Premier League

ခ်ဲလ္ဆီးနဲ႔ပြဲမွာ ကြင္းေဘးက ႀကီးၾကပ္ခြင့္ကို အန္ဆယ္ေလာ့တီ ဆံုး႐ွဳံးရႏိုင္

UNICODE: အဲဗာတန်နဲ့ မန်ချက်စတာယူနိုက်တက်တို့တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲအပြီးမှာ ကွင်းလယ်ဒိုင် ခရစ္စ ကာဗန်းနားကို ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ နည်းပြ ကာလို အန်ဆယ်လော့တီဟာ သူ့အသင်းဟောင်း ချဲလ်ဆီးနဲ့ ပွဲမှာ ပြစ်ဒဏ်ကျခံရဖွယ်ရှိပြီး ကွင်းဘေးစည်းကနေ ကြီးကြပ်ခွင့်ကို ဆုံးရှုံးရဖွယ် ရှိနေပါတယ်။

အဲဗာတန်အသင်းအနေနဲ့ မတ်လ ၈ ရက်နေ့မှာ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းကို သွားပြီး ချဲလ်ဆီးအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး လက်ရှိအခြေအနေအရတော့ အန်ဆယ်လော့တီသာ ပွဲပယ်ပြစ်ဒဏ်ခံရရင် အဝေးကွင်းမှာ ကွင်းဘေးစည်းကနေ ကြီးကြပ်ခွင့်ကို ဆုံးရှုံးရနိုင်ပြီး ပွဲကြည့်စဉ်ပေါ်ကသာ ဆက်သွယ်ကြီးကြပ်ရဖွယ်ရှိနေပါတယ်။

အန်ဆယ်လော့တီဟာ တနင်္ဂနွေနေ့က မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာ ပွဲပြီးခါနီးမှာ တိုက်စစ်မှူး ကဲလ်ဗတ်-လူဝင် သွင်းတဲ့ဂိုးကို VARက ပယ်ဖျက်လိုက်တဲ့အပေါ် ဒေါသထွက်ခဲ့ပြီး ကွင်းလယ်ဒိုင် ကာဗန်းနားနဲ့ ထိပ်တိုက်သွားရင်ဆိုင်ခဲ့တာဖြစ်ပြီး ဒီဂိုးကို ဘာကြောင့် မပေးတာလဲလို့ စောဒကတက်နေတဲ့ အန်ဆယ်လော့တီရဲ့ ပြောစကားတွေကို ပရိသတ်တွေလည်း ကြားခဲ့ရပါတယ်။

အန်ဆယ်လော့တီရဲ့ စောဒကတက်မှုကို ကွင်းလယ်ဒိုင် ကာဗန်းနားက တုံ့ပြန်ဖြေရှင်းခြင်းမရှိဘဲ နောက်ဆုံးမှာ အနီကတ်ပြဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်။ အက်ဖ်အေစည်းကမ်းထိန်းသိမ်းရေးကော်မတီကတော့ ကွင်းလယ်ဒိုင်ရဲ့ ပွဲပြီးအစီရင်ခံစာကို စောင့်ဆိုင်းနေပြီး အန်ဆယ်လော့တီကို ပွဲပယ်၊ မပယ်ကို ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။

ပွဲအပြီး အင်တာဗျူးအစီအစဉ်မှာ အန်ဆယ်လော့တီက “ပွဲအပြီးမှာ ဖြေရှင်းချက်တစ်ရပ်ပေးဖို့ပဲ ကျွန်တော်သွားတောင်းဆိုတာဖြစ်ပြီး ကွင်းထဲမှာ ကျွန်တော့်ကို ထုတ်လိုက်တာက နားလည်မှုလွဲတာပါ။ အဲဒါအပြီး အဝတ်လဲခန်းထဲ သူ့ကို တည်တည်ငြိမ်ငြိမ်နဲ့ပဲ သွားစကားပြောပါတယ်။ သူနဲ့ သီးခြားစကားပြောဖို့ သွားတွေ့တာပါ။ သူကတော့ အစီရင်ခံစာတင်ပါလိမ့်မယ်။ သူ့ကို မလေးမစားလုပ်တာ မဟုတ်ပါဘူး”လိုလည်း ဆိုခဲ့ပြီး ဒါဟာ သူ့နည်းပြဘဝမှာ ဒီလိုအနီကတ်က ပထမဆုံးပြခံရတာမဟုတ်သလို နောက်ဆုံးလည်းမဟုတ်ပါဘူးလို့ ပြောသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

ZAWGYI: အဲဗာတန္နဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔တစ္ဂိုးစီသေရက်ခဲ့တဲ့ပြဲအၿပီးမွာ ကြင္းလယ္ဒိုင္ ခရစၥ ကာဗန္းနားကို ထိပ္တိုက္ရင္ဆိုင္ခဲ့တဲ့ နည္းျပ ကာလို အန္ဆယ္ေလာ့တီဟာ သူ႔အသင္းေဟာင္း ခ်ဲလ္ဆီးနဲ႔ ပြဲမွာ ျပစ္ဒဏ္က်ခံရဖြယ္ရွိၿပီး ကြင္းေဘးစည္းကေန ႀကီးၾကပ္ခြင့္ကို ဆံုးရႈံးရဖြယ္ ရွိေနပါတယ္။

အဲဗာတန္အသင္းအေနနဲ႔ မတ္လ ၈ ရက္ေန႔မွာ စတမ္းဖို႔ဒ္ဘရစ္ခ်္ကြင္းကို သြားၿပီး ခ်ဲလ္ဆီးအသင္းနဲ႔ ရင္ဆိုင္ရမွာျဖစ္ၿပီး လက္ရွိအေျခအေနအရေတာ့ အန္ဆယ္ေလာ့တီသာ ပြဲပယ္ျပစ္ဒဏ္ခံရရင္ အေဝးကြင္းမွာ ကြင္းေဘးစည္းကေန ႀကီးၾကပ္ခြင့္ကို ဆံုးရႈံးရႏိုင္ၿပီး ပြဲၾကည့္စဥ္ေပၚကသာ ဆက္သြယ္ႀကီးၾကပ္ရဖြယ္ရွိေနပါတယ္။

အန္ဆယ္ေလာ့တီဟာ တနဂၤေႏြေန႔က မန္ခ်က္စတာယူႏိုက္တက္န႔ဲပြဲမွာ ပြဲၿပီးခါနီးမွာ တိုက္စစ္မွဴး ကဲလ္ဗတ္-လူ၀င္ သြင္းတဲ့ဂိုးကို VARက ပယ္ဖ်က္လိုက္တဲ့အေပၚ ေဒါသထြက္ခဲ့ၿပီး ကြင္းလယ္ဒိုင္ ကာဗန္းနားနဲ႔ ထိပ္တိုက္သြားရင္ဆိုင္ခဲ့တာျဖစ္ၿပီး ဒီဂိုးကို ဘာေၾကာင့္ မေပးတာလဲလို႔ ေစာဒကတက္ေနတဲ့ အန္ဆယ္ေလာ့တီရဲ႕ ေျပာစကားေတြကို ပရိသတ္ေတြလည္း ၾကားခဲ့ရပါတယ္။

အန္ဆယ္ေလာ့တီရဲ႕ ေစာဒကတက္မႈကို ကြင္းလယ္ဒိုင္ ကာဗန္းနားက တံု႔ျပန္ေျဖရွင္းျခင္းမရွိဘဲ ေနာက္ဆံုးမွာ အနီကတ္ျပဖို႔ပဲ ဆံုးျဖတ္ခဲ့ပါတယ္။ အက္ဖ္ေအစည္းကမ္းထိန္းသိမ္းေရးေကာ္မတီကေတာ့ ကြင္းလယ္ဒိုင္ရဲ႕ ပြဲၿပီးအစီရင္ခံစာကို ေစာင့္ဆိုင္းေနၿပီး အန္ဆယ္ေလာ့တီကို ပြဲပယ္၊ မပယ္ကို ဆံုးျဖတ္သြားမွာျဖစ္ပါတယ္။

ပြဲအၿပီး အင္တာဗ်ဴးအစီအစဥ္မွာ အန္ဆယ္ေလာ့တီက “ပြဲအၿပီးမွာ ေျဖရွင္းခ်က္တစ္ရပ္ေပးဖို႔ပဲ ကၽြန္ေတာ္သြားေတာင္းဆိုတာျဖစ္ၿပီး ကြင္းထဲမွာ ကၽြန္ေတာ့္ကို ထုတ္လိုက္တာက နားလည္မႈလြဲတာပါ။ အဲဒါအၿပီး အ၀တ္လဲခန္းထဲ သူ႔ကို တည္တည္ၿငိမ္ၿငိမ္နဲ႔ပဲ သြားစကားေျပာပါတယ္။ သူနဲ႔ သီးျခားစကားေျပာဖို႔ သြားေတြ႔တာပါ။ သူကေတာ့ အစီရင္ခံစာတင္ပါလိမ့္မယ္။ သူ႔ကို မေလးမစားလုပ္တာ မဟုတ္ပါဘူး”လိုလည္း ဆိုခဲ့ၿပီး ဒါဟာ သူ႔နည္းျပဘ၀မွာ ဒီလိုအနီကတ္က ပထမဆံုးျပခံရတာမဟုတ္သလို ေနာက္ဆံုးလည္းမဟုတ္ပါဘူးလို႔ ေျပာသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.