Serie A

အင္တာမီလန္မွာ ဆက္ေနခ်င္ရင္ လစာထက္ဝက္ေလွ်ာ့ယူရမယ့္ အလက္ဆစ္ ဆန္းခ်က္ဇ္

UNICODE: အီတလီမြေမှာ အဆင်ပြေနေတဲ့ ချီလီတိုက်စစ်မှူး အလက်ဆစ် ဆန်းချက်ဇ်အနေနဲ့ အင်တာမီလန်အသင်းမှာ ဆက်နေပြီး အပြီးသတ် ပြောင်းရွှေ့ချင်တယ်ဆိုရင် လက်ရှိရနေတဲ့ လစာရဲ့ တစ်ဝက်အထိ လျှော့ယူရနိုင်ပြီး မြင့်မားတဲ့ လစာငွေကို ဆန်စီရိုအသင်းဘက်က ပေးချေနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

လက်ရှိ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ ဆန်းချက်ဇ်အနေနဲ့ တစ်ပတ်ကို ပေါင်လေးသိန်းရရှိနေပြီး တခြား ခံစားခွင့်နဲ့ ဘောနပ်စ်တွေအရ တစ်ပတ်အတွင်း ပေါင်တစ်သိန်းခြောက်သောင်း ထပ်မံရရှိနိုင်ပြီး တစ်နှစ်လုပ်ခအနေနဲ့တော့ ပေါင် ၂၁ သန်း စာရင်း ပေါက်နေခဲ့ပါတယ်။

အင်တာမီလန်အသင်းကတော့ အသက် ၃၁ နှစ်အရွယ် ချီလီသားရဲ့ လစာငွေထဲက ပေါင် ၄.၅ သန်းကိုပဲ ကျခံခေါ်ယူခဲ့တာဖြစ်ပြီး အငှား စာချုပ်ကုန်ဆုံးချိန်မှာ ခေါ်ယူလိုစိတ်ရှိပေမယ့် ယူနိုက်တက်ဘက်က ပေးချေထားတဲ့ လစာအတိုင်းကိုတော့ မပေးနိုင်ဘူးလို့လည်း အီတလီအခြေစိုက် Tuttosport က ဖော်ပြခဲ့ပါတယ်။

အလက်ဆစ် ဆန်ချက်ဇ်အနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ၂၀၂၂ နွေရာသီအထိ စာချုပ်ချုပ်ဆိုထားခဲ့ပြီး လက်ရှိအခြေအနေအရ အသင်းဘက်ကရော ကစားသမားဘက်ကပါ ပြန်လည်ပူးပေါင်းဖို့ကို ဆန္ဒမရှိဘဲဖြစ်နေတဲ့အတွက် သူ့အနေနဲ့ ကစားသမားဘဝ ရှင်သန်စေမယ့် အသင်းကိုပဲ ရွေးချယ်ရဖွယ်လည်း ရှိနေပါတယ်။

Tuttosport ရဲ့ အဆိုအရ အင်တာမီလန်အသင်းအနေနဲ့ နာပိုလီအသင်းကနေ အလွတ်ရရှိနိုင်မယ့် တိုက်စစ်မှူး ဒရီးစ် မာတန်းစ်ကိုလည်း စိတ်ဝင်စားနေပေမယ့် ဆန်းချက်ဇ်အတွက်တော့ ပြောင်းရွှေ့ကြေး ပေါင် ၂၂ သန်းပေးပြီး ကမ်းလှမ်းနိုင်တယ်လို့ သိရပြီး လစာငွေအတွက်သာ အခက်အခဲရှိကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

ZAWGYI: အီတလီေျမမွာ အဆင္ေျပေနတဲ့ ခ်ီလီတိုက္စစ္မွဴး အလက္ဆစ္ ဆန္းခ်က္ဇ္အေနနဲ႔ အင္တာမီလန္အသင္းမွာ ဆက္ေနၿပီး အၿပီးသတ္ ေျပာင္းေရႊ႕ခ်င္တယ္ဆုိရင္ လက္ရွိရေနတဲ့ လစာရဲ႕ တစ္ဝက္အထိ ေလွ်ာ့ယူရႏုိင္ၿပီး ျမင့္မားတဲ့ လစာေငြကို ဆန္စီ႐ိုအသင္းဘက္က ေပးေခ်ႏုိင္မွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။

လက္ရွိ မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ ခ်ဳပ္ဆုိထားတဲ့ စာခ်ဳပ္အရ ဆန္းခ်က္ဇ္အေနနဲ႔ တစ္ပတ္ကို ေပါင္ေလးသိန္းရရွိေနၿပီး တျခား ခံစားခြင့္နဲ႔ ေဘာနပ္စ္ေတြအရ တစ္ပတ္အတြင္း ေပါင္တစ္သိန္းေျခာက္ေသာင္း ထပ္မံရရွိႏိုင္ၿပီး တစ္ႏွစ္လုပ္ခအေနနဲ႔ေတာ့ ေပါင္ ၂၁ သန္း စာရင္း ေပါက္ေနခဲ့ပါတယ္။

အင္တာမီလန္အသင္းကေတာ့ အသက္ ၃၁ ႏွစ္အရြယ္ ခ်ီလီသားရဲ႕ လစာေငြထဲက ေပါင္ ၄.၅ သန္းကိုပဲ က်ခံေခၚယူခဲ့တာျဖစ္ၿပီး အငွား စာခ်ဳပ္ကုန္ဆုံးခ်ိန္မွာ ေခၚယူလိုစိတ္ရွိေပမယ့္ ယူႏုိက္တက္ဘက္က ေပးေခ်ထားတဲ့ လစာအတုိင္းကိုေတာ့ မေပးႏုိင္ဘူးလို႔လည္း အီတလီအေျခစိုက္ Tuttosport က ေဖာ္ျပခဲ့ပါတယ္။

အလက္ဆစ္ ဆန္ခ်က္ဇ္အေနနဲ႔ အိုးလ္ထရက္ဖို႔ဒ္မွာ ၂၀၂၂ ေႏြရာသီအထိ စာခ်ဳပ္ခ်ဳပ္ဆုိထားခဲ့ၿပီး လက္ရွိအေျခအေနအရ အသင္းဘက္ကေရာ ကစားသမားဘက္ကပါ ျပန္လည္ပူးေပါင္းဖုိ႔ကို ဆႏၵမရွိဘဲျဖစ္ေနတဲ့အတြက္ သူ႕အေနနဲ႔ ကစားသမားဘဝ ရွင္သန္ေစမယ့္ အသင္းကိုပဲ ေရြးခ်ယ္ရဖြယ္လည္း ရွိေနပါတယ္။

Tuttosport ရဲ႕ အဆိုအရ အင္တာမီလန္အသင္းအေနနဲ႔ နာပိုလီအသင္းကေန အလြတ္ရရွိႏိုင္မယ့္ တိုက္စစ္မွဴး ဒရီးစ္ မာတန္းစ္ကုိလည္း စိတ္ဝင္စားေနေပမယ့္ ဆန္းခ်က္ဇ္အတြက္ေတာ့ ေျပာင္းေရႊ႕ေၾကး ေပါင္ ၂၂ သန္းေပးၿပီး ကမ္းလွမ္းႏုိင္တယ္လုိ႔ သိရၿပီး လစာေငြအတြက္သာ အခက္အခဲရွိေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.