Match Report Premier League

လာခြင်းကောင်းတဲ့ လာကာဇက်နဲ့ ၂၀၂၀ ကို အနိုင်နဲ့သိမ်းတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ ချဲလ်ဆီးပွဲက လူစာရင်းအတိုင်းပဲ ဆက်လက်ပွဲထွက်လာခဲ့ပြီး အထောင်မှာ အူဘာမီယန်းကို ထားကစားတာကလွဲလို့ တူညီခဲ့သလို ကစားရခက်တဲ့ ဘရိုက်တန်ကိုတော့ အနိုင်ရဖို့ တော်တော်လေး ရုန်းကန်ခဲ့ကြရပါတယ်။

ချဲလ်ဆီးအသင်းနဲ့ မတူဘဲ ကွင်းလယ်မှာ နေရာလွတ်တွေ မပေးတဲ့ ဘရိုက်တန်ကို အာဆင်နယ်တို့ ကျော်ဖြတ်နိုင်ဖို့ ရုန်းကန်ခဲ့ကြရပြီး တိုက်စစ်မှူး အူဘာမီယန်းဆီကို ကွင်းလယ်နဲ့ တောင်ပံက ဖန်တီးမှုတွေ မလုပ်နိုင်ခဲ့တဲ့အပြင် ဂိုးသမား ဆန်းချက်ဇ်ကလည်း အဝင်အထွက်တွေ တိကျခဲ့လို့ အခွင့်အရေးမရသလောက် ဖြစ်ခဲ့ရတာပါ။

ပထမပိုင်းမှာ ဘရိုက်တန်က ပိုသာခဲ့ပြီး အာဆင်နယ်ကွင်းလယ်နဲ့ နောက်တန်းကို စဉ်ဆက်မပြတ် ဖိအားပေးနိုင်ခဲ့သလို ဟိုးလ်ဒင်း၊ ပါဘလို မာရီနဲ့ ဂိုးသမား လီနိုတို့ရဲ့ ကာကွယ်မှုတွေကြောင့်သာ ဂိုးမရှိသရေရလဒ်ပဲ ထွက်ပေါ်ခဲ့တာဖြစ်ပြီး တိုက်စစ်ပိုင်းကတော့ အတွဲမမိဘဲ ဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း အာဆင်နယ်တို့ အသာစီးယူနိုင်ခြင်းမရှိသလို တန်ပြန်တိုက်စစ်က အခွင့်အရေးတွေကလည်း အူဘာမီယန်းဆီကို ရောက်ရင် လှည့်ကြည့်စရာ မလိုလောက်အောင် သာမန်ခြိမ်းခြောက်မှုနဲ့ အလွဲတွေအဖြစ်ပဲ ပြီးဆုံးသွားခဲ့ပြီး ဆာကာ၊ မာတီနယ်လီနဲ့ စမစ်ရိုးတို့ကတော့ ထုံးစံအတိုင်း ကြိုးစားကစားခဲ့ပါတယ်။

ဂိုးမရဘဲဖြစ်နေခဲ့တုန်းမှာပဲ ပွဲချိန် ၆၆ မိနစ်မှာတော့ မာတီနယ်လီနဲ့ လူစားလဲခဲ့တဲ့ လာကာဇက်က ကွင်းထဲရောက်ပြီး ၂၁ စက္ကန့်အကြာမှာ တန်ပြန်တိုက်စစ်ကနေ ဒန်ဘန်းကို ကျော်ဖြတ်ပြီး ချပေးတဲ့ ဆာကာရဲ့ ဘောလုံးကို ထိန်းပြီး လူးဝစ္စ ဒန့်ခ်ရဲ့ဘေးက ကန်သွင်းခဲ့ရာမှာ ညာဘက်တိုင်ခြေကို ဝင်သွားခဲ့လို့ အာဆင်နယ်တို့အတွက် လာခြင်းကောင်းသွားခဲ့ပါတယ်။

ဒီဂိုးမှာ ဂိုးရှေ့မှာ နေရာယူတတ်တဲ့ Positioning ဆိုတာ ဘာလဲဆိုတာ အူဘာမီယန်းကို လာကာဇက်က သင်ပေးလိုက်တယ်လို့ ပြောရမှာ ဖြစ်ပြီး သုံးယောက်တန်းကြီး အတွဲလိုက် Sit Back လုပ်နေတဲ့ ဘရိုက်တန်နောက်တန်းနဲ့ ကွင်းလယ်သမားတွေကြားမှာ လွတ်လွတ်လပ်လပ်ကြီး နေရာယူပြခဲ့တာဖြစ်သလို ဖန်တီးပေးခဲ့တဲ့ ဆာကာရဲ့ Twist and Turn ကလည်း ကောင်းမွန်ခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာလည်း ဘရိုက်တန်က ဖိကစား၊ အာဆင်နယ်က တန်ပြန်တိုက်စစ်ကစားနဲ့ သိပ်မထူးခြားတဲ့ ပုံစံကို တွေ့ခဲ့ရပြီး အာတီတာကတော့ စီဘာယော့စ်နဲ့ မိတ်လန်းနိုင်းလ်စ်တို့ကို ထည့်သွင်းပြီး ကွင်းလယ်မှာ ပိတ်ကစားသွားခဲ့တာကြောင့် တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး ၂၀၂၀ ခုနှစ်ကို အနိုင်နဲ့ ပိတ်သိမ်းနိုင်ခဲ့သလို အမှတ်ပေးဇယားမှာ အဆင့် ၁၃ နေရာကို ပြန်လည်တက်ရောက်လာခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ခ်ဲလ္ဆီးပြဲက လူစာရင္းအတိုင္းပဲ ဆက္လက္ပြဲထြက္လာခဲ့ၿပီး အေထာင္မွာ အူဘာမီယန္းကို ထားကစားတာကလြဲလို႔ တူညီခဲ့သလို ကစားရခက္တဲ့ ဘ႐ိုက္တန္ကိုေတာ့ အႏိုင္ရဖို႔ ေတာ္ေတာ္ေလး ႐ုန္းကန္ခဲ့ၾကရပါတယ္။

ခ်ဲလ္ဆီးအသင္းနဲ႔ မတူဘဲ ကြင္းလယ္မွာ ေနရာလြတ္ေတြ မေပးတဲ့ ဘ႐ိုက္တန္ကို အာဆင္နယ္တို႔ ေက်ာ္ျဖတ္ႏိုင္ဖို႔ ႐ုန္းကန္ခဲ့ၾကရၿပီး တိုက္စစ္မႉး အူဘာမီယန္းဆီကို ကြင္းလယ္နဲ႔ ေတာင္ပံက ဖန္တီးမႈေတြ မလုပ္ႏိုင္ခဲ့တဲ့အျပင္ ဂိုးသမား ဆန္းခ်က္ဇ္ကလည္း အဝင္အထြက္ေတြ တိက်ခဲ့လို႔ အခြင့္အေရးမရသေလာက္ ျဖစ္ခဲ့ရတာပါ။

ပထမပိုင္းမွာ ဘ႐ိုက္တန္က ပိုသာခဲ့ၿပီး အာဆင္နယ္ကြင္းလယ္နဲ႔ ေနာက္တန္းကို စဥ္ဆက္မျပတ္ ဖိအားေပးႏိုင္ခဲ့သလို ဟိုးလ္ဒင္း၊ ပါဘလို မာရီနဲ႔ ဂိုးသမား လီႏိုတို႔ရဲ႕ ကာကြယ္မႈေတြေၾကာင့္သာ ဂိုးမရွိသေရရလဒ္ပဲ ထြက္ေပၚခဲ့တာျဖစ္ၿပီး တိုက္စစ္ပိုင္းကေတာ့ အတြဲမမိဘဲ ျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း အာဆင္နယ္တို႔ အသာစီးယူႏိုင္ျခင္းမရွိသလို တန္ျပန္တိုက္စစ္က အခြင့္အေရးေတြကလည္း အူဘာမီယန္းဆီကို ေရာက္ရင္ လွည့္ၾကည့္စရာ မလိုေလာက္ေအာင္ သာမန္ၿခိမ္းေျခာက္မႈနဲ႔ အလြဲေတြအျဖစ္ပဲ ၿပီးဆုံးသြားခဲ့ၿပီး ဆာကာ၊ မာတီနယ္လီနဲ႔ စမစ္႐ိုးတို႔ကေတာ့ ထုံးစံအတိုင္း ႀကိဳးစားကစားခဲ့ပါတယ္။

ဂိုးမရဘဲျဖစ္ေနခဲ့တုန္းမွာပဲ ပြဲခ်ိန္ ၆၆ မိနစ္မွာေတာ့ မာတီနယ္လီနဲ႔ လူစားလဲခဲ့တဲ့ လာကာဇက္က ကြင္းထဲေရာက္ၿပီး ၂၁ စကၠန႔္အၾကာမွာ တန္ျပန္တိုက္စစ္ကေန ဒန္ဘန္းကို ေက်ာ္ျဖတ္ၿပီး ခ်ေပးတဲ့ ဆာကာရဲ႕ ေဘာလုံးကို ထိန္းၿပီး လူးဝစၥ ဒန႔္ခ္ရဲ႕ေဘးက ကန္သြင္းခဲ့ရာမွာ ညာဘက္တိုင္ေျခကို ဝင္သြားခဲ့လို႔ အာဆင္နယ္တို႔အတြက္ လာျခင္းေကာင္းသြားခဲ့ပါတယ္။

ဒီဂိုးမွာ ဂိုးေရွ႕မွာ ေနရာယူတတ္တဲ့ Positioning ဆိုတာ ဘာလဲဆိုတာ အူဘာမီယန္းကို လာကာဇက္က သင္ေပးလိုက္တယ္လို႔ ေျပာရမွာ ျဖစ္ၿပီး သုံးေယာက္တန္းႀကီး အတြဲလိုက္ Sit Back လုပ္ေနတဲ့ ဘ႐ိုက္တန္ေနာက္တန္းနဲ႔ ကြင္းလယ္သမားေတြၾကားမွာ လြတ္လြတ္လပ္လပ္ႀကီး ေနရာယူျပခဲ့တာျဖစ္သလို ဖန္တီးေပးခဲ့တဲ့ ဆာကာရဲ႕ Twist and Turn ကလည္း ေကာင္းမြန္ခဲ့ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာလည္း ဘ႐ိုက္တန္က ဖိကစား၊ အာဆင္နယ္က တန္ျပန္တိုက္စစ္ကစားနဲ႔ သိပ္မထူးျခားတဲ့ ပုံစံကို ေတြ႕ခဲ့ရၿပီး အာတီတာကေတာ့ စီဘာေယာ့စ္နဲ႔ မိတ္လန္းႏိုင္းလ္စ္တို႔ကို ထည့္သြင္းၿပီး ကြင္းလယ္မွာ ပိတ္ကစားသြားခဲ့တာေၾကာင့္ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ပြဲၿပီးဆုံးခဲ့ၿပီး ၂၀၂၀ ခုႏွစ္ကို အႏိုင္နဲ႔ ပိတ္သိမ္းႏိုင္ခဲ့သလို အမွတ္ေပးဇယားမွာ အဆင့္ ၁၃ ေနရာကို ျပန္လည္တက္ေရာက္လာခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.