Match Report Premier League

အလှည့်ကျ လူထုတ်ပုံနဲ့ အိမ်ကွင်းမှာ အမှတ်လျော့ပြန်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ ပွဲဆက်များလို့ ပင်ပန်းနေတဲ့ ကစားသမားတွေကို အနားပေးခဲ့ပြီး ခံစစ်ဗဟိုမှာ ရူဒီဂါနဲ့ ခရစ္စတင်ဆန်တို့ အတွဲကို သုံးခဲ့သလို ကွန်တေ၊ မေဆန်မောင့်နဲ့ ပူလီရှစ်ချ်ကိုတော့ အနားမပေးနိုင်ဘဲ ဆက်သုံးခဲ့ပြီး တိုက်စစ်မှာ ဂျီရူးနဲ့ ဟဒ်ဆန်-အိုဒွိုင်းတို့ ပါဝင်ခဲ့သလို အသင်းကိုတော့ အက်ဇ်ပီလီကွေတာက ဦးဆောင်ခဲ့ပါတယ်။

ပွဲအစပိုင်းအချိန်တွေမှာ ရူဒီဂါ၊ ပူလီရှစ်ချ်တို့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့သလို အက်စတန်ဗီလာဘက်က အန္တရာယ်ကြီးတဲ့ ဂရီးလစ်ရှ်နဲ့ ဝပ်ကင်းစ်တို့ကိုတော့ အက်ဇ်ပီလီကွေတာ ဦးဆောင်တဲ့ ခံစစ်က ထိန်းချုပ်သွားနိုင်ခဲ့လို့ ဧည့်သည်တွေ အခွင့်အရေး ရရှိမှုလည်း နည်းပါးခဲ့ပါတယ်။

ချဲလ်ဆီးတို့ ဖိကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု အများစုနဲ့ ပွဲကို စိုးမိုးနေရင်း ပွဲချိန် ၃၄ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ လူကျွံထောင်ချောက်ကို ဖြတ်ကျော်သွားတဲ့ ချေးလ်ဝဲလ်ရဲ့ ခါးဖြတ်ဘော တင်ပေးတာကို ဂျီရူးက ခြေထောက်နဲ့ မကန်ဘဲ ခေါင်းတိုက်သွင်းခဲ့ရာမှာ ဗီလာ နောက်တန်းနဲ့ ဂိုးသမား အငိုက်မိခဲ့ပြီး ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဗီလာရဲ့ လုပ်အားနှုန်းကောင်းတဲ့ ကွင်းလယ်ကို ထန်းပင်တက်ကောင်းလက်မှတ်ရထားသူလို့ဆိုရမယ့် အန်ဂိုလို ကွန်တေတစ်ယောက်တည်း လုံးထွေးကစားနေရပြီး ဂျော်ဂျင်ညိုနဲ့ မောင့်တို့ကတော့ ရင်ဆိုင်မှုတွေမှာ အားနည်းခဲ့တာကို တွေ့ရသလို ပထမပိုင်းမှာ ချဲလ်ဆီးတို့ တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရနေခဲ့ပါတယ်။

ဒုတိယပိုင်းပြန်စပြီး မကြာခင်မှာတော့ ဗီလာတို့ ချေပဂိုး ပြန်ရသွားခဲ့ပြီး ပွဲချိန် မိနစ် ၅၀ မှာ နောက်ပိုင်းပွဲတွေမှာ ဂိုးသွင်းစိပ်နေတဲ့ အယ်လ်ဂါဇီက ညာတောင်ပံက မက်တီ ကတ်ရှ်ရဲ့ ဖြတ်တင်ဘောကို အဝေးတိုင်ကနေ Volley ကန်သွင်းခဲ့ရာမှာ ဂိုးသမား မန်ဒီရဲ့ ခြေထောက်ကြားက ဝင်သွားခဲ့လို့ တစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။

၆၇ မိနစ်မှာ ချဲလ်ဆီးတို့ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဂိုးမသွင်းယူခင်မှာ ဘောလုံးကို ခေါင်းတိုက်ချပေးတဲ့ ပူလီရှစ်ချ် လူကျွံနေခဲ့တာကြောင့် ပယ်ဖျက်ခံခဲ့ရပြီး တစ်မိနစ်အကြာမှာတော့ တန်ပြန်တိုက်စစ်ကနေ ဗီလာကွင်းလယ်လူ မက်ဂင်းရဲ့ အပြင်းကန်သွင်းချက်ကို မန်ဒီ ကြည့်ရုံပဲ ကြည့်နိုင်ခဲ့ရာမှာ ဘားထိထွက်ခဲ့လို့ နှစ်သင်းစလုံး သက်သာခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာ ချဲလ်ဆီးဘက်က ဗာနာနဲ့ ဟာဗတ်ဇ်တို့ကို ထည့်သွင်းခဲ့ပေမယ့် တိုက်စစ်ကတော့ ဖိကစားနိုင်တာကလွဲရင် ထူးထူးခြားခြား ကောင်းမွန်လာတာမျိုး မရှိဘဲ အခွင့်အရေးတွေကို ဖြုန်းတီးပစ်ခဲ့သလို ဗီလာဘက်က သွေးတိုးစမ်းမှုတွေကလည်း မထိရောက်ခဲ့လို့ ပွဲချိန်အပြည့်မှာ တစ်ဂိုးစီ သရေရလဒ်ပဲ ထွက်ပေါ်သွားခဲ့ပါတယ်။

ဒီနေ့ပွဲအတွက် အက်စတန်ဗီလာတို့ကတော့ အဝေးကွင်းမှာ အမှတ်ရယူပြီး လက်ရှိအမှတ်ပေးဇယားရပ်တည်မှုမှာ ချဲလ်ဆီးရဲ့အပေါ်က အဆင့် ၅ နေရာကို ရယူထားနိုင်ခဲ့သလို အဆင့် ၆ ကို ရောက်နေခဲ့ရတဲ့ နည်းပြ ဖရန့် လမ်းပတ်ကတော့ အိမ်ကွင်းမှာ တစ်မှတ်တည်းနဲ့ ဖိအားတွေ ပိုလာတဲ့ အခြေအနေကို ရောက်ရှိလာခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: GUARDIAN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာ ပြဲဆက္မ်ားလို႔ ပင္ပန္းေနတဲ့ ကစားသမားေတြကို အနားေပးခဲ့ၿပီး ခံစစ္ဗဟိုမွာ ႐ူဒီဂါနဲ႔ ခရစၥတင္ဆန္တို႔ အတြဲကို သုံးခဲ့သလို ကြန္ေတ၊ ေမဆန္ေမာင့္နဲ႔ ပူလီရွစ္ခ်္ကိုေတာ့ အနားမေပးႏိုင္ဘဲ ဆက္သုံးခဲ့ၿပီး တိုက္စစ္မွာ ဂ်ီ႐ူးနဲ႔ ဟဒ္ဆန္-အိုဒြိဳင္းတို႔ ပါဝင္ခဲ့သလို အသင္းကိုေတာ့ အက္ဇ္ပီလီေကြတာက ဦးေဆာင္ခဲ့ပါတယ္။

ပြဲအစပိုင္းအခ်ိန္ေတြမွာ ႐ူဒီဂါ၊ ပူလီရွစ္ခ်္တို႔ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့သလို အက္စတန္ဗီလာဘက္က အႏၲရာယ္ႀကီးတဲ့ ဂရီးလစ္ရွ္နဲ႔ ဝပ္ကင္းစ္တို႔ကိုေတာ့ အက္ဇ္ပီလီေကြတာ ဦးေဆာင္တဲ့ ခံစစ္က ထိန္းခ်ဳပ္သြားႏိုင္ခဲ့လို႔ ဧည့္သည္ေတြ အခြင့္အေရး ရရွိမႈလည္း နည္းပါးခဲ့ပါတယ္။

ခ်ဲလ္ဆီးတို႔ ဖိကစားခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈ အမ်ားစုနဲ႔ ပြဲကို စိုးမိုးေနရင္း ပြဲခ်ိန္ ၃၄ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန လူကြၽံေထာင္ေခ်ာက္ကို ျဖတ္ေက်ာ္သြားတဲ့ ေခ်းလ္ဝဲလ္ရဲ႕ ခါးျဖတ္ေဘာ တင္ေပးတာကို ဂ်ီ႐ူးက ေျခေထာက္နဲ႔ မကန္ဘဲ ေခါင္းတိုက္သြင္းခဲ့ရာမွာ ဗီလာ ေနာက္တန္းနဲ႔ ဂိုးသမား အငိုက္မိခဲ့ၿပီး ဦးေဆာင္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

ဗီလာရဲ႕ လုပ္အားႏႈန္းေကာင္းတဲ့ ကြင္းလယ္ကို ထန္းပင္တက္ေကာင္းလက္မွတ္ရထားသူလို႔ဆိုရမယ့္ အန္ဂိုလို ကြန္ေတတစ္ေယာက္တည္း လုံးေထြးကစားေနရၿပီး ေဂ်ာ္ဂ်င္ညိဳနဲ႔ ေမာင့္တို႔ကေတာ့ ရင္ဆိုင္မႈေတြမွာ အားနည္းခဲ့တာကို ေတြ႕ရသလို ပထမပိုင္းမွာ ခ်ဲလ္ဆီးတို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရေနခဲ့ပါတယ္။

ဒုတိယပိုင္းျပန္စၿပီး မၾကာခင္မွာေတာ့ ဗီလာတို႔ ေခ်ပဂိုး ျပန္ရသြားခဲ့ၿပီး ပြဲခ်ိန္ မိနစ္ ၅၀ မွာ ေနာက္ပိုင္းပြဲေတြမွာ ဂိုးသြင္းစိပ္ေနတဲ့ အယ္လ္ဂါဇီက ညာေတာင္ပံက မက္တီ ကတ္ရွ္ရဲ႕ ျဖတ္တင္ေဘာကို အေဝးတိုင္ကေန Volley ကန္သြင္းခဲ့ရာမွာ ဂိုးသမား မန္ဒီရဲ႕ ေျခေထာက္ၾကားက ဝင္သြားခဲ့လို႔ တစ္ဂိုးစီ သေရက်ေနခဲ့ပါတယ္။

၆၇ မိနစ္မွာ ခ်ဲလ္ဆီးတို႔ ဦးေဆာင္ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္ ဂိုးမသြင္းယူခင္မွာ ေဘာလုံးကို ေခါင္းတိုက္ခ်ေပးတဲ့ ပူလီရွစ္ခ်္ လူကြၽံေနခဲ့တာေၾကာင့္ ပယ္ဖ်က္ခံခဲ့ရၿပီး တစ္မိနစ္အၾကာမွာေတာ့ တန္ျပန္တိုက္စစ္ကေန ဗီလာကြင္းလယ္လူ မက္ဂင္းရဲ႕ အျပင္းကန္သြင္းခ်က္ကို မန္ဒီ ၾကည့္႐ုံပဲ ၾကည့္ႏိုင္ခဲ့ရာမွာ ဘားထိထြက္ခဲ့လို႔ ႏွစ္သင္းစလုံး သက္သာခဲ့ရပါတယ္။

ဒီေနာက္ပိုင္းမွာ ခ်ဲလ္ဆီးဘက္က ဗာနာနဲ႔ ဟာဗတ္ဇ္တို႔ကို ထည့္သြင္းခဲ့ေပမယ့္ တိုက္စစ္ကေတာ့ ဖိကစားႏိုင္တာကလြဲရင္ ထူးထူးျခားျခား ေကာင္းမြန္လာတာမ်ိဳး မရွိဘဲ အခြင့္အေရးေတြကို ျဖဳန္းတီးပစ္ခဲ့သလို ဗီလာဘက္က ေသြးတိုးစမ္းမႈေတြကလည္း မထိေရာက္ခဲ့လို႔ ပြဲခ်ိန္အျပည့္မွာ တစ္ဂိုးစီ သေရရလဒ္ပဲ ထြက္ေပၚသြားခဲ့ပါတယ္။

ဒီေန႔ပြဲအတြက္ အက္စတန္ဗီလာတို႔ကေတာ့ အေဝးကြင္းမွာ အမွတ္ရယူၿပီး လက္ရွိအမွတ္ေပးဇယားရပ္တည္မႈမွာ ခ်ဲလ္ဆီးရဲ႕အေပၚက အဆင့္ ၅ ေနရာကို ရယူထားႏိုင္ခဲ့သလို အဆင့္ ၆ ကို ေရာက္ေနခဲ့ရတဲ့ နည္းျပ ဖရန႔္ လမ္းပတ္ကေတာ့ အိမ္ကြင္းမွာ တစ္မွတ္တည္းနဲ႔ ဖိအားေတြ ပိုလာတဲ့ အေျခအေနကို ေရာက္ရွိလာခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: GUARDIAN
PHOTOS CREDIT TO OWNERS
SPORTS A2Z.