Premier League

ဆုရရှိဖို့ ထိုက်တန်တဲ့ လီဝန်ဒေါစကီးဆီ ဆုလွှဲပြောင်းပေးခဲ့တဲ့ ရော်နယ်ဒို


ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူး ရော်နယ်ဒိုဟာ တနင်္ဂနွေနေ့ညနေက ဒူဘိုင်းမှာ ရရှိခဲ့တဲ့ Globe Soccer ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးအတွက် မယုံနိုင်ဖွယ် လွှဲပြောင်းပေးအပ်ခဲ့ပြီး လေးစားဖွယ်အပြုအမူကို ပြုမူပြခဲ့ပါတယ်။


ရော်နယ်ဒိုဟာ ၂၀၂၀ ခုနှစ်အတွက် ပရိသတ်တွေ မဲပေးရွေးချယ်ချယ်တဲ့ ထိပ်တန်းစွမ်းဆောင်ရှင်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပြီးနောက် တနင်္ဂနွေနေ့့ညနေက ဒူဘိုင်းမှာ ဆုလက်ခံရယူခဲ့တာဖြစ်ပြီး အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးနဲ့ ၎င်းရဲ့အေးဂျင့်ဂျော့ဂျ်မန်းဒက်စ်တို့ဟာ ဆုကို လက်မခံဖို့အတွက် ရွေးချယ်ခဲ့တယ်လို့ Tuttosport ရဲ့သတင်းအရ သိရပါတယ်။ ဆုကိုလက်မခံရတဲ့ အကြောင်းအရင်းကတော့ ရော်နယ်ဒိုဟာ ၎င်းရဲ့ထင်ပေါ်ကျော်ကြားမှုကြောင့်သာ ဆုရခဲ့တာလို့ ခံစားခဲ့ရပြီး အမှန်တကယ်ဆုရရှိဖို့ ထိုက်တန်တဲ့သူဟာ လီဝန်ဒေါစကီးဖြစ်တယ်လို့ လက်ခံယုံကြည်ထားတာဖြစ်ပါတယ်။


လီဝန်ဒေါစကီးဟာ ၂၀၂၀ ခုနှစ်အတွင်း စုစုပေါင်းသွင်းဂိုး ၅၅ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး တစ်ရာသီအတွင်း အဓိကဆုဖလား ၃ လုံးပြိုင်တူရရှိခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းကို ပြီးခဲ့တဲ့နွေရာသီမှာ ချန်ပီယံလိဂ်ဖလားရရှိအောင် ကူညီပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ၎င်းရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုတော့ လက်မခံခဲ့ပေမယ့် လီယွန်နယ်မက်ဆီနဲ့ မိုဟာမက်ဆာလားတို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့တဲ့ ၂၁ ရာစုရဲ့ အကောင်းဆုံးကစားသမားဆုကိုတော့ လက်ခံခဲ့တာဖြစ်ပါတယ်။


ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ကမ္ဘာပေါ်က အကြီးမားဆုံးကလပ်အသင်းတွေထဲက အချို့ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်၊ ရီးရဲမက်ဒရစ်နဲ့ လက်ရှိ ဂျူဗင်တပ်အသင်းတို့အတွက် ကစားပေးရင်း ၎င်းရဲ့နာမည်ကို တကမ္ဘာလုံးသိအောင် ရေးထိုးနိုင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိလည်း စံချိန်တွေတစ်ခုပြီးတစ်ခု ဆက်လက်ချိုးဖျက်ပြနေဆဲဖြစ်ပါတယ်။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


ေပၚတူဂီလက္ေရြးစင္တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ တနဂၤေႏြေန႔ညေနက ဒူဘိုင္းမွာ ရရွိခဲ့တဲ့ Globe Soccer ရဲ့ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉး လီဝန္ေဒါစကီးအတြက္ မယုံနိုင္ဖြယ္ လႊဲေျပာင္းေပးအပ္ခဲ့ၿပီး ေလးစားဖြယ္အျပဳအမူကို ျပဳမူျပခဲ့ပါတယ္။


ေရာ္နယ္ဒိုဟာ ၂၀၂၀ ခုႏွစ္အတြက္ ပရိသတ္ေတြ မဲေပးေရြးခ်ယ္ခ်ယ္တဲ့ ထိပ္တန္းစြမ္းေဆာင္ရွင္အျဖစ္ သတ္မွတ္ျခင္းခံခဲ့ရၿပီးေနာက္ တနဂၤေႏြေန႔့ညေနက ဒူဘိုင္းမွာ ဆုလက္ခံရယူခဲ့တာျဖစ္ၿပီး အသက္ ၃၅ ႏွစ္အရြယ္ တိုက္စစ္မႉးနဲ႔ ၎ရဲ့ေအးဂ်င့္ေဂ်ာ့ဂ်္မန္းဒက္စ္တို႔ဟာ ဆုကို လက္မခံဖို႔အတြက္ ေရြးခ်ယ္ခဲ့တယ္လို႔ Tuttosport ရဲ့သတင္းအရ သိရပါတယ္။ ဆုကိုလက္မခံရတဲ့ အေၾကာင္းအရင္းကေတာ့ ေရာ္နယ္ဒိုဟာ ၎ရဲ့ထင္ေပၚေက်ာ္ၾကားမႈေၾကာင့္သာ ဆုရခဲ့တာလို႔ ခံစားခဲ့ရၿပီး အမွန္တကယ္ဆုရရွိဖို႔ ထိုက္တန္တဲ့သူဟာ လီဝန္ေဒါစကီးျဖစ္တယ္လို႔ လက္ခံယုံၾကည္ထားတာျဖစ္ပါတယ္။


လီဝန္ေဒါစကီးဟာ ၂၀၂၀ ခုႏွစ္အတြင္း စုစုေပါင္းသြင္းဂိုး ၅၅ ဂိုးအထိ သြင္းယူနိုင္ခဲ့ၿပီး တစ္ရာသီအတြင္း အဓိကဆုဖလား ၃ လုံးၿပိဳင္တူရရွိခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္အသင္းကို ၿပီးခဲ့တဲ့ေႏြရာသီမွာ ခ်န္ပီယံလိဂ္ဖလားရရွိေအာင္ ကူညီေပးနိုင္ခဲ့သူျဖစ္ပါတယ္။ ေရာ္နယ္ဒိုဟာ ၎ရဲ့ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုေတာ့ လက္မခံခဲ့ေပမယ့္ လီယြန္နယ္မက္ဆီနဲ႔ မိုဟာမက္ဆာလားတို႔ကို ေက်ာ္ျဖတ္ၿပီး ရရွိခဲ့တဲ့ ၂၁ ရာစုရဲ့ အေကာင္းဆုံးကစားသမားဆုကိုေတာ့ လက္ခံခဲ့တာျဖစ္ပါတယ္။


ေပၚတူဂီလက္ေရြးစင္တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ ကမၻာေပၚက အႀကီးမားဆုံးကလပ္အသင္းေတြထဲက အခ်ိဳ႕ျဖစ္တဲ့ မန္ခ်က္စတာယူနိုက္တက္၊ ရီးရဲမက္ဒရစ္နဲ႔ လက္ရွိ ဂ်ဴဗင္တပ္အသင္းတို႔အတြက္ ကစားေပးရင္း ၎ရဲ့နာမည္ကို တကမၻာလုံးသိေအာင္ ေရးထိုးနိုင္ခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္အထိလည္း စံခ်ိန္ေတြတစ္ခုၿပီးတစ္ခု ဆက္လက္ခ်ိဳးဖ်က္ျပေနဆဲျဖစ္ပါတယ္။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.