Match Report Premier League

လက်စတာ 2-2 မန်ချက်စတာယူနိုက်တက်ပွဲအပြီး မှတ်မှတ်ရရ ဆိုဖွယ်ရာ 7 ချက်

ဘောက်ဆင်ဒေးမှာ သန်စွမ်းဆဲ ယူနိုက်တက် – ခရစ္စမတ် မတိုင်ခင်က အကောင်းဆုံး ပုံစံတွေ ရရှိထားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ကြားထဲမှာ ကာရာဘောင်းဖလားကိုပါ ကစားခဲ့ရပေမယ့် ပင်ပန်းဟန်မပြဘဲ အဝေးကွင်းမှာလည်း သန်စွမ်းဆဲပုံစံကို ပြသခဲ့တာပါ။ နိုင်ပွဲဆက် မှတ်တမ်း ရပ်တန့်သွားပေမယ့် လက်စတာလို အသင်းမျိုးကို နှစ်ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့တာကတော့ ကျေနပ်သင့်တာလည်းဖြစ်ပါတယ်။

မားကပ်စ်ရဲ့ မှတ်တိုင်တစ်ခု – အခွင့်အရေးကောင်းတစ်ခုကို လွဲချော်ခဲ့ပေမယ့် ဘရူနို ဖာနန်ဒက်စ်ဆီက ဘောလုံးကိုတော့ One on One အကောင်းဆုံး အဆုံးသတ်ပြခဲ့တဲ့ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ကတော့ ဒီနေ့ပွဲမှာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ဂိုး ၅၀ မြောက်နဲ့ ပြိုင်ပွဲစုံ စုစုပေါင်းမှာတော့ ဂိုး ၈၀ မြောက်ကို ရရှိခဲ့တာပါ။ ဒီစံချိန်ကို ရယူနိုင်ခဲ့တဲ့အထဲမှာတော့ ဝိန်းရွန်နီ ၂၂ နှစ်၊ ၁၅၇ ရက်နဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို ၂၂ နှစ်၊ ၃၄၁ ရက်တို့နောက်ပိုင်း တတိယအသက်အငယ်ဆုံးအဖြစ် ၂၃ နှစ်နဲ့ ၅၆ ရက်မှာ ရက်ရှ်ဖို့ဒ်က လုပ်ပြနိုင်ခဲ့တာဖြစ်ပါတယ်။

အက်ဒင်ဆန် သက်ရောက်မှု – အသက်အရွယ်ကြီးမှ အိုးလ်ထရက်ဖို့ဒ်ကို ရောက်လာခဲ့တဲ့ ဥရုဂွေးသားအပေါ် ဝေဖန်မှုတွေက ကြီးမားပေမယ့် သူကတော့ ဂရုမစိုက်ဘဲ အားလုံးကို ခါချနိုင်ခဲ့ပါပြီ။ ၇၅ မိနစ်မှာ လူစားဝင်၊ ၇၉ မိနစ်မှာ ဖန်တီးခဲ့ပြီး ကင်းပါဝါကွင်းမှာ ၁၅ မိနစ် ကစားခဲ့တဲ့ ကာဗာနီဟာ ပြီးခဲ့တဲ့ အဲဗာတန်နဲ့ ကာရာဘောင်းပွဲမှာလည်း ခြေစွမ်းပြနိုင်ခဲ့သလို နည်းပြ ဆိုးလ်ရှားအတွက်တော့ အားကိုးစရာဖြစ်လာခဲ့ပါပြီ။

ကြောက်စရာ ဖာနန်ဒက်စ် – ဒီနေ့ပွဲမှာ အနိုင်ရဖို့ စိတ်အားထက်သန်နေခဲ့တဲ့ ပေါ်တူဂီသားရဲ့ ရုန်းအားက ကြောက်စရာပါပဲ။ ပထမဂိုးမှာ ဘောလုံးကို ရယူဖို့ မကြိုးစားဘဲ နေလို့ရပေမယ့်၊ သူ့ရဲ့ ခြေထောက်ကို အပြည့်အဝ ဆန့်ထုတ်ခဲ့တာက အခန့်မသင့်ရင် ကြွက်သားနာသွားနိုင်တဲ့ အနေအထားလည်းဖြစ်ပေမယ့် တိုက်စစ်အတွက်ပဲ တွေးခဲ့ပြီး ရက်ရှ်ဖို့ဒ်က ဂိုးသွင်းယူနိုင်ခဲ့သလို ဒုတိယဦးဆောင်ဂိုးကို သွင်းပြီး ကြိုးကြိုးစားစားနဲ့ ဘောလုံးလိုက်လုနေတဲ့ ပုံစံက ပရိသတ်အတွက် ရင်ခုန်စရာလည်းဖြစ်ခဲ့ပါတယ်။

ခံစစ်ကို အပြောင်းအလဲနဲ့ အားနည်းတဲ့ ဆိုးလ်ရှား – ဆိုးလ်ရှားရဲ့ အပြောင်းအလဲလုပ်ခဲ့တဲ့ ခံစစ်တန်းကတော့ ဒီနေ့မှာ အားနည်းချက်တွေ ရှိခဲ့ပါတယ်။ လင်ဒီလော့ဖ် ညာခြမ်းထွက်ကစားချိန်မှာ မက်ဂွိုင်းယားနဲ့ ဘိုင်လီတို့ အတွဲသိပ်မမိခဲ့တာကို မြင်ခဲ့ရပြီး အဲလက်စ် တဲလက်စ်နေရာမှာ ဝင်ကစားတဲ့ လုခ်ရှောကလည်း သူ့လောက်တော့ လုပ်မပြနိုင်ခဲ့ပါဘူး။ ဒီနေ့မှာ အနိုင်ရခဲ့သင့်တဲ့ ခြေစွမ်းမှာ ခံစစ်က အားနည်းခဲ့ပါတယ်။

ဒဟေးယားရဲ့ ကံနဲ့ လက်စွမ်း – စပိန်ဂိုးသမားရဲ့ ကြံ့ခိုင်မှုက နောက်ပိုင်းပွဲစဉ်တွေမှာ ကျဆင်းမှုရှိနေသလို ကာကွယ်မှုတွေ ကောင်းပေမယ့် ပေးပို့မှုတွေမှာတော့ အမှားအယွင်းတွေဖြစ်နေခဲ့ပြီး ကံက သူ့ဘက်မှာ ရှိနေသေးလို့သာ တော်ရုံကျခဲ့တာပါ။ ဂိုးကာကွယ်မှုမှာ နောက်ကျောကို အနည်းငယ် ထိခိုက်မိထားခဲ့တဲ့ ဒဟေးယားအနေနဲ့ ဒီလိုမျိုး ပွဲတွင်း ဒဏ်ရာရမှုတွေလည်း များပြားလာခဲ့တာကို တွေ့နေရပြီး အာရုံစူးစိုက်မှုနည်းလို့ မရတဲ့ ပွဲစဉ်တွေမှာ ယူနိုက်တက်အတွက်တော့ နစ်နာစရာတွေလည်း ဖြစ်လာနိုင်ပါတယ်။

ဒဏ်ရာရပြန်တဲ့ လင်ဒီလော့ဖ် – ယူနိုက်တက်တို့အတွက် ဝန်ဘစ်ဆာကာ မကစားနိုင်လို့ ညာခြမ်းကို ထွက်ကစားပေးခဲ့ရတဲ့ ဗစ်တာ နီးလ်ဆန် လင်ဒီလော့ဖ်ကတော့ ဒဏ်ရာရရှိသွားခဲ့ပြန်ပြီး သတင်းတွေအရတော့ သူ့ရဲ့ နောက်ကျောဒဏ်ရာကို ၅ လအတွင်း ၄ ကြိမ်မြောက်အဖြစ် ကြုံခဲ့ရသလို ရှင်းရှင်းမပျောက်သေးတဲ့ သူ့ရဲ့ ဒဏ်ရာက အသင်းအတွက်တော့ နောက်ခံလူသစ်တစ်ဦးကို စဉ်းစားရဖို့ ဖြစ်လာခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေဘာက္ဆင္ေဒးမွာ သန္စြမ္းဆဲ ယူႏိုက္တက္ – ခရစၥမတ္ မတိုင္ခင္က အေကာင္းဆုံး ပုံစံေတြ ရရွိထားခဲ့တဲ့ မန္ခ်က္စတာ ယူႏိုက္တက္ အေနနဲ႔ ၾကားထဲမွာ ကာရာေဘာင္းဖလားကိုပါ ကစားခဲ့ရေပမယ့္ ပင္ပန္းဟန္မျပဘဲ အေဝးကြင္းမွာလည္း သန္စြမ္းဆဲပုံစံကို ျပသခဲ့တာပါ။ ႏိုင္ပြဲဆက္ မွတ္တမ္း ရပ္တန႔္သြားေပမယ့္ လက္စတာလို အသင္းမ်ိဳးကို ႏွစ္ႀကိမ္တိုင္တိုင္ ဦးေဆာင္ႏိုင္ခဲ့တာကေတာ့ ေက်နပ္သင့္တာလည္းျဖစ္ပါတယ္။

မားကပ္စ္ရဲ႕ မွတ္တိုင္တစ္ခု – အခြင့္အေရးေကာင္းတစ္ခုကို လြဲေခ်ာ္ခဲ့ေပမယ့္ ဘ႐ူႏို ဖာနန္ဒက္စ္ဆီက ေဘာလုံးကိုေတာ့ One on One အေကာင္းဆုံး အဆုံးသတ္ျပခဲ့တဲ့ တိုက္စစ္မႉး မားကပ္စ္ ရက္ရွ္ဖို႔ဒ္ကေတာ့ ဒီေန႔ပြဲမွာ ယူႏိုက္တက္အတြက္ ပရီးမီးယားလိဂ္ဂိုး ၅၀ ေျမာက္နဲ႔ ၿပိဳင္ပြဲစုံ စုစုေပါင္းမွာေတာ့ ဂိုး ၈၀ ေျမာက္ကို ရရွိခဲ့တာပါ။ ဒီစံခ်ိန္ကို ရယူႏိုင္ခဲ့တဲ့အထဲမွာေတာ့ ဝိန္း႐ြန္နီ ၂၂ ႏွစ္၊ ၁၅၇ ရက္နဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒို ၂၂ ႏွစ္၊ ၃၄၁ ရက္တို႔ေနာက္ပိုင္း တတိယအသက္အငယ္ဆုံးအျဖစ္ ၂၃ ႏွစ္နဲ႔ ၅၆ ရက္မွာ ရက္ရွ္ဖို႔ဒ္က လုပ္ျပႏိုင္ခဲ့တာျဖစ္ပါတယ္။

အက္ဒင္ဆန္ သက္ေရာက္မႈ – အသက္အ႐ြယ္ႀကီးမွ အိုးလ္ထရက္ဖို႔ဒ္ကို ေရာက္လာခဲ့တဲ့ ဥ႐ုေဂြးသားအေပၚ ေဝဖန္မႈေတြက ႀကီးမားေပမယ့္ သူကေတာ့ ဂ႐ုမစိုက္ဘဲ အားလုံးကို ခါခ်ႏိုင္ခဲ့ပါၿပီ။ ၇၅ မိနစ္မွာ လူစားဝင္၊ ၇၉ မိနစ္မွာ ဖန္တီးခဲ့ၿပီး ကင္းပါဝါကြင္းမွာ ၁၅ မိနစ္ ကစားခဲ့တဲ့ ကာဗာနီဟာ ၿပီးခဲ့တဲ့ အဲဗာတန္နဲ႔ ကာရာေဘာင္းပြဲမွာလည္း ေျခစြမ္းျပႏိုင္ခဲ့သလို နည္းျပ ဆိုးလ္ရွားအတြက္ေတာ့ အားကိုးစရာျဖစ္လာခဲ့ပါၿပီ။

ေၾကာက္စရာ ဖာနန္ဒက္စ္ – ဒီေန႔ပြဲမွာ အႏိုင္ရဖို႔ စိတ္အားထက္သန္ေနခဲ့တဲ့ ေပၚတူဂီသားရဲ႕ ႐ုန္းအားက ေၾကာက္စရာပါပဲ။ ပထမဂိုးမွာ ေဘာလုံးကို ရယူဖို႔ မႀကိဳးစားဘဲ ေနလို႔ရေပမယ့္၊ သူ႔ရဲ႕ ေျခေထာက္ကို အျပည့္အဝ ဆန႔္ထုတ္ခဲ့တာက အခန႔္မသင့္ရင္ ႂကြက္သားနာသြားႏိုင္တဲ့ အေနအထားလည္းျဖစ္ေပမယ့္ တိုက္စစ္အတြက္ပဲ ေတြးခဲ့ၿပီး ရက္ရွ္ဖို႔ဒ္က ဂိုးသြင္းယူႏိုင္ခဲ့သလို ဒုတိယဦးေဆာင္ဂိုးကို သြင္းၿပီး ႀကိဳးႀကိဳးစားစားနဲ႔ ေဘာလုံးလိုက္လုေနတဲ့ ပုံစံက ပရိသတ္အတြက္ ရင္ခုန္စရာလည္းျဖစ္ခဲ့ပါတယ္။

ခံစစ္ကို အေျပာင္းအလဲနဲ႔ အားနည္းတဲ့ ဆိုးလ္ရွား – ဆိုးလ္ရွားရဲ႕ အေျပာင္းအလဲလုပ္ခဲ့တဲ့ ခံစစ္တန္းကေတာ့ ဒီေန႔မွာ အားနည္းခ်က္ေတြ ရွိခဲ့ပါတယ္။ လင္ဒီေလာ့ဖ္ ညာျခမ္းထြက္ကစားခ်ိန္မွာ မက္ဂြိဳင္းယားနဲ႔ ဘိုင္လီတို႔ အတြဲသိပ္မမိခဲ့တာကို ျမင္ခဲ့ရၿပီး အဲလက္စ္ တဲလက္စ္ေနရာမွာ ဝင္ကစားတဲ့ လုခ္ေရွာကလည္း သူ႔ေလာက္ေတာ့ လုပ္မျပႏိုင္ခဲ့ပါဘူး။ ဒီေန႔မွာ အႏိုင္ရခဲ့သင့္တဲ့ ေျခစြမ္းမွာ ခံစစ္က အားနည္းခဲ့ပါတယ္။

ဒေဟးယားရဲ႕ ကံနဲ႔ လက္စြမ္း – စပိန္ဂိုးသမားရဲ႕ ႀကံ့ခိုင္မႈက ေနာက္ပိုင္းပြဲစဥ္ေတြမွာ က်ဆင္းမႈရွိေနသလို ကာကြယ္မႈေတြ ေကာင္းေပမယ့္ ေပးပို႔မႈေတြမွာေတာ့ အမွားအယြင္းေတြျဖစ္ေနခဲ့ၿပီး ကံက သူ႔ဘက္မွာ ရွိေနေသးလို႔သာ ေတာ္႐ုံက်ခဲ့တာပါ။ ဂိုးကာကြယ္မႈမွာ ေနာက္ေက်ာကို အနည္းငယ္ ထိခိုက္မိထားခဲ့တဲ့ ဒေဟးယားအေနနဲ႔ ဒီလိုမ်ိဳး ပြဲတြင္း ဒဏ္ရာရမႈေတြလည္း မ်ားျပားလာခဲ့တာကို ေတြ႕ေနရၿပီး အာ႐ုံစူးစိုက္မႈနည္းလို႔ မရတဲ့ ပြဲစဥ္ေတြမွာ ယူႏိုက္တက္အတြက္ေတာ့ နစ္နာစရာေတြလည္း ျဖစ္လာႏိုင္ပါတယ္။

ဒဏ္ရာရျပန္တဲ့ လင္ဒီေလာ့ဖ္ – ယူႏိုက္တက္တို႔အတြက္ ဝန္ဘစ္ဆာကာ မကစားႏိုင္လို႔ ညာျခမ္းကို ထြက္ကစားေပးခဲ့ရတဲ့ ဗစ္တာ နီးလ္ဆန္ လင္ဒီေလာ့ဖ္ကေတာ့ ဒဏ္ရာရရွိသြားခဲ့ျပန္ၿပီး သတင္းေတြအရေတာ့ သူ႔ရဲ႕ ေနာက္ေက်ာဒဏ္ရာကို ၅ လအတြင္း ၄ ႀကိမ္ေျမာက္အျဖစ္ ႀကဳံခဲ့ရသလို ရွင္းရွင္းမေပ်ာက္ေသးတဲ့ သူ႔ရဲ႕ ဒဏ္ရာက အသင္းအတြက္ေတာ့ ေနာက္ခံလူသစ္တစ္ဦးကို စဥ္းစားရဖို႔ ျဖစ္လာခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.