Other Leagues

လူငယ္တုိက္စစ္မွဴး ပဲေရာ့အေနနဲ႔ အဆင္သင့္မျဖစ္ေသးဘူးလို႔ ထင္ေၾကာင္း ေမာ္ရင္ဟိုေျပာ

UNICODE: တော့တင်ဟမ်ဟော့စပါးစ်နည်းပြ ဟိုဆေး မော်ရင်ဟိုက တိုက်စစ်မှူးတွေ ဒဏ်ရာရရှိနေချိန်မှာ လူငယ်တိုက်စစ်မှူး ထရွိုင် ပဲရော့ကို သုံးပါလားဆိုတဲ့ အကြံပေးမှုတွေအပေါ် သူ့ကစားသမားအနေနဲ့ ပရီးမီးယားလိဂ်ကို ကစားဖို့ အဆင့်သင့်မဖြစ်သေးဘူးလို့ တုံ့ပြန်ပြောကြားသွားခဲ့ပါတယ်။

ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်နဲ့ အိမ်ကွင်းပွဲစဉ်မှာ သုံးဂိုး-နှစ်ဂိုးနဲ့ ရှုံးနိမ့်နေချိန်မှာ ဒီကစားသမားကို ထည့်ပြီး တိုက်စစ်ကို အားမြှင့်ခဲ့သင့်ကြောင်း တချို့က ဝေဖန်ခဲ့ကြပြီး မော်ရင်ဟိုကတော့ သူ့ကို နာကျင်အချိန်ပိုမှာမှ ထည့်ကစားခဲ့တာဖြစ်သလို ထိရောက်တဲ့ ပုံစံကိုလည်း မပြသနိုင်သေးတာဖြစ်ပါတယ်။

ဒီပွဲမှာတော့ မော်ရင်ဟိုဟာ ကွင်းလယ်က ဂိုးသွင်းကောင်းတဲ့သူတစ်ဦးဖြစ်တဲ့ ဒယ်လီ အယ်လီကို တိုက်စစ်မှူးနေရာအထိ လိုက်ပါကစားခိုင်းခဲ့ပြီး စာရွက်ပေါ်မှာ Attacking Midfielder လိုမျိုး နေရာချထားခဲ့ပေမယ့် တကယ်ကစားရာမှာ ဂိုးရှေ့အထိ တက်ရောက်ကစားခဲ့တာလည်းဖြစ်သလို သူ့ရဲ့ အားထုတ်မှုကနေ ဘာ့ဂ်ဗိန်းက ပထမဂိုးသွင်းယူခဲ့သလို ဒုတိယဂိုးအတွက်လည်း အော်ရီယာရဲ့ ပြေးလမ်းကြောင်းထဲ ထည့်ပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် လူးကပ်စ် မူရာရဲ့ အလုပ်သိပ်မဖြစ်မှုကြောင့် စပါးစ်တိုက်စစ် ရုန်းကန်ခဲ့ရပြီး ဝုလ်ဗ်က သုံးဂိုးပြန်သွင်းသွားချိန်မှာတော့ မော်ရင်ဟိုအနေနဲ့ လူငယ်ကစားသမား ပဲရော့ကို လူစားလဲဖို့ မရွေးချယ်ခဲ့ဘဲ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဂျက်ဒ်ဆန် ဖာနန်ဒက်စ်နဲ့ အန်ဒွမ်ဘီလီတို့ကိုသာ ထည့်ခဲ့ပြီး ပဲရော့ကိုတော့ နာကျင်အချိန်ပိုမှာမှ လူစားလဲခဲ့တာလည်းဖြစ်ပါတယ်။

“ပဲရော့က အဆင်သင့်မဖြစ်သေးဘူးလို့ပဲ ဆိုရပါလိမ့်မယ်။ ဘာဖြစ်လို့ အရန်ခုံပေါ် ခေါ်လာသလဲဆိုတာကတော့ လာမယ်လာ မပါဝင်နိုင်ခဲ့လို့ပါ။ ပွဲပြီးခါနီးမှာတော ဒယ်လီ အယ်လီ နေရာလွတ်တွေ ရဖို့အတွက် တစ်ဖက်နောက်ခံလူ ကိုအာဒီကို ဖိအားပေးနိုင်မလားဆိုပြီး စမ်းကြည့်ခဲ့တာပဲဖြစ်ပါတယ်”လို့ မော်ရင်ဟိုက ဖြေကြားသွားခဲ့တယ်လို့ သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

ZAWGYI: ေတာ့တင္ဟမ္ေဟာ့စပါးစ္နည္းျပ ဟိုေဆး ေမာ္ရင္ဟိုက တုိက္စစ္မွဴးေတြ ဒဏ္ရာရရွိေနခ်ိန္မွာ လူငယ္တုိက္စစ္မွဴး ထရြဳိင္ ပဲေရာ့ကို သုံးပါလားဆုိတဲ့ အႀကံေပးမွဳေတြအေပၚ သူ႕ကစားသမားအေနနဲ႔ ပရီးမီးယားလိဂ္ကို ကစားဖို႔ အဆင့္သင့္မျဖစ္ေသးဘူးလို႔ တုံ႔ျပန္ေျပာၾကားသြားခဲ့ပါတယ္။

ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္နဲ႔ အိမ္ကြင္းပြဲစဥ္မွာ သုံးဂိုး-ႏွစ္ဂိုးနဲ႔ ရွဳံးနိမ့္ေနခ်ိန္မွာ ဒီကစားသမားကို ထည့္ၿပီး တုိက္စစ္ကို အားျမႇင့္ခဲ့သင့္ေၾကာင္း တခ်ဳိ႕က ေဝဖန္ခဲ့ၾကၿပီး ေမာ္ရင္ဟိုကေတာ့ သူ႕ကို နာက်င္အခ်ိန္ပုိမွာမွ ထည့္ကစားခဲ့တာျဖစ္သလို ထိေရာက္တဲ့ ပုံစံကိုလည္း မျပသႏုိင္ေသးတာျဖစ္ပါတယ္။

ဒီပြဲမွာေတာ့ ေမာ္ရင္ဟိုဟာ ကြင္းလယ္က ဂိုးသြင္းေကာင္းတဲ့သူတစ္ဦးျဖစ္တဲ့ ဒယ္လီ အယ္လီကို တုိက္စစ္မွဴးေနရာအထိ လုိက္ပါကစားခိုင္းခဲ့ၿပီး စာရြက္ေပၚမွာ Attacking Midfielder လိုမ်ဳိး ေနရာခ်ထားခဲ့ေပမယ့္ တကယ္ကစားရာမွာ ဂိုးေရွ႕အထိ တက္ေရာက္ကစားခဲ့တာလည္းျဖစ္သလို သူ႕ရဲ႕ အားထုတ္မွဳကေန ဘာ့ဂ္ဗိန္းက ပထမဂိုးသြင္းယူခဲ့သလို ဒုတိယဂိုးအတြက္လည္း ေအာ္ရီယာရဲ႕ ေျပးလမ္းေၾကာင္းထဲ ထည့္ေပးႏုိင္ခဲ့ပါတယ္။

ဒါေပမယ့္ လူးကပ္စ္ မူရာရဲ႕ အလုပ္သိပ္မျဖစ္မွဳေၾကာင့္ စပါးစ္တုိက္စစ္ ႐ုန္းကန္ခဲ့ရၿပီး ဝုလ္ဗ္က သုံးဂိုးျပန္သြင္းသြားခ်ိန္မွာေတာ့ ေမာ္ရင္ဟိုအေနနဲ႔ လူငယ္ကစားသမား ပဲေရာ့ကို လူစားလဲဖို႔ မေရြးခ်ယ္ခဲ့ဘဲ ကြင္းလယ္ကစားသမားေတြျဖစ္တဲ့ ဂ်က္ဒ္ဆန္ ဖာနန္ဒက္စ္နဲ႔ အန္ဒြမ္ဘီလီတုိ႔ကိုသာ ထည့္ခဲ့ၿပီး ပဲေရာ့ကိုေတာ့ နာက်င္အခ်ိန္ပုိမွာမွ လူစားလဲခဲ့တာလည္းျဖစ္ပါတယ္။

“ပဲေရာ့က အဆင္သင့္မျဖစ္ေသးဘူးလို႔ပဲ ဆုိရပါလိမ့္မယ္။ ဘာျဖစ္လုိ႔ အရန္ခုံေပၚ ေခၚလာသလဲဆုိတာကေတာ့ လာမယ္လာ မပါဝင္ႏုိင္ခဲ့လို႔ပါ။ ပြဲၿပီးခါနီးမွာေတာ ဒယ္လီ အယ္လီ ေနရာလြတ္ေတြ ရဖို႔အတြက္ တစ္ဖက္ေနာက္ခံလူ ကိုအာဒီကို ဖိအားေပးႏုိင္မလားဆုိၿပီး စမ္းၾကည့္ခဲ့တာပဲျဖစ္ပါတယ္”လို႔ ေမာ္ရင္ဟိုက ေျဖၾကားသြားခဲ့တယ္လုိ႔ သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.