Premier League Transfer News

28 Dec နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ


-မေဆန်မောင့်ဟာ အာဆင်နယ်နဲ့ပွဲစဉ်က နည်းပြလမ်းပတ်ရဲ့ ပထမပိုင်းအပြီး အသင်းလိုက်ပြောစကားကို မျှဝေခဲ့ပြီး အသင်းရဲ့အဆိုးရွားဆုံးပထမပိုင်းစွမ်းဆောင်ရည်တွေထဲက တစ်ခုဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ကြောင်း သိရ။


-ဖရန့်ခ်လီဘောက်က စနေနေ့က အာဆင်နယ်နဲ့ပွဲမှာ အရေးကြီးတဲ့ပင်နယ်တီလွဲချော်ခဲ့တဲ့ ဂျော်ဂျင်ဟိုအနေနဲ့ ပင်နယ်တီကန်သွင်းတဲ့ပုံစံကို ပြောင်းလဲသင့်တယ်လို့ ပြောကြားခဲ့ပြီး ဘောလုံးမကန်မီ ခုန်တဲ့အကျင့်ကို ရပ်တန်းက ရပ်သင့်တယ်လို့ အကြံပေးခဲ့။


-ချဲလ်ဆီနည်းပြလမ်းပတ်က အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ ဘောက်ဆင်ဒေးပွဲစဉ်ကို တုံ့ပြန်တဲ့အနေနဲ့ အက်စ်တွန်ဗီလာနဲ့ ယနေ့ညကစားမယ့် ပွဲစဉ်မှာ အပြောင်းအလဲတွေ ပြုလုပ်သွားမယ်လို့ ကစားသမားတွေကို သတိပေးခဲ့။


-အက်သလက်တီကိုမက်ဒရစ်က စာချုပ်သက်တမ်းတိုးဖို့ ငြင်းပယ်ခဲ့တာကြောင့် ဒီယေဂိုကော်စတာဟာ ဇန်နဝါရီလမှာ အသင်းကနေ ထွက်ခွာခွင့်တောင်းဆိုထားပြီး လာမယ့်နှစ်မှာ ချဲလ်ဆီးနဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်မှာ တွေ့ဆုံရမယ့်အလားအလာကို အဆုံးသတ်သွားဖွယ်ရှိ။


-ဂျူဗင်တပ်အသင်းက ခေါ်ယူချင်နေတဲ့ ရူဒီဂါရဲ့ ပြောင်းရွှေ့ကြေးကို ယူရို ၁၅ သန်း သတ်မှတ်ထားပြီး ဇန်နဝါရီလမှာ ရောင်းထုတ်ဖို့ ကြိုတင်ပြင်ဆင်ထားကြောင်း Calciomercato က ဖော်ပြခဲ့။


-နည်းပြဖရန့်လမ်းပတ်ဟာ အက်စ်တွန်ဗီလာနဲ့ကစားရမယ့်ပွဲစဉ်မှာ ဟာကင်းမ် ဇီးယက်ရှ် လွဲချော်မယ်လို့ အတည်ပြုခဲ့ပြီး အာဆင်နယ်နဲ့ပွဲက ရှုံးပွဲအတွက် တုံ့ပြန်ကြဖို့ ကစားသမားတွေကို တောင်းဆိုခဲ့။


-ချဲလ်ဆီးအသင်းဟာ အသက် ၁၉ နှစ်အရွယ်လူငယ်ကြယ်ပွင့် အန်ဂျိုရင်အတွက် ကမ်းလှမ်းမှုတွေ အမြောက်အမြားရရှိထားပေမယ့်လည်း ၂၀၂၁ ခုနှစ်မှာ ပွဲကစားချိန်ပိုမိုပေးချင်နေတာကြောင့် အငှားချသွားလိုတဲ့ဆန္ဒမရှိဘူးလို့ The Athletic က ဖော်ပြခဲ့။


-နာမည်ကြီးဘောလုံးဝေဖန်သူ ခရိတ်ဘာလေက ချဲလ်ဆီးအသင်းဟာ ယခုရာသီကုန်မှာ ထိပ်ဆုံးလေးနေရာအတွင်း ဝင်ရောက်နိုင်ခြင်းမရှိဘူးဆိုရင် နည်းပြလမ်းပတ်နဲ့ လမ်းခွဲသွားလိမ့်မယ်လို့ ယုံကြည်နေကြောင်း ESPN FC က ဖော်ပြခဲ့။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


-ေမဆန္ေမာင့္ဟာ အာဆင္နယ္နဲ႔ပြဲစဥ္က နည္းျပလမ္းပတ္ရဲ့ ပထမပိုင္းအၿပီး အသင္းလိုက္ေျပာစကားကို မၽွေဝခဲ့ၿပီး အသင္းရဲ့အဆိုးရြားဆုံးပထမပိုင္းစြမ္းေဆာင္ရည္ေတြထဲက တစ္ခုျဖစ္ေကာင္းျဖစ္နိုင္တယ္လို႔ ေျပာၾကားခဲ့ေၾကာင္း သိရ။


-ဖရန႔္ခ္လီေဘာက္က စေနေန႔က အာဆင္နယ္နဲ႔ပြဲမွာ အေရးႀကီးတဲ့ပင္နယ္တီလြဲေခ်ာ္ခဲ့တဲ့ ေဂ်ာ္ဂ်င္ဟိုအေနနဲ႔ ပင္နယ္တီကန္သြင္းတဲ့ပုံစံကို ေျပာင္းလဲသင့္တယ္လို႔ ေျပာၾကားခဲ့ၿပီး ေဘာလုံးမကန္မီ ခုန္တဲ့အက်င့္ကို ရပ္တန္းက ရပ္သင့္တယ္လို႔ အႀကံေပးခဲ့။


-ခ်ဲလ္ဆီနည္းျပလမ္းပတ္က အာဆင္နယ္ကို ရႈံးနိမ့္ခဲ့တဲ့ ေဘာက္ဆင္ေဒးပြဲစဥ္ကို တုံ႔ျပန္တဲ့အေနနဲ႔ အက္စ္တြန္ဗီလာနဲ႔ ယေန႔ညကစားမယ့္ ပြဲစဥ္မွာ အေျပာင္းအလဲေတြ ျပဳလုပ္သြားမယ္လို႔ ကစားသမားေတြကို သတိေပးခဲ့။


-အက္သလက္တီကိုမက္ဒရစ္က စာခ်ဳပ္သက္တမ္းတိုးဖို႔ ျငင္းပယ္ခဲ့တာေၾကာင့္ ဒီေယဂိုေကာ္စတာဟာ ဇန္နဝါရီလမွာ အသင္းကေန ထြက္ခြာခြင့္ေတာင္းဆိုထားၿပီး လာမယ့္ႏွစ္မွာ ခ်ဲလ္ဆီးနဲ႔ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္မွာ ေတြ႕ဆုံရမယ့္အလားအလာကို အဆုံးသတ္သြားဖြယ္ရွိ။


-ဂ်ဴဗင္တပ္အသင္းက ေခၚယူခ်င္ေနတဲ့ ႐ူဒီဂါရဲ့ ေျပာင္းေရႊ႕ေၾကးကို ယူရို ၁၅ သန္း သတ္မွတ္ထားၿပီး ဇန္နဝါရီလမွာ ေရာင္းထုတ္ဖို႔ ႀကိဳတင္ျပင္ဆင္ထားေၾကာင္း Calciomercato က ေဖာ္ျပခဲ့။


-နည္းျပဖရန႔္လမ္းပတ္ဟာ အက္စ္တြန္ဗီလာနဲ႔ကစားရမယ့္ပြဲစဥ္မွာ ဟာကင္းမ္ ဇီးယက္ရွ္ လြဲေခ်ာ္မယ္လို႔ အတည္ျပဳခဲ့ၿပီး အာဆင္နယ္နဲ႔ပြဲက ရႈံးပြဲအတြက္ တုံ႔ျပန္ၾကဖို႔ ကစားသမားေတြကို ေတာင္းဆိုခဲ့။


-ခ်ဲလ္ဆီးအသင္းဟာ အသက္ ၁၉ ႏွစ္အရြယ္လူငယ္ၾကယ္ပြင့္ အန္ဂ်ိဳရင္အတြက္ ကမ္းလွမ္းမႈေတြ အေျမာက္အျမားရရွိထားေပမယ့္လည္း ၂၀၂၁ ခုႏွစ္မွာ ပြဲကစားခ်ိန္ပိုမိုေပးခ်င္ေနတာေၾကာင့္ အငွားခ်သြားလိုတဲ့ဆႏၵမရွိဘူးလို႔ The Athletic က ေဖာ္ျပခဲ့။


-နာမည္ႀကီးေဘာလုံးေဝဖန္သူ ခရိတ္ဘာေလက ခ်ဲလ္ဆီးအသင္းဟာ ယခုရာသီကုန္မွာ ထိပ္ဆုံးေလးေနရာအတြင္း ဝင္ေရာက္နိုင္ျခင္းမရွိဘူးဆိုရင္ နည္းျပလမ္းပတ္နဲ႔ လမ္းခြဲသြားလိမ့္မယ္လို႔ ယုံၾကည္ေနေၾကာင္း ESPN FC က ေဖာ္ျပခဲ့။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.