Premier League

ေျခခ်င္းဝတ္ဒဏ္ရာကို ဘာစီလိုနာမွာ ကုသမွဳခံယူမယ့္ ေအဘရာဟမ္

UNICODE: ချဲလ်ဆီးတိုက်စစ်မှူး တမ်မီ အေဘရာဟမ်ရဲ့ ပျောက်ကင်းသက်သာခြင်းမရှိဘဲ သံသရာရှည်နေတဲ့ ခြေချင်းဝတ်ဒဏ်ရာကို ရှင်းရှင်းလင်းလင်း သက်သာစေဖို့အတွက် စပိန်နိုင်ငံက အထူးကုဆရာဝန်တစ်ဦးနဲ့ ပြသဖို့ ချဲလ်ဆီးအသင်း ဆုံးဖြတ်စီစဉ်ခဲ့ပါတယ်။

အေဘရာဟမ်ဟာ ဇန်နဝါရီလက အာဆင်နယ်နဲ့ သရေကျခဲ့တဲ့ပွဲမှာ ကွင်းဘေးက LED ကြော်ငြာဘုတ်နဲ့ တိုက်မိပြီး ခြေချင်းဝတ်ဒဏ်ရာ ရသွားခဲ့တာဖြစ်ပြီး အဲ့ဒီနောက်ပိုင်းမှာ ရာနှုန်းပြည့်ကြံ့ခိုင်မှုပြန်ရဖို့အတွက် ရုန်းကန်နေရတာကြောင့် လက်စတာစီးတီးနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ တစ်ပွဲပဲ ပွဲထွက်စာရင်းထဲမှာ ပါဝင်ခဲ့သေးတယ်။

ကျန်ပွဲအများစုမှာတော့ အရန်ကစားသမားအဖြစ်ပဲ လူစားဝင်ကစားခဲ့ရပြီး ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ်ပွဲမတိုင်ခင်မှာတော့ သွေးပူလေ့ကျင့်ခန်းလုပ်ရင်း ဒဏ်ရာက ထပ်မံဆိုးရွားလာခဲ့လို့ အေဘရာဟမ်ဟာ ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လုံးဝလွဲချော်ခဲ့ရတာပါ။ ဒီကြားထဲ ပွဲစဉ်တချို့မှာ သူပါဝင်ကစားခဲ့တယ်ဆိုတာကလည်း အကိုက်အခဲပျောက်ဆေးတွေ ထိုးပြီးမှ ကစားခဲ့ရတာဖြစ်ပါတယ်။

အေဘရာဟမ်ရဲ့ ဒဏ်ရာအခြေအနေကို ချဲလ်ဆီးအသင်းဆေးအဖွဲ့ကလည်း သေချာအဖြေမထုတ်နိုင်သေးတဲ့အတွက် ဒုတိယရွေးချယ်မှုတစ်ရပ်အနေနဲ့ ဘာစီလိုနာမြို့ကို သွားရောက်ပြီး ကုသမှုခံယူစေဖို့ ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

နည်းပြ ဖရန့် လမ်းပတ်ကတော့ “သူနိုင်ငံခြားကို ထွက်သွားပါပြီ။ ဘာစီလိုနာကို သွားပြီး ခြေချင်းဝတ်ဒဏ်ရာကို ကုသမှုခံယူနေခဲ့ပါတယ်။ ကာလကြာရှည် နားရမယ့် ဒဏ်ရာ မဟုတ်ပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်။ သူ့အနေနဲ့ အင်္ဂါနေ့ ပြန်ကစားနိုင်မလား၊ တနင်္ဂနွေနေ့မှာ ပြန်ကစားနိုင်မလားကိုတော့ ခင်ဗျားတို့ကို ကျွန်တော် မပြောနိုင်သေးပါဘူး”လို့ သတင်းထောက်တွေကို ရှင်းလင်းသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: BBC
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးတိုက္စစ္မွဴး တမ္မီ ေအဘရာဟမ္ရဲ႕ ေပ်ာက္ကင္းသက္သာျခင္းမရွိဘဲ သံသရာရွည္ေနတဲ့ ေျခခ်င္း၀တ္ဒဏ္ရာကို ရွင္းရွင္းလင္းလင္း သက္သာေစဖို႔အတြက္ စပိန္ႏိုင္ငံက အထူးကုဆရာ၀န္တစ္ဦးနဲ႔ ျပသဖို႔ ခ်ဲလ္ဆီးအသင္း ဆံုးျဖတ္စီစဥ္ခဲ့ပါတယ္။

ေအဘရာဟမ္ဟာ ဇန္န၀ါရီလက အာဆင္နယ္နဲ႔ သေရက်ခဲ့တဲ့ပြဲမွာ ကြင္းေဘးက LED ေၾကာ္ျငာဘုတ္နဲ႔ တိုက္မိၿပီး ေျခခ်င္း၀တ္ဒဏ္ရာ ရသြားခဲ့တာျဖစ္ၿပီး အဲ့ဒီေနာက္ပုိင္းမွာ ရာႏႈန္းျပည့္ႀကံ့ခိုင္မႈျပန္ရဖို႔အတြက္ ရုန္းကန္ေနရတာေၾကာင့္ လက္စတာစီးတီးနဲ႔ ၂ ဂိုးစီ သေရက်ခဲ့တဲ့ တစ္ပြဲပဲ ပြဲထြက္စာရင္းထဲမွာ ပါ၀င္ခဲ့ေသးတယ္။

က်န္ပြဲအမ်ားစုမွာေတာ့ အရန္ကစားသမားအျဖစ္ပဲ လူစား၀င္ကစားခဲ့ရၿပီး ဘိုင္ယန္ျမဴးနစ္နဲ႔ ခ်န္ပီယံလိဂ္ပြဲမတိုင္ခင္မွာေတာ့ ေသြးပူေလ့က်င့္ခန္းလုပ္ရင္း ဒဏ္ရာက ထပ္မံဆုိးရြားလာခဲ့လို႔ ေအဘရာဟမ္ဟာ ဘုန္းေမာက္နဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္ကို လံုး၀လြဲေခ်ာ္ခဲ့ရတာပါ။ ဒီၾကားထဲ ပြဲစဥ္တခ်ိဳ႕မွာ သူပါ၀င္ကစားခဲ့တယ္ဆိုတာကလည္း အကိုက္အခဲေပ်ာက္ေဆးေတြ ထိုးၿပီးမွ ကစားခဲ့ရတာျဖစ္ပါတယ္။

ေအဘရာဟမ္ရဲ႕ ဒဏ္ရာအေျခအေနကို ခ်ဲလ္ဆီးအသင္းေဆးအဖြဲ႔ကလည္း ေသခ်ာအေျဖမထုတ္ႏိုင္ေသးတဲ့အတြက္ ဒုတိယေရြးခ်ယ္မႈတစ္ရပ္အေနန႔ဲ ဘာစီလိုနာၿမိဳ႕ကို သြားေရာက္ၿပီး ကုသမွဳခံယူေစဖို႔ ဆံုးျဖတ္ခဲ့တာလည္းျဖစ္ပါတယ္။

နည္းျပ ဖရန္႔ လမ္းပတ္ကေတာ့ “သူႏိုင္ငံျခားကို ထြက္သြားပါၿပီ။ ဘာစီလိုနာကို သြားၿပီး ေျခခ်င္း၀တ္ဒဏ္ရာကို ကုသမွဳခံယူေနခဲ့ပါတယ္။ ကာလၾကာရွည္ နားရမယ့္ ဒဏ္ရာ မဟုတ္ပါေစနဲ႔လို႔ပဲ ဆုေတာင္းပါတယ္။ သူ႕အေနနဲ႔ အဂၤါေန႔ ျပန္ကစားႏိုင္မလား၊ တနဂၤေႏြေန႔မွာ ျပန္ကစားႏိုင္မလားကိုေတာ့ ခင္ဗ်ားတို႔ကို ကၽြန္ေတာ္ မေျပာႏိုင္ေသးပါဘူး”လို႔ သတင္းေထာက္ေတြကို ရွင္းလင္းသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: BBC
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.