Premier League

ဝတ္ဖို႔ဒ္ကို ရွဳံးတဲ့ပြဲက စြမ္းေဆာင္ရည္အတြက္ လီဗာပူးလ္ပရိသတ္ေတြကို ေရာဘတ္ဆန္ ေတာင္းပန္

UNICODE: ပြီးခဲ့တဲ့ စနေနေ့က ဝတ်ဖို့ဒ်အသင်းကို အဝေးကွင်းမှာ ရှုံးခဲ့တဲ့ စွမ်းဆောင်ရည်ဟာ ဒီရာသီမှာ ပရိသတ်တွေ မျှော်လင့်ထားတာနဲ့ ဘယ်လိုမှ မကိုက်ညီတဲ့ ကစားပုံကို ပြသမိခဲ့တာဖြစ်တဲ့အတွက် မိမိတို့အနေနဲ့ တောင်းပန်လိုကြောင်း လီဗာပူးလ်အသင်းနောက်ခံလူ အန်ဒီ ရောဘတ်ဆန်က ပြောကြားလိုက်ပါတယ်။

သူတို့ရဲ့ တစ်ရာသီလုံးရှုံးပွဲမရှိကစားနိုင်မယ့် စံချိန်တစ်ခု ပျောက်ပျက်သွားရတဲ့ ပွဲမှာ ရောဘတ်ဆန်အနေနဲ့လည်း ဒီစံချိန်ကို မျှော်လင့်နေတဲ့ သဘောမျိုးရှိခဲ့ပြီး ပေးခဲ့ရတဲ့ ဂိုးတွေအတွက် စိတ်ပျက်နေသလို အလက်ဇန်းဒါး-အာနိုးလ်ရဲ့ အမှားကိုလည်း အော်ဟစ်ကြိမ်းမောင်းသွားတာကိုလည်း မြင်ခဲ့ရပါတယ်။

စနေနေ့က ကစားခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့ ကစားပုံဟာ ပုံမှန်ခြေစွမ်းအောက် သိသိသာသာ လျော့ကျနေခဲ့ပြီး ကွင်းလယ်အထိုင် ကောင်းမွန်ခြင်းမရှိတာနဲ့ ခံစစ်အထိုင်ပြောင်းလဲထားခဲ့ခြင်းတွေက အသင်းကို ဒုက္ခပေးခဲ့တာဖြစ်သလို ရောဘတ်ဆန်ကတော့ ဒီပုံစံဟာ ဖလားရနိုင်တဲ့ ပုံစံမျိုးမဟုတ်ဘူးလို့ပါ ပြောခဲ့တာပါ။

“ဒီစွမ်းဆောင်ရည်မျိုးက ပရိသတ်တွေအနေနဲ့ နှစ်ပေါင်းများစွာ မျှော်လင့်ပြီး အားပေးလာခဲ့တာနဲ့ ထိုက်တန်ရဲ့လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပြီး ကျွန်တော်တို့ တတ်နိုင်တာကတော့ ပရိသတ်တွေကို တောင်းပန်ဖို့ပါပဲ။ ကျွန်တော်တို့ ဒီကနေ ပြန်ပြီး ရုန်းပြနိုင်ရပါလိမ့်မယ်”လို့ ရောဘတ်ဆန်က ဆိုပါတယ်။

ရောဘတ်ဆန်က ဒီအချိန်မတိုင်ခင်အထိ သူတို့တွေအနေနဲ့ အကောင်းဆုံးကစားနိုင်ခဲ့ပြီး ကောင်းမွန်ထက်မြက်တဲ့ ရာသီတစ်ခုကို ဖြတ်သန်းနိုင်ခဲ့ပေမယ့် ဝတ်ဖို့ဒ်နဲ့ပွဲကတော့ ဘောင်မဝင်ခဲ့ကြောင်းနဲ့ အဲ့ဒါဟာ အားလုံးစောင့်ကြည့်နေကြတဲ့ လီဗာပူးလ်ရဲ့ ပုံစံမဟုတ်ဘူးလို့ အသင်းဖော်တွေကိုပါ သတိပေးစကားပြောကြားသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

ZAWGYI: ၿပီးခဲ့တဲ့ စေနေန႔က ဝတ္ဖို႔ဒ္အသင္းကို အေဝးကြင္းမွာ ရွဳံးခဲ့တဲ့ စြမ္းေဆာင္ရည္ဟာ ဒီရာသီမွာ ပရိသတ္ေတြ ေမွ်ာ္လင့္ထားတာနဲ႔ ဘယ္လိုမွ မကိုက္ညီတဲ့ ကစားပုံကို ျပသမိခဲ့တာျဖစ္တဲ့အတြက္ မိမိတုိ႔အေနနဲ႔ ေတာင္းပန္လိုေၾကာင္း လီဗာပူးလ္အသင္းေနာက္ခံလူ အန္ဒီ ေရာဘတ္ဆန္က ေျပာၾကားလုိက္ပါတယ္။

သူတုိ႔ရဲ႕ တစ္ရာသီလုံးရွဳံးပြဲမရွိကစားႏုိင္မယ့္ စံခ်ိန္တစ္ခု ေပ်ာက္ပ်က္သြားရတဲ့ ပြဲမွာ ေရာဘတ္ဆန္အေနနဲ႔လည္း ဒီစံခ်ိန္ကို ေမွ်ာ္လင့္ေနတဲ့ သေဘာမ်ဳိးရွိခဲ့ၿပီး ေပးခဲ့ရတဲ့ ဂိုးေတြအတြက္ စိတ္ပ်က္ေနသလို အလက္ဇန္းဒါး-အာႏိုးလ္ရဲ႕ အမွားကိုလည္း ေအာ္ဟစ္ႀကိမ္းေမာင္းသြားတာကိုလည္း ျမင္ခဲ့ရပါတယ္။

စေနေန႔က ကစားခဲ့တဲ့ လီဗာပူးလ္အသင္းရဲ႕ ကစားပုံဟာ ပုံမွန္ေျခစြမ္းေအာက္ သိသိသာသာ ေလ်ာ့က်ေနခဲ့ၿပီး ကြင္းလယ္အထိုင္ ေကာင္းမြန္ျခင္းမရွိတာနဲ႔ ခံစစ္အထိုင္ေျပာင္းလဲထားခဲ့ျခင္းေတြက အသင္းကို ဒုကၡေပးခဲ့တာျဖစ္သလို ေရာဘတ္ဆန္ကေတာ့ ဒီပုံစံဟာ ဖလားရႏုိင္တဲ့ ပုံစံမ်ဳိးမဟုတ္ဘူးလို႔ပါ ေျပာခဲ့တာပါ။

“ဒီစြမ္းေဆာင္ရည္မ်ဳိးက ပရိသတ္ေတြအေနနဲ႔ ႏွစ္ေပါင္းမ်ားစြာ ေမွ်ာ္လင့္ၿပီး အားေပးလာခဲ့တာနဲ႔ ထုိက္တန္ရဲ႕လားဆိုတာ ေမးခြန္းထုတ္စရာ ျဖစ္ခဲ့ၿပီး ကၽြန္ေတာ္တုိ႔ တတ္ႏုိင္တာကေတာ့ ပရိသတ္ေတြကို ေတာင္းပန္ဖို႔ပါပဲ။ ကၽြန္ေတာ္တို႔ ဒီကေန ျပန္ၿပီး ႐ုန္းျပႏုိင္ရပါလိမ့္မယ္”လို႔ ေရာဘတ္ဆန္က ဆုိပါတယ္။

ေရာဘတ္ဆန္က ဒီအခ်ိန္မတုိင္ခင္အထိ သူတို႔ေတြအေနနဲ႔ အေကာင္းဆုံးကစားႏုိင္ခဲ့ၿပီး ေကာင္းမြန္ထက္ျမက္တဲ့ ရာသီတစ္ခုကို ျဖတ္သန္းႏုိင္ခဲ့ေပမယ့္ ဝတ္ဖို႔ဒ္နဲ႔ပြဲကေတာ့ ေဘာင္မဝင္ခဲ့ေၾကာင္းနဲ႔ အဲ့ဒါဟာ အားလုံးေစာင့္ၾကည့္ေနၾကတဲ့ လီဗာပူးလ္ရဲ႕ ပုံစံမဟုတ္ဘူးလို႔ အသင္းေဖာ္ေတြကိုပါ သတိေပးစကားေျပာၾကားသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.