Premier League

အာစင်ဝင်းဂါးရဲ့တလွဲအကြံပေးမှုကို ယုံခဲ့လို့ တိုင်ပတ်ခဲ့တဲ့အကြောင်း ဒေါသတကြီး ဖွင့်ဟခဲ့တဲ့ မာတီနက်ဇ်

အာဆင်နယ်ဂိုးသမားဟောင်း အီမီလီယာနိုမာတီနက်ဇ်က နည်းပြဟောင်း အာစင်ဝင်းဂါးရဲ့စကားကို နားထောင်မိတာ အမှားလုပ်ခဲ့မိတာလို့ ယုံကြည်နေပြီး ဒီနေ့လိုအခြေအနေဖြစ်နေရတာ အရူးမိုက်ဆုံးအကြံဉာဏ်ကို လက်ခံမိတာကြောင့်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။


မာတီနက်ဇ်ဟာ အာဆင်နယ်အသင်းမှာ ၁၀ နှစ်ကြာ အချိန်ကုန်ဆုံးခဲ့သူဖြစ်ပြီး ၎င်းရဲ့အရှေ့မှာ ဆိုးရွားတဲ့ဂိုးသမားအချို့ရှိခဲ့ပေမယ့်လည်း ပထမအသင်းမှာ နေရာမရခဲ့တာဖြစ်ပါတယ်။ အဲဒီလိုဖြစ်အောင်လုပ်ခဲ့တဲ့ကိစ္စအတွက် ဂယ်ရီပေတန်ရဲ့ညွှန်ကြားမှုအတိုင်း လုပ်ရတဲ့ ဂိုးဌာနအနေနဲ့ အဖြေပေးစရာအများကြီးရှိမှာဖြစ်ပေမယ့် အာဂျင်တီးနားဂိုးသမားကလည်း သက်သေပြသဖို့အတွက် ဆယ်စုနှစ်တစ်ခုအထိ အချိန်ရသေးပေမယ့် မပြသခဲ့တာဖြစ်ပါတယ်။


မာတီနက်ဇ်က ၎င်းကို အာစင်ဝင်းဂါးက ဘယ်လောက်အထိကောင်းတဲ့ဂိုးသမားလဲဆိုတဲ့အကြောင်းနဲ့ အာဆင်နယ်ရဲ့ နံပါတ်တစ် ဂိုးသမားဖြစ်လာနိုင်တယ်ဆိုတဲ့စကားကို နားယောင်ခဲ့တာက ကြီးမားတဲ့အမှားတစ်ခုလို့ ထင်မြင်နေတာဖြစ်ပါတယ်။ ယင်းအချက်က လူငယ်ကစားသမားတွေအားလုံးကို နည်းပြပြောတိုင်း နားမထောင်ဖို့အတွက် အကြောင်းပြချက်လည်း ဖြစ်ကောင်းဖြစ်လာနိုင်တဲ့ပုံ ပေါ်ပါတယ်။


“ကျွန်တော် ဝင်းဂါးရဲ့စကားကို အချိန်အကြာကြီး နားထောင်ခဲ့တယ်။ ကျွန်တော့်အသက် ၂၀ လောက်ကတည်းက သူ ပြောခဲ့တဲ့စကားက ကျွန်တော်က စူပါစတားဖြစ်လာမယ်ဆိုတာချည်းပဲ။ ကျွန်တော်က အာဆင်နယ်အတွက် နံပါတ် ၁ ဂိုးသမားဖြစ်လာလိမ့်မယ်လို့ သူ အမြဲတမ်း ကျွန်တော့်ကို ပြောခဲ့ပါတယ်”

“ကျွန်တော် အမြဲတမ်းနားထောင်ခဲ့တယ်။ ဘာလို့လဲဆိုတော့ သူက ကမ္ဘာပေါ်က အကောင်းဆုံးနည်းပြတွေထဲကတစ်ဦးမို့လို့ပါ။ ဒါပေမယ့် အခု ကျွန်တော် အသက်ကြီးလာတော့ အဲဒါက အမှားဆိုတာ သိသွားပါပြီ”

“လူငယ်ကစားသမားတွေအနေနဲ့ နည်းပြရဲ့စကားကို ဘယ်တော့မှ နားမထောင်သင့်ပါဘူး။ ကိုယ် ဖြစ်ချင်တဲ့အတိုင်းသာ လုပ်သင့်ပါတယ်”


“ကျွန်တော် အာဆင်နယ်ကို စွန့်ခွာခဲ့တာနဲ့ပတ်သက်ပြီး ဘယ်သူမှ နားမလည်ခဲ့ကြဘူး။ ကျွန်တော့်မိန်းမတောင် နားမလည်ပါဘူး။ နည်းပြနဲ့ နီးစပ်တဲ့တစ်စုံတယောက်က ကျွန်တော့်ကို ဒီရာသီပထမဆုံးပွဲဖြစ်တဲ့ ဖူလ်ဟမ်နဲ့ပွဲမှာ ပွဲထွက်ကစားခွင့်ရဖို့ ၇၅ ရာခိုင်နှုန်းအခွင့်အရေးရှိတယ်လို့ ပြောခဲ့ပါတယ်”


“ဒါပေမယ့် ဆုဖလား ၂ လုံးကို အနိုင်ရရှိပြီးနောက် ၁၆ ပွဲမှာ ၁၃ ပွဲ ပဲ ကစားရတော့ ကျွန်တော် တွေးခဲ့မိတယ်။ ‘ဘာကြောင့် ၁၀၀ ရာခိုင်နှုန်းအပြည့်မဖြစ်ရတာလဲ’ပေါ့။ အဲဒါက မဟုတ်သေးဘူးလို့ ခံစားရတယ်။ အဲဒီတော့ ကျွန်တော် အာတီတာကို မေးခဲ့တယ်။ ‘ကျွန်တော် ကစားရမှာလား၊ မကစားရဘူးလား။ ပွင့်ပွင့်လင်းလင်းသာ ပြောပါ’လို့ မေးလိုက်တော့ သူ အဖြေမပေးနိုင်ခဲ့ပါဘူး”


“ကျွန်တော် အဲဒီကိစ္စနဲ့ပတ်သက်ပြီး နေလို့မရဘူးဖြစ်နေခဲ့တယ်။ မနက်ခင်း အိပ်ရာနိုးတာနဲ့ ဧည့်ခန်းထဲမှာရှိသမျှ လူအားလုံးကို ဖုန်းဆက်ပြီး ‘ငါတို့တွေ အက်စ်တွန်ဗီလာ’ကို သွားကြမယ်’လို့ ပြောခဲ့တယ်”

“အာတီတာက ကျွန်တော့်ကို ဆုဖလား ၂ လုံးရအောင် ကူညီပေးခဲ့ပြီး သူက နှစ်ပေါင်းများစွာ အာဆင်နယ်နည်းပြဖြစ်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။


အီမီလီယာနိုမာတီနက်ဇ်ဟာ ယခုရာသီ အက်စ်တွန်ဗီလာအတွက် ပွဲစဉ် ၁၅ ကစားချိန်မှာ ပေးဂိုးမရှိပွဲစဉ် ၈ ပွဲအထိ စွမ်းဆောင်ထားပြီး ပရီးမီးယားလိဂ်က ဂိုးသမားတွေအားလုံးထက် ပေးဂိုးမရှိပွဲစဉ် ပိုမိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

REF: DAILY CANON
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
အာဆင္နယ္ဂိုးသမားေဟာင္း အီမီလီယာႏိုမာတီနက္ဇ္က နည္းျပေဟာင္း အာစင္ဝင္းဂါးရဲ႕စကားကို နားေထာင္မိတာ အမွားလုပ္ခဲ့မိတာလို႔ ယုံၾကည္ေနၿပီး ဒီေန႔လိုအေျခအေနျဖစ္ေနရတာ အ႐ူးမိုက္ဆုံးအႀကံဉာဏ္ကို လက္ခံမိတာေၾကာင့္ျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။


မာတီနက္ဇ္ဟာ အာဆင္နယ္အသင္းမွာ ၁၀ ႏွစ္ၾကာ အခ်ိန္ကုန္ဆုံးခဲ့သူျဖစ္ၿပီး ၎ရဲ႕အေရွ႕မွာ ဆိုး႐ြားတဲ့ဂိုးသမားအခ်ိဳ႕ရွိခဲ့ေပမယ့္လည္း ပထမအသင္းမွာ ေနရာမရခဲ့တာျဖစ္ပါတယ္။ အဲဒီလိုျဖစ္ေအာင္လုပ္ခဲ့တဲ့ကိစၥအတြက္ ဂယ္ရီေပတန္ရဲ႕ၫႊန္ၾကားမႈအတိုင္း လုပ္ရတဲ့ ဂိုးဌာနအေနနဲ႔ အေျဖေပးစရာအမ်ားႀကီးရွိမွာျဖစ္ေပမယ့္ အာဂ်င္တီးနားဂိုးသမားကလည္း သက္ေသျပသဖို႔အတြက္ ဆယ္စုႏွစ္တစ္ခုအထိ အခ်ိန္ရေသးေပမယ့္ မျပသခဲ့တာျဖစ္ပါတယ္။


မာတီနက္ဇ္က ၎ကို အာစင္ဝင္းဂါးက ဘယ္ေလာက္အထိေကာင္းတဲ့ဂိုးသမားလဲဆိုတဲ့အေၾကာင္းနဲ႔ အာဆင္နယ္ရဲ႕ နံပါတ္တစ္ ဂိုးသမားျဖစ္လာႏိုင္တယ္ဆိုတဲ့စကားကို နားေယာင္ခဲ့တာက ႀကီးမားတဲ့အမွားတစ္ခုလို႔ ထင္ျမင္ေနတာျဖစ္ပါတယ္။ ယင္းအခ်က္က လူငယ္ကစားသမားေတြအားလုံးကို နည္းျပေျပာတိုင္း နားမေထာင္ဖို႔အတြက္ အေၾကာင္းျပခ်က္လည္း ျဖစ္ေကာင္းျဖစ္လာႏိုင္တဲ့ပုံ ေပၚပါတယ္။


“ကြၽန္ေတာ္ ဝင္းဂါးရဲ႕စကားကို အခ်ိန္အၾကာႀကီး နားေထာင္ခဲ့တယ္။ ကြၽန္ေတာ့္အသက္ ၂၀ ေလာက္ကတည္းက သူ ေျပာခဲ့တဲ့စကားက ကြၽန္ေတာ္က စူပါစတားျဖစ္လာမယ္ဆိုတာခ်ည္းပဲ။ ကြၽန္ေတာ္က အာဆင္နယ္အတြက္ နံပါတ္ ၁ ဂိုးသမားျဖစ္လာလိမ့္မယ္လို႔ သူ အၿမဲတမ္း ကြၽန္ေတာ့္ကို ေျပာခဲ့ပါတယ္”

“ကြၽန္ေတာ္ အၿမဲတမ္းနားေထာင္ခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ သူက ကမာၻေပၚက အေကာင္းဆုံးနည္းျပေတြထဲကတစ္ဦးမို႔လို႔ပါ။ ဒါေပမယ့္ အခု ကြၽန္ေတာ္ အသက္ႀကီးလာေတာ့ အဲဒါက အမွားဆိုတာ သိသြားပါၿပီ”

“လူငယ္ကစားသမားေတြအေနနဲ႔ နည္းျပရဲ႕စကားကို ဘယ္ေတာ့မွ နားမေထာင္သင့္ပါဘူး။ ကိုယ္ ျဖစ္ခ်င္တဲ့အတိုင္းသာ လုပ္သင့္ပါတယ္”


“ကြၽန္ေတာ္ အာဆင္နယ္ကို စြန႔္ခြာခဲ့တာနဲ႔ပတ္သက္ၿပီး ဘယ္သူမွ နားမလည္ခဲ့ၾကဘူး။ ကြၽန္ေတာ့္မိန္းမေတာင္ နားမလည္ပါဘူး။ နည္းျပနဲ႔ နီးစပ္တဲ့တစ္စုံတေယာက္က ကြၽန္ေတာ့္ကို ဒီရာသီပထမဆုံးပြဲျဖစ္တဲ့ ဖူလ္ဟမ္နဲ႔ပြဲမွာ ပြဲထြက္ကစားခြင့္ရဖို႔ ၇၅ ရာခိုင္ႏႈန္းအခြင့္အေရးရွိတယ္လို႔ ေျပာခဲ့ပါတယ္”


“ဒါေပမယ့္ ဆုဖလား ၂ လုံးကို အႏိုင္ရရွိၿပီးေနာက္ ၁၆ ပြဲမွာ ၁၃ ပြဲ ပဲ ကစားရေတာ့ ကြၽန္ေတာ္ ေတြးခဲ့မိတယ္။ ‘ဘာေၾကာင့္ ၁၀၀ ရာခိုင္ႏႈန္းအျပည့္မျဖစ္ရတာလဲ’ေပါ့။ အဲဒါက မဟုတ္ေသးဘူးလို႔ ခံစားရတယ္။ အဲဒီေတာ့ ကြၽန္ေတာ္ အာတီတာကို ေမးခဲ့တယ္။ ‘ကြၽန္ေတာ္ ကစားရမွာလား၊ မကစားရဘူးလား။ ပြင့္ပြင့္လင္းလင္းသာ ေျပာပါ’လို႔ ေမးလိုက္ေတာ့ သူ အေျဖမေပးႏိုင္ခဲ့ပါဘူး”


“ကြၽန္ေတာ္ အဲဒီကိစၥနဲ႔ပတ္သက္ၿပီး ေနလို႔မရဘူးျဖစ္ေနခဲ့တယ္။ မနက္ခင္း အိပ္ရာႏိုးတာနဲ႔ ဧည့္ခန္းထဲမွာရွိသမွ် လူအားလုံးကို ဖုန္းဆက္ၿပီး ‘ငါတို႔ေတြ အက္စ္တြန္ဗီလာ’ကို သြားၾကမယ္’လို႔ ေျပာခဲ့တယ္”

“အာတီတာက ကြၽန္ေတာ့္ကို ဆုဖလား ၂ လုံးရေအာင္ ကူညီေပးခဲ့ၿပီး သူက ႏွစ္ေပါင္းမ်ားစြာ အာဆင္နယ္နည္းျပျဖစ္လိမ့္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။


အီမီလီယာႏိုမာတီနက္ဇ္ဟာ ယခုရာသီ အက္စ္တြန္ဗီလာအတြက္ ပြဲစဥ္ ၁၅ ကစားခ်ိန္မွာ ေပးဂိုးမရွိပြဲစဥ္ ၈ ပြဲအထိ စြမ္းေဆာင္ထားၿပီး ပရီးမီးယားလိဂ္က ဂိုးသမားေတြအားလုံးထက္ ေပးဂိုးမရွိပြဲစဥ္ ပိုမိုပိုင္ဆိုင္ထားတာျဖစ္ပါတယ္။

REF: DAILY CANON
PHOTOS CREDIT TO OWNERS
SPORTS A2Z.