Premier League Transfer News

29 Dec ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– ဝက်စ်ဘရွန်းနဲ့ပွဲမှာ ယာဂန် ကလော့ပ်ရဲ့ လူစားလဲတဲ့ ရည်ရွယ်ချက်ကို ကွင်းလယ်လူ အဲလက်စ် ချိမ်ဘာလိန်အနေနဲ့ လိုက်မလုပ်နိုင်ခဲ့ဘဲ ကွင်းလယ်ကနေ ဘောလုံးထွက်ဖို့နဲ့ အသင်းကို မောင်းနှင်ဖို့ မကူညီနိုင်ခဲ့သလို မလိုအပ်ဘဲ ကိုယ့်ကွင်းခြမ်းမှာ အချိန်ကုန်နေတယ်လို့ ဂျေမီ ကာရေဂါ ထောက်ပြသွား။

– လီဗာပူးလ်အသင်းအနေနဲ့ ဂျိုယယ်လ် မာတစ်ပ် ဒဏ်ရာရရှိသွားချိန်မှာ သူတို့ရဲ့ ဗဟိုနောက်ခံလူအရင်းအမြစ် ပျက်သုဉ်းနေခဲ့ပြီး ဈေးကွက်ထဲမှာ ကစားသမားသစ်ခေါ်ယူဖို့ တာဝန်ရှိသူတွေက လုပ်ဆောင်နေကြပေမယ့် နည်းပြ ယာဂန် ကလော့ပ်ကတော့ နာသန် ဖိလစ်နဲ့ ရီးစ် ဝီလီယမ်စ်တို့ဟာလည်း အသင်းကြီးမှာ ကစားဖို့ လုံလောက်တယ်လို့ ယူဆနေ။

– ဘွန်ဒက်စ်လီဂါကလပ် ရှော်လ်ကာအသင်းရဲ့ ဆရာဝန် ဒေါက်တာ အန်ဒရီးယက်စ် ရှလမ်ဘာဂါကို အသင်းရဲ့ ပြန်လည်သန်စွမ်းရေးနဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေးဌာန အကြီးအကဲအဖြစ် လီဗာပူးလ်တို့ ခန့်အပ်လိုက်ပြီဖြစ်ပြီး ဒဏ်ရာရရှိမှု အခြေအနေကို တားဆီးနိုင်ဖို့ မျှော်လင့်နေသလို သူ့နောက်မှာ အိုဇန် ကာဘက်ပါ လိုက်ပါလာတော့မလားလို့ ခန့်မှန်းနေကြ။

– အသင်းရဲ့ ဖန်တီးမှု လျော့ကျနေပြီး ဘောလုံးလမ်းကြောင်း ရှာဖွေနိုင်မှုနည်းနေတဲ့ ကွင်းလယ်အတွက် နာဘီ ကီးတား ပြန်ကစားဖို့ အဆင်မပြေသေးချိန်မှာ ဒဏ်ရာက သက်သာလာတဲ့ သီယာဂို အယ်လ်ကန်တာရာကို စောစောစီးစီး အသုံးပြုရဖွယ်ရှိပြီး နယူးကာဆယ်လ်နဲ့ပွဲမှာ ပြန်လည်ပါဝင်လာနိုင်။

– ဝက်စ်ဘရွန်းနဲ့ပွဲမှာ မာနေးရဲ့ ဂိုးကို ဖန်တီးပေးခဲ့ပြီးမှ ဒဏ်ရာရသွားပြီး လူစားလဲခဲ့ရပေမယ့် ပရိသတ်တွေကတော့ ဒီနေ့မှာ ဆေးစစ်မယ့် ဒဏ်ရာရှင် ဂျိုယယ်လ် မာတစ်ပ်ကို မကြည်ဖြူတော့ဘဲ ခြေစွမ်းထက် ကြံ့ခိုင်မှု မရှိဘဲ အသင်းမှာ လစာညာယူမနေဖို့နဲ့ ကီးတားနဲ့အတူ ရောင်းချဖို့ ဝိုင်းဝန်းဝေဖန်နေကြ။

– အသင်းဖော်တွေအနေနဲ့ အာရုံစူးစိုက်ပြီး နယူးကာဆယ်လ်နဲ့ပွဲမှာ ပြီးခဲ့တဲ့ အန်းဖီးလ်သရေရလဒ်ကို အကောင်းဆုံး တုံ့ပြန်ကြစေလိုကြောင်းနဲ့ ဝက်စ်ဘရွန်းနဲ့ တူညီတဲ့ နည်းဗျူဟာနဲ့ ရင်ဆိုင်လာနိုင်တဲ့ စိန့်ဂျိမ်းစ်ပါ့ခ်က ပြိုင်ဘက်ကို အနိုင်ယူပြီး ၂၀၂၀ ကို နိုင်ပွဲနဲ့ ပိတ်သိမ်းဖို့ အလက်ဇန်းဒါး-အာနိုးလ်ဒ်တိုက်တွန်း။

– ဒေါက်တာ ရှလမ်ဘာဂါဟာ လီဗာပူးလ်အသင်းရဲ့ ကြံ့ခိုင်မှုတွေ ကောင်းမွန်စေဖို့ အမြော်အမြင်ရှိတဲ့ ခေါ်ယူမှုဖြစ်ပေမယ့် ပရိသတ်တွေ ကတော့ လက်ရှိနောက်တန်းမှာ သူ့ကို ဝင်ကစားခိုင်းလို့ မရကြောင်းနဲ့ ဗဟိုနောက်ခံလူသစ်တစ်ဦးကို ခေါ်ယူဖို့ကိုသာ အမြန်ဆုံး လုပ်ဆောင်စေချင်ကြောင်း ဆန္ဒပြုခဲ့ကြ။

– ဝက်စ်ဘရွန်းအသင်းနဲ့ နိုင်ဂျီးရီးယားပရိသတ်တွေက အန်းဖီးလ်ကွင်းမှာ ခေါင်းတိုက်သွင်းပြီး သရေတစ်မှတ် ရယူပေးနိုင်ခဲ့တဲ့ နောက်ခံလူ ဆမ်မီ အဂျာယီကို Headmaster လို့ ချီးကျူးဂုဏ်ပြုနေကြပြီး လီဗာပူးလ်ပရိသတ်တွေအတွက်တော့ မခံချိမခံသာစရာဖြစ်ခဲ့။

– ပြီးခဲ့တဲ့ ဝက်စ်ဘရွန်းနဲ့ သရေပွဲမှာ လီဗာပူးလ်အသင်းအနေနဲ့ ဘောလုံးဆုံးရှုံးမှုများခဲ့ပြီး ခြေထဲမှာ ထားနိုင်မှု နည်းပါးခဲ့လို့ လိုအပ်တဲ့ ဒုတိယဂိုးကို မရခဲ့တာဖြစ်ကြောင်းနဲ့ ဘောလုံးကို ရိုးရိုးတွေးပြီး ရိုးရိုးကစားဖို့နဲ့ ဒီခံယူချက်ကနေ ကင်းကွာလို့ မရဘူးလို့ နောက်ခံလူ အန်ဒီ ရောဘတ်ဆန်ထောက်ပြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ဝက္စ္ဘ႐ြန္းနဲ႔ပြဲမွာ ယာဂန္ ကေလာ့ပ္ရဲ႕ လူစားလဲတဲ့ ရည္႐ြယ္ခ်က္ကို ကြင္းလယ္လူ အဲလက္စ္ ခ်ိမ္ဘာလိန္အေနနဲ႔ လိုက္မလုပ္ႏိုင္ခဲ့ဘဲ ကြင္းလယ္ကေန ေဘာလုံးထြက္ဖို႔နဲ႔ အသင္းကို ေမာင္းႏွင္ဖို႔ မကူညီႏိုင္ခဲ့သလို မလိုအပ္ဘဲ ကိုယ့္ကြင္းျခမ္းမွာ အခ်ိန္ကုန္ေနတယ္လို႔ ေဂ်မီ ကာေရဂါ ေထာက္ျပသြား။

– လီဗာပူးလ္အသင္းအေနနဲ႔ ဂ်ိဳယယ္လ္ မာတစ္ပ္ ဒဏ္ရာရရွိသြားခ်ိန္မွာ သူတို႔ရဲ႕ ဗဟိုေနာက္ခံလူအရင္းအျမစ္ ပ်က္သုဥ္းေနခဲ့ၿပီး ေဈးကြက္ထဲမွာ ကစားသမားသစ္ေခၚယူဖို႔ တာဝန္ရွိသူေတြက လုပ္ေဆာင္ေနၾကေပမယ့္ နည္းျပ ယာဂန္ ကေလာ့ပ္ကေတာ့ နာသန္ ဖိလစ္နဲ႔ ရီးစ္ ဝီလီယမ္စ္တို႔ဟာလည္း အသင္းႀကီးမွာ ကစားဖို႔ လုံေလာက္တယ္လို႔ ယူဆေန။

– ဘြန္ဒက္စ္လီဂါကလပ္ ေရွာ္လ္ကာအသင္းရဲ႕ ဆရာဝန္ ေဒါက္တာ အန္ဒရီးယက္စ္ ရွလမ္ဘာဂါကို အသင္းရဲ႕ ျပန္လည္သန္စြမ္းေရးနဲ႔ စြမ္းေဆာင္ရည္ျမႇင့္တင္ေရးဌာန အႀကီးအကဲအျဖစ္ လီဗာပူးလ္တို႔ ခန႔္အပ္လိုက္ၿပီျဖစ္ၿပီး ဒဏ္ရာရရွိမႈ အေျခအေနကို တားဆီးႏိုင္ဖို႔ ေမွ်ာ္လင့္ေနသလို သူ႔ေနာက္မွာ အိုဇန္ ကာဘက္ပါ လိုက္ပါလာေတာ့မလားလို႔ ခန႔္မွန္းေနၾက။

– အသင္းရဲ႕ ဖန္တီးမႈ ေလ်ာ့က်ေနၿပီး ေဘာလုံးလမ္းေၾကာင္း ရွာေဖြႏိုင္မႈနည္းေနတဲ့ ကြင္းလယ္အတြက္ နာဘီ ကီးတား ျပန္ကစားဖို႔ အဆင္မေျပေသးခ်ိန္မွာ ဒဏ္ရာက သက္သာလာတဲ့ သီယာဂို အယ္လ္ကန္တာရာကို ေစာေစာစီးစီး အသုံးျပဳရဖြယ္ရွိၿပီး နယူးကာဆယ္လ္နဲ႔ပြဲမွာ ျပန္လည္ပါဝင္လာႏိုင္။

– ဝက္စ္ဘ႐ြန္းနဲ႔ပြဲမွာ မာေနးရဲ႕ ဂိုးကို ဖန္တီးေပးခဲ့ၿပီးမွ ဒဏ္ရာရသြားၿပီး လူစားလဲခဲ့ရေပမယ့္ ပရိသတ္ေတြကေတာ့ ဒီေန႔မွာ ေဆးစစ္မယ့္ ဒဏ္ရာရွင္ ဂ်ိဳယယ္လ္ မာတစ္ပ္ကို မၾကည္ျဖဴေတာ့ဘဲ ေျခစြမ္းထက္ ႀကံ့ခိုင္မႈ မရွိဘဲ အသင္းမွာ လစာညာယူမေနဖို႔နဲ႔ ကီးတားနဲ႔အတူ ေရာင္းခ်ဖို႔ ဝိုင္းဝန္းေဝဖန္ေနၾက။

– အသင္းေဖာ္ေတြအေနနဲ႔ အာ႐ုံစူးစိုက္ၿပီး နယူးကာဆယ္လ္နဲ႔ပြဲမွာ ၿပီးခဲ့တဲ့ အန္းဖီးလ္သေရရလဒ္ကို အေကာင္းဆုံး တုံ႔ျပန္ၾကေစလိုေၾကာင္းနဲ႔ ဝက္စ္ဘ႐ြန္းနဲ႔ တူညီတဲ့ နည္းဗ်ဴဟာနဲ႔ ရင္ဆိုင္လာႏိုင္တဲ့ စိန႔္ဂ်ိမ္းစ္ပါ့ခ္က ၿပိဳင္ဘက္ကို အႏိုင္ယူၿပီး ၂၀၂၀ ကို ႏိုင္ပြဲနဲ႔ ပိတ္သိမ္းဖို႔ အလက္ဇန္းဒါး-အာႏိုးလ္ဒ္တိုက္တြန္း။

– ေဒါက္တာ ရွလမ္ဘာဂါဟာ လီဗာပူးလ္အသင္းရဲ႕ ႀကံ့ခိုင္မႈေတြ ေကာင္းမြန္ေစဖို႔ အေျမာ္အျမင္ရွိတဲ့ ေခၚယူမႈျဖစ္ေပမယ့္ ပရိသတ္ေတြ ကေတာ့ လက္ရွိေနာက္တန္းမွာ သူ႔ကို ဝင္ကစားခိုင္းလို႔ မရေၾကာင္းနဲ႔ ဗဟိုေနာက္ခံလူသစ္တစ္ဦးကို ေခၚယူဖို႔ကိုသာ အျမန္ဆုံး လုပ္ေဆာင္ေစခ်င္ေၾကာင္း ဆႏၵျပဳခဲ့ၾက။

– ဝက္စ္ဘ႐ြန္းအသင္းနဲ႔ ႏိုင္ဂ်ီးရီးယားပရိသတ္ေတြက အန္းဖီးလ္ကြင္းမွာ ေခါင္းတိုက္သြင္းၿပီး သေရတစ္မွတ္ ရယူေပးႏိုင္ခဲ့တဲ့ ေနာက္ခံလူ ဆမ္မီ အဂ်ာယီကို Headmaster လို႔ ခ်ီးက်ဴးဂုဏ္ျပဳေနၾကၿပီး လီဗာပူးလ္ပရိသတ္ေတြအတြက္ေတာ့ မခံခ်ိမခံသာစရာျဖစ္ခဲ့။

– ၿပီးခဲ့တဲ့ ဝက္စ္ဘ႐ြန္းနဲ႔ သေရပြဲမွာ လီဗာပူးလ္အသင္းအေနနဲ႔ ေဘာလုံးဆုံးရႈံးမႈမ်ားခဲ့ၿပီး ေျခထဲမွာ ထားႏိုင္မႈ နည္းပါးခဲ့လို႔ လိုအပ္တဲ့ ဒုတိယဂိုးကို မရခဲ့တာျဖစ္ေၾကာင္းနဲ႔ ေဘာလုံးကို ႐ိုး႐ိုးေတြးၿပီး ႐ိုး႐ိုးကစားဖို႔နဲ႔ ဒီခံယူခ်က္ကေန ကင္းကြာလို႔ မရဘူးလို႔ ေနာက္ခံလူ အန္ဒီ ေရာဘတ္ဆန္ေထာက္ျပ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.S