Premier League

ဆိုးလ်ရှားနဲ့နှိုင်းယှဉ်ပြီး လမ်းပတ်ကို ပေါက်ကွဲနေတဲ့ ယူနိုက်တက်ပရိသတ်များ


မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး ချဲလ်ဆီးနည်းပြလမ်းပတ်ရဲ့ ၎င်းရဲ့ကစားသမားတွေခြေစွမ်းပတ်သက်ပြီး အကဲဖြတ်မှုတွေ ပြုလုပ်ခဲ့တဲ့ လမ်းပတ်ကို ပြစ်တင်ဝေဖန်ခဲ့ကြပြီး ဆိုးလ်ရှားဟာ ဘယ်တော့မှ ကစားသမားတွေကို မီဒီယာကနေ ပြစ်တင်တာမျိုးမပြုလုပ်ဘူးလို့ ပြောကြားခဲ့ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်စတာစီးတီးအသင်းနဲ့ သရေကျခဲ့တဲ့ပွဲစဉ်မှာ ဦးဆောင်ဂိုး ၂ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့်လည်း ဟန်ဗေးဘန်းစ်နဲ့ ဂျေမီဗာဒီတို့ရဲ့ ချေပဂိုးတွေကို ပြန်လည်ခွင့်ပြုပေးခဲ့ရပြီး တစ်ဖက် ၂ ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်နည်းပြဆိုးလ်ရှားက လက်စတာစီးတီးရဲ့သွင်းဂိုးတွေနဲ့ပတ်သက်ပြီး အသင်းရဲ့ခံစစ်ပိုင်းကို စိတ်ပျက်မိတယ်လို့ ဝန်ခံပြောကြားခဲ့ပြီး ၎င်းရဲ့ကစားသမားတွေအနေနဲ့ နေရာလွတ်တွေ မရှိအောင် ပိုပြီး ပိတ်ဆို့ထားသင့်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဆိုးလ်ရှားက ၎င်းရဲ့ ဆရာဟောင်းဖြစ်တဲ့ ယူနိုက်တက်ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်နည်းတူ ကစားသမားတွေကို ရှားရှားပါးပါး လူသိရှင်ကြား ပြစ်တင်ဝေဖန်ဖို့ ရွေးချယ်ခဲ့ပြီး ၎င်းရဲ့ခံစားချက်ကို အဝတ်လဲခန်းထဲမှာသာ အားလုံးသိအောင် ပြောကြားတတ်သူဖြစ်ပါတယ်။ တစ်ဖက်မှာတော့ လမ်းပတ်ဟာ အာဆင်နယ်နဲ့ပွဲအပြီးအင်တာဗျူးမှာ ၎င်းအသင်းရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး အကဲဖြတ်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။


“ကျွန်တော် အပြင်ဘက်ကိစ္စတွေကို တာဝန်ယူမှာဖြစ်ပေမယ့် ကစားသမားတွေလည်း တာဝန်ယူရမှာပါ။ ဘာလို့လဲဆိုတော့ သတင်းစကားက ရှင်းလင်းနေလို့ပါ။ ဘောလုံးမှာက အဲဒါက အခြေခံတွေပဲ။ အဲဒါက နည်းဗျူဟာတွေ ဒါမှမဟုတ် စနစ်တွေ မဟုတ်ပါဘူး။ အဲဒါက ခင်ဗျားကို ပြေးလွှားချင်အောင်လုပ်တယ်။ ခင်ဗျား အသင်းဖော်တွေကို ထောက်ပံ့ပေးချင်လား။ ခင်ဗျား အမြန်ပြေးချင်လား ဒါမှမဟုတ် ရွရွလေးပြေးမလား ဒါမှမဟုတ် မပြေးချင်ဘူးလား။ ကျွန်တော်တို့က မှန်ကန်တဲ့တစ်ခုဆိုတာမျိုးထက် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်ပရိသတ်တွေက ဆိုးလ်ရှားရဲ့ကစားသမားတွေကို မီဒီယာတွေရှေ့မှာ ကာကွယ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်တဲ့အရာတစ်ခုလို့ ယုံကြည်နေတာဖြစ်ပါတယ်။ ယူနိုက်တက်ပရိသတ်တစ်ဦးက “ခင်ဗျား ဆိုးလ်ရှားကို နည်းပြတစ်ယောက်အနေနဲ့ သူ့အကြောင်း ကြိုက်တာပြောချင်တာပြောနိုင်တယ်။ဒါပေမယ့် သူက ဘယ်တော့မှာ ကစားသမားတွေကို အပြစ်မတင်ဘူး။ သူပဲ အမြဲအပြစ်တင်ခံခဲ့တယ်။ သူ့အပေါ်မှာပဲ လေးလံတဲ့ဖိအားကို အတင်ခံခဲ့ပြီး လုပ်ဖို့မလွယ်တဲ့အချိန်တွေမှာတောင် သူ့ကစားသမားတွေကို အမြဲကာကွယ်ပေးခဲ့တယ်။ ခင်ဗျား အဆင့်အတန်းဆိုတာကို ဝယ်ယူလို့မရနိုင်ဘူး”လို့ တွစ်တာလူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

REF: MANCHESTER EVENING NEWS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


မန္ခ်က္စတာယူနိုက္တက္ပရိသတ္ေတြဟာ အာဆင္နယ္အသင္းကို ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အၿပီး ခ်ဲလ္ဆီးနည္းျပလမ္းပတ္ရဲ့ ၎ရဲ့ကစားသမားေတြေျခစြမ္းပတ္သက္ၿပီး အကဲျဖတ္မႈေတြ ျပဳလုပ္ခဲ့တဲ့ လမ္းပတ္ကို ျပစ္တင္ေဝဖန္ခဲ့ၾကၿပီး ဆိုးလ္ရွားဟာ ဘယ္ေတာ့မွ ကစားသမားေတြကို မီဒီယာကေန ျပစ္တင္တာမ်ိဳးမျပဳလုပ္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။


မန္ခ်က္စတာယူနိုက္တက္အသင္းဟာ လက္စတာစီးတီးအသင္းနဲ႔ သေရက်ခဲ့တဲ့ပြဲစဥ္မွာ ဦးေဆာင္ဂိုး ၂ ဂိုးသြင္းယူနိုင္ခဲ့ေပမယ့္လည္း ဟန္ေဗးဘန္းစ္နဲ႔ ေဂ်မီဗာဒီတို႔ရဲ့ ေခ်ပဂိုးေတြကို ျပန္လည္ခြင့္ျပဳေပးခဲ့ရၿပီး တစ္ဖက္ ၂ ဂိုးစီ သေရရလဒ္နဲ႔ ပြဲၿပီးဆုံးသြားခဲ့တာျဖစ္ပါတယ္။ ယူနိုက္တက္နည္းျပဆိုးလ္ရွားက လက္စတာစီးတီးရဲ့သြင္းဂိုးေတြနဲ႔ပတ္သက္ၿပီး အသင္းရဲ့ခံစစ္ပိုင္းကို စိတ္ပ်က္မိတယ္လို႔ ဝန္ခံေျပာၾကားခဲ့ၿပီး ၎ရဲ့ကစားသမားေတြအေနနဲ႔ ေနရာလြတ္ေတြ မရွိေအာင္ ပိုၿပီး ပိတ္ဆို႔ထားသင့္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဆိုးလ္ရွားက ၎ရဲ့ ဆရာေဟာင္းျဖစ္တဲ့ ယူနိုက္တက္ဂႏၲဝင္နည္းျပႀကီး ဆာအဲလက္စ္ဖာဂူဆန္နည္းတူ ကစားသမားေတြကို ရွားရွားပါးပါး လူသိရွင္ၾကား ျပစ္တင္ေဝဖန္ဖို႔ ေရြးခ်ယ္ခဲ့ၿပီး ၎ရဲ့ခံစားခ်က္ကို အဝတ္လဲခန္းထဲမွာသာ အားလုံးသိေအာင္ ေျပာၾကားတတ္သူျဖစ္ပါတယ္။ တစ္ဖက္မွာေတာ့ လမ္းပတ္ဟာ အာဆင္နယ္နဲ႔ပြဲအၿပီးအင္တာဗ်ဴးမွာ ၎အသင္းရဲ့စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီး အကဲျဖတ္မႈေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။


“ကၽြန္ေတာ္ အျပင္ဘက္ကိစၥေတြကို တာဝန္ယူမွာျဖစ္ေပမယ့္ ကစားသမားေတြလည္း တာဝန္ယူရမွာပါ။ ဘာလို႔လဲဆိုေတာ့ သတင္းစကားက ရွင္းလင္းေနလို႔ပါ။ ေဘာလုံးမွာက အဲဒါက အေျခခံေတြပဲ။ အဲဒါက နည္းဗ်ဴဟာေတြ ဒါမွမဟုတ္ စနစ္ေတြ မဟုတ္ပါဘူး။ အဲဒါက ခင္ဗ်ားကို ေျပးလႊားခ်င္ေအာင္လုပ္တယ္။ ခင္ဗ်ား အသင္းေဖာ္ေတြကို ေထာက္ပံ့ေပးခ်င္လား။ ခင္ဗ်ား အျမန္ေျပးခ်င္လား ဒါမွမဟုတ္ ရြရြေလးေျပးမလား ဒါမွမဟုတ္ မေျပးခ်င္ဘူးလား။ ကၽြန္ေတာ္တို႔က မွန္ကန္တဲ့တစ္ခုဆိုတာမ်ိဳးထက္ ဆုံးျဖတ္ခ်က္ကို ခ်မွတ္ခဲ့တယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။


မန္ခ်က္စတာယူနိုက္တက္ပရိသတ္ေတြက ဆိုးလ္ရွားရဲ့ကစားသမားေတြကို မီဒီယာေတြေရွ႕မွာ ကာကြယ္ဖို႔ ဆုံးျဖတ္ခဲ့တဲ့ ဆုံးျဖတ္ခ်က္ဟာ မွန္ကန္တဲ့အရာတစ္ခုလို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။ ယူနိုက္တက္ပရိသတ္တစ္ဦးက “ခင္ဗ်ား ဆိုးလ္ရွားကို နည္းျပတစ္ေယာက္အေနနဲ႔ သူ႔အေၾကာင္း ႀကိဳက္တာေျပာခ်င္တာေျပာနိုင္တယ္။ဒါေပမယ့္ သူက ဘယ္ေတာ့မွာ ကစားသမားေတြကို အျပစ္မတင္ဘူး။ သူပဲ အျမဲအျပစ္တင္ခံခဲ့တယ္။ သူ႔အေပၚမွာပဲ ေလးလံတဲ့ဖိအားကို အတင္ခံခဲ့ၿပီး လုပ္ဖို႔မလြယ္တဲ့အခ်ိန္ေတြမွာေတာင္ သူ႔ကစားသမားေတြကို အျမဲကာကြယ္ေပးခဲ့တယ္။ ခင္ဗ်ား အဆင့္အတန္းဆိုတာကို ဝယ္ယူလို႔မရနိုင္ဘူး”လို႔ တြစ္တာလူမႈကြန္ရက္မွာ ေရးသားခဲ့ပါတယ္။

REF: MANCHESTER EVENING NEWS
PHOTOS CREDIT TO OWNERS
SPORTS A2Z.