Premier League Transfer News

28 Dec နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းရဲ့ အဓိကပစ်မှတ် ဆိုဘော့ဆ်လိုင်းကို လက်လွှတ်ခဲ့ရပြီးမှာ နောက်ထပ်ပစ်မှတ်ဖြစ်တဲ့ ဟူဆင်းမ် အောဝါကိုလည်း ခေါ်ယူနိုင်ခြေ နည်းနေပြီး ဒေါ့မွန်ကစားသမား ဂျူလီယန် ဘရန့်ဒ်ကိုပဲ ကွင်းလယ်တိုက်စစ်အတွက် ဖြည့်ဆည့်သွားဖို့ ရှိနေ။

– အာဆင်နယ်အသင်းအနေနဲ့ ဇန်နဝါရီမှာ ကွင်းလယ်လူ မီဆွတ် အိုဇေးလ်ကို ခေါ်ယူမယ့်အသင်း ရှိဦးမလားဆိုပြီး ငွေကြေးရတတ်သမျှ အကျိုးအမြတ်လိုချင်တဲ့ သဘောမျိုးကိုလည်း ပြသနေပြီး ၆ လ အငှားချသွားဖို့ ဂျူဗင်တပ်စ်အသင်းဆီ ကမ်းလှမ်းခဲ့တယ်လို့ သတင်းတွေ ဖော်ပြ။

– ဒေးဗစ် အွန်းစတိန်းက အာဆင်နယ်တို့ ချိတ်ဆက်နေတယ်လို့ ထုတ်ဖော်ထားပြီး ဇန်နဝါရီမှာ ခေါ်ယူသွားနိုင်တယ်လို့ ဆိုထားခဲ့တဲ့ ဂျာမန် တိုက်စစ်ကစားသမား ဂျူလီယန် ဘရန့်ဒ်အတွက် ပရိသတ်တွေ စိတ်လှုပ်ရှားနေကြပြီး အားဖြည့်မှုကောင်းတစ်ခုဖြစ်မယ်လို့ မျှော်လင့်နေ။

– နည်းပြဟောင်း အူနိုင်း အမ်မရီလက်ထက်က အာဆင်နယ်အသင်းရဲ့ နံပါတ် ၂ နည်းပြဖြစ်ခဲ့တဲ့ လက်ရှိ စပိန်တတိယတန်းကလပ် အီဘီဇာနည်းပြ ဟွမ်ကားလို့စ် ကာစီဒိုက အာဆင်နယ်အသင်းရဲ့ ရလဒ်တွေ ဆိုးရွားနေပေမယ့် မီခယ်လ် အာတီတာကို ယုံယုံကြည်ကြည် အချိန်ပေးလိုက်ရင် အခြေအနေ ပြန်ကောင်းလာလိမ့်မယ်လို့ ထောက်ခံသွား။

– အာဆင်နယ်အသင်းအနေနဲ့ နွေရာသီမှာ လက်ထောက်အသင်းခေါင်းဆောင် ဟက်တာ ဘယ်လာရင်ရဲ့ ထွက်ခွာမှုကို မျှော်လင့်ထားပြီး ဘရိုက်တန်အသင်းမှာ ခြေစွမ်းပြနေတဲ့ ညာနောက်ခံလူ တာရစ် လမ့်ပ်တေနဲ့ အစားထိုးသွားဖို့ စိတ်ဝင်စားနေ။

– ဘန်လေနဲ့ပွဲမှာ အနီကတ်ပြခံရအပြီးမှာ နှုတ်ဆိတ်နေခဲ့တဲ့ ကွင်းလယ်လူ ဂရာနစ် ချာကာက တစ်ခါတစ်ရံမှာ လုပ်ရပ်တွေက စကားတွေထက် ပိုပြီး အဓိပ္ပါယ်ရှိတယ်လို့ ချဲလ်ဆီးအပေါ် နိုင်ပွဲမှာ ခြေစွမ်းပြခဲ့အပြီးမှာ သူ့ရဲ့ အင်တာဂရမ်ကနေ ရေးသားသွားခဲ့။

– ချဲလ်ဆီးအသင်းကို မထင်မှတ်ဘဲ အနိုင်ရရှခဲ့ပေမယ့် အဆင့် ၁၅ မှာ ရပ်တည်နေဆဲဖြစ်တဲ့ အာဆင်နယ်နည်းပြ အာတီတာရဲ့ စောင့်ကြည့်ကာလက မပြီးဆုံးသေးသလို တာဝန်ရှိသူတွေအနေနဲ့ လီဗာပူးလ်နည်းပြဟောင်း ရာဖာ ဘင်နီတက်ဇ်ကိုလည်း စိတ်ဝင်စားနေတယ်လို့ဆို။

– အက်သလက်တီကို မက်ဒရစ်အသင်းကို အငှားချထားခံခဲ့ရတဲ့ အာဆင်နယ်ကွင်းလယ်လူ လူးကပ်စ် တော်ရဲရားအနေနဲ့ ဇန်နဝါရီမှာ အသင်းပြောင်းရွှေ့ဖွယ်ရှိနေပြီး စပိန်မြေအစား အီတလီမြေက စီးရီးအေကလပ် တိုရီနိုအသင်းဆီ ထပ်မံအငှားပြောင်းရွှေ့သွားမယ်လို့ စပိန်သတင်းဌာန မွန်ဒို ဒီပေါ့တီဗိုဖော်ပြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လာမယ့္ဇန္နဝါရီ အေျပာင္းအေ႐ႊ႕မွာ အသင္းရဲ႕ အဓိကပစ္မွတ္ ဆိုေဘာ့ဆ္လိုင္းကို လက္လႊတ္ခဲ့ရၿပီးမွာ ေနာက္ထပ္ပစ္မွတ္ျဖစ္တဲ့ ဟူဆင္းမ္ ေအာဝါကိုလည္း ေခၚယူႏိုင္ေျခ နည္းေနၿပီး ေဒါ့မြန္ကစားသမား ဂ်ဴလီယန္ ဘရန႔္ဒ္ကိုပဲ ကြင္းလယ္တိုက္စစ္အတြက္ ျဖည့္ဆည့္သြားဖို႔ ရွိေန။

– အာဆင္နယ္အသင္းအေနနဲ႔ ဇန္နဝါရီမွာ ကြင္းလယ္လူ မီဆြတ္ အိုေဇးလ္ကို ေခၚယူမယ့္အသင္း ရွိဦးမလားဆိုၿပီး ေငြေၾကးရတတ္သမွ် အက်ိဳးအျမတ္လိုခ်င္တဲ့ သေဘာမ်ိဳးကိုလည္း ျပသေနၿပီး ၆ လ အငွားခ်သြားဖို႔ ဂ်ဴဗင္တပ္စ္အသင္းဆီ ကမ္းလွမ္းခဲ့တယ္လို႔ သတင္းေတြ ေဖာ္ျပ။

– ေဒးဗစ္ အြန္းစတိန္းက အာဆင္နယ္တို႔ ခ်ိတ္ဆက္ေနတယ္လို႔ ထုတ္ေဖာ္ထားၿပီး ဇန္နဝါရီမွာ ေခၚယူသြားႏိုင္တယ္လို႔ ဆိုထားခဲ့တဲ့ ဂ်ာမန္ တိုက္စစ္ကစားသမား ဂ်ဴလီယန္ ဘရန႔္ဒ္အတြက္ ပရိသတ္ေတြ စိတ္လႈပ္ရွားေနၾကၿပီး အားျဖည့္မႈေကာင္းတစ္ခုျဖစ္မယ္လို႔ ေမွ်ာ္လင့္ေန။

– နည္းျပေဟာင္း အူႏိုင္း အမ္မရီလက္ထက္က အာဆင္နယ္အသင္းရဲ႕ နံပါတ္ ၂ နည္းျပျဖစ္ခဲ့တဲ့ လက္ရွိ စပိန္တတိယတန္းကလပ္ အီဘီဇာနည္းျပ ဟြမ္ကားလို႔စ္ ကာစီဒိုက အာဆင္နယ္အသင္းရဲ႕ ရလဒ္ေတြ ဆိုး႐ြားေနေပမယ့္ မီခယ္လ္ အာတီတာကို ယုံယုံၾကည္ၾကည္ အခ်ိန္ေပးလိုက္ရင္ အေျခအေန ျပန္ေကာင္းလာလိမ့္မယ္လို႔ ေထာက္ခံသြား။

– အာဆင္နယ္အသင္းအေနနဲ႔ ေႏြရာသီမွာ လက္ေထာက္အသင္းေခါင္းေဆာင္ ဟက္တာ ဘယ္လာရင္ရဲ႕ ထြက္ခြာမႈကို ေမွ်ာ္လင့္ထားၿပီး ဘ႐ိုက္တန္အသင္းမွာ ေျခစြမ္းျပေနတဲ့ ညာေနာက္ခံလူ တာရစ္ လမ့္ပ္ေတနဲ႔ အစားထိုးသြားဖို႔ စိတ္ဝင္စားေန။

– ဘန္ေလနဲ႔ပြဲမွာ အနီကတ္ျပခံရအၿပီးမွာ ႏႈတ္ဆိတ္ေနခဲ့တဲ့ ကြင္းလယ္လူ ဂရာနစ္ ခ်ာကာက တစ္ခါတစ္ရံမွာ လုပ္ရပ္ေတြက စကားေတြထက္ ပိုၿပီး အဓိပၸါယ္ရွိတယ္လို႔ ခ်ဲလ္ဆီးအေပၚ ႏိုင္ပြဲမွာ ေျခစြမ္းျပခဲ့အၿပီးမွာ သူ႔ရဲ႕ အင္တာဂရမ္ကေန ေရးသားသြားခဲ့။

– ခ်ဲလ္ဆီးအသင္းကို မထင္မွတ္ဘဲ အႏိုင္ရရွခဲ့ေပမယ့္ အဆင့္ ၁၅ မွာ ရပ္တည္ေနဆဲျဖစ္တဲ့ အာဆင္နယ္နည္းျပ အာတီတာရဲ႕ ေစာင့္ၾကည့္ကာလက မၿပီးဆုံးေသးသလို တာဝန္ရွိသူေတြအေနနဲ႔ လီဗာပူးလ္နည္းျပေဟာင္း ရာဖာ ဘင္နီတက္ဇ္ကိုလည္း စိတ္ဝင္စားေနတယ္လို႔ဆို။

– အက္သလက္တီကို မက္ဒရစ္အသင္းကို အငွားခ်ထားခံခဲ့ရတဲ့ အာဆင္နယ္ကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲရားအေနနဲ႔ ဇန္နဝါရီမွာ အသင္းေျပာင္းေ႐ႊ႕ဖြယ္ရွိေနၿပီး စပိန္ေျမအစား အီတလီေျမက စီးရီးေအကလပ္ တိုရီႏိုအသင္းဆီ ထပ္မံအငွားေျပာင္းေ႐ႊ႕သြားမယ္လို႔ စပိန္သတင္းဌာန မြန္ဒို ဒီေပါ့တီဗိုေဖာ္ျပ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.