Serie A

ကို႐ိုးနားဗိုင္းရပ္စ္ရန္ေၾကာင့္ ေလ့က်င့္ေရးအစီအစဥ္အားလံုးကို ဂ်ဴဗီ ဖ်က္သိမ္း

UNICODE: အီတလီတတိယတန်းပွဲစဉ်တစ်ခုမှာ ကိုရိုးနားဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ ကစားသမား ၃ ဦးပါဝင်တဲ့ ပီယာနီဆီအသင်းနဲ့ ကစားခဲ့တဲ့ သူတို့ရဲ့ယူ-၂၃ အသင်းက ကစားသမားအားလုံးကို စောင့်ကြည့်လူနာတွေအဖြစ် သတ်မှတ်လိုက်ပြီး လေ့ကျင့်ရေးအစီအစဉ်တွေအားလုံးကိုလည်း ဂျူဗင်တပ်စ်အသင်း ဖျက်သိမ်းလိုက်ကြောင်း ကြေငြာခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းရဲ့ ဒီဆုံးဖြတ်ချက်ဟာ ပီယာနီဆီအသင်းက ကစားသမား ၃ ဦးဆီမှာ ကိုရိုးနားဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ ဆေးစစ်ချက်တွေ တွေ့ရှိခဲ့ပြီးနောက် အတည်ပြုခဲ့တာဖြစ်ပြီး ယူ-၂၃ အသင်းက ကစားသမားတွေကို အထူးကြပ်မတ်စောင့်ကြည့်နေခဲ့ပါတယ်။

လတ်တလောမှာတော့ ဂျူဗင်တပ်စ်အသင်းမှာတော့ Covid-19 နဲ့ ပတ်သက်တဲ့ ရောဂါလက္ခဏာ တစ်စုံတစ်ရာ မတွေ့ရသေးပေမယ့် လူငယ်အသင်းက ကစားသမားတွေအားလုံးကတော့ မတ်လ(၈)ရက်နေ့အထိ နေအိမ်တွေမှာပဲ အသီးသီးနေကြရမှာဖြစ်ပါတယ်။

ဒီထရိန်နင်အစီအစဉ်တွေကို ဖျက်သိမ်းမှုဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုအပါအဝင် စီနီယာကစားသမားတွေဆီလည်း သက်ရောက်ခဲ့ပြီး သူတို့အားလုံးအနေနဲ့ လေ့ကျင့်ခန်း မဆင်းရဘဲ အိမ်မှာပဲ အနားယူရတော့မှာလည်းဖြစ်ပြီး ဒီတစ်ပတ်မှာ ဂျူဗင်တပ်စ်အသင်းနဲ့ အင်တာမီလန်အသင်းတို့ရဲ့ စီးရီးအေပွဲစဉ်ကိုလည်း ရွှေ့ဆိုင်းထားခဲ့လို့ လာဇီယိုအသင်းက အမှတ်ပေးဇယားကို ဦးဆောင်နေခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းနဲ့ပတ်သက်တဲ့ သတင်းအရင်းအမြစ်တစ်ခုမှာတော့ “အခြေအနေကို အရမ်းကို သတိထားနေရပါတယ်။ အသင်းဆေးဝန်ထမ်းအားလုံးကလည်း ကစားသမားတွေကို လက်သေချာဆေးကြောပြီး လက်သန့်ဆေးတွေ သုံးကြဖို့ မှာကြားနေပါတယ်”လို့ဆိုခဲ့ပြီး အီတလီနိုင်ငံမှာ ကိုရိုးနားဗိုင်းရပ်စ် ကူးစက်မှုကြောင့် နောက်ထပ် စီးရီးအေပွဲတွေ ရွှေ့ဆိုင်းရမှာကို တာဝန်ရှိသူတွေကလည်း တော်တော်လေးစိုးရိမ်နေကြောင်း သိရှိရပါတယ်။

REF: THE SUN
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

ZAWGYI: အီတလီတတိယတန္းပြဲစဥ္တစ္ခုမွာ ကိုရိုးနားဗိုင္းရပ္စ္ကူးစက္ခံထားရတဲ့ ကစားသမား ၃ ဦးပါဝင္တဲ့ ပီယာနီဆီအသင္းနဲ႔ ကစားခဲ့တဲ့ သူတုိ႔ရဲ႕ယူ-၂၃ အသင္းက ကစားသမားအားလံုးကို ေစာင့္ၾကည့္လူနာေတြအျဖစ္ သတ္မွတ္လိုက္ၿပီး ေလ့က်င့္ေရးအစီအစဥ္ေတြအားလံုးကိုလည္း ဂ်ဴဗင္တပ္စ္အသင္း ဖ်က္သိမ္းလိုက္ေၾကာင္း ေၾကျငာခဲ့ပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ဒီဆံုးျဖတ္ခ်က္ဟာ ပီယာနီဆီအသင္းက ကစားသမား ၃ ဦးဆီမွာ ကိုရိုးနားဗိုင္းရပ္စ္ကူးစက္ခံထားရတယ္လို႔ ေဆးစစ္ခ်က္ေတြ ေတြ႕ရွိခဲ့ၿပီးေနာက္ အတည္ျပဳခဲ့တာျဖစ္ၿပီး ယူ-၂၃ အသင္းက ကစားသမားေတြကို အထူးၾကပ္မတ္ေစာင့္ၾကည့္ေနခဲ့ပါတယ္။

လတ္တေလာမွာေတာ့ ဂ်ဴဗင္တပ္စ္အသင္းမွာေတာ့ Covid-19 နဲ႔ ပတ္သက္တဲ့ ေရာဂါလကၡဏာ တစ္စံုတစ္ရာ မေတြ႔ရေသးေပမယ့္ လူငယ္အသင္းက ကစားသမားေတြအားလံုးကေတာ့ မတ္လ(၈)ရက္ေန႔အထိ ေနအိမ္ေတြမွာပဲ အသီးသီးေနၾကရမွာျဖစ္ပါတယ္။

ဒီထရိန္နင္အစီအစဥ္ေတြကို ဖ်က္သိမ္းမွဳဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုအပါအ၀င္ စီနီယာကစားသမားေတြဆီလည္း သက္ေရာက္ခဲ့ၿပီး သူတို႔အားလုံးအေနနဲ႔ ေလ့က်င့္ခန္း မဆင္းရဘဲ အိမ္မွာပဲ အနားယူရေတာ့မွာလည္းျဖစ္ၿပီး ဒီတစ္ပတ္မွာ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ အင္တာမီလန္အသင္းတုိ႔ရဲ႕ စီးရီးေအပြဲစဥ္ကိုလည္း ေရႊ႕ဆုိင္းထားခဲ့လို႔ လာဇီယိုအသင္းက အမွတ္ေပးဇယားကို ဦးေဆာင္ေနခဲ့ပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းနဲ႔ပတ္သက္တဲ့ သတင္းအရင္းအျမစ္တစ္ခုမွာေတာ့ “အေျခအေနကို အရမ္းကို သတိထားေနရပါတယ္။ အသင္းေဆး၀န္ထမ္းအားလံုးကလည္း ကစားသမားေတြကို လက္ေသခ်ာေဆးေၾကာၿပီး လက္သန္႔ေဆးေတြ သံုးၾကဖို႔ မွာၾကားေနပါတယ္”လို႔ဆုိခဲ့ၿပီး အီတလီႏိုင္ငံမွာ ကိုရိုးနားဗိုင္းရပ္စ္ ကူးစက္မွဳေၾကာင့္ ေနာက္ထပ္ စီးရီးေအပြဲေတြ ေရႊ႕ဆိုင္းရမွာကို တာ၀န္ရွိသူေတြကလည္း ေတာ္ေတာ္ေလးစိုးရိမ္ေနေၾကာင္း သိရွိရပါတယ္။

REF: THE SUN
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.