Premier League

ဒေဟးယားကို သတ္ပစ္ခ်င္မိတဲ့အထိျဖစ္ေနတဲ့ ရြိဳင္းကီးန္

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်အသင်းခေါင်းဆောင်ဟောင်း ရွိုင်းကီးန်က သူသာ ကွင်းထဲမှာရှိရင် အဲဗာတန်နဲ့ပွဲက အမှားလုပ်ခဲ့တဲ့ ဂိုးသမား ဒေးဗစ် ဒဟေးယားကို ပထမပိုင်းပြီးချိန်မှာ သတ်မိမယ်လို့ပြောလိုက်ပါတယ်။

ဒီပွဲမှာ ဒေးဗစ်ဒဟဲယားဟာ နောက်ခံလူ မက်ဂွိုင်းယားနဲ့ အပေးအယူလုပ်ရင်း ဘောလုံးကို ခပ်ကြာကြာထိန်းထားပြီးမှ ရှေ့ကို ကန်တင်လိုက်ရာမှာ ပြေးဝင်ပြီး ခြေထောက်နဲ့ လှမ်းထောက်လိုက်တဲ့ အဲဗာတန်တိုက်စစ်မှူး ဒေါမနစ် ကဲလ်ဗတ်-လူဝင်နဲ့ ထိပြီး ဂိုးပေးခဲ့ရတာလည်းဖြစ်ပါတယ်။

ပွဲအစပိုင်း ၃ မိနစ်မှာတင် ဒဟေးယားရဲ့ ဒီအမှားကြောင့် မန်ချက်စတာယူနိုက်တက်ဟာ အဲဗာတန်ကို နောက်ကနေ လိုက်ကစားခဲ့ရပေမယ့် အသင်းအတွက် ခြေစွမ်းပြသနေတဲ့ ဘရူနို ဖာနန်ဒက်စ်ရဲ့ အဝေးကန်ချက်နဲ့ ၃၁ မိနစ်မှာ ချေပဂိုးပြန်လည်ရယူနိုင်ခဲ့ပါတယ်။

ဒဟေးယားအနေနဲ့ ဒုတိယပိုင်းမှာ အံ့အားသင့်ရလောက်တဲ့ ကာကွယ်မှုတွေ လုပ်ခဲ့ပေမယ့် ရွိုင်းကီးန်ကတော့ စပိန်ဂိုးသမားရဲ့ အမှားကို လုံး၀ ခွင့်လွှတ်လို့မရဘူးလို့ ဆိုခဲ့ပြီး Sky Sportsရဲ့ ရုပ်သံအစီအစဉ်မှာ သူသာ ကွင်းထဲရှိနေရင် သတ်ပစ်မိမလားမသိဘူးလို့လည်း ဆိုခဲ့ပါတယ်။

“မန်နေဂျာတစ်ယောက်အနေနဲ့ပဲဖြစ်ဖြစ်၊ ကစားသမားတစ်ယောက်အနေနဲ့ပဲဖြစ်ဖြစ် ခင်ဗျားဆိုရင်လည်း သူ့ကို သတ်ချင်မှာပါ။ ကျွန်တော်ကျိန်ပြောရဲတယ်… ဒါက ရူးကြောင်ကြောင်နိုင်လွန်းတဲ့ အမှားပါ။ ဘောလုံးကို ရှေ့ကန်တင်ဖို့အရေး လုပ်နေတာ အကြာကြီးပဲ။ ဘာကိုများ စောင့်နေတာလဲ။ ဘာလုပ်မလဲကို ဆုံးဖြတ်ပြီးရင် မြန်မြန်လုပ်ပေါ့။ ဂိုးသမားတွေ အမှားလုပ်တတ်ကြတယ်ဆိုတာကို ကျွန်တော်သိပါတယ်။ ဒါပေမယ့် အခုဟာက ဆင်ခြေပေးစရာအကြောင်းကို မရှိတာပါ”လို့ အသင်းဟောင်းအတွက် ဒေါသတကြီး ဝေဖန်သွားခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ဂႏၳ၀င္အသင္းေခါင္းေဆာင္ေဟာင္း ရြိဳင္းကီးန္က သူသာ ကြင္းထဲမွာရွိရင္ အဲဗာတန္နဲ႔ပြဲက အမွားလုပ္ခဲ့တဲ့ ဂိုးသမား ေဒးဗစ္ ဒေဟးယားကို ပထမပိုင္းၿပီးခ်ိန္မွာ သတ္မိမယ္လို႔ေျပာလိုက္ပါတယ္။

ဒီပြဲမွာ ေဒးဗစ္ဒဟဲယားဟာ ေနာက္ခံလူ မက္ဂြိဳင္းယားနဲ႔ အေပးအယူလုပ္ရင္း ေဘာလံုးကို ခပ္ၾကာၾကာထိန္းထားၿပီးမွ ေရွ႕ကို ကန္တင္လိုက္ရာမွာ ေျပးဝင္ၿပီး ေျခေထာက္နဲ႔ လွမ္းေထာက္လိုက္တဲ့ အဲဗာတန္တိုက္စစ္မွဴး ေဒါမနစ္ ကဲလ္ဗတ္-လူ၀င္နဲ႔ ထိၿပီး ဂိုးေပးခဲ့ရတာလည္းျဖစ္ပါတယ္။

ပြဲအစပိုင္း ၃ မိနစ္မွာတင္ ဒေဟးယားရဲ႕ ဒီအမွားေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္ဟာ အဲဗာတန္ကို ေနာက္ကေန လိုက္ကစားခဲ့ရေပမယ့္ အသင္းအတြက္ ေျခစြမ္းျပသေနတဲ့ ဘရူႏို ဖာနန္ဒက္စ္ရဲ႕ အေ၀းကန္ခ်က္နဲ႔ ၃၁ မိနစ္မွာ ေခ်ပဂိုးျပန္လည္ရယူႏိုင္ခဲ့ပါတယ္။

ဒေဟးယားအေနနဲ႔ ဒုတိယပိုင္းမွာ အံ့အားသင့္ရေလာက္တဲ့ ကာကြယ္မႈေတြ လုပ္ခဲ့ေပမယ့္ ရြိဳင္းကီးန္ကေတာ့ စပိန္ဂိုးသမားရဲ႕ အမွားကို လံုး၀ ခြင့္လႊတ္လို႔မရဘူးလို႔ ဆိုခဲ့ၿပီး Sky Sportsရဲ႕ ရုပ္သံအစီအစဥ္မွာ သူသာ ကြင္းထဲရွိေနရင္ သတ္ပစ္မိမလားမသိဘူးလို႔လည္း ဆုိခဲ့ပါတယ္။

“မန္ေနဂ်ာတစ္ေယာက္အေနန႔ဲပဲျဖစ္ျဖစ္၊ ကစားသမားတစ္ေယာက္အေနနဲ႔ပဲျဖစ္ျဖစ္ ခင္ဗ်ားဆိုရင္လည္း သူ႔ကို သတ္ခ်င္မွာပါ။ ကၽြန္ေတာ္က်ိန္ေျပာရဲတယ္… ဒါက ရူးေၾကာင္ေၾကာင္ႏိုင္လြန္းတဲ့ အမွားပါ။ ေဘာလံုးကို ေရွ႕ကန္တင္ဖို႔အေရး လုပ္ေနတာ အၾကာႀကီးပဲ။ ဘာကိုမ်ား ေစာင့္ေနတာလဲ။ ဘာလုပ္မလဲကို ဆံုးျဖတ္ၿပီးရင္ ျမန္ျမန္လုပ္ေပါ့။ ဂိုးသမားေတြ အမွားလုပ္တတ္ၾကတယ္ဆိုတာကို ကၽြန္ေတာ္သိပါတယ္။ ဒါေပမယ့္ အခုဟာက ဆင္ေျခေပးစရာအေၾကာင္းကို မရွိတာပါ”လို႔ အသင္းေဟာင္းအတြက္ ေဒါသတႀကီး ေ၀ဖန္သြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.