Premier League Transfer News

28 Dec ညပိုင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်း အားကစားဒါရိုက်တာ မိုက်ကယ် အက်ဒဝပ်အနေနဲ့ ဒီနှစ်မှာ သီယာဂို အယ်လ်ကန်တာရာ၊ ဒီယိုဂို ဂျိုတာတို့လို ကစားသမားတွေကို ခေါ်ယူခဲ့ပြီး ဇန်နဝါရီမှာလည်း ဗဟိုခံစစ်အတွက် ထပ်မံရင်းနှီးမြှုပ်နှံပြီး အသင်းရဲ့ ချန်ပီယံလမ်းကြောင်းကို မတိမ်းစောင်းဖို့ လုပ်ဆောင်နေတယ်လို့ သတင်းတွေ ဖော်ပြ။

– ပဲလေ့စ်နဲ့ပွဲမှာ ခြေစွမ်းပြခဲ့ပြီး လက်ရှိမှာ ကြွက်သားဒဏ်ရာရရှိသွားတဲ့ ကွင်းလယ်လူ နာဘီ ကီးတားဟာ ပြီးခဲ့တဲ့ ဝက်စ်ဘရွန်းနဲ့ အိမ်ကွင်းပွဲစဉ်ကို လွဲချော်ခဲ့သလို နယူးကာဆယ်လ်နဲ့ အဝေးကွင်းပွဲစဉ်ကိုလည်း လွဲချော်ဦးမယ်လို့ ယာဂန် ကလော့ပ် အတည်ပြု။

– လီဗာပူးလ်အသင်းနဲ့ စာချုပ်သစ် သက်တမ်းမတိုးရသေးဘဲ ကစားပုံလည်း ကျဆင်းနေခဲ့တဲ့ ကွင်းလယ်လူ ဂျော်ဂျီနီယို ဗိုင်နယ်လ်ဒွမ်အနေနဲ့ သူ့ရဲ့ အနာဂတ်ကို နွေရာသီအထိ အချိန်ယူအဆုံးဖြတ်သွားဖွယ်ရှိတယ်လို့ ဖာဘရီဇီယို ရိုမာနို ခန့်မှန်း။

– အိမ်ကွင်းမှာ သရေကျခဲ့ရတဲ့အပေါ် နယူးကာဆယ်လ်နဲ့ပွဲမှာ ပြန်လည်တုံ့ပြန်ပြီး ပေါက်ကွဲသွားမယ်လို့ နောက်ခံလူ အန်ဒီ ရောဘတ်ဆန်က ပြောကြားလိုက်ပြီး စတိဗ် ဘရုစ်ရဲ့ အသင်းဟာ လွယ်ကူတဲ့အသင်းမဟုတ်ပေမယ့် အနိုင်ရအောင်လုပ်ဆောင်သွားဖို့ အသင်းဖော်တွေကို တိုက်တွန်း။

– နွေရာသီမှာ အသင်းကနေ ထွက်ခွာပြီး တစ်နေ့နေ့မှာ MLS မှာ ကစားချင်တယ်လို့ ပြောလိုက်တဲ့ ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ် မက်ဆီကြောင့် သူ့နေရာမှာ တိုက်ရိုက်အစားထိုးမှုအဖြစ် လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလားကို နူးကမ့်ရောက်မယ်လို့ ခန့်မှန်းမှုတွေ ရှိလာ။

– လီဗာပူးလ်အသင်းရဲ့ နောက်ခံလူဟောင်း စတိဗ် နီကိုလ်က ဝက်စ်ဘရွန်းပွဲရဲ့ တိုက်စစ်ပုံဖော်မှုကို အပြစ်တင်လိုက်ပြီး ဆာလား၊ မာနေးနဲ့ ဖာမီနိုတို့ကို တွဲသုံးရင် ပွဲတွေကို နိုင်ဖို့ မဖြစ်နိုင်ဘူးလို့ မိမိအနေနဲ့ ထင်မြင်လာမိပြီဖြစ်ကြောင်း ပြောကြား။

– အန်းဖီးလ်ကနေ ထွက်ခွာဖို့ လီဗာပူးလ်ကစားသမားဆိုတဲ့ အချက်အလက်ကိုတောင် တွစ်တာမှာ ဖြုတ်လိုက်ပြီဖြစ်တဲ့ တိုက်စစ်မှူး ဒီဗော့ခ် အိုရီဂီကို အင်တာမီလန်တာဝန်ရှိသူတွေက သူတို့ရဲ့ ဆောင်းရာသီအပြောင်းအရွှေ့ အဝယ်စာရင်းမှာ ထိပ်ဆုံးက ထည့်သွင်းထား။

– ဝက်စ်ဘရွန်းနဲ့ပွဲမှာ ဖန်တီးမှုမရှိခဲ့ဘဲ ဘောလုံးလမ်းကြောင်းတွေလည်း မရှာဖွေနိုင်ခဲ့တဲ့ ကွင်းလယ်ပြဿနာကို ဖြေရှင်းဖို့ သီယာဂိုကို လာမယ့် နယူးကာဆယ်လ်နဲ့ပွဲမှာ ယာဂန် ကလော့ပ် ပြန်လည်ပွဲထုတ်လာဖွယ်ရှိပြီး ပေါင်ခြံကြွက်သားဒဏ်ရာရှိနေတဲ့ နောက်ခံလူ ဂျိုယယ်လ် မာတစ်ပ်ကတော့ နှစ်ပတ်ကျော်ကျော် နားရဖွယ်ရှိနေ။

– ဂျိုယယ်လ် မာတစ်ပ်ရဲ့ ထိလွယ်ရှလွယ် အခြေအနေတွေနဲ့ တခြားနောက်ခံလူတွေ ဖြစ်ကြတဲ့ ဗာဂျီးလ် ဗန်ဒိုက်နဲ့ ဂျိုးဂိုမက်ဇ်တို့ အတော်နဲ့ ပြန်မလာနိုင်သေးတဲ့ အခြေအနေတွေမှာ ဗဟိုနောက်ခံလူတစ်ယောက်ကို အမြန်ဆုံး ခေါ်ယူဖို့နဲ့ ဖာဘင်ညိုပါ နာသွားရင် ဘယ်လိုလုပ်မလဲလို့ အသင်းနောက်ခံလူဟောင်း ကာရေဂါပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္အသင္း အားကစားဒါ႐ိုက္တာ မိုက္ကယ္ အက္ဒဝပ္အေနနဲ႔ ဒီႏွစ္မွာ သီယာဂို အယ္လ္ကန္တာရာ၊ ဒီယိုဂို ဂ်ိဳတာတို႔လို ကစားသမားေတြကို ေခၚယူခဲ့ၿပီး ဇန္နဝါရီမွာလည္း ဗဟိုခံစစ္အတြက္ ထပ္မံရင္းႏွီးျမႇဳပ္ႏွံၿပီး အသင္းရဲ႕ ခ်န္ပီယံလမ္းေၾကာင္းကို မတိမ္းေစာင္းဖို႔ လုပ္ေဆာင္ေနတယ္လို႔ သတင္းေတြ ေဖာ္ျပ။

– ပဲေလ့စ္နဲ႔ပြဲမွာ ေျခစြမ္းျပခဲ့ၿပီး လက္ရွိမွာ ႂကြက္သားဒဏ္ရာရရွိသြားတဲ့ ကြင္းလယ္လူ နာဘီ ကီးတားဟာ ၿပီးခဲ့တဲ့ ဝက္စ္ဘ႐ြန္းနဲ႔ အိမ္ကြင္းပြဲစဥ္ကို လြဲေခ်ာ္ခဲ့သလို နယူးကာဆယ္လ္နဲ႔ အေဝးကြင္းပြဲစဥ္ကိုလည္း လြဲေခ်ာ္ဦးမယ္လို႔ ယာဂန္ ကေလာ့ပ္ အတည္ျပဳ။

– လီဗာပူးလ္အသင္းနဲ႔ စာခ်ဳပ္သစ္ သက္တမ္းမတိုးရေသးဘဲ ကစားပုံလည္း က်ဆင္းေနခဲ့တဲ့ ကြင္းလယ္လူ ေဂ်ာ္ဂ်ီနီယို ဗိုင္နယ္လ္ဒြမ္အေနနဲ႔ သူ႔ရဲ႕ အနာဂတ္ကို ေႏြရာသီအထိ အခ်ိန္ယူအဆုံးျဖတ္သြားဖြယ္ရွိတယ္လို႔ ဖာဘရီဇီယို ႐ိုမာႏို ခန႔္မွန္း။

– အိမ္ကြင္းမွာ သေရက်ခဲ့ရတဲ့အေပၚ နယူးကာဆယ္လ္နဲ႔ပြဲမွာ ျပန္လည္တုံ႔ျပန္ၿပီး ေပါက္ကြဲသြားမယ္လို႔ ေနာက္ခံလူ အန္ဒီ ေရာဘတ္ဆန္က ေျပာၾကားလိုက္ၿပီး စတိဗ္ ဘ႐ုစ္ရဲ႕ အသင္းဟာ လြယ္ကူတဲ့အသင္းမဟုတ္ေပမယ့္ အႏိုင္ရေအာင္လုပ္ေဆာင္သြားဖို႔ အသင္းေဖာ္ေတြကို တိုက္တြန္း။

– ေႏြရာသီမွာ အသင္းကေန ထြက္ခြာၿပီး တစ္ေန႔ေန႔မွာ MLS မွာ ကစားခ်င္တယ္လို႔ ေျပာလိုက္တဲ့ ဘာစီလိုနာတိုက္စစ္မႉး လီယြန္နယ္ မက္ဆီေၾကာင့္ သူ႔ေနရာမွာ တိုက္႐ိုက္အစားထိုးမႈအျဖစ္ လီဗာပူးတိုက္စစ္မႉး မိုဟာမက္ ဆာလားကို ႏူးကမ့္ေရာက္မယ္လို႔ ခန႔္မွန္းမႈေတြ ရွိလာ။

– လီဗာပူးလ္အသင္းရဲ႕ ေနာက္ခံလူေဟာင္း စတိဗ္ နီကိုလ္က ဝက္စ္ဘ႐ြန္းပြဲရဲ႕ တိုက္စစ္ပုံေဖာ္မႈကို အျပစ္တင္လိုက္ၿပီး ဆာလား၊ မာေနးနဲ႔ ဖာမီႏိုတို႔ကို တြဲသုံးရင္ ပြဲေတြကို ႏိုင္ဖို႔ မျဖစ္ႏိုင္ဘူးလို႔ မိမိအေနနဲ႔ ထင္ျမင္လာမိၿပီျဖစ္ေၾကာင္း ေျပာၾကား။

– အန္းဖီးလ္ကေန ထြက္ခြာဖို႔ လီဗာပူးလ္ကစားသမားဆိုတဲ့ အခ်က္အလက္ကိုေတာင္ တြစ္တာမွာ ျဖဳတ္လိုက္ၿပီျဖစ္တဲ့ တိုက္စစ္မႉး ဒီေဗာ့ခ္ အိုရီဂီကို အင္တာမီလန္တာဝန္ရွိသူေတြက သူတို႔ရဲ႕ ေဆာင္းရာသီအေျပာင္းအေ႐ႊ႕ အဝယ္စာရင္းမွာ ထိပ္ဆုံးက ထည့္သြင္းထား။

– ဝက္စ္ဘ႐ြန္းနဲ႔ပြဲမွာ ဖန္တီးမႈမရွိခဲ့ဘဲ ေဘာလုံးလမ္းေၾကာင္းေတြလည္း မရွာေဖြႏိုင္ခဲ့တဲ့ ကြင္းလယ္ျပႆနာကို ေျဖရွင္းဖို႔ သီယာဂိုကို လာမယ့္ နယူးကာဆယ္လ္နဲ႔ပြဲမွာ ယာဂန္ ကေလာ့ပ္ ျပန္လည္ပြဲထုတ္လာဖြယ္ရွိၿပီး ေပါင္ၿခံႂကြက္သားဒဏ္ရာရွိေနတဲ့ ေနာက္ခံလူ ဂ်ိဳယယ္လ္ မာတစ္ပ္ကေတာ့ ႏွစ္ပတ္ေက်ာ္ေက်ာ္ နားရဖြယ္ရွိေန။

– ဂ်ိဳယယ္လ္ မာတစ္ပ္ရဲ႕ ထိလြယ္ရွလြယ္ အေျခအေနေတြနဲ႔ တျခားေနာက္ခံလူေတြ ျဖစ္ၾကတဲ့ ဗာဂ်ီးလ္ ဗန္ဒိုက္နဲ႔ ဂ်ိဳးဂိုမက္ဇ္တို႔ အေတာ္နဲ႔ ျပန္မလာႏိုင္ေသးတဲ့ အေျခအေနေတြမွာ ဗဟိုေနာက္ခံလူတစ္ေယာက္ကို အျမန္ဆုံး ေခၚယူဖို႔နဲ႔ ဖာဘင္ညိဳပါ နာသြားရင္ ဘယ္လိုလုပ္မလဲလို႔ အသင္းေနာက္ခံလူေဟာင္း ကာေရဂါေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.