Premier League

ဆယ်ယောက်တည်းနဲ့ ခြေစွမ်းပြခဲ့ပြီး တချို့တွေရဲ့ ရွှေဖလားကာလကို သတိရစေတဲ့ ဗီလာ


အက်စတန်ဗီလာအသင်းအနေနဲ့ ဒီနေ့ အိမ်ကွင်းနိုင်ပွဲဟာ ဂိုးပြတ်ခဲ့ပေမယ့် လွယ်ကူခဲ့တာတော့ မဟုတ်ဘဲ ဒုတိယပိုင်းတစ်ပိုင်းလုံးကို ၁၀ ယောက်တည်းနဲ့ ရင်ဆိုင်ကစားခဲ့ရတာဖြစ်သလို ခက်ခက်ခဲခဲနဲ့ အနိုင်ယူခဲ့ရတာဖြစ်ပြီး တစ်ချိန်က ခဏခဏ တစ်ယောက်လျော့နဲ့ ကစားရဖူးတဲ့ အာဆင်နယ်တို့ အောင်မြင်စဉ်ကာလက ခြေစွမ်းကိုလည်း ပြန်လည်အမှတ်ရမိစေခဲ့ပါတယ်။


ပွဲစပြီး မကြာခင်မှာပဲ ပဲလေ့စ်တိုက်စစ်မှူး ဇာဟာရဲ့ ထိုးဖောက်မှုကို ကာကွယ်နိုင်လိုက်တာက ဗီလာတို့ရဲ့ပွဲဖြစ်တော့မယ်လို့ ဆိုလိုက်သလိုဖြစ်ခဲ့ပြီး ထက်မြက်တဲ့ တန်ပြန်တိုက်စစ်ကနေ တိုက်စစ်မှူး အိုလီ ဝပ်ကင်းစ်ရဲ့ ကန်ချက်ကို ဂိုးသမား ဂွိုင်တာ ပုတ်ထုတ်လို့ ပြန်ထွက်လာတာကို ထရာအိုရေးက ပိတ်သွင်းပြီး ပွဲချိန် ၅ မိနစ်မှာ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။


နှစ်သင်း အပြန်အလှန်ကစားနေရင်း ပွဲချိန် ၄၅ မိနစ်မှာတော့ ဘောလုံးလွတ်သွားတဲ့ ဇာဟာကို အကျော်မခံဘဲ တွန်းပစ်ခဲ့တဲ့ နောက်ခံလူ တိုင်ရုန်း မင်းစ် အထုတ်ပယ်ခံခဲ့ရလို့ ပထမပိုင်း နာကျင်အချိန်ပို မရောက်ခင်ကတည်းက အက်စတန်ဗီလာတို့ ၁၀ ယောက်နဲ့ ကစားခဲ့ရတာပါ။


ဒီနေ့ပွဲမှာ အက်စတန်ဗီလာအသင်းရဲ့ ကစားကွက်နဲ့ ရလဒ်ပိုင်းထက် လုပ်သင့်လုပ်ထိုက်တာကို လုပ်တတ်တဲ့ အသင်းတစ်သင်းလုံးရဲ့ ခံယူချက်ကို ချီးကျူးရမှာဖြစ်ပြီး ခံစစ်လိုချိန်မှာ ဆင်းကစားကြသလို တိုက်စစ်ဆင်ချိန်မှာလည်း တုံ့ဆိုင်းနေခြင်းမရှိဘဲ နေရာကောင်းမှာ လွတ်နေတဲ့သူဟာ သူတို့ရဲ့ အဓိကလူအဖြစ်ထားပြီး ကစားသွားကြတာပါ။


ပွဲချိန် ၆၆ မိနစ်မှာတော့ ဖရီးကစ်ကနေ ကျလာတဲ့ ဘောလုံးကို တိုက်စစ်မှူး ဝပ်ကင်းစ်က ခေါင်းတိုက်ခဲ့ရာမှာ ဘားတန်းထိ ပြန်ထွက်လာတာကနေ နောက်ခံလူ ကော့တနီ ဟော့စ်က ထပ်ဆင့်ခေါင်းတိုက်ခဲ့ပြီး ဂိုးစည်းကို ကျော်သွားချိန်မှာမှ ပဲလေ့စ်ဂိုးသမား ဂွိုင်တာက ရှင်းထုတ်ခဲ့လို့ ဒိုင်လူကြီးက ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ပြီး ဗီလာတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။


ပွဲချိန် ၇၆ မိနစ်မှာတော့ ဂရီးလစ်ရှ်နဲ့ ဝပ်ကင်းစ်တို့နှစ်ယောက် တန်ပြန်တိုက်စစ်ကနေ ထိုးဖောက်သွားခဲ့ပြီး ဝပ်ကင်းစ်က နောက်က ပါလာတဲ့ အယ်လ်ဂါဇီကို ပြန်ချပေးခဲ့တာကို ဂိုးသွင်းစိပ်နေတဲ့ အယ်လ်ဂါဇီက မရပ်မနား အပြင်းကန်သွင်းခဲ့ရာမှာ ဂိုးသမားရဲ့ အဝေးတိုင်အတွင်းကိုထိပြီး ဂိုးဝင်သွားခဲ့လို့ ဗီလာတို့ တတိယဂိုး ထပ်ရခဲ့ပါတယ်။


လက်ကျန်ပွဲချိန်တွေမှာတော့ ဒီနေ့ ကံမကောင်းခဲ့တဲ့ ဝပ်ကင်းစ်အနေနဲ့ တန်ပြန်တိုက်စစ်တွေကနေ နှစ်ကြိမ်တိတိ ထပ်မံလွဲချော်ခဲ့တာကြောင့် ခြေစွမ်းပြနိုင်ပေမယ့် ဂိုးမရဘဲ ကျေနပ်ခဲ့ရသလို ပွဲအပြီးမှာတော့ ဗီလာတို့ အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာကို ဆုပ်ကိုင်နိုင်ခဲ့ပြီး တစ်ယောက်လျော့တာတောင် သုံးဂိုး-ဂိုးမရှိဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်ခဲ့တဲ့ ထိရောက်တဲ့ ကစားဟန်ကိုတော့ ချီးကျူးရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အက္စတန္ဗီလာအသင္းအေနနဲ႔ ဒီေန႔ အိမ္ကြင္းႏိုင္ပြဲဟာ ဂိုးျပတ္ခဲ့ေပမယ့္ လြယ္ကူခဲ့တာေတာ့ မဟုတ္ဘဲ ဒုတိယပိုင္းတစ္ပိုင္းလုံးကို ၁၀ ေယာက္တည္းနဲ႔ ရင္ဆိုင္ကစားခဲ့ရတာျဖစ္သလို ခက္ခက္ခဲခဲနဲ႔ အႏိုင္ယူခဲ့ရတာျဖစ္ၿပီး တစ္ခ်ိန္က ခဏခဏ တစ္ေယာက္ေလ်ာ့နဲ႔ ကစားရဖူးတဲ့ အာဆင္နယ္တို႔ ေအာင္ျမင္စဥ္ကာလက ေျခစြမ္းကိုလည္း ျပန္လည္အမွတ္ရမိေစခဲ့ပါတယ္။


ပြဲစၿပီး မၾကာခင္မွာပဲ ပဲေလ့စ္တိုက္စစ္မႉး ဇာဟာရဲ႕ ထိုးေဖာက္မႈကို ကာကြယ္ႏိုင္လိုက္တာက ဗီလာတို႔ရဲ႕ပြဲျဖစ္ေတာ့မယ္လို႔ ဆိုလိုက္သလိုျဖစ္ခဲ့ၿပီး ထက္ျမက္တဲ့ တန္ျပန္တိုက္စစ္ကေန တိုက္စစ္မႉး အိုလီ ဝပ္ကင္းစ္ရဲ႕ ကန္ခ်က္ကို ဂိုးသမား ဂြိဳင္တာ ပုတ္ထုတ္လို႔ ျပန္ထြက္လာတာကို ထရာအိုေရးက ပိတ္သြင္းၿပီး ပြဲခ်ိန္ ၅ မိနစ္မွာ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။


ႏွစ္သင္း အျပန္အလွန္ကစားေနရင္း ပြဲခ်ိန္ ၄၅ မိနစ္မွာေတာ့ ေဘာလုံးလြတ္သြားတဲ့ ဇာဟာကို အေက်ာ္မခံဘဲ တြန္းပစ္ခဲ့တဲ့ ေနာက္ခံလူ တိုင္႐ုန္း မင္းစ္ အထုတ္ပယ္ခံခဲ့ရလို႔ ပထမပိုင္း နာက်င္အခ်ိန္ပို မေရာက္ခင္ကတည္းက အက္စတန္ဗီလာတို႔ ၁၀ ေယာက္နဲ႔ ကစားခဲ့ရတာပါ။


ဒီေန႔ပြဲမွာ အက္စတန္ဗီလာအသင္းရဲ႕ ကစားကြက္နဲ႔ ရလဒ္ပိုင္းထက္ လုပ္သင့္လုပ္ထိုက္တာကို လုပ္တတ္တဲ့ အသင္းတစ္သင္းလုံးရဲ႕ ခံယူခ်က္ကို ခ်ီးက်ဴးရမွာျဖစ္ၿပီး ခံစစ္လိုခ်ိန္မွာ ဆင္းကစားၾကသလို တိုက္စစ္ဆင္ခ်ိန္မွာလည္း တုံ႔ဆိုင္းေနျခင္းမရွိဘဲ ေနရာေကာင္းမွာ လြတ္ေနတဲ့သူဟာ သူတို႔ရဲ႕ အဓိကလူအျဖစ္ထားၿပီး ကစားသြားၾကတာပါ။


ပြဲခ်ိန္ ၆၆ မိနစ္မွာေတာ့ ဖရီးကစ္ကေန က်လာတဲ့ ေဘာလုံးကို တိုက္စစ္မႉး ဝပ္ကင္းစ္က ေခါင္းတိုက္ခဲ့ရာမွာ ဘားတန္းထိ ျပန္ထြက္လာတာကေန ေနာက္ခံလူ ေကာ့တနီ ေဟာ့စ္က ထပ္ဆင့္ေခါင္းတိုက္ခဲ့ၿပီး ဂိုးစည္းကို ေက်ာ္သြားခ်ိန္မွာမွ ပဲေလ့စ္ဂိုးသမား ဂြိဳင္တာက ရွင္းထုတ္ခဲ့လို႔ ဒိုင္လူႀကီးက ဂိုးအျဖစ္ သတ္မွတ္ေပးခဲ့ၿပီး ဗီလာတို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ခဲ့ပါတယ္။


ပြဲခ်ိန္ ၇၆ မိနစ္မွာေတာ့ ဂရီးလစ္ရွ္နဲ႔ ဝပ္ကင္းစ္တို႔ႏွစ္ေယာက္ တန္ျပန္တိုက္စစ္ကေန ထိုးေဖာက္သြားခဲ့ၿပီး ဝပ္ကင္းစ္က ေနာက္က ပါလာတဲ့ အယ္လ္ဂါဇီကို ျပန္ခ်ေပးခဲ့တာကို ဂိုးသြင္းစိပ္ေနတဲ့ အယ္လ္ဂါဇီက မရပ္မနား အျပင္းကန္သြင္းခဲ့ရာမွာ ဂိုးသမားရဲ႕ အေဝးတိုင္အတြင္းကိုထိၿပီး ဂိုးဝင္သြားခဲ့လို႔ ဗီလာတို႔ တတိယဂိုး ထပ္ရခဲ့ပါတယ္။


လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ဒီေန႔ ကံမေကာင္းခဲ့တဲ့ ဝပ္ကင္းစ္အေနနဲ႔ တန္ျပန္တိုက္စစ္ေတြကေန ႏွစ္ႀကိမ္တိတိ ထပ္မံလြဲေခ်ာ္ခဲ့တာေၾကာင့္ ေျခစြမ္းျပႏိုင္ေပမယ့္ ဂိုးမရဘဲ ေက်နပ္ခဲ့ရသလို ပြဲအၿပီးမွာေတာ့ ဗီလာတို႔ အမွတ္ေပးဇယားရဲ႕ အဆင့္ ၆ ေနရာကို ဆုပ္ကိုင္ႏိုင္ခဲ့ၿပီး တစ္ေယာက္ေလ်ာ့တာေတာင္ သုံးဂိုး-ဂိုးမရွိဆိုတဲ့ ရလဒ္ကို ပိုင္ဆိုင္ခဲ့တဲ့ ထိေရာက္တဲ့ ကစားဟန္ကိုေတာ့ ခ်ီးက်ဴးရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.