Premier League Transfer News

နောက်ဆုံးရ ညပိုင်း မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– ဒူဘိုင်းအားကစားကောင်စီက ပေးအပ်ချီးမြှင့်ခဲ့တဲ့ ရာစုနှစ်အတွက် အကောင်းဆုံးနည်းပြဆုကို ပက်ပ် ဂွါဒီယိုလာက မဲရလဒ် ၃၄ ရာနှုန်းနဲ့ ရရှိသွားခဲ့ပြီး ဇီနီဒန်း ဇီဒန်းက ၃၀ ရာနှုန်း၊ ဆာအဲလက်စ် ဖာဂူဆန်က ၂၇ ရာနှုန်းနဲ့ ဂျိုဆေး မော်ရင်ညိုက ၈ ရာနှုန်း အသီးသီးရရှိခဲ့။

– ဘာစီလိုနာအသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့ကြားမှာ လူငယ်နောက်ခံလူ အဲရစ် ဂါစီယာအတွက် သဘောတူညီမှုရပြီလို့ ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုက သတင်းထုတ်ပြန်လိုက်ပြီး ပရိသတ်တွေကတော့ အသင်းအတွက် ကစားပေးဖို့ စိတ်မပါတဲ့သူကို နှုတ်ဆက်လိုက်တယ်လို့ ပြောနေကြ။

– ဂွတ်ဒီဆန်ပါ့ခ်မှာ အဲဗာတန်အသင်းနဲ့ ကစားရမယ့် တနင်္လာနေ့ည ပွဲစဉ်မှာ အိမ်ရှင်တွေဘက်က အဓိက ကစားသမားတွေဖြစ်ကြတဲ့ ဟားမက်စ် ရိုဒရီးရက်ဇ်နဲ့ ရစ်ချာလစ်ဆန်တို့ ပါဝင်နိုင်မှာ မဟုတ်လို့ တိုက်စစ်အင်အားနည်းတဲ့ အသင်းနဲ့ စီးတီးတို့ ရင်ဆိုင်ရဖွယ်ရှိနေ။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ အမှားမခံဘဲ ဆက်တိုက်ကစားရမယ့် နှစ်ကုန်ပိုင်းနဲ့ နှစ်သစ်ကူးပိုင်းပွဲစဉ်တွေမှာ ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားကို အနားပေးသွားဖို့ မရှိဘဲ ပွဲတိုင်း အသုံးပြုသွားဖို့ စီစဉ်နေတယ်လို့ နည်းပြ ဂွါဒီယိုလာ ထုတ်ပြန်သွား။

– အသင်းအတွက်တော့ နောက်ထပ် ဂျေဒန် ဆန်ချိုကို မဖြစ်စလောက် ပြောင်းရွှေ့ကြေးနဲ့ ဆုံးရှုံးရသလိုမျိုး ကြုံတွေ့ရဖို့ နီးစပ်နေပြီး အသင်းရဲ့ လူငယ်တောင်ပံကစား ဂျေဒင် ဘရာ့ဖ်ကို ဒေါ့မွန်အသင်းကပဲ နွေရာသီမှာ ပွဲထွက်ကစားခွင့်နဲ့ စည်းရုံးခေါ်ယူနိုင်ဖို့ ချဉ်းကပ်နေ။

– သူ့အနေနဲ့ ဝါရင့်တိုက်စစ်မှူး ဆာဂျီယို အဂွေရိုကို သဘောကျပြီး တိုက်စစ်မှာ ဂိုးတွေ သွင်းယူပေးစေဖို့ အလိုရှိပေမယ့် ကစားသမားရဲ့ ကြံ့ခိုင်မှု အခြေအနေကို ထည့်တွက်ပြီး ကာကွယ်ပေးသွားရမှာဖြစ်ကြောင်း နည်းပြ ဂွါဒီယိုလာ ဝန်ခံသွားခဲ့။

– ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ အံ့အားသင့်စရာ စိတ်ဝင်စားမှုအဖြစ် မန်ချက်စတာစီးတီးအသင်းရဲ့ လူငယ်ကွင်းလယ်လူ ဖီးလ် ဖိုဒန်ကို ရွေးချယ်လိုက်ပြီး စပိန်မီဒီယာတွေရဲ့ ဖော်ပြမှုအရ ဒီကစားသမားဟာ အသင်းကို တိုးတက်စေနိုင်မယ့်သူအဖြစ် ရှုမြင်ထားတယ်လို့ဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ဒူဘိုင္းအားကစားေကာင္စီက ေပးအပ္ခ်ီးျမႇင့္ခဲ့တဲ့ ရာစုႏွစ္အတြက္ အေကာင္းဆုံးနည္းျပဆုကို ပက္ပ္ ဂြါဒီယိုလာက မဲရလဒ္ ၃၄ ရာႏႈန္းနဲ႔ ရရွိသြားခဲ့ၿပီး ဇီနီဒန္း ဇီဒန္းက ၃၀ ရာႏႈန္း၊ ဆာအဲလက္စ္ ဖာဂူဆန္က ၂၇ ရာႏႈန္းနဲ႔ ဂ်ိဳေဆး ေမာ္ရင္ညိဳက ၈ ရာႏႈန္း အသီးသီးရရွိခဲ့။

– ဘာစီလိုနာအသင္းနဲ႔ မန္ခ်က္စတာစီးတီးအသင္းတို႔ၾကားမွာ လူငယ္ေနာက္ခံလူ အဲရစ္ ဂါစီယာအတြက္ သေဘာတူညီမႈရၿပီလို႔ ဂ်ာနယ္လစ္ ဖာဘရီဇီယို ႐ိုမာႏိုက သတင္းထုတ္ျပန္လိုက္ၿပီး ပရိသတ္ေတြကေတာ့ အသင္းအတြက္ ကစားေပးဖို႔ စိတ္မပါတဲ့သူကို ႏႈတ္ဆက္လိုက္တယ္လို႔ ေျပာေနၾက။

– ဂြတ္ဒီဆန္ပါ့ခ္မွာ အဲဗာတန္အသင္းနဲ႔ ကစားရမယ့္ တနလၤာေန႔ည ပြဲစဥ္မွာ အိမ္ရွင္ေတြဘက္က အဓိက ကစားသမားေတြျဖစ္ၾကတဲ့ ဟားမက္စ္ ႐ိုဒရီးရက္ဇ္နဲ႔ ရစ္ခ်ာလစ္ဆန္တို႔ ပါဝင္ႏိုင္မွာ မဟုတ္လို႔ တိုက္စစ္အင္အားနည္းတဲ့ အသင္းနဲ႔ စီးတီးတို႔ ရင္ဆိုင္ရဖြယ္ရွိေန။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ အမွားမခံဘဲ ဆက္တိုက္ကစားရမယ့္ ႏွစ္ကုန္ပိုင္းနဲ႔ ႏွစ္သစ္ကူးပိုင္းပြဲစဥ္ေတြမွာ ကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနားကို အနားေပးသြားဖို႔ မရွိဘဲ ပြဲတိုင္း အသုံးျပဳသြားဖို႔ စီစဥ္ေနတယ္လို႔ နည္းျပ ဂြါဒီယိုလာ ထုတ္ျပန္သြား။

– အသင္းအတြက္ေတာ့ ေနာက္ထပ္ ေဂ်ဒန္ ဆန္ခ်ိဳကို မျဖစ္စေလာက္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ဆုံးရႈံးရသလိုမ်ိဳး ႀကဳံေတြ႕ရဖို႔ နီးစပ္ေနၿပီး အသင္းရဲ႕ လူငယ္ေတာင္ပံကစား ေဂ်ဒင္ ဘရာ့ဖ္ကို ေဒါ့မြန္အသင္းကပဲ ေႏြရာသီမွာ ပြဲထြက္ကစားခြင့္နဲ႔ စည္း႐ုံးေခၚယူႏိုင္ဖို႔ ခ်ဥ္းကပ္ေန။

– သူ႔အေနနဲ႔ ဝါရင့္တိုက္စစ္မႉး ဆာဂ်ီယို အေဂြ႐ိုကို သေဘာက်ၿပီး တိုက္စစ္မွာ ဂိုးေတြ သြင္းယူေပးေစဖို႔ အလိုရွိေပမယ့္ ကစားသမားရဲ႕ ႀကံ့ခိုင္မႈ အေျခအေနကို ထည့္တြက္ၿပီး ကာကြယ္ေပးသြားရမွာျဖစ္ေၾကာင္း နည္းျပ ဂြါဒီယိုလာ ဝန္ခံသြားခဲ့။

– ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ အံ့အားသင့္စရာ စိတ္ဝင္စားမႈအျဖစ္ မန္ခ်က္စတာစီးတီးအသင္းရဲ႕ လူငယ္ကြင္းလယ္လူ ဖီးလ္ ဖိုဒန္ကို ေ႐ြးခ်ယ္လိုက္ၿပီး စပိန္မီဒီယာေတြရဲ႕ ေဖာ္ျပမႈအရ ဒီကစားသမားဟာ အသင္းကို တိုးတက္ေစႏိုင္မယ့္သူအျဖစ္ ရႈျမင္ထားတယ္လို႔ဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.