Premier League

ချဲလ်ဆီးကို ခေါ်ယူခဲ့ဖူးတဲ့ တပည့်ဟောင်းကို ပြန်ခေါ်မယ့် မော်ရင်ဟိုနဲ့ အစ္စကို ကို ခေါ်ယူမယ့် လီဗာပူးရဲ့မြို့ခံပြိုင်ဘက်

-တော့တင်ဟမ်ဟော့စပါးနည်းပြမော်ရင်ညိုဟာ အက်သလက်တီမက်ဒရစ်အသင်းကနေ ထွက်ခွာခွင့်ရရှိခဲ့ပြီဖြစ်တဲ့ ဒီယေဂိုကော်စတာကို ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဦးစားပေးခေါ်ယူမှုအဖြစ် သတ်မှတ်ခဲ့တယ်လို့ သိရပြီး ၂၀၁၄ ခုနှစ်တုန်းက ချဲလ်ဆီးအသင်းဆီ ခေါ်ယူခဲ့ပြီးနောက် ဒုတိယအကြိမ် စပါးအသင်းကို ပြန်လည်ခေါ်ယူချင်နေတာဖြစ်။

-အက်စ်တွန်ဗီလာနောက်ခံကစားသမား တိုင်ရုန်းမင်းစ်ဟာ ဘုန်းောမက်အသင်းအတွက် ပရီးမီးယားလိဂ်ပွဲဦးထွက်ပါဝင်ကစားပေးပြီး ၆ မိနစ်မှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် အနားယူခဲ့ရတဲ့ကာလဟာ အခက်ခဲဆုံးကာလတွေဖြစ်တယ်လို့ ပြောကြားခဲ့ပြီး အရက်သောက်ရင်း လက်တွေ့ဘဝကနေ ထွက်ပြေးခဲ့ရပေမယ့် တကယ့်လက်တွေ့မှာတော့ ထိန်းချုပ်နိုင်စွမ်းအားလုံး ပျောက်ဆုံးခဲ့ရတယ်လို့ ဝန်ခံပြောကြားခဲ့။

-စီးရီးအေထိပ်သီးအသင်းဖြစ်တဲ့ အေစီမီလန်အသင်းဟာ ယခုရာသီ ပရီးမီးယားလိဂ် ၁၄ ပွဲမှာ ၈ ဂိုးသွင်းယူထားတဲ့ ပဲလေ့စ်ကြယ်ပွင့် ဇာဟာကို စိတ်ဝင်စားနေပြီး ပြီးခဲ့တဲ့နှစ်က အသင်းဥက္ကဌ စတိဗ်ပါးရစ်ရှ်က သင့်တော်တဲ့ကမ်းလှမ်းမှုရရှိခဲ့ရင် ဇာဟာနဲ့ ပျော်ရွှင်စရာဇာတ်သိမ်းဖြစ်လိမ့်မယ်လို့ မပြောကြားမီ စပါး၊ အာဆင်နယ်၊ အဲဗာတန်တို့ရဲ့ စိတ်ဝင်စားမှုကို ပဲလေ့စ်က ပယ်ချခဲ့။

-အဲဗာတန်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမတိုင်မီ ဖြစ်နိုင်ဖွယ်ပစ်မှတ်အဖြစ် ရီးရဲမက်ဒရစ်ကွင်းလယ်ကြယ်ပွင့် အစ္စကို ကို ခေါ်ယူဖို့ အနီးကပ်စောင့်ကြည့်နေတယ်လို့ သိရပြီး ဘာနေဗျူးကနေ ထွက်ခွာချင်နေတဲ့ ပေါင် ၁၈ သန်းတန် ကစားသမားကို စိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာ အဲဗာတန်ကလည်း တစ်သင်းအပါအဝင်ဖြစ်တယ်လို့ Mundo Deportivo က ဖော်ပြခဲ့။

-လက်စတာစီးတီးနောက်ခံကစားသမား ဂျိမ်းစ်ဂျပ်စတင်ဟာ တစ်နေ့မှာ ဘာစီလိုနာအသင်းအတွက် ကစားပေးနိုင်မယ့် အလားအလာရှိတယ်လို့ လူတန်တောင်းမှာ ပရော်ဖက်ရှင်ကစားသမားဘဝ ပွဲဦးထွက်ခွင့်ပေးခဲ့တဲ့ နည်းပြဟောင်း နသန်ဂျုံးစ်က ပြောကြားခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အသင်းအတွက်လည်း ကစားပေးနိုင်မယ့် အသက် ၂၂ နှစ်အရွယ်ကစားသမားအနေနဲ့ ဘာစီလိုနာကို ရောက်ရှိသွားရင်လည်း အံ့သြစရာမဟုတ်တော့ဘူးလို့ ပြောကြားခဲ့။

-အင်္ဂလန်ဂန္တဝင်တိုက်စစ်မှူး လိုင်နီကာက လီဗာပူးလ်ကို သရေခံကန်ခဲ့တဲ့ ဝက်စ်ဘရွန်းအသင်းခံစစ်ကို ဖရိုဖရဲဖြစ်သွားအောင် လုပ်နိုင်ခဲ့တဲ့ လိဒ်စ်ယူနိုက်တက်ကို ချီးကျူးခဲ့ပြီး ဆမ်အလာဒိုက်စ်ဟာ ၆-၄-၀ ကစားကွက်နဲ့ကစားခဲ့တယ်လို့ စွပ်စွဲခဲ့တဲ့ လီဗာပူးနည်းပြကလော့ပ်ကို ၎င်းဟာ ပြိုင်ဘက်တွေကို စိတ်ပျက်စေမယ့်နည်းဗျူဟာထုတ်ရာမှာ ဆရာကျတယ်လို့ ပြန်လည်တုံ့ပြန်ခဲ့။

-နယူးကာဆယ်ယူနိုက်တက်ဟာ မန်ချက်စတာယူနိုက်တက်ဘယ်နောက်ခံကစားသမား ဘရန်ဒန်ဝီလီယံကို လာမယ့်လမှာ အငှားနဲ့ ခေါ်ယူမယ့်ပြိုင်ပွဲထဲကို ဝင်ရောက်ခဲ့တယ်လို့ သိရပြီး အသက် ၂၀ အရွယ်ကစားသမားဟာ ၂၀၂၀-၂၀၂၁ ရာသီမှာ နည်းပြဆိုးလ်ရှားရဲ့ ပွဲထွက်ခွင့်ပေးခြင်းမခံခဲ့ရတဲ့နောက် အိုးထရက်ဖို့ဒ်ကို စွန့်ခွာပြီး ပွဲကစားချိန် ရှာဖွေလိုနေသူဖြစ်။

-ဘရိုက်တန်နည်းပြ ဂရေဟမ်ပေါ်တာက အတွေ့အကြုံမရှိသေးတဲ့ ရောဘတ်ဆန်းချက်ဇ်ကို ပွဲထွက်ခွင့်ပေးပြီးနောက် ပွဲထွက်ဂိုးသမားအဖြစ်ကနေ ချန်လှပ်ခံထားရတဲ့ ဘရိုက်တန်ဂိုးသမား မတ် ရိုင်ယန်က ၎င်းရဲ့ပွဲထွက်ခွင့်နေရာကို ပြန်လည်ရရှိဖို့အတွက် တိုက်ပွဲဝင်သွားမယ်လို့ ပြောကြားခဲ့ပေမယ့် ဇန်ဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းနဲ့ လမ်းခွဲပြီး ကိုယ့်လမ်းကိုယ်လျှောက်တာက ပိုပြီးကောင်းလိမ့်မယ်လို့ ပြောကြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: