Match Report Premier League

လက်စတာကွင်းမှာ အဝေးကွင်းနိုင်ပွဲဆက်စံချိန် ရပ်တန့်ခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ရဲ့ အသင်းကြီးစာရင်းထဲ ထိုးဖောက်ဝင်ရောက်စပြုလာတဲ့ လက်စတာစီးတီး အသင်းကို အဝေးကွင်းမှာ ၄-၅-၁ ပုံစံနဲ့ပဲ ရင်ဆိုင်လာခဲ့ပြီး ဝန်ဘစ်ဆာကာ မပါနိုင်ချိန်မှာ လင်ဒီလော့ဖ်က ညာနောက်ခံမှာ ကစားခဲ့ပြီး ဘိုင်လီကို ပြန်လည်ထည့်သွင်းခဲ့သလို လိစ်ဒ်နဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ဂျိမ်းစ်ကိုလည်း ဆက်လက်သုံးစွဲခဲ့ပါတယ်။

လက်စတာဘက်က အန်ဒီဒီ+တီးလီးမန်းစ်အတွဲနဲ့ ယူနိုက်တက်တို့ဘက် ဖရက်ဒ်+မက်တော်မီနေးတို့အတွဲရဲ့ ပြိုင်ဆိုင်မှုကြောင့် ကွင်းလယ်က ကျပ်တည်းနေခဲ့တာကိုလည်း တွေ့ရပြီး တစ်သင်းနဲ့တစ်သင်း အမှားမခံဘဲ တန်ပြန်တိုက်စစ်ကောင်းတဲ့ အသင်းတွေပီပီ အမြန်ကစားသွားခဲ့ကြပါတယ်။

ပွဲချိန် ၂၃ မိနစ်မှာတော့ ညာခြမ်းက လက်ပစ်ဘောကနေ ဂျိမ်းစ် ဘောလုံးဆွဲယူလာခဲ့ပြီး အလယ်ကို ထည့်ပေးခဲ့ရာမှာ ဘရူနို ဖာနန်ဒက်စ်ရဲ့ ခြေနဲ့ မမီ့တမီ လှမ်းထိုးလိုက်တဲ့ လုပ်ရပ်က လက်စတာနောက်ခံလူသုံးဦးကို ဒုက္ခရောက်သွားစေခဲ့ပြီး သူတို့ကို ကျော်ထွက်သွားတဲ့ ဘောလုံးကို ရက်ရှ်ဖို့ဒ်က တိတိကျကျ ဂိုးတိုင်ထောင့်ကို အဆုံးသတ်သွားနိုင်ခဲ့လို့ ယူနိုက်တက်တို့ ဦးဆောင်ဂိုးရခဲ့ပါတယ်။

ပွဲချိန် ၃၁ မိနစ်မှာတော့ လက်စတာတို့ ပြန်လည်ချေပနိုင်ခဲ့ပြီး ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ဘောလုံးပျက်ရာကနေ မက်ဒီဆန်က ရယူသွားပြီး ပေးလိုက်တဲ့ ဘောလုံးကို ဟာဗီဘန်းစ်က လျှပ်တစ်ပြက် ကန်သွင်းခဲ့ရာမှာ ဒဏ်ရာပြဿနာ အနည်းငယ်ရှိနေပုံရတဲ့ ဂိုးသမား ဒဟေးယားရဲ့ ကာကွယ်မှုက အနည်းငယ်နှေးနေလို့ လက်နားက ကပ်ပြီး ဂိုးဝင်သွားခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဂျိမ်းစ်အစား ပေါ့ဘာဝင်လာအပြီးမှာ မက်ဒီဆန်ရဲ့ ဖရီးကစ် လူတံတိုင်းနဲ့ ထိထွက်ခဲ့သလို တန်ပြန်တိုက်စစ်ကနေ ရက်ရှ်ဖို့ဒ်၊ မာစီယယ်လ်တို့ရဲ့ ကန်ချက်တွေကိုလည်း ဂိုးသမား ရှမိုက်ကယ်နဲ့ နောက်တန်းတွေ ကာကွယ်သွားနိုင်ခဲ့ပြီး မာစီယယ်လ်ရဲ့ ၆၂ မိနစ်ဂိုးကတော့ လူကျွံနေခဲ့ပါတယ်။

ပွဲချိန် ၇၅ မိနစ်မှာတော့ နည်းပြ ဆိုးလ်ရှားက အပြောင်းအလဲလုပ်ခဲ့သလို မာစီယယ်လ်အစား ကာဗာနီကို ထည့်သွင်းလာခဲ့ပြီး ၄ မိနစ် အကြာမှာတော့ သူ့ရဲ့ ဖန်တီးမှုကနေ ဘရူနို ဖာနန်ဒက်စ်က လူကျွံထောင်ချောက်ကို ဖြတ်ကျော်ပြီး ဂိုးသမား ရှမိုက်ကယ်နဲ့ အတွေ့မှာ အနိမ့်ဘော ချိုးကန်သွင်းခဲ့လို့ ယူနိုက်တက်တို့ ထပ်မံဦးဆောင်နိုင်ခဲ့ပါတယ်။

ယူနိုက်တက်တို့ အပျော်က ကြာကြာတော့ မခံခဲ့ဘဲ ပွဲချိန် ၈၅ မိနစ်မှာတော့ လူစားဝင်လာတဲ့ အာယိုဇေ ပီရက်ဇ်က ချိုးပေးတာကို တိုက်စစ်မှူး ဂျေမီ ဗာဒီက ကန်သွင်းခဲ့ရာမှာ နောက်ခံလူ တွမ်ဇီဘီနဲ့ထိပြီး ဂိုးထဲဝင်သွားခဲ့လို့ လက်စတာတို့ ဒုတိယ ချေပဂိုး ရရှိခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ လက်စတာတို့ကတောင် အနည်းငယ် ပိုသာလာခဲ့ပြီး အပြန်အလှန် ထိုးဖောက်ခဲ့ကြပေမယ့် အဆုံးသတ်ပိုင်းတွေက မထိရောက်ခဲ့လို့ နှစ်ဂိုးစီသရေနဲ့ တစ်မှတ်စီသာ ခွဲယူခဲ့ရပြီး မန်ချက်စတာယူနိုက်တက်တို့ရဲ့ အဝေးကွင်းနိုင်ပွဲဆက်စံချိန်က ရပ်တန့်သွားခဲ့ပေမယ့် လီဗာပူးလ်ကို ဆက်လက်စိန်ခေါ်ဖို့ သူတို့နှစ်ဦးစလုံး ဒုတိယနဲ့ တတိယနေရာတွေကနေ အခွင့်အရေးကို ဆက်လက်မျှဝေခဲ့ကြပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: GUARDIAN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ပရီးမီးယားလိဂ္ရဲ႕ အသင္းႀကီးစာရင္းထဲ ထိုးေဖာက္ဝင္ေရာက္စျပဳလာတဲ့ လက္စတာစီးတီး အသင္းကို အေဝးကြင္းမွာ ၄-၅-၁ ပုံစံနဲ႔ပဲ ရင္ဆိုင္လာခဲ့ၿပီး ဝန္ဘစ္ဆာကာ မပါႏိုင္ခ်ိန္မွာ လင္ဒီေလာ့ဖ္က ညာေနာက္ခံမွာ ကစားခဲ့ၿပီး ဘိုင္လီကို ျပန္လည္ထည့္သြင္းခဲ့သလို လိစ္ဒ္နဲ႔ပြဲမွာ ေျခစြမ္းျပခဲ့တဲ့ ဂ်ိမ္းစ္ကိုလည္း ဆက္လက္သုံးစြဲခဲ့ပါတယ္။

လက္စတာဘက္က အန္ဒီဒီ+တီးလီးမန္းစ္အတြဲနဲ႔ ယူႏိုက္တက္တို႔ဘက္ ဖရက္ဒ္+မက္ေတာ္မီေနးတို႔အတြဲရဲ႕ ၿပိဳင္ဆိုင္မႈေၾကာင့္ ကြင္းလယ္က က်ပ္တည္းေနခဲ့တာကိုလည္း ေတြ႕ရၿပီး တစ္သင္းနဲ႔တစ္သင္း အမွားမခံဘဲ တန္ျပန္တိုက္စစ္ေကာင္းတဲ့ အသင္းေတြပီပီ အျမန္ကစားသြားခဲ့ၾကပါတယ္။

ပြဲခ်ိန္ ၂၃ မိနစ္မွာေတာ့ ညာျခမ္းက လက္ပစ္ေဘာကေန ဂ်ိမ္းစ္ ေဘာလုံးဆြဲယူလာခဲ့ၿပီး အလယ္ကို ထည့္ေပးခဲ့ရာမွာ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ေျခနဲ႔ မမီ့တမီ လွမ္းထိုးလိုက္တဲ့ လုပ္ရပ္က လက္စတာေနာက္ခံလူသုံးဦးကို ဒုကၡေရာက္သြားေစခဲ့ၿပီး သူတို႔ကို ေက်ာ္ထြက္သြားတဲ့ ေဘာလုံးကို ရက္ရွ္ဖို႔ဒ္က တိတိက်က် ဂိုးတိုင္ေထာင့္ကို အဆုံးသတ္သြားႏိုင္ခဲ့လို႔ ယူႏိုက္တက္တို႔ ဦးေဆာင္ဂိုးရခဲ့ပါတယ္။

ပြဲခ်ိန္ ၃၁ မိနစ္မွာေတာ့ လက္စတာတို႔ ျပန္လည္ေခ်ပႏိုင္ခဲ့ၿပီး ကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္ ေဘာလုံးပ်က္ရာကေန မက္ဒီဆန္က ရယူသြားၿပီး ေပးလိုက္တဲ့ ေဘာလုံးကို ဟာဗီဘန္းစ္က လွ်ပ္တစ္ျပက္ ကန္သြင္းခဲ့ရာမွာ ဒဏ္ရာျပႆနာ အနည္းငယ္ရွိေနပုံရတဲ့ ဂိုးသမား ဒေဟးယားရဲ႕ ကာကြယ္မႈက အနည္းငယ္ေႏွးေနလို႔ လက္နားက ကပ္ၿပီး ဂိုးဝင္သြားခဲ့လို႔ ပထမပိုင္းမွာ တစ္ဂိုးစီ သေရက်ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ဂ်ိမ္းစ္အစား ေပါ့ဘာဝင္လာအၿပီးမွာ မက္ဒီဆန္ရဲ႕ ဖရီးကစ္ လူတံတိုင္းနဲ႔ ထိထြက္ခဲ့သလို တန္ျပန္တိုက္စစ္ကေန ရက္ရွ္ဖို႔ဒ္၊ မာစီယယ္လ္တို႔ရဲ႕ ကန္ခ်က္ေတြကိုလည္း ဂိုးသမား ရွမိုက္ကယ္နဲ႔ ေနာက္တန္းေတြ ကာကြယ္သြားႏိုင္ခဲ့ၿပီး မာစီယယ္လ္ရဲ႕ ၆၂ မိနစ္ဂိုးကေတာ့ လူကြၽံေနခဲ့ပါတယ္။

ပြဲခ်ိန္ ၇၅ မိနစ္မွာေတာ့ နည္းျပ ဆိုးလ္ရွားက အေျပာင္းအလဲလုပ္ခဲ့သလို မာစီယယ္လ္အစား ကာဗာနီကို ထည့္သြင္းလာခဲ့ၿပီး ၄ မိနစ္ အၾကာမွာေတာ့ သူ႔ရဲ႕ ဖန္တီးမႈကေန ဘ႐ူႏို ဖာနန္ဒက္စ္က လူကြၽံေထာင္ေခ်ာက္ကို ျဖတ္ေက်ာ္ၿပီး ဂိုးသမား ရွမိုက္ကယ္နဲ႔ အေတြ႕မွာ အနိမ့္ေဘာ ခ်ိဳးကန္သြင္းခဲ့လို႔ ယူႏိုက္တက္တို႔ ထပ္မံဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ယူႏိုက္တက္တို႔ အေပ်ာ္က ၾကာၾကာေတာ့ မခံခဲ့ဘဲ ပြဲခ်ိန္ ၈၅ မိနစ္မွာေတာ့ လူစားဝင္လာတဲ့ အာယိုေဇ ပီရက္ဇ္က ခ်ိဳးေပးတာကို တိုက္စစ္မႉး ေဂ်မီ ဗာဒီက ကန္သြင္းခဲ့ရာမွာ ေနာက္ခံလူ တြမ္ဇီဘီနဲ႔ထိၿပီး ဂိုးထဲဝင္သြားခဲ့လို႔ လက္စတာတို႔ ဒုတိယ ေခ်ပဂိုး ရရွိခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ လက္စတာတို႔ကေတာင္ အနည္းငယ္ ပိုသာလာခဲ့ၿပီး အျပန္အလွန္ ထိုးေဖာက္ခဲ့ၾကေပမယ့္ အဆုံးသတ္ပိုင္းေတြက မထိေရာက္ခဲ့လို႔ ႏွစ္ဂိုးစီသေရနဲ႔ တစ္မွတ္စီသာ ခြဲယူခဲ့ရၿပီး မန္ခ်က္စတာယူႏိုက္တက္တို႔ရဲ႕ အေဝးကြင္းႏိုင္ပြဲဆက္စံခ်ိန္က ရပ္တန႔္သြားခဲ့ေပမယ့္ လီဗာပူးလ္ကို ဆက္လက္စိန္ေခၚဖို႔ သူတို႔ႏွစ္ဦးစလုံး ဒုတိယနဲ႔ တတိယေနရာေတြကေန အခြင့္အေရးကို ဆက္လက္မွ်ေဝခဲ့ၾကပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: GUARDIAN
PHOTOS CREDIT TO OWNERS
SPORTS A2Z.