Premier League Transfer News

နောက်ဆုံးရ ညပိုင်း မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– ဂျေဆူးစ်နဲ့ ဝေါ်လ်ကာတို့ ကိုဗစ်ဖြစ်ပွားနေတဲ့ မန်ချက်စတာစီးတီးအသင်းအတွက် နောက်ထပ်ထိုးနှက်ချက်အဖြစ် ကစားသမား ၅ ဦးအထိ ထပ်မံကူးစက်ခံထားရတယ်လို့ သတင်းထုတ်ပြန်ခဲ့ပြီး ဒီညကစားမယ့် အဲဗာတန်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ရ။

– မန်ချက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်ပိုင်းမှာ ဒေးဗစ် ဆေးလ်ဗား ထွက်ခွာသွားပြီးတဲ့နောက် ပိုမိုကစားခွင့်ရမယ်လို့ မျှော်လင့်ထားတဲ့ လူငယ်ကွင်းလယ်လူ ဖီးလ် ဖိုဒန်အနေနဲ့ ကြိုကြားကြိုကြား ကစားရတဲ့ အခြေအနေကို စိတ်ပျက်နေပြီး အသင်းက ထွက်ခွာလိုနေ။

– ရူဘင်နဲ့ တွဲကစားရတာ သိပ်ကောင်းပါတယ်လို့ အသင်းရဲ့ ခံစစ်မှာ ခြေစွမ်းပြနေသလို ဦးစားပေးနေရာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့ အင်္ဂလန်နောက်ခံလူ ဂျွန်စတုန်းစ်က ပြောကြားလိုက်ပြီး မန်စီးတီးတို့အနေနဲ့ Clean Sheet တွေကို ပိုမိုရယူနိုင်မယ့်အချိန်လို့ ကြုံးဝါး။

– မန်ချက်စတာစီးတီးအသင်းရဲ့ ပြင်သစ်ကစားသမားနှစ်ဦးတို့ရဲ့ ဆက်ဆံရေးက အေးခဲနေတယ်လို့ သိရပြီး စပါးစ်ကို ရှုံးခဲ့တဲ့ပွဲနောက်ပိုင်း ပရီးမီးယားလိဂ်မှာ ကစားခွင့်မရတဲ့ နောက်ခံလူ အေးမရစ် လာပေါ့တ်နဲ့ ဒဏ်ရာပြဿနာများပြီး ပုံမှန်ကစားခွင့် မရှိတော့တဲ့ ဘယ်အစွန်လူ ဘင်ဂျမင် မန်ဒီတို့ဖြစ်ကြောင်း သိရ။

– အသင်းလူစာရင်းမှာ ကိုဗစ်ကူးစက်မှု ၇ ဦးအထိ ရှိသွားခဲ့တဲ့ မန်ချက်စတာစီးတီးအနေနဲ့ ဇန်နဝါရီ ၆ ရက်နေ့မှာ မန်ချက်စတာယူနိုက်တက်နဲ့ ကစားမယ့် ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကိုလည်း ရွှေ့ဆိုင်းရဖို့ များနေပြီး ပြိုင်ပွဲတာဝန်ရှိသူတွေကတော့ ယူနိုက်တက်တို့ကို အလိုအလျောက် တက်ရောက်ခွင့် ပေးသွားမှာ မဟုတ်ဘဲ ပြန်ကစားခိုင်းဖို့ရှိနေ။

– မနေ့က သတင်းတွေမှာ ဖော်ပြခဲ့တဲ့ မက်ဆီရဲ့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အမေရိကန်မှာ MLS ကို သွားရောက်ကစားချင်တယ်ဆိုတာ လျှို့ဝှက်ပေးပို့လိုက်တဲ့ မက်ဆေ့လည်းဖြစ်နိုင်ပြီး မန်ချက်စတာစီးတီးနဲ့ စီးတီးဘောလုံးအုပ်စုရဲ့ စာချုပ်ချုပ်ဆိုရေး အစီအစဉ်မှာ သုံးနှစ်ကို အစ်တီဟတ်မှာ ကစားပြီးရင် နောက်နှစ်နှစ်ကို နယူးယောက်စီးတီးမှာ ကစားဖို့ ပါဝင်နေ။

– နံပါတ် ၉ အထောင်တိုက်စစ်မှူးနေရာမှာ တက်ရောက်ကစားရတာ သူ့အတွက် သက်တောင့်သက်သာရှိတယ်လို့ အဂွေရိုနဲ့ ဂျေဆူးစ်တို့ မကစားနိုင်ချိန်မှာ တာဝန်ယူခဲ့ပြီး ဒီရာသီမှာ ၇ ဂိုးအထိ သွင်းယူပြီးသွားပြီဖြစ်တဲ့ လူငယ်တောင်ပံကစားသမား ဖယ်ရန် တောရက်စ်က ပြောကြားလိုက်ပြီး

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.