Other Leagues

မန္ခ်က္စတာဒါဘီပြဲကို ကြင္းလယ္လူ ေပါ့ဘာ ျပန္ကစားႏိုင္ေျခရွိေန

မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ဒဏ္ရာကေန ျပန္လည္သက္သာလာေနတဲ့ ျပင္သစ္ကြင္းလယ္လူ ေပါလ္ ေပါ့ဘာအေနနဲ႔ ေရွ႕တစ္ပတ္ မန္ခ်က္စတာစီးတီးအသင္းနဲ႔ ဒါဘီပြဲစဥ္ကို ပါ၀င္ကစားဖို႔ ၅၀-၅၀ အခြင့္အေရး ရွိေနတယ္လို႔ သတင္းထြက္လာပါတယ္။

အသက္ ၂၆ႏွစ္အရြယ္ ေပါ့ဘာဟာ စက္တင္ဘာလေနာက္ပိုင္း ဒဏ္ရာျပႆနာေတြနဲ႔ ရုန္းကန္ေနရသလို အသင္းအတြက္ ၂ ပြဲပဲ ပါ၀င္ကစားႏိုင္ေသးၿပီး ရာသီကုန္ရင္ အသင္းေျပာင္းမယ္လို႔ သတင္းေတြ က်ယ္က်ယ္ေလာင္ေလာင္ထြက္ေနသူလည္းျဖစ္ပါတယ္။

သူ႔ကို ရီးရဲလ္မက္ဒရစ္နဲ႔ ဂ်ဴဗင္တပ္စ္အသင္းတို႔က ေခၚယူဖို႔ စိတ္၀င္စားေနခ်ိန္မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းက ေပါင္သန္း ၁၀၀ ေက်ာ္ရမွ ထုတ္ေရာင္းမယ္လို႔လည္း ဆိုထားၿပီး လက္ရွိအခ်ိန္အထိေတာ့ သူ႕ရဲ႕ေအးဂ်င့္ျဖစ္သူေၾကာင့္ နည္းျပ၊ အသင္းေဖာ္ေတြနဲ႔ အေစးမကပ္သလိုလည္း ျဖစ္ေနခဲ့ပါတယ္။

မန္ခ်က္စတာယူႏုိက္တက္ပရိသတ္ေတြအတြက္ေတာ့ ကြင္းလယ္လူသစ္ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ ေပါ့ဘာတုိ႔ရဲ႕ ကြင္းလယ္အတြဲဟာ အျမင္ခ်င္ၾကဆုံး အတြဲအဖက္လည္းျဖစ္ေနၿပီး သူနဲ႔ နည္းျပ အိုလီဂန္နာ ဆုိးလ္ရွားတုိ႔ အေက်အလည္ေဆြးေႏြးၿပီး သေဘာတူညီမွဳ တစ္စုံတစ္ရာ ရရွိမလားဆုိတာကိုလည္း ေစာင့္ၾကည့္သြားရမွာျဖစ္ပါတယ္။

ေပါ့ဘာအေနနဲ႔ မတ္လ ၈ ရက္ေန႔မွာ ကစားမယ့္ မန္ခ်က္စတာဒါဘီပြဲမွာ ပါ၀င္ကစားဖို႔ အဆင္သင့္မျဖစ္ခဲ့ရင္ေတာင္မွ ေနာက္တစ္ပတ္ ေတာ့တင္ဟမ္ေဟာ့စပါးစ္နဲ႔ပြဲကိုေတာ့ ေသခ်ာေပါက္ ျပန္လည္ပါဝင္ႏိုင္ဖို႔ရွိေနၿပီး လာမယ့္ရာသီခ်န္ပီယံလိဂ္၀င္ခြင့္အတြက္ အဆံုးအျဖတ္ပြဲျဖစ္လာႏုိင္တာနဲ႔အညီ နည္းျပေဟာင္း ဟိုေဆးေမာ္ရင္ဟိုနဲ႔ တစ္ေက်ာ့ျပန္ရင္ဆုိင္ဖို႔ ဆႏၵျပင္းျပေနလို႔လည္း သိရွိရပါတယ္။

REF: THE SUN
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဒဏ်ရာကနေ ပြန်လည်သက်သာလာနေတဲ့ ပြင်သစ်ကွင်းလယ်လူ ပေါလ် ပေါ့ဘာအနေနဲ့ ရှေ့တစ်ပတ် မန်ချက်စတာစီးတီးအသင်းနဲ့ ဒါဘီပွဲစဉ်ကို ပါဝင်ကစားဖို့ ၅၀-၅၀ အခွင့်အရေး ရှိနေတယ်လို့ သတင်းထွက်လာပါတယ်။

အသက် ၂၆နှစ်အရွယ် ပေါ့ဘာဟာ စက်တင်ဘာလနောက်ပိုင်း ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရသလို အသင်းအတွက် ၂ ပွဲပဲ ပါဝင်ကစားနိုင်သေးပြီး ရာသီကုန်ရင် အသင်းပြောင်းမယ်လို့ သတင်းတွေ ကျယ်ကျယ်လောင်လောင်ထွက်နေသူလည်းဖြစ်ပါတယ်။

သူ့ကို ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်အသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းက ပေါင်သန်း ၁၀၀ ကျော်ရမှ ထုတ်ရောင်းမယ်လို့လည်း ဆိုထားပြီး လက်ရှိအချိန်အထိတော့ သူ့ရဲ့အေးဂျင့်ဖြစ်သူကြောင့် နည်းပြ၊ အသင်းဖော်တွေနဲ့ အစေးမကပ်သလိုလည်း ဖြစ်နေခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေအတွက်တော့ ကွင်းလယ်လူသစ် ဘရူနို ဖာနန်ဒက်စ်နဲ့ ပေါ့ဘာတို့ရဲ့ ကွင်းလယ်အတွဲဟာ အမြင်ချင်ကြဆုံး အတွဲအဖက်လည်းဖြစ်နေပြီး သူနဲ့ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားတို့ အကျေအလည်ဆွေးနွေးပြီး သဘောတူညီမှု တစ်စုံတစ်ရာ ရရှိမလားဆိုတာကိုလည်း စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

ပေါ့ဘာအနေနဲ့ မတ်လ ၈ ရက်နေ့မှာ ကစားမယ့် မန်ချက်စတာဒါဘီပွဲမှာ ပါဝင်ကစားဖို့ အဆင်သင့်မဖြစ်ခဲ့ရင်တောင်မှ နောက်တစ်ပတ် တော့တင်ဟမ်ဟော့စပါးစ်နဲ့ပွဲကိုတော့ သေချာပေါက် ပြန်လည်ပါဝင်နိုင်ဖို့ရှိနေပြီး လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဆုံးအဖြတ်ပွဲဖြစ်လာနိုင်တာနဲ့အညီ နည်းပြဟောင်း ဟိုဆေးမော်ရင်ဟိုနဲ့ တစ်ကျော့ပြန်ရင်ဆိုင်ဖို့ ဆန္ဒပြင်းပြနေလို့လည်း သိရှိရပါတယ်။

REF: THE SUN
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.