Premier League Transfer News

27 Dec ညချမ်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– ချဲလ်ဆီးနည်းပြ ဖရန့် လမ်းပတ်ရဲ့ လီဗာပူးလ်တို့အနေနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ဇယားရေးဆွဲမှုမှာ မျက်နှာသာပေးမှု ရရှိနေတယ်ဆိုတဲ့ မှတ်ချက်အပေါ် နည်းပြ ယာဂန် ကလော့ပ်က ဒီဆုံးဖြတ်ချက်တွေကို မိမိတို့ ချမှတ်တာ မဟုတ်လို့ တရားတယ် မတရားဘူး ပြောနေလို့ မဖြစ်နိုင်ဘူးလို့ တုံ့ပြန်သွားခဲ့။

– မူလအစတုန်းက လီဗာပူးလ်အသင်းအနေနဲ့ ဇန်နဝါရီမှာ ငွေသုံးဖို့ သိပ်မစဉ်းစားဖြစ်ခဲ့ပေမယ့် ရှော်လ်ကာနောက်ခံလူ အိုဇန် ကာဘက်ခ်ရဲ့ အရည်အသွေးကောင်းနဲ့ သူ့ကို ပေါင် ၂၂ သန်းခန့်နဲ့ ရရှိနိုင်မယ့် အချက်တွေကြောင့် စိတ်ပြောင်းသွားပြီး နည်းပြ ယာဂန် ကလော့ပ်ရဲ့ ထောက်ခံချက်နဲ့ အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ သိရ။

– အသင်းက ထွက်ခွာလိုနေတဲ့ တိုက်စစ်မှူး ဒီဗော့ခ် အိုရီဂီကို ဘရိုက်တန်အသင်းက စိတ်ဝင်စားနေတာကြောင့် စာချုပ်သစ်ချုပ်ဖို့ လုံးဝ မဖြစ်နိုင်သလောက်ရှိတဲ့ ကွင်းလယ်လူ ဂျော်ဂျီနီယို ဗိုင်နယ်လ်ဒွမ်ကို အစားထိုးဖို့အတွက် စင်ရော်တွေရဲ့ ကွင်းလယ်လူ အိဗ်စ် ဘီဆူးမားနဲ့ လဲလှယ်သွားဖို့ လီဗာပူးလ်တို့ စဉ်းစားနေ။

– အာဆင်နယ်အသင်းရဲ့ ဖလားပွဲတွေမှာ ခြေစွမ်းပြနေခဲ့တဲ့ လူငယ်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂွန်ကို လာမယ့်နွေရာသီမှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ လီဗာပူးလ်ဘက်က စိတ်ဝင်စားနေပြီး စာချုပ်သစ် မချုပ်သေးတဲ့ အင်္ဂလန်ယူ-၂၀ လက်ရွေးစင်ကို ချဲလ်ဆီးရဲ့ ဒေါမနစ် ဆိုလန်ကီကို ခေါ်ယူတုန်းကလိုပဲ လှုပ်ရှားသွားဖွယ်ရှိနေ။

– လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူးဟောင်းတစ်ယောက်ဖြစ်တဲ့ စတန် ကော်လီမိုးက ဂိုးသွင်းဘုရင် မိုဟာမက် ဆာလားအနေနဲ့ ဒီရာသီမှာ စာချုပ်သက်တမ်းတိုးပြီး သူ့ရဲ့ တည်ငြိမ်တဲ့ အနာဂတ်ကို ပြရင်ပြ၊ မဟုတ်ရင် နွေရာသီမှာ ရောင်းချပစ်ဖို့ အကြံပေးသွား။

– ဒူးအရွတ် ACL ဒဏ်ရာရရှိသွားခဲ့တဲ့ နောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက်အနေနဲ့ ပြန်လည်သန်စွမ်းရေး လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေတာ ၈ ပတ်လောက်သာ ရှိသေးပေမယ့် မယုံနိုင်လောက်အောင် တိုးတက်နေပြီး အချိန်တိုအတွင်းမှာ အကောင်းဆုံးပုံစံကို ပြန်လည်ရယူနိုင်ဖို့ရှိနေ။

– ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာတော့မယ့် နောက်ခံလူ ဒေးဗစ် အလာဘာကို ခေါ်ယူဖို့အတွက် လီဗာပူးလ်အသင်းကလည်း တစ်သင်းအပါအဝင်ဖြစ် ကြိုးစားနေပြီး သူတို့ရဲ့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတွေကို ပူပူနွေးနွေးရယူထားနိုင်တာက တခြားအသင်းတွေထက် အားသာချက်ရှိနေ။

– လီဗာပူးလ်ရဲ့ အငှားကစားသမားတစ်ဦးဖြစ်တဲ့ လူငယ်တိုက်စစ်မှူး ဟာဗီ အီးလီးယော့က ဘလက်ဘန်းနဲ့ ခြေစွမ်းပြနေချိန်မှာ ပေါ်တိုကို အငှားချထားတဲ့ ကွင်းလယ်လူ မာကို ဂရူယစ်ချ်ကတော့ ပေါ်တူဂီဆူပါဖလားကို ပါဝင်ကစားပြီး ဆုဖလားတစ်လုံးရရှိသွားခဲ့။

– အသင်းနဲ့အတူ ပိုမိုတိုးတက်တဲ့ သူကိုယ်တိုင်ရဲ့ ပုံစံကောင်းကို တစ်ဆင့်မြှင့်တင်နိုင်ဖို့ ကြိုးစားနေတယ်လို့ လီဗာပူးလ်ကွင်းလယ်လူ အဲလက်စ် အောက်ဇလိတ်-ချိမ်ဘာလိန်က ပြောကြားလိုက်ပြီး ဂိုးတွေ သွင်းယူဖို့နဲ့ ဆာလား၊ မာနေး၊ ဖာမီနိုတို့ကို ဖန်တီးပေးဖို့ လုပ်ဆောင်သွားမယ်လို့ဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ခ်ဲလ္ဆီးနည္းျပ ဖရန႔္ လမ္းပတ္ရဲ႕ လီဗာပူးလ္တို႔အေနနဲ႔ ပရီးမီးယားလိဂ္ ပြဲစဥ္ဇယားေရးဆြဲမႈမွာ မ်က္ႏွာသာေပးမႈ ရရွိေနတယ္ဆိုတဲ့ မွတ္ခ်က္အေပၚ နည္းျပ ယာဂန္ ကေလာ့ပ္က ဒီဆုံးျဖတ္ခ်က္ေတြကို မိမိတို႔ ခ်မွတ္တာ မဟုတ္လို႔ တရားတယ္ မတရားဘူး ေျပာေနလို႔ မျဖစ္ႏိုင္ဘူးလို႔ တုံ႔ျပန္သြားခဲ့။

– မူလအစတုန္းက လီဗာပူးလ္အသင္းအေနနဲ႔ ဇန္နဝါရီမွာ ေငြသုံးဖို႔ သိပ္မစဥ္းစားျဖစ္ခဲ့ေပမယ့္ ေရွာ္လ္ကာေနာက္ခံလူ အိုဇန္ ကာဘက္ခ္ရဲ႕ အရည္အေသြးေကာင္းနဲ႔ သူ႔ကို ေပါင္ ၂၂ သန္းခန႔္နဲ႔ ရရွိႏိုင္မယ့္ အခ်က္ေတြေၾကာင့္ စိတ္ေျပာင္းသြားၿပီး နည္းျပ ယာဂန္ ကေလာ့ပ္ရဲ႕ ေထာက္ခံခ်က္နဲ႔ အရွိန္ျမႇင့္လုပ္ေဆာင္ေနတယ္လို႔ သိရ။

– အသင္းက ထြက္ခြာလိုေနတဲ့ တိုက္စစ္မႉး ဒီေဗာ့ခ္ အိုရီဂီကို ဘ႐ိုက္တန္အသင္းက စိတ္ဝင္စားေနတာေၾကာင့္ စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ လုံးဝ မျဖစ္ႏိုင္သေလာက္ရွိတဲ့ ကြင္းလယ္လူ ေဂ်ာ္ဂ်ီနီယို ဗိုင္နယ္လ္ဒြမ္ကို အစားထိုးဖို႔အတြက္ စင္ေရာ္ေတြရဲ႕ ကြင္းလယ္လူ အိဗ္စ္ ဘီဆူးမားနဲ႔ လဲလွယ္သြားဖို႔ လီဗာပူးလ္တို႔ စဥ္းစားေန။

– အာဆင္နယ္အသင္းရဲ႕ ဖလားပြဲေတြမွာ ေျခစြမ္းျပေနခဲ့တဲ့ လူငယ္တိုက္စစ္မႉး ဖိုလာရင္ ဘာလိုဂြန္ကို လာမယ့္ေႏြရာသီမွာ အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူဖို႔ လီဗာပူးလ္ဘက္က စိတ္ဝင္စားေနၿပီး စာခ်ဳပ္သစ္ မခ်ဳပ္ေသးတဲ့ အဂၤလန္ယူ-၂၀ လက္ေ႐ြးစင္ကို ခ်ဲလ္ဆီးရဲ႕ ေဒါမနစ္ ဆိုလန္ကီကို ေခၚယူတုန္းကလိုပဲ လႈပ္ရွားသြားဖြယ္ရွိေန။

– လီဗာပူးလ္အသင္းရဲ႕ တိုက္စစ္မႉးေဟာင္းတစ္ေယာက္ျဖစ္တဲ့ စတန္ ေကာ္လီမိုးက ဂိုးသြင္းဘုရင္ မိုဟာမက္ ဆာလားအေနနဲ႔ ဒီရာသီမွာ စာခ်ဳပ္သက္တမ္းတိုးၿပီး သူ႔ရဲ႕ တည္ၿငိမ္တဲ့ အနာဂတ္ကို ျပရင္ျပ၊ မဟုတ္ရင္ ေႏြရာသီမွာ ေရာင္းခ်ပစ္ဖို႔ အႀကံေပးသြား။

– ဒူးအ႐ြတ္ ACL ဒဏ္ရာရရွိသြားခဲ့တဲ့ ေနာက္ခံလူ ဗာဂ်ီးလ္ ဗန္ဒိုက္အေနနဲ႔ ျပန္လည္သန္စြမ္းေရး လုပ္ငန္းစဥ္ေတြကို ေဆာင္႐ြက္ေနတာ ၈ ပတ္ေလာက္သာ ရွိေသးေပမယ့္ မယုံႏိုင္ေလာက္ေအာင္ တိုးတက္ေနၿပီး အခ်ိန္တိုအတြင္းမွာ အေကာင္းဆုံးပုံစံကို ျပန္လည္ရယူႏိုင္ဖို႔ရွိေန။

– ဘိုင္ယန္ျမဴးနစ္အသင္းကေန ထြက္ခြာေတာ့မယ့္ ေနာက္ခံလူ ေဒးဗစ္ အလာဘာကို ေခၚယူဖို႔အတြက္ လီဗာပူးလ္အသင္းကလည္း တစ္သင္းအပါအဝင္ျဖစ္ ႀကိဳးစားေနၿပီး သူတို႔ရဲ႕ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ဖလားေတြကို ပူပူေႏြးေႏြးရယူထားႏိုင္တာက တျခားအသင္းေတြထက္ အားသာခ်က္ရွိေန။

– လီဗာပူးလ္ရဲ႕ အငွားကစားသမားတစ္ဦးျဖစ္တဲ့ လူငယ္တိုက္စစ္မႉး ဟာဗီ အီးလီးေယာ့က ဘလက္ဘန္းနဲ႔ ေျခစြမ္းျပေနခ်ိန္မွာ ေပၚတိုကို အငွားခ်ထားတဲ့ ကြင္းလယ္လူ မာကို ဂ႐ူယစ္ခ်္ကေတာ့ ေပၚတူဂီဆူပါဖလားကို ပါဝင္ကစားၿပီး ဆုဖလားတစ္လုံးရရွိသြားခဲ့။

– အသင္းနဲ႔အတူ ပိုမိုတိုးတက္တဲ့ သူကိုယ္တိုင္ရဲ႕ ပုံစံေကာင္းကို တစ္ဆင့္ျမႇင့္တင္ႏိုင္ဖို႔ ႀကိဳးစားေနတယ္လို႔ လီဗာပူးလ္ကြင္းလယ္လူ အဲလက္စ္ ေအာက္ဇလိတ္-ခ်ိမ္ဘာလိန္က ေျပာၾကားလိုက္ၿပီး ဂိုးေတြ သြင္းယူဖို႔နဲ႔ ဆာလား၊ မာေနး၊ ဖာမီႏိုတို႔ကို ဖန္တီးေပးဖို႔ လုပ္ေဆာင္သြားမယ္လို႔ဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.