါတယ်။ No Goal, No Penalty ဆိုတော့ No VAR လို့ပဲ အော်ရတော့မယ့်အချိန်ဖြစ်ပြီး ဒိုင်တွေအနေနဲ့ သူတို့ရဲ့ ဂုဏ်သိက္ခာကို စိတ်ပျက်စရာပုံစံနဲ့ ကာကွယ်သွားခဲ့တာပါပဲ။


တစ်ပွဲလုံး ငြိမ်နေလို့ ဘရူနိုကို အထင်မသေးပါနဲ့ – ပေါ့ဘာရဲ့ ရှေ့တက်ပြီး မာတစ်ချ်ရဲ့ လေးလံတဲ့ ပုံစံကို ထောက်ကူနေရတဲ့ ပေါ်တူဂီသား ဘရူနို ဖာနန်ဒက်စ်အနေနဲ့ ဒီနေ့မှာ ကွင်းလယ်ကနေ ဘောလုံးပို ဖြန့်ပေးနေရပြီး ဂိုးဧရိယာထဲကိုတောင် Arrive Late ပုံစံနဲ့ ဝင်နေခဲ့ရပါတယ်။ ဂိုးရနိုင်တဲ့ အခွင့်အရေးတစ်ကြိမ်ကို လက်ရွေးစင်အသင်းဖော် ပက်ထရီစီယိုက တားဆီးပေးမယ့် သူ့ရဲ့ စံချိန်ကောင်းဖြစ်တဲ့ ဂိုးပါဝင်သက်မှု အကြိမ် ၃၀ ကနေ နောက်ဆုံးမိနစ် ဖန်တီးမှုတစ်ကြိမ်နဲ့ ၃၁ ကြိမ်အထိ တိုးမြှင့်လိုက်နိုင်ခဲ့ပါတယ်။


နံပါတ် ၉ ကို တောင့်တနေတဲ့ ဝုလ်ဗ်စ် – အထောင်တိုက်စစ်မှူး မပါဘဲ ကစားရတဲ့အခါမှာ ဝုလ်ဗ်စ်တို့အတွက်တော့ တိုက်စစ်က အသက်မဲ့နေသလိုပါပဲ။ ရာအူးလ် ဟီမီနက်ဇ် မကစားနိုင်ချိန်မှာ ဒန်ဒွန့်ကာကို သုံးခဲ့သေးပေမယ့် သူပါ ဒဏ်ရာရသွားတဲ့အခါမှာ နူနို ဆန်တိုရဲ့ ရှေ့တန်းက အလုပ်မဖြစ်သလို တည်ကန်ဘောတွေကိုပဲ အားကိုးနေရပြီး နီတို၊ ထရာအိုရေးနဲ့ ဆေးလ်ဗားတို့ဟာ ထက်မြက်မှု ပျောက်ဆုံးနေခဲ့ပါတယ်။


ပရိသတ်တွေ စာနာမိရတဲ့ ဒဟေးယား – ဒဟေးယားတစ်ယောက်ကတော့ သူ့ရဲ့ ဇာတာကို စစ်ပြီး ယတြာချေဖို့ လိုနေသလိုပါပဲ။ လက်စွမ်းနဲ့ အာရုံစူးစိုက်မှု ဆိုးရွားလို့ ဝေဖန်ခံရတဲ့ ပွဲတွေ ရှိသလို ဒီနေ့ပွဲမှာ ငါးကြိမ်အထိ အပိုင်ဂိုးသွင်းခွင့်တွေကို ကာကွယ်ပေးသွားပေမယ့် ဗလကြီးလို့ ခေါ်တဲ့ အဒါမာ ထရာအိုရေးနဲ့ နောက်ပြန်ဆုတ်ရင်း ဝင်ဆောင့်မိပြီး ကျောအောင့်သွားရပြန်ပါတယ်။ ဒီရာသီကတော့ စပိန်ဂိုးသမားအတွက်တော့ တွတ်ပီလို ခဏခဏညည်းရမလိုဖြစ်နေခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အေျပာင္းအလဲလုပ္တဲ့ ဆိုးလ္ရွား – ဒီေန႔ပြဲမွာ အလွည့္က်လူထုတ္ပုံအရ ေပါ့ဘာနဲ႔ မာတစ္ခ်္ကို ကြင္းလယ္မွာ တြဲေပးခဲ့တဲ့ ဆိုးလ္ရွားအေနနဲ႔ ေနာက္ဆုံးအခ်ိန္အထိ ႐ုန္းကန္ရတဲ့ ပြဲတစ္ပြဲကို ရင္ဆိုင္ခဲ့ရၿပီး ဝုလ္ဗ္စ္ကို အိမ္ကြင္းမွာ အႏိုင္ကစားဖို႔ ခက္ခဲခဲ့တာပါ။ ေနာက္ဆုံးမွာမွ အသင္းအတြက္ လိုအပ္ခ်ိန္တိုင္း တာဝန္ေက်ေနက်သူႏွစ္ဦးျဖစ္တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ ရက္ရွ္ဖို႔ဒ္တို႔ရဲ႕ အတြဲအဖက္ကေန သုံးမွတ္ရယူႏိုင္ခဲ့ပါတယ္။


ယူႏိုက္တက္ကို ကယ္တင္၊ ဝုလ္ဗ္ကို သုတ္သင္ရွင္းလင္းတဲ့ ရက္ရွ္ဖို႔ဒ္ – မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြအေနနဲ႔ ဒီေန႔ပြဲမွာ ၉၃ မိနစ္အထိ ေစာင့္ဆိုင္းခဲ့ရေပမယ့္ ေက်နပ္စရာျဖစ္ခဲ့ပါတယ္။ တစ္ပြဲလုံး ႀကိဳးစားကစားေနခဲ့တဲ့ အဂၤလန္တိုက္စစ္မႉးအေနနဲ႔ ၿပီးခဲ့တဲ့ပြဲက ဂိုး ၅၀ ျပည့္ခဲ့သလို ဒီေန႔ပြဲမွာလည္း အဖိုးတန္အႏိုင္ဂိုးကို ေနာက္ဆုံးမိနစ္ေတြမွာ တည္တည္ၿငိမ္ၿငိမ္နဲ႔ ရယူကယ္တင္ခဲ့ၿပီး ဝုလ္ဗ္စ္တို႔ကေတာ့ ရက္စက္လြန္းသူႀကီးလို႔ အမည္တပ္ေတာ့မွာျဖစ္ပါတယ္။


အမွတ္ေပးဇယားကို ၾကည့္ၾကပါဦးလို႔ ဂုဏ္ယူဖို႔အခ်ိန္ – ၿပိဳင္ဘက္ပရိသတ္ေတြကိုေတာ့ အမွတ္ေပးဇယားကို ၾကည့္ၾကပါဦးဆိုၿပီး ဂုဏ္ယူဖို႔ အခ်ိန္ေရာက္လာပါၿပီ။ မန္ခ်က္စတာယူႏိုက္တက္ဟာ လီဗာပူးလ္ရဲ႕ေနာက္မွာ ၂ မွတ္အလိုကေန ဖိအားေပးႏိုင္ခဲ့ၿပီျဖစ္ၿပီး သူတစ္ပြဲ ကိုယ္တစ္ပြဲ က်န္ခ်ိန္မွာ ဒီေန႔လို နာက်င္အခ်ိန္ပိုမွာ အႏိုင္ယူဖို႔ စြမ္းရည္ရွိတဲ့ အသင္းအတြက္ ဒုတိယေနရာဆိုတာဟာ ပထမေနရာကို ကိုင္လႈပ္လိုက္သလိုပါပဲ။


လူကြၽံေဘာ၊ ပင္နယ္တီနဲ႔ VAR – ပြဲခ်ိန္ မိနစ္ ၇၀ ကေတာ့ ယူႏိုက္တက္ပရိသတ္ေတြ စိတ္အပ်က္ရဆုံးအခ်ိန္ပါပဲ။ ကိုဒီကို ထိတယ္ဆိုရင္ ကာဗာနီဂိုးက လူမကြၽံ၊ လူကြၽံတယ္ဆိုရင္လည္း ထိခဲ့တဲ့ ကိုဒီက လက္ႀကီးနဲ႔ဆိုေတာ့ ဘာဆိုဘာမွ မရခဲ့တဲ့ အခိုက္အတန႔္လည္းျဖစ္ပါတယ္။ No Goal, No Penalty ဆိုေတာ့ No VAR လို႔ပဲ ေအာ္ရေတာ့မယ့္အခ်ိန္ျဖစ္ၿပီး ဒိုင္ေတြအေနနဲ႔ သူတို႔ရဲ႕ ဂုဏ္သိကၡာကို စိတ္ပ်က္စရာပုံစံနဲ႔ ကာကြယ္သြားခဲ့တာပါပဲ။


တစ္ပြဲလုံး ၿငိမ္ေနလို႔ ဘ႐ူႏိုကို အထင္မေသးပါနဲ႔ – ေပါ့ဘာရဲ႕ ေရွ႕တက္ၿပီး မာတစ္ခ်္ရဲ႕ ေလးလံတဲ့ ပုံစံကို ေထာက္ကူေနရတဲ့ ေပၚတူဂီသား ဘ႐ူႏို ဖာနန္ဒက္စ္အေနနဲ႔ ဒီေန႔မွာ ကြင္းလယ္ကေန ေဘာလုံးပို ျဖန႔္ေပးေနရၿပီး ဂိုးဧရိယာထဲကိုေတာင္ Arrive Late ပုံစံနဲ႔ ဝင္ေနခဲ့ရပါတယ္။ ဂိုးရႏိုင္တဲ့ အခြင့္အေရးတစ္ႀကိမ္ကို လက္ေ႐ြးစင္အသင္းေဖာ္ ပက္ထရီစီယိုက တားဆီးေပးမယ့္ သူ႔ရဲ႕ စံခ်ိန္ေကာင္းျဖစ္တဲ့ ဂိုးပါဝင္သက္မႈ အႀကိမ္ ၃၀ ကေန ေနာက္ဆုံးမိနစ္ ဖန္တီးမႈတစ္ႀကိမ္နဲ႔ ၃၁ ႀကိမ္အထိ တိုးျမႇင့္လိုက္ႏိုင္ခဲ့ပါတယ္။


နံပါတ္ ၉ ကို ေတာင့္တေနတဲ့ ဝုလ္ဗ္စ္ – အေထာင္တိုက္စစ္မႉး မပါဘဲ ကစားရတဲ့အခါမွာ ဝုလ္ဗ္စ္တို႔အတြက္ေတာ့ တိုက္စစ္က အသက္မဲ့ေနသလိုပါပဲ။ ရာအူးလ္ ဟီမီနက္ဇ္ မကစားႏိုင္ခ်ိန္မွာ ဒန္ဒြန႔္ကာကို သုံးခဲ့ေသးေပမယ့္ သူပါ ဒဏ္ရာရသြားတဲ့အခါမွာ ႏူႏို ဆန္တိုရဲ႕ ေရွ႕တန္းက အလုပ္မျဖစ္သလို တည္ကန္ေဘာေတြကိုပဲ အားကိုးေနရၿပီး နီတို၊ ထရာအိုေရးနဲ႔ ေဆးလ္ဗားတို႔ဟာ ထက္ျမက္မႈ ေပ်ာက္ဆုံးေနခဲ့ပါတယ္။


ပရိသတ္ေတြ စာနာမိရတဲ့ ဒေဟးယား – ဒေဟးယားတစ္ေယာက္ကေတာ့ သူ႔ရဲ႕ ဇာတာကို စစ္ၿပီး ယၾတာေခ်ဖို႔ လိုေနသလိုပါပဲ။ လက္စြမ္းနဲ႔ အာ႐ုံစူးစိုက္မႈ ဆိုး႐ြားလို႔ ေဝဖန္ခံရတဲ့ ပြဲေတြ ရွိသလို ဒီေန႔ပြဲမွာ ငါးႀကိမ္အထိ အပိုင္ဂိုးသြင္းခြင့္ေတြကို ကာကြယ္ေပးသြားေပမယ့္ ဗလႀကီးလို႔ ေခၚတဲ့ အဒါမာ ထရာအိုေရးနဲ႔ ေနာက္ျပန္ဆုတ္ရင္း ဝင္ေဆာင့္မိၿပီး ေက်ာေအာင့္သြားရျပန္ပါတယ္။ ဒီရာသီကေတာ့ စပိန္ဂိုးသမားအတြက္ေတာ့ တြတ္ပီလို ခဏခဏညည္းရမလိုျဖစ္ေနခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.