Match Report Premier League

ပြတ်သားတဲ့ရလဒ်နဲ့ ချဲလ်ဆီးကို အနိုင်ယူပြီး ရလဒ်ဆိုးတွေက ရုန်းထွက်ခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ လူငယ်အများစုကို အခြေခံပြီး ပွဲထွက်လာခဲ့သလို အားလုံးမျှော်လင့်နေတဲ့ စမစ်ရိုးကို ချာကာနဲ့ အယ်လ်နန်နီတို့ရှေ့က ထည့်သွင်းခဲ့ပြီး ချဲလ်ဆီးကတော့ သူတို့ရဲ့ တောင်ပံမစုံတဲ့ တိုက်စစ်ကို နောက်က ကိုဗာချစ်နဲ့ မေဆန်မောင့်တို့ရဲ့ ကစားအားနဲ့ ထောက်ကူဖို့ ပြင်ဆင်လာခဲ့ပါတယ်။

ခံစစ်ကို ကျစ်ကျစ်လျစ်လျစ် ကစားပြီး လိုအပ်ချိန်မှာ တစ်သင်းလုံး နောက်ဆင်းတဲ့ အာဆင်နယ်တို့ကို တောင်ပံတိုက်စစ်မှာ တိုင်ပတ်နေဆဲ ချဲလ်ဆီးတို့ ထိုးဖောက်ရင်း တဖြည်းဖြည်းနဲ့ ကစားအားကျသွားခဲ့ပြီး အိမ်ရှင်တို့ရဲ့ အထိုင်ကျသွားခဲ့တဲ့ ခံစစ်ကို ထိုးဖောက်ဖို့ တီမို ဗာနာတစ်ယောက်တည်း မလုပ်နိုင်ခဲ့တာက တဖြည်းဖြည်းနဲ့ သူတို့ရဲ့ ကစားကွက် ယိုင်လဲလာခဲ့တာပါပဲ။

သီယာဂို ဆေးလ်ဗားနဲ့ ဇူးမားတို့ရဲ့ ပွဲပန်းနေမှုမှာ အန်ဂိုလို ကွန်တေတစ်ဦးတည်း ကစားနေရတဲ့ ကွင်းလယ်အဖျက်ကို ပေါင်းလိုက်ချိန်မှာ ချဲလ်ဆီးရဲ့ ခံစစ်အတွဲအစပ်တွေက ချုပ်ရိုးမကောင်းတဲ့ အရုပ်ကို တဖြည်းဖြည်း ပြေလျော့လာခဲ့ပြီး ပွဲချိန် ၃၄ မိနစ်မှာတော့ ချာကာရဲ့ လှပတဲ့ ပေးပို့မှုကို အတွင်းထဲ ဆွဲပြေးဖို့ ကြိုးစားတဲ့ တီယာနီကို ဂျိမ်းစ်က တားဆီးခဲ့ရာမှာ ပင်နယ်တီ ပေးခဲ့ရပါတယ်။

အန္တရာယ်များတဲ့ အနေအထားမှာ နောက်က ဖျက်ထုတ်တာကတော့ ဂျိမ်းစ်ရဲ့ အမှားပဲဖြစ်ခဲ့တယ်ဆိုတာ VAR မှာ တွေ့မြင်ခဲ့ရပြီး ဒီပင်နယ်တီကိုတော့ အူဘာမီယန်းမပါချိန်မှာ အာဆင်နယ်တိုက်စစ်ကို ဦးဆောင်နေတဲ့ လာကာဇက်က ဂိုးသမား မန်ဒီရဲ့ တခြားတစ်ဖက်ကို အမှားအယွင်းမရှိ ကန်သွင်းပြီး ဦးဆောင်ခဲ့ပါတယ်။

ဂိုးပေးလိုက်ရအပြီး ချဲလ်ဆီးတို့ ပြန်လည်ထိုးဖောက်ဖို့ ကြိုးစားခဲ့ပေမယ့် ကူကယ်ရာမဲ့နေတဲ့ ဗာနာတစ်ယောက် သူ့ကို ဘယ်သူမှ လာမတွဲချိန်မှာ အလုပ်မဖြစ်တော့ဘဲ ပွဲချိန် ၄၄ မိနစ်မှာတော့ ဆာကာဆွဲပြေးတာကို ကွန်တေ ဖျက်ပုံ မတိကျလို့ ပေးရတဲ့ ဖရီးကစ်ကို ချာကာက လူတံတိုင်းရဲ့ အရပ်အနိမ့်ဆုံး ချေးလ်ဝဲလ်ရဲ့ ခေါင်းပေါ်ကနေ ကန်သွင်းခဲ့ရာမှာ ဂိုးသမား မန်ဒီ မကာကွယ်နိုင်ခဲ့ဘဲ အာဆင်နယ်တို့ ဒုတိယဂိုး ရရှိခဲ့ပါတယ်။

ပထမပိုင်းအပြီးမှာတော့ ချဲလ်ဆီးနည်းပြ လမ်းပတ်ရဲ့ Double Substitution ကို မြင်ခဲ့ရပြီး ကွင်းလယ်ကို ထိန်းကစားဖို့ ကိုဗာချစ်အစား ဂျော်ဂျင်ညိုကို ထည့်သွင်းခဲ့သလို တိုက်စစ်မှာ တောင်ပံစစ်စစ်ကစားပြီး အာဆင်နယ်ခံစစ်ကို ဖိအားပေးဖို့ တီမို ဗာနာအစား ဟဒ်ဆန်-အိုဒွိုင်းကို ထည့်သုံးခဲ့ပါတယ်။

ချဲလ်ဆီးတို့ တိုက်စစ်ဆင်နေခဲ့ပေမယ့် ကွင်းလယ်မှာ Player to Player ယှဉ်မကစားခဲ့တာက ဒီနေ့ပွဲအတွက် အထိနာတဲ့ အားနည်းချက် ဖြစ်ခဲ့ပြီး ပွဲချိန် ၅၆ မိနစ်မှာတော့ ပင်နယ်တီဧရိယာအစပ်မှာ လွှတ်ထားခံရတဲ့ ဆာကာက ညာခြေနဲ့ ဖြတ်တင်ခဲ့ရာမှာ ဂိုးတိုင်အဝေးထောင့်ကို ဝင်သွားခဲ့လို့ အာဆင်နယ်တို့ တတိယဂိုး ရရှိခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ချဲလ်ဆီးဘက်က ကွင်းလယ်လူ ကွန်တေအစား ဟာဗတ်ဇ်ကို ထည့်ပြီး ကစားခဲ့ပေမယ့် ကစားကွက်ကတော့ သိပ်တက်မလာဘဲ အာဆင်နယ်ဘက်က မာတီနယ်လီနဲ့ စမစ်ရိုးတို့ကို ထုတ်လိုက်လို့သာ ပြန်လည်ထိုးဖောက်ခွင့်ရခဲ့ပြီး ပွဲချိန် ၈၅ မိနစ်မှာတော့ ဟဒ်ဆန်-အိုဒွိုင်းရဲ့ ဖြတ်တင်ဘောကို အေဘရာဟမ်က ရင်ဘတ်နဲ့ ပိတ်သွင်းပြီး ရယူခဲ့ပါတယ်။ ဒီဂိုးကို ဒိုင်က လူကျွံပြခဲ့ပေမယ့် VAR နဲ့ ပြန်လည် အတည်ပြုခဲ့ရတာပါ။

နာကျင်အချိန်ပိုမှာ မေဆန်မောင့်ကို အဖျက်ကြမ်းတဲ့ ပါဘလို မာရီကြောင့် အာဆင်နယ်တို့ ပင်နယ်တီပေးခဲ့ရပြီး ဒါကို ဂျော်ဂျင်ညို ကန်သွင်းရာမှာ မကန်ခင် စောင့်ရကောင်းမှန်းသိတဲ့ လီနိုက မှန်ကန်တဲ့ဘက်ကို ဒိုက်ပစ်ပြီး ကာကွယ်သွားနိုင်ခဲ့လို့ ချဲလ်ဆီးတို့ ရင်ခုန်ခွင့်တောင် မရနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ မူစတာဖီကို လာကာဇက်အစားထည့်ပြီး အာဆင်နယ်တို့ ထိန်းကစားသွားခဲ့သလို ဘောက်ဆင်ဒေး အိမ်ကွင်း မှတ်တမ်းကောင်းတွေကို ဆက်လက်ထိန်းသိမ်းသွားခဲ့ပြီး ဆိုးရွားနေတဲ့ ရလဒ်တွေကနေ ပြန်လည်ရုန်းထွက်လာနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: GUARDIAN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ လူငယ္အမ်ားစုကို အေျခခံၿပီး ပြဲထြက္လာခဲ့သလို အားလုံးေမွ်ာ္လင့္ေနတဲ့ စမစ္႐ိုးကို ခ်ာကာနဲ႔ အယ္လ္နန္နီတို႔ေရွ႕က ထည့္သြင္းခဲ့ၿပီး ခ်ဲလ္ဆီးကေတာ့ သူတို႔ရဲ႕ ေတာင္ပံမစုံတဲ့ တိုက္စစ္ကို ေနာက္က ကိုဗာခ်စ္နဲ႔ ေမဆန္ေမာင့္တို႔ရဲ႕ ကစားအားနဲ႔ ေထာက္ကူဖို႔ ျပင္ဆင္လာခဲ့ပါတယ္။

ခံစစ္ကို က်စ္က်စ္လ်စ္လ်စ္ ကစားၿပီး လိုအပ္ခ်ိန္မွာ တစ္သင္းလုံး ေနာက္ဆင္းတဲ့ အာဆင္နယ္တို႔ကို ေတာင္ပံတိုက္စစ္မွာ တိုင္ပတ္ေနဆဲ ခ်ဲလ္ဆီးတို႔ ထိုးေဖာက္ရင္း တျဖည္းျဖည္းနဲ႔ ကစားအားက်သြားခဲ့ၿပီး အိမ္ရွင္တို႔ရဲ႕ အထိုင္က်သြားခဲ့တဲ့ ခံစစ္ကို ထိုးေဖာက္ဖို႔ တီမို ဗာနာတစ္ေယာက္တည္း မလုပ္ႏိုင္ခဲ့တာက တျဖည္းျဖည္းနဲ႔ သူတို႔ရဲ႕ ကစားကြက္ ယိုင္လဲလာခဲ့တာပါပဲ။

သီယာဂို ေဆးလ္ဗားနဲ႔ ဇူးမားတို႔ရဲ႕ ပြဲပန္းေနမႈမွာ အန္ဂိုလို ကြန္ေတတစ္ဦးတည္း ကစားေနရတဲ့ ကြင္းလယ္အဖ်က္ကို ေပါင္းလိုက္ခ်ိန္မွာ ခ်ဲလ္ဆီးရဲ႕ ခံစစ္အတြဲအစပ္ေတြက ခ်ဳပ္႐ိုးမေကာင္းတဲ့ အ႐ုပ္ကို တျဖည္းျဖည္း ေျပေလ်ာ့လာခဲ့ၿပီး ပြဲခ်ိန္ ၃၄ မိနစ္မွာေတာ့ ခ်ာကာရဲ႕ လွပတဲ့ ေပးပို႔မႈကို အတြင္းထဲ ဆြဲေျပးဖို႔ ႀကိဳးစားတဲ့ တီယာနီကို ဂ်ိမ္းစ္က တားဆီးခဲ့ရာမွာ ပင္နယ္တီ ေပးခဲ့ရပါတယ္။

အႏၲရာယ္မ်ားတဲ့ အေနအထားမွာ ေနာက္က ဖ်က္ထုတ္တာကေတာ့ ဂ်ိမ္းစ္ရဲ႕ အမွားပဲျဖစ္ခဲ့တယ္ဆိုတာ VAR မွာ ေတြ႕ျမင္ခဲ့ရၿပီး ဒီပင္နယ္တီကိုေတာ့ အူဘာမီယန္းမပါခ်ိန္မွာ အာဆင္နယ္တိုက္စစ္ကို ဦးေဆာင္ေနတဲ့ လာကာဇက္က ဂိုးသမား မန္ဒီရဲ႕ တျခားတစ္ဖက္ကို အမွားအယြင္းမရွိ ကန္သြင္းၿပီး ဦးေဆာင္ခဲ့ပါတယ္။

ဂိုးေပးလိုက္ရအၿပီး ခ်ဲလ္ဆီးတို႔ ျပန္လည္ထိုးေဖာက္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ကူကယ္ရာမဲ့ေနတဲ့ ဗာနာတစ္ေယာက္ သူ႔ကို ဘယ္သူမွ လာမတြဲခ်ိန္မွာ အလုပ္မျဖစ္ေတာ့ဘဲ ပြဲခ်ိန္ ၄၄ မိနစ္မွာေတာ့ ဆာကာဆြဲေျပးတာကို ကြန္ေတ ဖ်က္ပုံ မတိက်လို႔ ေပးရတဲ့ ဖရီးကစ္ကို ခ်ာကာက လူတံတိုင္းရဲ႕ အရပ္အနိမ့္ဆုံး ေခ်းလ္ဝဲလ္ရဲ႕ ေခါင္းေပၚကေန ကန္သြင္းခဲ့ရာမွာ ဂိုးသမား မန္ဒီ မကာကြယ္ႏိုင္ခဲ့ဘဲ အာဆင္နယ္တို႔ ဒုတိယဂိုး ရရွိခဲ့ပါတယ္။

ပထမပိုင္းအၿပီးမွာေတာ့ ခ်ဲလ္ဆီးနည္းျပ လမ္းပတ္ရဲ႕ Double Substitution ကို ျမင္ခဲ့ရၿပီး ကြင္းလယ္ကို ထိန္းကစားဖို႔ ကိုဗာခ်စ္အစား ေဂ်ာ္ဂ်င္ညိဳကို ထည့္သြင္းခဲ့သလို တိုက္စစ္မွာ ေတာင္ပံစစ္စစ္ကစားၿပီး အာဆင္နယ္ခံစစ္ကို ဖိအားေပးဖို႔ တီမို ဗာနာအစား ဟဒ္ဆန္-အိုဒြိဳင္းကို ထည့္သုံးခဲ့ပါတယ္။

ခ်ဲလ္ဆီးတို႔ တိုက္စစ္ဆင္ေနခဲ့ေပမယ့္ ကြင္းလယ္မွာ Player to Player ယွဥ္မကစားခဲ့တာက ဒီေန႔ပြဲအတြက္ အထိနာတဲ့ အားနည္းခ်က္ ျဖစ္ခဲ့ၿပီး ပြဲခ်ိန္ ၅၆ မိနစ္မွာေတာ့ ပင္နယ္တီဧရိယာအစပ္မွာ လႊတ္ထားခံရတဲ့ ဆာကာက ညာေျခနဲ႔ ျဖတ္တင္ခဲ့ရာမွာ ဂိုးတိုင္အေဝးေထာင့္ကို ဝင္သြားခဲ့လို႔ အာဆင္နယ္တို႔ တတိယဂိုး ရရွိခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ခ်ဲလ္ဆီးဘက္က ကြင္းလယ္လူ ကြန္ေတအစား ဟာဗတ္ဇ္ကို ထည့္ၿပီး ကစားခဲ့ေပမယ့္ ကစားကြက္ကေတာ့ သိပ္တက္မလာဘဲ အာဆင္နယ္ဘက္က မာတီနယ္လီနဲ႔ စမစ္႐ိုးတို႔ကို ထုတ္လိုက္လို႔သာ ျပန္လည္ထိုးေဖာက္ခြင့္ရခဲ့ၿပီး ပြဲခ်ိန္ ၈၅ မိနစ္မွာေတာ့ ဟဒ္ဆန္-အိုဒြိဳင္းရဲ႕ ျဖတ္တင္ေဘာကို ေအဘရာဟမ္က ရင္ဘတ္နဲ႔ ပိတ္သြင္းၿပီး ရယူခဲ့ပါတယ္။ ဒီဂိုးကို ဒိုင္က လူကြၽံျပခဲ့ေပမယ့္ VAR နဲ႔ ျပန္လည္ အတည္ျပဳခဲ့ရတာပါ။

နာက်င္အခ်ိန္ပိုမွာ ေမဆန္ေမာင့္ကို အဖ်က္ၾကမ္းတဲ့ ပါဘလို မာရီေၾကာင့္ အာဆင္နယ္တို႔ ပင္နယ္တီေပးခဲ့ရၿပီး ဒါကို ေဂ်ာ္ဂ်င္ညိဳ ကန္သြင္းရာမွာ မကန္ခင္ ေစာင့္ရေကာင္းမွန္းသိတဲ့ လီႏိုက မွန္ကန္တဲ့ဘက္ကို ဒိုက္ပစ္ၿပီး ကာကြယ္သြားႏိုင္ခဲ့လို႔ ခ်ဲလ္ဆီးတို႔ ရင္ခုန္ခြင့္ေတာင္ မရႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ မူစတာဖီကို လာကာဇက္အစားထည့္ၿပီး အာဆင္နယ္တို႔ ထိန္းကစားသြားခဲ့သလို ေဘာက္ဆင္ေဒး အိမ္ကြင္း မွတ္တမ္းေကာင္းေတြကို ဆက္လက္ထိန္းသိမ္းသြားခဲ့ၿပီး ဆိုး႐ြားေနတဲ့ ရလဒ္ေတြကေန ျပန္လည္႐ုန္းထြက္လာႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: GUARDIAN
PHOTOS CREDIT TO OWNERS
SPORTS A2Z.