Premier League Serie A Transfer News

ခ်ီေယဆာကို ေစာင့္ၾကည့္ဖို႔ ကင္းေထာက္ေတြကို ဆိုးလ္ရွားေစလႊတ္ထား

အီတလီစီးရီးေအကလပ္ ဖီအိုရင္တီးနားမွာ ေျခစြမ္းျပေနတဲ့ အီတလီလူငယ္ေတာင္ပံကစားသမား ဖက္ဒရစ္ကို ခ်ီေယဆာကို အနီးကပ္ေစာင့္ၾကည့္ဖို႔ ကစားသမားကင္းေထာက္ေတြကို မန္ခ်က္စတာယူႏိုက္တက္နည္းျပ အိုေလဂန္နာ ဆိုးလ္ရွားက ေစလႊတ္ထားတယ္လို႔ သိရပါတယ္။

နည္းျပ ဆိုးလ္ရွားရဲ႕ ကင္းေထာက္တစ္ဦးျဖစ္တဲ့ ဆိုင္မြန္ ၀ဲလ္စ္ဟာ ၿပီးခဲ့တ့ဲတစ္ပတ္က ဖီအိုရင္တီးနားနဲ႔ ေအစီမီလန္တို႔ တစ္ဂိုးစီသေရက်ခဲ့တဲ့ပြဲကို သြားေရာက္ၾကည့္ရွဳၿပီး ခ်ီေယဆာရဲ႕ ေျခစြမ္းကို ေသေသခ်ာခ်ာေစာင့္ၾကည့္ေလ့လာခဲ့ပါတယ္။ သူဟာ အဲဒီမတိုင္ခင္ကလည္း ဖေလာရင့္စ္ၿမိဳ႕ကို ေရာက္ခဲ့ေသးၿပီး ခ်ီေယဆာရဲ႕ ေျခစြမ္းကို အနီးကပ္ေစာင့္ၾကည့္ခဲ့သူပါ။

အသက္(၂၂)ႏွစ္သာ ရွိေသးတဲ့ ခ်ီေယဆာဟာ အီတလီလက္ေရြးစင္အသင္းအတြက္ (၁၇)ပြဲ ပါ၀င္ကစားေပးခဲ့ၿပီး သူ႔ရဲ႕ ေစ်းကြက္တန္ေၾကးကေတာ့ ေပါင္သန္း(၆၀)ေလာက္ ရွိတယ္လို႔ ဆိုပါတယ္။ ဖီအိုရင္တီးနားအသင္းနဲ႔ ကစားၿပီးတဲ့ (၁၂၁)ပြဲမွာ (၂၁)ဂိုးသြင္းယူထားတဲ့ ခ်ီေယဆာဟာ တစ္ခ်ိန္က အီတလီနဲ႔ ဖီအိုရင္တီးနားရဲ႕ ထိပ္တန္းကစားသမားတစ္ဦးျဖစ္တဲ့ အန္ရီကို ခ်ီေယဆာရဲ႕ သားျဖစ္ၿပီး လာမယ့္ ယူရိုၿပိဳင္ပြဲမွာ ေတာက္ပလာမယ့္ ကစားသမားတစ္ေယာက္အျဖစ္ သတ္မွတ္ခံထားရသူလည္းျဖစ္ပါတယ္။

ကစားသမားကိုယ္တိုင္က အဂၤလိပ္ဘာသာစကားကို ေလ့လာသင္ယူခဲ့ၿပီးတာကို မန္ခ်က္စတာယူႏိုက္တက္ကင္းေထာက္ေတြကလည္း သိရွိထားၿပီးပါၿပီ။ တိုက္ဆိုင္တာကေတာ့ ဆိုးလ္ရွားရဲ႕ ကင္းေထာက္ ဆိုင္မြန္ ၀ဲလ္စ္ ဖေလာရင့္စ္ၿမိဳ႕ကို ေရာက္ေနခ်ိန္မွာ ခ်ီေယဆာကလည္း (၅)ပြဲမွာ (၄)ဂိုးသြင္းၿပီး ေျခစြမ္းျပေနခဲ့ပါတယ္။

ခ်ီေယဆာဟာ တုိက္စစ္မွာ ေနရာစံု ကစားႏိုင္ေပမယ့္ လက္ရွိ မန္ခ်က္စတာယူႏုိက္တက္မွာ အားနည္းေနတဲ့ ညာေတာင္ပံတိုက္စစ္ကေတာ့ သူအားသန္ဆံုး ကစားေပါက္ျဖစ္ေနခဲ့ၿပီး သူ႕ကို ေခၚယူႏိုင္ဖို႔အတြက္ အသင္းတာ၀န္ရွိသူေတြကေတာ့ အခုကတည္းက ဆက္သြယ္ညႇိႏွဳိင္းေနၿပီး ေပါင္သန္း(၃၀)ေက်ာ္ေလာက္နဲ႔ သေဘာတူညီမႈယူႏိုင္မယ္လို႔လည္း ေမွ်ာ္လင့္ထားေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: အီတလီစီးရီးအေကလပ် ဖီအိုရင်တီးနားမှာ ခြေစွမ်းပြနေတဲ့ အီတလီလူငယ်တောင်ပံကစားသမား ဖက်ဒရစ်ကို ချီယေဆာကို အနီးကပ်စောင့်ကြည့်ဖို့ ကစားသမားကင်းထောက်တွေကို မန်ချက်စတာယူနိုက်တက်နည်းပြ အိုလေဂန်နာ ဆိုးလ်ရှားက စေလွှတ်ထားတယ်လို့ သိရပါတယ်။

နည်းပြ ဆိုးလ်ရှားရဲ့ ကင်းထောက်တစ်ဦးဖြစ်တဲ့ ဆိုင်မွန် ဝဲလ်စ်ဟာ ပြီးခဲ့တဲ့တစ်ပတ်က ဖီအိုရင်တီးနားနဲ့ အေစီမီလန်တို့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲကို သွားရောက်ကြည့်ရှုပြီး ချီယေဆာရဲ့ ခြေစွမ်းကို သေသေချာချာစောင့်ကြည့်လေ့လာခဲ့ပါတယ်။ သူဟာ အဲဒီမတိုင်ခင်ကလည်း ဖလောရင့်စ်မြို့ကို ရောက်ခဲ့သေးပြီး ချီယေဆာရဲ့ ခြေစွမ်းကို အနီးကပ်စောင့်ကြည့်ခဲ့သူပါ။

အသက်(၂၂)နှစ်သာ ရှိသေးတဲ့ ချီယေဆာဟာ အီတလီလက်ရွေးစင်အသင်းအတွက် (၁၇)ပွဲ ပါဝင်ကစားပေးခဲ့ပြီး သူ့ရဲ့ ဈေးကွက်တန်ကြေးကတော့ ပေါင်သန်း(၆၀)လောက် ရှိတယ်လို့ ဆိုပါတယ်။ ဖီအိုရင်တီးနားအသင်းနဲ့ ကစားပြီးတဲ့ (၁၂၁)ပွဲမှာ (၂၁)ဂိုးသွင်းယူထားတဲ့ ချီယေဆာဟာ တစ်ချိန်က အီတလီနဲ့ ဖီအိုရင်တီးနားရဲ့ ထိပ်တန်းကစားသမားတစ်ဦးဖြစ်တဲ့ အန်ရီကို ချီယေဆာရဲ့ သားဖြစ်ပြီး လာမယ့် ယူရိုပြိုင်ပွဲမှာ တောက်ပလာမယ့် ကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ခံထားရသူလည်းဖြစ်ပါတယ်။

ကစားသမားကိုယ်တိုင်က အင်္ဂလိပ်ဘာသာစကားကို လေ့လာသင်ယူခဲ့ပြီးတာကို မန်ချက်စတာယူနိုက်တက်ကင်းထောက်တွေကလည်း သိရှိထားပြီးပါပြီ။ တိုက်ဆိုင်တာကတော့ ဆိုးလ်ရှားရဲ့ ကင်းထောက် ဆိုင်မွန် ဝဲလ်စ် ဖလောရင့်စ်မြို့ကို ရောက်နေချိန်မှာ ချီယေဆာကလည်း (၅)ပွဲမှာ (၄)ဂိုးသွင်းပြီး ခြေစွမ်းပြနေခဲ့ပါတယ်။

ချီယေဆာဟာ တိုက်စစ်မှာ နေရာစုံ ကစားနိုင်ပေမယ့် လက်ရှိ မန်ချက်စတာယူနိုက်တက်မှာ အားနည်းနေတဲ့ ညာတောင်ပံတိုက်စစ်ကတော့ သူအားသန်ဆုံး ကစားပေါက်ဖြစ်နေခဲ့ပြီး သူ့ကို ခေါ်ယူနိုင်ဖို့အတွက် အသင်းတာဝန်ရှိသူတွေကတော့ အခုကတည်းက ဆက်သွယ်ညှိနှိုင်းနေပြီး ပေါင်သန်း(၃၀)ကျော်လောက်နဲ့ သဘောတူညီမှုယူနိုင်မယ်လို့လည်း မျှော်လင့်ထားကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.