Match Report Premier League

အချိန်မီ အပြောင်းအလဲ မလုပ်နိုင်မှုကြောင့် အန်းဖီးလ်မှာ သရေကျခဲ့တဲ့ လီဗာပူးလ်

ဒီနေ့ပွဲမှာ လီဗာပူးလ်အသင်းအနေနဲ့ အိမ်ကွင်းမှာ စိတ်ပျက်စရာ အမှတ်ဆုံးရှုံးမှုနဲ့ ကြုံတွေ့ခဲ့ရပြီး နောက်က လက်စတာနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ သရေကျချိန်မှာ အမှတ်မဖြတ်နိုင်ခဲ့ဘဲ ဝက်စ်ဘရွန်းအသင်းနဲ့ပွဲမှာ မှားယွင်းတဲ့ လူရွေးချယ်မှုနှစ်ခုနဲ့ ဂိုးကန်သွင်းခွင့် ၁၇ ကြိမ်မှာ ၂ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပြီး တစ်မှတ်သာ ရယူနိုင်ခဲ့ပါတယ်။

ဆမ်အလာဒိုက်စ်ရဲ့ အိမ်စာကျေတဲ့ အသင်းရဲ့ ပိတ်ဆို့မှုတွေကို ထိုးဖောက်ဖို့ လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်က ဘောလုံးကောင်းကောင်းမထွက်တာက ပြဿနာတစ်ခုဖြစ်ခဲ့ပြီး တစ်ခုတည်းသော ဘောလုံးလမ်းကြောင်းစတင်ရာဖြစ်တဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆန်ကိုပဲ အားကိုးနေရချိန်မှာ ကားတစ်ဂျုံးစ်နဲ့ ဗိုင်နယ်လ်ဒွမ်တို့က လုံးဝအလုပ်မဖြစ်ခဲ့တာပါ။

ပွဲချိန် ၁၂ မိနစ်မှာကတည်းက နောက်ခံလူ မာတစ်ပ်ရဲ့ Deep Cross ကို မာနေးက ရင်ဘတ်နဲ့ ထိန်းယူပြီး ကန်သွင်းသွားခဲ့တဲ့ ဂိုးကြောင့် လီဗာပူးလ်တို့ ဝက်စ်ဘရွန်းကို ချေမှုန်းနိုင်တော့မယ်လို့ ထင်ခဲ့ပေမယ့် ဒီနောက်ပိုင်းမှာ ထိရောက်တဲ့ အခွင့်အရေးမျိုး မဖန်တီးနိုင်ခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုးတည်းနဲ့သာ အိမ်ရှင်တို့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ကွင်းလယ်မှာ ဘောလုံးကောင်းကောင်းဖြန့်ပြီး နေရာလွတ်တွေ ရှာဖွေပေးနိုင်ဖို့ ပျက်ကွက်နေတဲ့ ဂျုံးစ်နဲ့ ဗိုင်နယ်လ်ဒွမ်ကို အားနည်းချက်အဖြစ် နည်းပြ ကလော့ပ်က မမြင်ခဲ့တာကြောင့် ဝက်စ်ဘရွန်းတို့ အကြိုက်တွေ့ခဲ့ပြီး တန်ပြန်တိုက်စစ်တွေကတောင် ပြန်လည် ခြိမ်းခြောက်လာနိုင်ခဲ့ပါတယ်။

ပွဲချိန် မိနစ် ၆၀ မှာ မာတစ်ပ် နာသွားခဲ့တာကတော့ အသင်းအတွက် အလှည့်အပြောင်းဖြစ်ခဲ့ပြီး သူ့နေရာ ဝင်ကစားတဲ့ ရီးစ် ဝီလီယမ်စ်က ဂရန့်၊ ပါရဲရား၊ အော်စတင်တို့ကို ထိန်းချုပ်ဖို့ မတတ်နိုင်ခဲ့တာကြောင့် ဖာဘင်ညို ပိုမိုရုန်းကန်လာရပြီး ပွဲချိန် ၈၂ မိနစ်မှာတော့ ဆမ်မီ အဂျာယီက ထောင့်ကန်ဘောကနေ ခေါင်းတိုက်ချေပသွားခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာ ညာခြမ်းကနေ ဘောလုံးခင်းနိုင်မယ့် ရှာကျီရီလို ကစားသမားမျိုးကို မထည့်ဘဲ ချိမ်ဘာလိန်ကို ထည့်ခဲ့တာ၊ ကျဆင်းနေတဲ့ မာနေးအစား ဖာမီနိုကို အိုရီဂီနဲ့ လဲခဲ့တာတွေကလည်း ဒီပွဲရဲ့ ဗျူဟာအမှားတွေပဲဖြစ်ခဲ့လို့ လူငယ်နဲ့ စာချုပ်ကြောင့် အာရုံဝေဝါးနေတဲ့ ကစားသမားတွေကို သုံးပြီး အတွေးချော်ခဲ့တဲ့ နည်းပြ ယာဂန် ကလော့ပ်အတွက်တော့ ဒီပွဲဟာ တစ်မှတ်နဲ့သာ ထိုက်တန်ခဲ့တယ်ဆိုရင်လည်း မှားမယ် မထင်ပါဘူး။

ပွဲချိန် ၈၉ မိနစ်မှာတော့ လူစားဝင်ကစားသမား ချိမ်ဘာလိန်ရဲ့ ဖြတ်တင်မှုကို တိုက်စစ်မှူး ရောဘတ်တို ဖာမီနိုက လူကျွံထောင်ချောက်ကို ဖြတ်ကျော်ပြီး ခေါင်းတိုက်သွင်းယူခဲ့တာကို ဂိုးသမား ဂျွန်စတုန်းစ် ပုတ်ထုတ်နိုင်ခဲ့တာက လီဗာပူးလ်ပရိသတ်တွေ စိတ်အပျက်ရဆုံး အခိုက်အတန့်လည်းဖြစ်ခဲ့ပြီး အန်းဖီးလ်မှာ ဝက်စ်ဘရွန်းကတော့ အမှတ်ရရှိဖို့ ထိုက်တန်ခဲ့ပါတယ်။

ဒီပွဲကို သရေကျခဲ့တာကြောင့် လီဗာပူးလ်တို့ အမှတ်ပေးဇယားထိပ်ကနေ ၅ မှတ်ဖြတ် ဦးဆောင်ခွင့်ကို လက်လွှတ်လိုက်ရပြီး မန်ချက်စတာယူနိုက်တက်ကို ပျော်ရွှင်စေခဲ့သလို မာဆေးဆိုက်ဒါဘီပြိုင်ဘက် အဲဗာတန်ကိုလည်း ၃ မှတ်သာ ဖြတ်ထားနိုင်ခဲ့တာကြောင့် သူတို့ရဲ့ ချန်ပီယံကာကွယ်မှုအတွက် ခိုင်ခိုင်မာမာ ပြောလို့ မကောင်းတဲ့ အခြေအနေကိုလည်း ရောက်ရှိသွားခဲ့ပြီး ပရီးမီးယားလိဂ်ကတော့ ပိုပြီး ရင်ခုန်စရာကောင်းလာခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီေန႔ပြဲမွာ လီဗာပူးလ္အသင္းအေနနဲ႔ အိမ္ကြင္းမွာ စိတ္ပ်က္စရာ အမွတ္ဆုံးရႈံးမႈနဲ႔ ႀကဳံေတြ႕ခဲ့ရၿပီး ေနာက္က လက္စတာနဲ႔ မန္ခ်က္စတာ ယူႏိုက္တက္တို႔ သေရက်ခ်ိန္မွာ အမွတ္မျဖတ္ႏိုင္ခဲ့ဘဲ ဝက္စ္ဘ႐ြန္းအသင္းနဲ႔ပြဲမွာ မွားယြင္းတဲ့ လူေ႐ြးခ်ယ္မႈႏွစ္ခုနဲ႔ ဂိုးကန္သြင္းခြင့္ ၁၇ ႀကိမ္မွာ ၂ ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့ၿပီး တစ္မွတ္သာ ရယူႏိုင္ခဲ့ပါတယ္။

ဆမ္အလာဒိုက္စ္ရဲ႕ အိမ္စာေက်တဲ့ အသင္းရဲ႕ ပိတ္ဆို႔မႈေတြကို ထိုးေဖာက္ဖို႔ လီဗာပူးလ္အသင္းရဲ႕ ကြင္းလယ္က ေဘာလုံးေကာင္းေကာင္းမထြက္တာက ျပႆနာတစ္ခုျဖစ္ခဲ့ၿပီး တစ္ခုတည္းေသာ ေဘာလုံးလမ္းေၾကာင္းစတင္ရာျဖစ္တဲ့ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ကိုပဲ အားကိုးေနရခ်ိန္မွာ ကားတစ္ဂ်ဳံးစ္နဲ႔ ဗိုင္နယ္လ္ဒြမ္တို႔က လုံးဝအလုပ္မျဖစ္ခဲ့တာပါ။

ပြဲခ်ိန္ ၁၂ မိနစ္မွာကတည္းက ေနာက္ခံလူ မာတစ္ပ္ရဲ႕ Deep Cross ကို မာေနးက ရင္ဘတ္နဲ႔ ထိန္းယူၿပီး ကန္သြင္းသြားခဲ့တဲ့ ဂိုးေၾကာင့္ လီဗာပူးလ္တို႔ ဝက္စ္ဘ႐ြန္းကို ေခ်မႈန္းႏိုင္ေတာ့မယ္လို႔ ထင္ခဲ့ေပမယ့္ ဒီေနာက္ပိုင္းမွာ ထိေရာက္တဲ့ အခြင့္အေရးမ်ိဳး မဖန္တီးႏိုင္ခဲ့လို႔ ပထမပိုင္းမွာ တစ္ဂိုးတည္းနဲ႔သာ အိမ္ရွင္တို႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း ကြင္းလယ္မွာ ေဘာလုံးေကာင္းေကာင္းျဖန႔္ၿပီး ေနရာလြတ္ေတြ ရွာေဖြေပးႏိုင္ဖို႔ ပ်က္ကြက္ေနတဲ့ ဂ်ဳံးစ္နဲ႔ ဗိုင္နယ္လ္ဒြမ္ကို အားနည္းခ်က္အျဖစ္ နည္းျပ ကေလာ့ပ္က မျမင္ခဲ့တာေၾကာင့္ ဝက္စ္ဘ႐ြန္းတို႔ အႀကိဳက္ေတြ႕ခဲ့ၿပီး တန္ျပန္တိုက္စစ္ေတြကေတာင္ ျပန္လည္ ၿခိမ္းေျခာက္လာႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၆၀ မွာ မာတစ္ပ္ နာသြားခဲ့တာကေတာ့ အသင္းအတြက္ အလွည့္အေျပာင္းျဖစ္ခဲ့ၿပီး သူ႔ေနရာ ဝင္ကစားတဲ့ ရီးစ္ ဝီလီယမ္စ္က ဂရန႔္၊ ပါရဲရား၊ ေအာ္စတင္တို႔ကို ထိန္းခ်ဳပ္ဖို႔ မတတ္ႏိုင္ခဲ့တာေၾကာင့္ ဖာဘင္ညိဳ ပိုမို႐ုန္းကန္လာရၿပီး ပြဲခ်ိန္ ၈၂ မိနစ္မွာေတာ့ ဆမ္မီ အဂ်ာယီက ေထာင့္ကန္ေဘာကေန ေခါင္းတိုက္ေခ်ပသြားခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာ ညာျခမ္းကေန ေဘာလုံးခင္းႏိုင္မယ့္ ရွာက်ီရီလို ကစားသမားမ်ိဳးကို မထည့္ဘဲ ခ်ိမ္ဘာလိန္ကို ထည့္ခဲ့တာ၊ က်ဆင္းေနတဲ့ မာေနးအစား ဖာမီႏိုကို အိုရီဂီနဲ႔ လဲခဲ့တာေတြကလည္း ဒီပြဲရဲ႕ ဗ်ဴဟာအမွားေတြပဲျဖစ္ခဲ့လို႔ လူငယ္နဲ႔ စာခ်ဳပ္ေၾကာင့္ အာ႐ုံေဝဝါးေနတဲ့ ကစားသမားေတြကို သုံးၿပီး အေတြးေခ်ာ္ခဲ့တဲ့ နည္းျပ ယာဂန္ ကေလာ့ပ္အတြက္ေတာ့ ဒီပြဲဟာ တစ္မွတ္နဲ႔သာ ထိုက္တန္ခဲ့တယ္ဆိုရင္လည္း မွားမယ္ မထင္ပါဘူး။

ပြဲခ်ိန္ ၈၉ မိနစ္မွာေတာ့ လူစားဝင္ကစားသမား ခ်ိမ္ဘာလိန္ရဲ႕ ျဖတ္တင္မႈကို တိုက္စစ္မႉး ေရာဘတ္တို ဖာမီႏိုက လူကြၽံေထာင္ေခ်ာက္ကို ျဖတ္ေက်ာ္ၿပီး ေခါင္းတိုက္သြင္းယူခဲ့တာကို ဂိုးသမား ဂြၽန္စတုန္းစ္ ပုတ္ထုတ္ႏိုင္ခဲ့တာက လီဗာပူးလ္ပရိသတ္ေတြ စိတ္အပ်က္ရဆုံး အခိုက္အတန႔္လည္းျဖစ္ခဲ့ၿပီး အန္းဖီးလ္မွာ ဝက္စ္ဘ႐ြန္းကေတာ့ အမွတ္ရရွိဖို႔ ထိုက္တန္ခဲ့ပါတယ္။

ဒီပြဲကို သေရက်ခဲ့တာေၾကာင့္ လီဗာပူးလ္တို႔ အမွတ္ေပးဇယားထိပ္ကေန ၅ မွတ္ျဖတ္ ဦးေဆာင္ခြင့္ကို လက္လႊတ္လိုက္ရၿပီး မန္ခ်က္စတာယူႏိုက္တက္ကို ေပ်ာ္႐ႊင္ေစခဲ့သလို မာေဆးဆိုက္ဒါဘီၿပိဳင္ဘက္ အဲဗာတန္ကိုလည္း ၃ မွတ္သာ ျဖတ္ထားႏိုင္ခဲ့တာေၾကာင့္ သူတို႔ရဲ႕ ခ်န္ပီယံကာကြယ္မႈအတြက္ ခိုင္ခိုင္မာမာ ေျပာလို႔ မေကာင္းတဲ့ အေျခအေနကိုလည္း ေရာက္ရွိသြားခဲ့ၿပီး ပရီးမီးယားလိဂ္ကေတာ့ ပိုၿပီး ရင္ခုန္စရာေကာင္းလာခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.