Match Report Premier League

နှစ်ကုန်မှာ နာကျင်အချိန်ပိုသွင်းဂိုးနဲ့ ဒုတိယနေရာကို သိမ်းတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဒီနေ့လူထုတ်ပုံကတော့ အနည်းငယ် စိတ်ကျေနပ်စရာမရှိဘူးလို့ ဆိုရမှာဖြစ်ပြီး ဝုလ်ဗ်စ်လို လုပ်အားနှုန်း ကောင်းတဲ့ အသင်းမျိုးနဲ့ပွဲကို ပေါ့ဘာ+မာတစ်ချ်အတွဲကို သုံးစွဲခဲ့တာက စွန့်စားရာကျခဲ့ပြီး တကယ်တမ်းမှာလည်း ကွင်းလယ်ချင်း ယှဉ်ရာမှာ ရုန်းကန်လာခဲ့ရတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။

ကာဗာနီကို ထောက်ကူဖို့ တာဝန်ပေးထားပုံရတဲ့ ပေါ့ဘာကြောင့် ဘရူနို ဖာနန်ဒက်စ်လည်း ကစားရတာ သိပ်မလွတ်လပ်ခဲ့တဲ့ ဒီနေ့ပွဲမှာ ကွင်းလယ်အဖျက်က မာတစ်ချ်တစ်ယောက်တည်းဖြစ်နေတာကို အခွင့်ကောင်းယူပြီး ပက်ဒရို နီတိုနဲ့ အဒါမာ ထရာအိုရေးတို့က မွှေနှောက်နိုင်ခဲ့လို့ ပထမပိုင်းမှာ ဂိုးပေါက်တည့်တဲ့ ၄ ကြိမ်အထိ ဒဟေးယား ကာကွယ်ခဲ့ရပါတယ်။

ပွဲချိန် ၃၃ မိနစ်မှာ ဖာနန်ဒက်စ်ရဲ့ ပိတ်သွင်းချက်ကို ပက်ထရီစီယို အနီးကပ်ကာကွယ်သွားနိုင်တာကတော့ နစ်နာခဲ့ပြီး ကာဗာနီပိတ်ဖို့ ကြိုးစားခဲ့တာလည်း မအောင်မြင်ခဲ့လို့ ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့ပြီး ယူနိုက်တက်ရဲ့ အကောင်းဆုံးကစားသမားက ဒဟေးယားပဲဖြစ်ခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ ဝုလ်ဗ်စ်ညာခြမ်းကို မနိုင်တဲ့ အဲလက်စ် တဲလက်စ်အစား လုခ်ရှောကို လူစားသွင်းခဲ့ပြီး ကွင်းလယ်အထိုင်ကိုတော့ ဒီအတိုင်းပဲ ဆက်ထားခဲ့တာကြောင့် ကစားကွက်က တက်လာခဲ့ခြင်းမရှိဘဲ မာစီယယ်လ် ဝင်လာခဲ့ပေမယ့်လည်း တစ်ဖက်နောက်တန်းကို ကျော်ဖို့ ရုန်းကန်နေခဲ့ရပါတယ်။

ပွဲချိန် မိနစ် ၇၀ မှာ ဒိုင်ရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်ကို တွေ့ခဲ့ရပြီး ကာဗာနီသွင်းတဲ့ သွင်းဂိုးကို လူကျွံဆိုပြီး ပယ်ဖျက်ခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ ကာဗာနီ မကန်ခင် ဝုလ်ဗ်စ်အသင်းခေါင်းဆောင် ကိုဒီ လက်ထိခဲ့တဲ့အတွက် ပင်နယ်တီပေးရင်ပေး မပေးရင် လူကျွံတာ မဖြစ်နိုင်တော့ပေမယ့် ဒိုင်က ယူနိုက်တက်တို့ နစ်နာစေမယ့် နှစ်ကျပ်ကွက်ကို နင်းသွားခဲ့တာပါ။

ဒီနောက်ပိုင်းမှာ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ထိုးဖောက်မှုတွေ ရှိခဲ့ပေမယ့် ဘာမှ ဖြစ်မလာခဲ့လို့ ဂိုးမရှိသရေကျပြီလို့ ထင်နေတုန်းမှာပဲ ပွဲချိန် ၉၃ မိနစ်မှာတော့ ဖာနန်ဒက်စ်ရဲ့ အဝေးဘောကို ရရှိသွားခဲ့တဲ့ ရက်ရှ်ဖို့ဒ်က နောက်ခံလူတွေကို လိမ်ခေါက်ပြီး ကန်သွင်းရာမှာ လမ်းကြောင်းပြောင်းပြီး ဝင်သွားခဲ့လို့ အနိုင်ဂိုးကို ရယူနိုင်ခဲ့ပြီး ၂၀၂၀ ကုန်ဆုံးချိန်မှာ ယူနိုက်တက်တို့ သုံးမှတ်နဲ့ အောင်ပွဲခံနိုင်ခဲ့ပါတယ်။

ဒီပွဲကို အနိုင်ရရှိခဲ့တဲ့ ယူနိုက်တက်အနေနဲ့ လီဗာပူးလ်ရဲ့နောက်ကို ပြန်ကပ်နိုင်ခဲ့သလို သရေကျသွားခဲ့တဲ့ လက်စတာကို ဖြတ်ကျော်ပြီး အဆင့် ၂ နေရာမှာ ရပ်တည်သွားနိုင်ခဲ့လို့ သူတို့ရဲ့ ချန်ပီယံစိန်ခေါ်မှုအတွက်တော့ အရေးပါတဲ့ နိုင်ပွဲတစ်ပွဲကို ရယူနိုင်တာလည်းဖြစ်ခဲ့ပြီး ဇန်နဝါရီမှာတော့ သရဲနီတာဝန်ရှိသူတွေအနေနဲ့ အသင်းကို ဘာတွေ ထပ်မံအားဖြည့်ဦးမလဲဆိုတာ စောင့်ကြည့်ဖို့ ရင်ခုန်စရာလည်း ဖြစ်လာခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ဒီေန႔လူထုတ္ပုံကေတာ့ အနည္းငယ္ စိတ္ေက်နပ္စရာမရွိဘူးလို႔ ဆိုရမွာျဖစ္ၿပီး ဝုလ္ဗ္စ္လို လုပ္အားႏႈန္း ေကာင္းတဲ့ အသင္းမ်ိဳးနဲ႔ပြဲကို ေပါ့ဘာ+မာတစ္ခ်္အတြဲကို သုံးစြဲခဲ့တာက စြန႔္စားရာက်ခဲ့ၿပီး တကယ္တမ္းမွာလည္း ကြင္းလယ္ခ်င္း ယွဥ္ရာမွာ ႐ုန္းကန္လာခဲ့ရတဲ့ ပြဲတစ္ပြဲျဖစ္ခဲ့ပါတယ္။

ကာဗာနီကို ေထာက္ကူဖို႔ တာဝန္ေပးထားပုံရတဲ့ ေပါ့ဘာေၾကာင့္ ဘ႐ူႏို ဖာနန္ဒက္စ္လည္း ကစားရတာ သိပ္မလြတ္လပ္ခဲ့တဲ့ ဒီေန႔ပြဲမွာ ကြင္းလယ္အဖ်က္က မာတစ္ခ်္တစ္ေယာက္တည္းျဖစ္ေနတာကို အခြင့္ေကာင္းယူၿပီး ပက္ဒ႐ို နီတိုနဲ႔ အဒါမာ ထရာအိုေရးတို႔က ေမႊေႏွာက္ႏိုင္ခဲ့လို႔ ပထမပိုင္းမွာ ဂိုးေပါက္တည့္တဲ့ ၄ ႀကိမ္အထိ ဒေဟးယား ကာကြယ္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၃၃ မိနစ္မွာ ဖာနန္ဒက္စ္ရဲ႕ ပိတ္သြင္းခ်က္ကို ပက္ထရီစီယို အနီးကပ္ကာကြယ္သြားႏိုင္တာကေတာ့ နစ္နာခဲ့ၿပီး ကာဗာနီပိတ္ဖို႔ ႀကိဳးစားခဲ့တာလည္း မေအာင္ျမင္ခဲ့လို႔ ပထမပိုင္းမွာ ဂိုးမရွိသေရက်ေနခဲ့ၿပီး ယူႏိုက္တက္ရဲ႕ အေကာင္းဆုံးကစားသမားက ဒေဟးယားပဲျဖစ္ခဲ့တာပါ။

ဒုတိယပိုင္းမွာေတာ့ ဝုလ္ဗ္စ္ညာျခမ္းကို မႏိုင္တဲ့ အဲလက္စ္ တဲလက္စ္အစား လုခ္ေရွာကို လူစားသြင္းခဲ့ၿပီး ကြင္းလယ္အထိုင္ကိုေတာ့ ဒီအတိုင္းပဲ ဆက္ထားခဲ့တာေၾကာင့္ ကစားကြက္က တက္လာခဲ့ျခင္းမရွိဘဲ မာစီယယ္လ္ ဝင္လာခဲ့ေပမယ့္လည္း တစ္ဖက္ေနာက္တန္းကို ေက်ာ္ဖို႔ ႐ုန္းကန္ေနခဲ့ရပါတယ္။

ပြဲခ်ိန္ မိနစ္ ၇၀ မွာ ဒိုင္ရဲ႕ အျငင္းပြားဖြယ္ ဆုံးျဖတ္ခ်က္ကို ေတြ႕ခဲ့ရၿပီး ကာဗာနီသြင္းတဲ့ သြင္းဂိုးကို လူကြၽံဆိုၿပီး ပယ္ဖ်က္ခဲ့ပါတယ္။ ဒီျဖစ္ရပ္မွာ ကာဗာနီ မကန္ခင္ ဝုလ္ဗ္စ္အသင္းေခါင္းေဆာင္ ကိုဒီ လက္ထိခဲ့တဲ့အတြက္ ပင္နယ္တီေပးရင္ေပး မေပးရင္ လူကြၽံတာ မျဖစ္ႏိုင္ေတာ့ေပမယ့္ ဒိုင္က ယူႏိုက္တက္တို႔ နစ္နာေစမယ့္ ႏွစ္က်ပ္ကြက္ကို နင္းသြားခဲ့တာပါ။

ဒီေနာက္ပိုင္းမွာ တစ္ဖက္နဲ႔တစ္ဖက္ အျပန္အလွန္ထိုးေဖာက္မႈေတြ ရွိခဲ့ေပမယ့္ ဘာမွ ျဖစ္မလာခဲ့လို႔ ဂိုးမရွိသေရက်ၿပီလို႔ ထင္ေနတုန္းမွာပဲ ပြဲခ်ိန္ ၉၃ မိနစ္မွာေတာ့ ဖာနန္ဒက္စ္ရဲ႕ အေဝးေဘာကို ရရွိသြားခဲ့တဲ့ ရက္ရွ္ဖို႔ဒ္က ေနာက္ခံလူေတြကို လိမ္ေခါက္ၿပီး ကန္သြင္းရာမွာ လမ္းေၾကာင္းေျပာင္းၿပီး ဝင္သြားခဲ့လို႔ အႏိုင္ဂိုးကို ရယူႏိုင္ခဲ့ၿပီး ၂၀၂၀ ကုန္ဆုံးခ်ိန္မွာ ယူႏိုက္တက္တို႔ သုံးမွတ္နဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ပါတယ္။

ဒီပြဲကို အႏိုင္ရရွိခဲ့တဲ့ ယူႏိုက္တက္အေနနဲ႔ လီဗာပူးလ္ရဲ႕ေနာက္ကို ျပန္ကပ္ႏိုင္ခဲ့သလို သေရက်သြားခဲ့တဲ့ လက္စတာကို ျဖတ္ေက်ာ္ၿပီး အဆင့္ ၂ ေနရာမွာ ရပ္တည္သြားႏိုင္ခဲ့လို႔ သူတို႔ရဲ႕ ခ်န္ပီယံစိန္ေခၚမႈအတြက္ေတာ့ အေရးပါတဲ့ ႏိုင္ပြဲတစ္ပြဲကို ရယူႏိုင္တာလည္းျဖစ္ခဲ့ၿပီး ဇန္နဝါရီမွာေတာ့ သရဲနီတာဝန္ရွိသူေတြအေနနဲ႔ အသင္းကို ဘာေတြ ထပ္မံအားျဖည့္ဦးမလဲဆိုတာ ေစာင့္ၾကည့္ဖို႔ ရင္ခုန္စရာလည္း ျဖစ္လာခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.