Match Report Premier League

လီဗာပူးလ် 1-1 ဝက်စ်ဘရွန်းပွဲအပြီး မှတ်မှတ်ရရ ပြောစရာအချက် ၇ ချက်

ပုံစံကောင်းကို ဆက်ထိန်းထားနိုင်တဲ့ မာနေး – ဒီနေ့ပွဲမှာလည်း ဆာဒီယို မာနေးတစ်ယောက် လီဗာပူးလ်အသင်း တစ်လုံးတည်းသောဂိုးကို သွင်းယူပြီး သူ့ရဲ့ ပုံစံကောင်းကို ဆက်ထိန်းထားနိုင်ခဲ့သလို ဂိုးပေါက်ပျောက်ဆုံးမှုကို မေ့ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ သူ့ရဲ့ ပဲလေ့စ်၊ ဝက်စ်ဘရွန်းတို့နဲ့ပွဲတွေကနေ စလိုက်တဲ့ ခြေစွမ်းကောင်းကို လာမယ့် အသင်းကြီးတွေနဲ့ တွေ့ဆုံမှုတွေအထိ ထိန်းသိမ်းထားနိုင်မလားပဲ စောင့်ကြည့်ရမှာပါ။

ပလန်ကြီးကြီးနဲ့ ဆမ်ကြီး – Big Sam ဆမ်ကြီးလို့ ခေါ်တဲ့ ဆမ် အလာဒိုက်စ်ကတော့ အန်းဖီးလ်ကို ပွဲကြိုအစီအစဉ်ကောင်းကောင်းနဲ့ ရောက်လာခဲ့တာလို့ပဲ သုံးသပ်ရမှာပါ။ လီဗာပူးလ်တို့ ခြောက်ကိုက်စည်းထဲမှာ အပိုင်ကန်ခွင့် မရသလောက် နည်းခဲ့ပြီး မာနေးရဲ့ တစ်ကြိမ်ကိုပဲ ခွင့်ပြုခဲ့ရသလို ခေါင်းတိုက်ချက်တစ်ချို့ကိုသာ ခွင့်ပြုခဲ့ရတာပါ။ ဂိုးဧရိယာထဲမှာ ပိတ်ဆို့ကစားပြီး တန်ပြန်တိုက်စစ်ကစားခဲ့တဲ့ ဝက်စ်ဘရွန်းတိုက်စစ်မှူး ဂရန့်သာ ဂိုးသွင်းသေချာရင် သူကတောင် အောင်ပွဲခံဦးမှာဖြစ်ပါတယ်။

တကယ်လိုနေတာက သီယာဂို – လီဗာပူးလ်ရဲ့ ဒီနေ့ပွဲမှာ အဓိက လိုအပ်ခဲ့တာ ဘောလုံးထွက်ပြီး ဘောလုံးလမ်းကြောင်းတွေကို ကူညီမယ့် ကစားသမားမျိုးပါ။ ကားတစ်ဂျုံးစ်နဲ့ ဗိုင်နယ်လ်ဒွမ်တို့ကို စိတ်ပျက်လက်ပျက် ကြည့်နေရစဉ်မှာ ပဲလေ့စ်နဲ့ပွဲက ခြေစွမ်းပြခဲ့တဲ့ ကီတာကို ဒဏ်ရာ အနည်းငယ်ကြောင့် ချန်ထားခဲ့ချိန်မှာ သီယာဂိုကိုလည်း မသုံးစွဲနိုင်သေးတာကတော့ အသင်းရဲ့ ရလဒ်ကို ထိခိုက်စေခဲ့ပြီး ချိမ်ဘာလိန်ကလည်း အဖြေ တစ်ခု မဟုတ်ခဲ့တာ ဖြစ်ပါတယ်။

ထိပ်တန်းအသင်းကြီးနှစ်သင်း၊ အဝေးကွင်း၊ ဆမ်မီ အဂျာယီ၊ သရေ – ထိပ်တန်းအသင်းကြီးနှစ်သင်းဖြစ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးအသင်းနှစ်သင်းကို အဝေးကွင်းတွေမှာ သရေကျအောင် လုပ်နိုင်ခဲ့သူက ဘယ်သူပါလဲ။ ဆမ်မီ အဂျာယီလို့ ခေါ်တဲ့ ဝက်စ်ဘရွန်းရဲ့ နိုင်ဂျီးရီးယား ခံစစ်မှူးတစ်ယောက်ပါ။ အစ်တီဟတ်မှာ မန်ချက်စတာစီးတီးရဲ့ နောက်ခံလူ ရူဘင် ဒီယက်စ် Own Goal သွင်းမိအောင် စွမ်းနိုင်ခဲ့သလို ဒီနေ့ပွဲမှာလည်း လီဗာပူးလ်ကို တိုင်ထိပြီးမှ ဂိုးထဲ ပြန်ဝင်သွားစေခဲ့တဲ့ ခေါင်းတိုက်ချက်နဲ့ ထပ်လုပ်ပြနိုင်ခဲ့ပါတယ်။

နာပြန်ပြီ – အဲ့ဒီလို ခပ်တိုတိုပဲ ညည်းရဦးမှာပါ။ လီဗာပူးလ်ရဲ့ ခံစစ်ကျိန်စာကတော့ ဆိုးဆိုးရွားရွား သက်ရောက်နေဆဲဖြစ်ပြီး တစ်ဦးတည်းသော စီနီယာ စင်တာဘက် မာတစ်ပ်ကတော့ ဒီနေ့မှာ ဒဏ်ရာစာရင်းထဲ ပြန်ပါသွားခဲ့ပြီး ယာဂန် ကလော့ပ်ကို ခေါင်းကိုက်စေခဲ့ပါတယ်။ ဂျာမန်နည်းပြကြီးအနေနဲ့ သူ့ကို ဆက်ကစားစေချင်တဲ့ ပုံစံ ပြသခဲ့ပြီး မဖြစ်နိုင်လို့သာ ရီးစ် ဝီလီယမ်စ်နဲ့ လူစားလဲခဲ့ရသလို ချေပဂိုးပြန်ပေးခဲ့ရပြီး အသည်းကွဲခဲ့ရပါတယ်။

အန်ဖီးလ်မှာ ပွဲပြီးခါနီး ၅ ဂိုး – ဝက်စ်ဘရွန်းအသင်းနဲ့ ပရီးမီးယားလိဂ်စာမျက်နှာပေါ်ကို ပြန်ရောက်လာပြန်တဲ့ ဆမ် အလာဒိုက်စ်အနေနဲ့ သူကိုင်တွယ်တဲ့ အသင်းတွေနဲ့အတူ လီဗာပူးလ်ကို အန်းဖီးလ်မှာ ၆ ဂိုး သွင်းနိုင်ခဲ့ရာမှာ ပွဲပြီးခါနီးအချိန်တွေမှာ သွင်းတဲ့ ၅ ဂိုး ပါဝင်ခဲ့ပြီး ဒီနေ့ဂိုးကတော့ အိမ်ရှင်တွေအနေနဲ့ တော်တော်လေး စိတ်ပျက်စရာဖြစ်ခဲ့ရတာပါ။

ဂိုးပေါက်တည့်တာ နှစ်ကြိမ်တဲ့လား – လီဗာပူးလ်တို့ ဒီနေ့မှာ ၁၇ ကြိမ် ကန်ခဲ့ရမှာ ဂိုးပေါက်တည့်တာ ၂ ကြိမ်ပဲ ပါခဲ့ပါတယ်။ အဲ့ဒါတွေကတော့ မာနေးရဲ့ ဂိုးနဲ့ မိနစ် ၉၀ က ဖာမီနိုရဲ့ ခေါင်းတိုက်ချက်တွေပါ။ ဒီနေ့ပွဲမှာ ကွင်းလယ်က ကန်သွင်းမှုတွေ၊ ဧရိယာအစပ်က ကန်သွင်းမှုတွေ၊ ခေါင်းတိုက်ချက်တွေ အားလုံးက အဖြုန်းသက်သက်ပဲဖြစ်ခဲ့ပြီး ဒီထဲမှာ အလက်ဇန်းဒါး-အာနိုးလ်ဒ်က ဖရီးကစ်နှစ်လုံးနဲ့ အားပေးသွားခဲ့သေးတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပုံစံေကာင္းကို ဆက္ထိန္းထားႏိုင္တဲ့ မာေနး – ဒီေန႔ပြဲမွာလည္း ဆာဒီယို မာေနးတစ္ေယာက္ လီဗာပူးလ္အသင္း တစ္လုံးတည္းေသာဂိုးကို သြင္းယူၿပီး သူ႔ရဲ႕ ပုံစံေကာင္းကို ဆက္ထိန္းထားႏိုင္ခဲ့သလို ဂိုးေပါက္ေပ်ာက္ဆုံးမႈကို ေမ့ထားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ သူ႔ရဲ႕ ပဲေလ့စ္၊ ဝက္စ္ဘ႐ြန္းတို႔နဲ႔ပြဲေတြကေန စလိုက္တဲ့ ေျခစြမ္းေကာင္းကို လာမယ့္ အသင္းႀကီးေတြနဲ႔ ေတြ႕ဆုံမႈေတြအထိ ထိန္းသိမ္းထားႏိုင္မလားပဲ ေစာင့္ၾကည့္ရမွာပါ။

ပလန္ႀကီးႀကီးနဲ႔ ဆမ္ႀကီး – Big Sam ဆမ္ႀကီးလို႔ ေခၚတဲ့ ဆမ္ အလာဒိုက္စ္ကေတာ့ အန္းဖီးလ္ကို ပြဲႀကိဳအစီအစဥ္ေကာင္းေကာင္းနဲ႔ ေရာက္လာခဲ့တာလို႔ပဲ သုံးသပ္ရမွာပါ။ လီဗာပူးလ္တို႔ ေျခာက္ကိုက္စည္းထဲမွာ အပိုင္ကန္ခြင့္ မရသေလာက္ နည္းခဲ့ၿပီး မာေနးရဲ႕ တစ္ႀကိမ္ကိုပဲ ခြင့္ျပဳခဲ့ရသလို ေခါင္းတိုက္ခ်က္တစ္ခ်ိဳ႕ကိုသာ ခြင့္ျပဳခဲ့ရတာပါ။ ဂိုးဧရိယာထဲမွာ ပိတ္ဆို႔ကစားၿပီး တန္ျပန္တိုက္စစ္ကစားခဲ့တဲ့ ဝက္စ္ဘ႐ြန္းတိုက္စစ္မႉး ဂရန႔္သာ ဂိုးသြင္းေသခ်ာရင္ သူကေတာင္ ေအာင္ပြဲခံဦးမွာျဖစ္ပါတယ္။

တကယ္လိုေနတာက သီယာဂို – လီဗာပူးလ္ရဲ႕ ဒီေန႔ပြဲမွာ အဓိက လိုအပ္ခဲ့တာ ေဘာလုံးထြက္ၿပီး ေဘာလုံးလမ္းေၾကာင္းေတြကို ကူညီမယ့္ ကစားသမားမ်ိဳးပါ။ ကားတစ္ဂ်ဳံးစ္နဲ႔ ဗိုင္နယ္လ္ဒြမ္တို႔ကို စိတ္ပ်က္လက္ပ်က္ ၾကည့္ေနရစဥ္မွာ ပဲေလ့စ္နဲ႔ပြဲက ေျခစြမ္းျပခဲ့တဲ့ ကီတာကို ဒဏ္ရာ အနည္းငယ္ေၾကာင့္ ခ်န္ထားခဲ့ခ်ိန္မွာ သီယာဂိုကိုလည္း မသုံးစြဲႏိုင္ေသးတာကေတာ့ အသင္းရဲ႕ ရလဒ္ကို ထိခိုက္ေစခဲ့ၿပီး ခ်ိမ္ဘာလိန္ကလည္း အေျဖ တစ္ခု မဟုတ္ခဲ့တာ ျဖစ္ပါတယ္။

ထိပ္တန္းအသင္းႀကီးႏွစ္သင္း၊ အေဝးကြင္း၊ ဆမ္မီ အဂ်ာယီ၊ သေရ – ထိပ္တန္းအသင္းႀကီးႏွစ္သင္းျဖစ္ၿပီး ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ ေရပန္းအစားဆုံးအသင္းႏွစ္သင္းကို အေဝးကြင္းေတြမွာ သေရက်ေအာင္ လုပ္ႏိုင္ခဲ့သူက ဘယ္သူပါလဲ။ ဆမ္မီ အဂ်ာယီလို႔ ေခၚတဲ့ ဝက္စ္ဘ႐ြန္းရဲ႕ ႏိုင္ဂ်ီးရီးယား ခံစစ္မႉးတစ္ေယာက္ပါ။ အစ္တီဟတ္မွာ မန္ခ်က္စတာစီးတီးရဲ႕ ေနာက္ခံလူ ႐ူဘင္ ဒီယက္စ္ Own Goal သြင္းမိေအာင္ စြမ္းႏိုင္ခဲ့သလို ဒီေန႔ပြဲမွာလည္း လီဗာပူးလ္ကို တိုင္ထိၿပီးမွ ဂိုးထဲ ျပန္ဝင္သြားေစခဲ့တဲ့ ေခါင္းတိုက္ခ်က္နဲ႔ ထပ္လုပ္ျပႏိုင္ခဲ့ပါတယ္။

နာျပန္ၿပီ – အဲ့ဒီလို ခပ္တိုတိုပဲ ညည္းရဦးမွာပါ။ လီဗာပူးလ္ရဲ႕ ခံစစ္က်ိန္စာကေတာ့ ဆိုးဆိုး႐ြား႐ြား သက္ေရာက္ေနဆဲျဖစ္ၿပီး တစ္ဦးတည္းေသာ စီနီယာ စင္တာဘက္ မာတစ္ပ္ကေတာ့ ဒီေန႔မွာ ဒဏ္ရာစာရင္းထဲ ျပန္ပါသြားခဲ့ၿပီး ယာဂန္ ကေလာ့ပ္ကို ေခါင္းကိုက္ေစခဲ့ပါတယ္။ ဂ်ာမန္နည္းျပႀကီးအေနနဲ႔ သူ႔ကို ဆက္ကစားေစခ်င္တဲ့ ပုံစံ ျပသခဲ့ၿပီး မျဖစ္ႏိုင္လို႔သာ ရီးစ္ ဝီလီယမ္စ္နဲ႔ လူစားလဲခဲ့ရသလို ေခ်ပဂိုးျပန္ေပးခဲ့ရၿပီး အသည္းကြဲခဲ့ရပါတယ္။

အန္ဖီးလ္မွာ ပြဲၿပီးခါနီး ၅ ဂိုး – ဝက္စ္ဘ႐ြန္းအသင္းနဲ႔ ပရီးမီးယားလိဂ္စာမ်က္ႏွာေပၚကို ျပန္ေရာက္လာျပန္တဲ့ ဆမ္ အလာဒိုက္စ္အေနနဲ႔ သူကိုင္တြယ္တဲ့ အသင္းေတြနဲ႔အတူ လီဗာပူးလ္ကို အန္းဖီးလ္မွာ ၆ ဂိုး သြင္းႏိုင္ခဲ့ရာမွာ ပြဲၿပီးခါနီးအခ်ိန္ေတြမွာ သြင္းတဲ့ ၅ ဂိုး ပါဝင္ခဲ့ၿပီး ဒီေန႔ဂိုးကေတာ့ အိမ္ရွင္ေတြအေနနဲ႔ ေတာ္ေတာ္ေလး စိတ္ပ်က္စရာျဖစ္ခဲ့ရတာပါ။

ဂိုးေပါက္တည့္တာ ႏွစ္ႀကိမ္တဲ့လား – လီဗာပူးလ္တို႔ ဒီေန႔မွာ ၁၇ ႀကိမ္ ကန္ခဲ့ရမွာ ဂိုးေပါက္တည့္တာ ၂ ႀကိမ္ပဲ ပါခဲ့ပါတယ္။ အဲ့ဒါေတြကေတာ့ မာေနးရဲ႕ ဂိုးနဲ႔ မိနစ္ ၉၀ က ဖာမီႏိုရဲ႕ ေခါင္းတိုက္ခ်က္ေတြပါ။ ဒီေန႔ပြဲမွာ ကြင္းလယ္က ကန္သြင္းမႈေတြ၊ ဧရိယာအစပ္က ကန္သြင္းမႈေတြ၊ ေခါင္းတိုက္ခ်က္ေတြ အားလုံးက အျဖဳန္းသက္သက္ပဲျဖစ္ခဲ့ၿပီး ဒီထဲမွာ အလက္ဇန္းဒါး-အာႏိုးလ္ဒ္က ဖရီးကစ္ႏွစ္လုံးနဲ႔ အားေပးသြားခဲ့ေသးတာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.