Premier League

ဒီထက္ပုိေကာင္းေအာင္လုပ္ျပႏုိင္ေသးတယ္လို႔ ပရိသတ္ေတြကို ဘ႐ူႏို ဖာနန္ဒက္စ္ေျပာၾကား

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းအတွက် နောက်ဆုံးသုံးပွဲဆက် ဂိုးသွင်းယူပေးထားခဲ့တဲ့ ကွင်းလယ်လူသစ် ဘရူနို ဖာနန်ဒက်စ်က သူ့အနေနဲ့ လက်ရှိခြေစွမ်းထက် ပိုကောင်းအောင် ပြသနိုင်သေးကြောင်း အားပေးနေခဲ့ကြတဲ့ ပရိသတ်တွေကို ပြောကြားလိုက်ပါတယ်။

အသက် ၂၅ နှစ်အရွယ် ပေါ်တူဂီကွင်းလယ်လူဟာ ပရီးမီးယားလိဂ်ရဲ့ ကြံ့ခိုင်မှု ဦးစားပေးတဲ့ ပုံစံနဲ့ အသားကျဖို့ ကြိုးစားနေရတာကလွဲရင် အသင်းသစ်မှာလည်း အတွဲအဖက်ညီညီ ကစားနိုင်ခဲ့ပြီဖြစ်ပြီး ကစားခဲ့တဲ့ ပွဲတိုင်းမှာ သူ့ရဲ့ ကျွမ်းကျင်မှုနဲ့ ဘာတွေလုပ်ပြနိုင်တယ်ဆိုတာကို ပြသနေတာလည်းဖြစ်ပါတယ်။

“ဂိုးဧရိယာအပြင်က ကန်ချက်တချို့ကို လုပ်ဆောင်နိုင်ခဲ့ပြီး ကျွန်တော့်အနေနဲ့ ဒီထက်ကောင်းအောင်လုပ်ပြဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ပွဲကတော့ နည်းနည်းစိတ်ပျက်ခဲ့ရပြီး ရရှိခဲ့တဲ့ အခွင့်အရေးတွေကို ပြောင်းလဲနိုင်ခဲ့ရင်နဲ့ အီဂါလိုသာ ဂိုးရခဲ့မယ်ဆိုရင် ကျွန်တော်တို့ ပြောမယ့်အကြောင်းက ပိုကောင်းနေမှာပေါ့ဗျာ”လို့ ဖာနန်ဒက်စ်က ဆိုပါတယ်။

သွင်းယူခဲ့တဲ့ ဂိုးမှာ အဲဗာတန်ဂိုးသမား ပစ်ခ်ဖို့ဒ်ရဲ့ နှေးကွေးတဲ့ တုံ့ပြန်ပုံကြောင့်လားလို့ မေးခဲ့တာကိုတော့ သူက ဘယ်လိုနည်းနဲ့ပဲ ဂိုးဝင်တာ ဖြစ်ဖြစ် ကိုယ်ကန်လိုက်တဲ့ ဘောလုံး ဂိုးဝင်ရင် ကျေနပ်တယ်လို့ ပြောကြားခဲ့ပြီး အရေးအကြီးဆုံးရ ဂိုးရဖို့နဲ့ နိုင်ပွဲရဖို့ဖြစ်တယ်လို့ ပေါ်တူဂီသားက ဆိုခဲ့ပြီး ဒါဘီနဲ့ပွဲအတွက် အာရုံစိုက်ထားတယ်လို့လည်း ဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေကတော့ သူတို့ရဲ့ ပေါင် ၆၈ သန်းတန် ဇန်နဝါရီခေါ်ယူမှုအသစ်ကို သဘောကျနေကြပြီး တချို့က အသင်းနဲ့ အဆင်မပြေတဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာကိုတောင် မလိုတော့တဲ့ ပုံစံမျိုး ပြောကြားခဲ့ကြကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏုိက္တက္အသင္းအတြက္ ေနာက္ဆုံးသုံးပြဲဆက္ ဂိုးသြင္းယူေပးထားခဲ့တဲ့ ကြင္းလယ္လူသစ္ ဘ႐ူႏို ဖာနန္ဒက္စ္က သူ႕အေနနဲ႔ လက္ရွိေျခစြမ္းထက္ ပုိေကာင္းေအာင္ ျပသႏိုင္ေသးေၾကာင္း အားေပးေနခဲ့ၾကတဲ့ ပရိသတ္ေတြကို ေျပာၾကားလုိက္ပါတယ္။

အသက္ ၂၅ ႏွစ္အရြယ္ ေပၚတူဂီကြင္းလယ္လူဟာ ပရီးမီးယားလိဂ္ရဲ႕ ႀကံ့ခုိင္မွဳ ဦးစားေပးတဲ့ ပုံစံနဲ႔ အသားက်ဖို႔ ႀကဳိးစားေနရတာကလြဲရင္ အသင္းသစ္မွာလည္း အတြဲအဖက္ညီညီ ကစားႏုိင္ခဲ့ၿပီျဖစ္ၿပီး ကစားခဲ့တဲ့ ပြဲတုိင္းမွာ သူ႕ရဲ႕ ကၽြမ္းက်င္မွဳနဲ႔ ဘာေတြလုပ္ျပႏုိင္တယ္ဆုိတာကို ျပသေနတာလည္းျဖစ္ပါတယ္။

“ဂိုးဧရိယာအျပင္က ကန္ခ်က္တခ်ဳိ႕ကို လုပ္ေဆာင္ႏိုင္ခဲ့ၿပီး ကၽြန္ေတာ့္အေနနဲ႔ ဒီထက္ေကာင္းေအာင္လုပ္ျပဖို႔ ရွိေနပါတယ္။ ၿပီးခဲ့တဲ့ပြဲကေတာ့ နည္းနည္းစိတ္ပ်က္ခဲ့ရၿပီး ရရွိခဲ့တဲ့ အခြင့္အေရးေတြကို ေျပာင္းလဲႏုိင္ခဲ့ရင္နဲ႔ အီဂါလိုသာ ဂိုးရခဲ့မယ္ဆုိရင္ ကၽြန္ေတာ္တုိ႔ ေျပာမယ့္အေၾကာင္းက ပုိေကာင္းေနမွာေပါ့ဗ်ာ”လို႔ ဖာနန္ဒက္စ္က ဆုိပါတယ္။

သြင္းယူခဲ့တဲ့ ဂိုးမွာ အဲဗာတန္ဂိုးသမား ပစ္ခ္ဖို႔ဒ္ရဲ႕ ေႏွးေကြးတဲ့ တုံ႔ျပန္ပုံေၾကာင့္လားလို႔ ေမးခဲ့တာကိုေတာ့ သူက ဘယ္လိုနည္းနဲ႔ပဲ ဂိုးဝင္တာ ျဖစ္ျဖစ္ ကိုယ္ကန္လုိက္တဲ့ ေဘာလုံး ဂိုးဝင္ရင္ ေက်နပ္တယ္လို႔ ေျပာၾကားခဲ့ၿပီး အေရးအႀကီးဆုံးရ ဂိုးရဖို႔နဲ႔ ႏုိင္ပြဲရဖို႔ျဖစ္တယ္လုိ႔ ေပၚတူဂီသားက ဆုိခဲ့ၿပီး ဒါဘီနဲ႔ပြဲအတြက္ အာ႐ုံစိုက္ထားတယ္လုိ႔လည္း ဆုိခဲ့ပါတယ္။

မန္ခ်က္စတာယူႏုိက္တက္ပရိသတ္ေတြကေတာ့ သူတုိ႔ရဲ႕ ေပါင္ ၆၈ သန္းတန္ ဇန္နဝါရီေခၚယူမွဳအသစ္ကို သေဘာက်ေနၾကၿပီး တခ်ဳိ႕က အသင္းနဲ႔ အဆင္မေျပတဲ့ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာကိုေတာင္ မလိုေတာ့တဲ့ ပုံစံမ်ဳိး ေျပာၾကားခဲ့ၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.