Premier League Transfer News

26 Dec ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်း အသာရနေတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ဇယားရေးဆွဲမှုကို ချဲလ်ဆီးနည်းပြ ဖရန့် လမ်းပတ်က အပြစ်တင်လိုက်ပြီး သူတို့ အနေနဲ့ ၄၈ နာရီအတွင်း လန်ဒန်ဒါဘီနှစ်ပွဲ ကစားရချိန်မှာ လွယ်ကူတဲ့ ပြိုင်ဘက်တွေကို အနားယူပြီး သက်တောင့်သက်သာကစားခွင့် ရနေတဲ့ လက်ရှိချန်ပီယံရဲ့ပွဲတွေကို ဝေဖန်သွား။

– နည်းပြ ယာဂန် ကလော့ပ်က ပရိသတ်တွေအနေနဲ့ ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာအတွက် စိတ်ရှည်ဖို့ ပြောကြားလိုက်ပြီး စပိန်လက်ရွေးစင်အနေနဲ့ ထရိန်နင်ကို အပြည့်အဝလုပ်ဆောင်ပြီး စိတ်ချရတော့မှ အသင်းလူစာရင်းကို ပြန်လည်ထည့်သွင်းမယ်လို့ဆို။

– မစ်ဂျဲလန်းနဲ့ပွဲမှာ အလက်ဇန်းဒါး-အာနိုးလ်ဒ်ကို လက်ပတ်မှားပေးမိတာကို နည်းပြ ကလော့ပ်က ဝန်ခံသွားပေမယ့် အမှန်ပေးမယ် ဆိုရင်လည်း မိုဟာမက် ဆာလားအတွက် မဟုတ်ကြောင်းနဲ့ အသင်းခေါင်းဆောင်အဖွဲ့ အစီအစဉ်အရ ဒီဗော့ခ် အိုရီဂီကပဲ ရရှိသွားလိမ့်မယ်လို့ပြောကြား။

– ကွင်းလယ်လူ တာကူမီ မီနာမီနိုက သူ့ကို ခက်ခဲတဲ့ အချိန်တွေအတွင်းမှာ ကူညီပေးခဲ့တဲ့ လီဗာပူးလ်အသင်းတာဝန်ရှိသူတွေနဲ့ အသင်းဖော်တွေကို ကျေးဇူးတင်စကား ပြောကြားလိုက်ပြီး ပိုမိုရရှိလာနိုင်တဲ့ ပွဲကစားခွင့်နဲ့အတူ ခြေစွမ်းပြနိုင်အောင် ကြိုးစားမယ်လို့ ကတိပေး။

– လီဗာပူးလ်အသင်းရဲ့ လက်ရှိအနေအထားမှာ ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းရယူသွားနိုင်ဖို့က အရေးပါနေပြီး အသင်းနဲ့အတူ ဒီပြိုင်ပွဲမှာ သမိုင်းသစ်ရေးထိုးသွားရမှာဖြစ်ကြောင်း ဘရာဇီးလ်ကွင်းလယ်လူ ဖာဘင်ညို တိုက်တွန်းပြောကြား။

– ပြင်သစ်ကလပ် လိုင်လီအသင်းအနေနဲ့ လီဗာပူးလ်အသင်းက အလိုရှိနေတဲ့ သူတို့ရဲ့ လူငယ်နောက်ခံလူ ဆဗင် ဘော့တ်မန်ကို ပေါင် ၂၇ သန်း ရရှိရင် ရောင်းချသွားမယ်လို့ ဈေးနှုန်းသတ်မှတ်ထားပြီး လွန်ခဲ့တဲ့ ၅ လက ပေါင် ၈ သန်းနဲ့ ခေါ်ယူခဲ့ပြီးမှာ ကြီးမားတဲ့ အကျိုးအမြတ် ရယူသွားနိုင်မှာဖြစ်တယ်လို့ သိရ။

– လီဗာပူးလ်အသင်းရဲ့ ဒီနှစ် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ခြိမ်းခြောက်မယ့် အဓိက ပြိုင်ဘက်အသင်းဟာ မန်ချက်စတာယူနိုက်တက်ပဲ ဖြစ်ပြီး လက်စတာနဲ့ အဝေးကွင်းပွဲမှာ နိုင်ပွဲ ရရှိခဲ့ရင် လာမယ့် ဇန်နဝါရီ ၁၇ ရက်နေ့မှာ အန်းဖီးလ်တွေ့ဆုံမှုဟာ အလွန်ခက်ခဲလိမ့်မယ်လို့ ပေါလ် မာဆန် သုံးသပ်။

– အသင်းဟောင်း လီဗာပူးလ်နဲ့ ယနေ့တိုင် ဆက်သွယ်မှုတွေ ရှိနေဆဲဖြစ်သလို တစ်နေ့မှာ နည်းပြအဖြစ် ပြန်လာနိုင်ဖို့ ရည်မှန်းချက်ကြီးကြီးထားနေပေမယ့် အသင်းကို ဒီအခြေအနေဆီ ပို့ဆောင်ပေးခဲ့တဲ့ နည်းပြကြီး ယာဂန် ကလော့ပ်ရဲ့ ခြေရာနင်းနိုင်ဖို့ကတော့ အလွယ်တကူ မဖြစ်နိုင်သေးကြောင်း ရိန်းဂျားစ်နည်းပြ စတီဗင် ဂျရတ် ဝန်ခံ။

– ရီးရဲလ်မက်ဒရစ်အကြောင်းပြောပြီး အသင်းမှာ မပျော်ရွှင်ဘူးလို့ ကောလဟာလတွေ ထွက်နေခဲ့တဲ့ တိုက်စစ်မှူး မိုဟာမက် ဆာလား အနေနဲ့ ဒီလိုစကားမျိုးကို အသင်းပြောင်းရွှေ့ဖို့ ဆန္ဒမရှိသေးရင် မပြောသင့်ကြောင်းနဲ့ လီဗာပူးလ်အသင်းဟာ သူတို့ကို လှေကားထစ် တစ်ခုအဖြစ် အသုံးချတာကို လက်ခံမှာ မဟုတ်ကြောင်း နောက်ခံလူဟောင်း ကာရေဂါ အပြစ်တင်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္အသင္း အသာရေနတဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ဇယားေရးဆြဲမႈကို ခ်ဲလ္ဆီးနည္းျပ ဖရန႔္ လမ္းပတ္က အျပစ္တင္လိုက္ၿပီး သူတို႔ အေနနဲ႔ ၄၈ နာရီအတြင္း လန္ဒန္ဒါဘီႏွစ္ပြဲ ကစားရခ်ိန္မွာ လြယ္ကူတဲ့ ၿပိဳင္ဘက္ေတြကို အနားယူၿပီး သက္ေတာင့္သက္သာကစားခြင့္ ရေနတဲ့ လက္ရွိခ်န္ပီယံရဲ႕ပြဲေတြကို ေဝဖန္သြား။

– နည္းျပ ယာဂန္ ကေလာ့ပ္က ပရိသတ္ေတြအေနနဲ႔ ကြင္းလယ္လူ သီယာဂို အယ္လ္ကန္တာရာအတြက္ စိတ္ရွည္ဖို႔ ေျပာၾကားလိုက္ၿပီး စပိန္လက္ေ႐ြးစင္အေနနဲ႔ ထရိန္နင္ကို အျပည့္အဝလုပ္ေဆာင္ၿပီး စိတ္ခ်ရေတာ့မွ အသင္းလူစာရင္းကို ျပန္လည္ထည့္သြင္းမယ္လို႔ဆို။

– မစ္ဂ်ဲလန္းနဲ႔ပြဲမွာ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ကို လက္ပတ္မွားေပးမိတာကို နည္းျပ ကေလာ့ပ္က ဝန္ခံသြားေပမယ့္ အမွန္ေပးမယ္ ဆိုရင္လည္း မိုဟာမက္ ဆာလားအတြက္ မဟုတ္ေၾကာင္းနဲ႔ အသင္းေခါင္းေဆာင္အဖြဲ႕ အစီအစဥ္အရ ဒီေဗာ့ခ္ အိုရီဂီကပဲ ရရွိသြားလိမ့္မယ္လို႔ေျပာၾကား။

– ကြင္းလယ္လူ တာကူမီ မီနာမီႏိုက သူ႔ကို ခက္ခဲတဲ့ အခ်ိန္ေတြအတြင္းမွာ ကူညီေပးခဲ့တဲ့ လီဗာပူးလ္အသင္းတာဝန္ရွိသူေတြနဲ႔ အသင္းေဖာ္ေတြကို ေက်းဇူးတင္စကား ေျပာၾကားလိုက္ၿပီး ပိုမိုရရွိလာႏိုင္တဲ့ ပြဲကစားခြင့္နဲ႔အတူ ေျခစြမ္းျပႏိုင္ေအာင္ ႀကိဳးစားမယ္လို႔ ကတိေပး။

– လီဗာပူးလ္အသင္းရဲ႕ လက္ရွိအေနအထားမွာ ပရီးမီးယားလိဂ္ရဲ႕ ခ်န္ပီယံဆုကို ဆက္လက္ထိန္းသိမ္းရယူသြားႏိုင္ဖို႔က အေရးပါေနၿပီး အသင္းနဲ႔အတူ ဒီၿပိဳင္ပြဲမွာ သမိုင္းသစ္ေရးထိုးသြားရမွာျဖစ္ေၾကာင္း ဘရာဇီးလ္ကြင္းလယ္လူ ဖာဘင္ညိဳ တိုက္တြန္းေျပာၾကား။

– ျပင္သစ္ကလပ္ လိုင္လီအသင္းအေနနဲ႔ လီဗာပူးလ္အသင္းက အလိုရွိေနတဲ့ သူတို႔ရဲ႕ လူငယ္ေနာက္ခံလူ ဆဗင္ ေဘာ့တ္မန္ကို ေပါင္ ၂၇ သန္း ရရွိရင္ ေရာင္းခ်သြားမယ္လို႔ ေဈးႏႈန္းသတ္မွတ္ထားၿပီး လြန္ခဲ့တဲ့ ၅ လက ေပါင္ ၈ သန္းနဲ႔ ေခၚယူခဲ့ၿပီးမွာ ႀကီးမားတဲ့ အက်ိဳးအျမတ္ ရယူသြားႏိုင္မွာျဖစ္တယ္လို႔ သိရ။

– လီဗာပူးလ္အသင္းရဲ႕ ဒီႏွစ္ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ၿခိမ္းေျခာက္မယ့္ အဓိက ၿပိဳင္ဘက္အသင္းဟာ မန္ခ်က္စတာယူႏိုက္တက္ပဲ ျဖစ္ၿပီး လက္စတာနဲ႔ အေဝးကြင္းပြဲမွာ ႏိုင္ပြဲ ရရွိခဲ့ရင္ လာမယ့္ ဇန္နဝါရီ ၁၇ ရက္ေန႔မွာ အန္းဖီးလ္ေတြ႕ဆုံမႈဟာ အလြန္ခက္ခဲလိမ့္မယ္လို႔ ေပါလ္ မာဆန္ သုံးသပ္။

– အသင္းေဟာင္း လီဗာပူးလ္နဲ႔ ယေန႔တိုင္ ဆက္သြယ္မႈေတြ ရွိေနဆဲျဖစ္သလို တစ္ေန႔မွာ နည္းျပအျဖစ္ ျပန္လာႏိုင္ဖို႔ ရည္မွန္းခ်က္ႀကီးႀကီးထားေနေပမယ့္ အသင္းကို ဒီအေျခအေနဆီ ပို႔ေဆာင္ေပးခဲ့တဲ့ နည္းျပႀကီး ယာဂန္ ကေလာ့ပ္ရဲ႕ ေျခရာနင္းႏိုင္ဖို႔ကေတာ့ အလြယ္တကူ မျဖစ္ႏိုင္ေသးေၾကာင္း ရိန္းဂ်ားစ္နည္းျပ စတီဗင္ ဂ်ရတ္ ဝန္ခံ။

– ရီးရဲလ္မက္ဒရစ္အေၾကာင္းေျပာၿပီး အသင္းမွာ မေပ်ာ္႐ႊင္ဘူးလို႔ ေကာလဟာလေတြ ထြက္ေနခဲ့တဲ့ တိုက္စစ္မႉး မိုဟာမက္ ဆာလား အေနနဲ႔ ဒီလိုစကားမ်ိဳးကို အသင္းေျပာင္းေ႐ႊ႕ဖို႔ ဆႏၵမရွိေသးရင္ မေျပာသင့္ေၾကာင္းနဲ႔ လီဗာပူးလ္အသင္းဟာ သူတို႔ကို ေလွကားထစ္ တစ္ခုအျဖစ္ အသုံးခ်တာကို လက္ခံမွာ မဟုတ္ေၾကာင္း ေနာက္ခံလူေဟာင္း ကာေရဂါ အျပစ္တင္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.