Premier League

26 Dec နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ


-ဂျော်ဂျင်ညိုဟာ ချဲလ်ဆီးအသင်းက ရောင်းထုတ်ဖို့ ပြင်ဆင်နေတဲ့ ကစားသမား ၇ ဦးထဲမှာ တစ်ဦးအပါအဝင်ဖြစ်နေတဲ့အတွက် စတန်းဖို့ဒ်ဘရစ်ဂျ်ကနေ ထုတ်ပယ်ခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရတယ်လို့ Sky Sports က ဖော်ပြခဲ့။


-ချဲလ်ဆီးအသင်းဟာ ဘွန်ဒက်စ်လီဂါလူငယ်ကြယ်ပွင့် ဂျုဒ်ဘယ်လင်ဂမ်ကို ဒီကလန်ရိုက်စ်အပြင် နောက်ထပ်ရွေးချယ်စရာအဖြစ် သတ်မှတ်ထားတယ်လို့ သိရ။


-အာဆင်နယ်နည်းပြအာတီတာက ဘောက်ဆင်ဒေးမှာ တွေ့ဆုံယှဉ်ပြိုင်ရမယ့် ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်မှာ အတောင့်တင်းဆုံးလူစာရင်းရှိတဲ့အသင်းလို့ ပြောကြားခဲ့။


-ချဲလ်ဆီးနည်းပြ လမ်းပတ်က ပရီးမီးယားလိဂ်နဲ့ ရုပ်သံထုတ်လွှင့်သူတွေဟာ ချဲလ်ဆီးနဲ့ အက်စ်တွန်ဗီလာတို့ကို ၄၈ နာရီအတွင်း ၂ ပွဲကစားခိုင်းပြီး ကစားသမားတွေရဲ့ လုံခြုံရေးကို မျက်ကွယ်ပြုထားတယ်လို့ ပြောကြားခဲ့။


-ဆီဆာ အက်ဇ်ပီလီကွေတာက ပရီးမီးယားလိဂ်ပွဲစဉ် ပြန်လည်ပါဝင်ကစားခွင့်ရရှိတာကြောင့် ဝမ်းသာနေပေမယ့် ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရတဲ့ အာဆင်နယ်အသင်းကို မလေးမစား မပြုလုပ်ကြဖို့ သတိပေးပြောကြားခဲ့။


-ချဲလ်ဆီးအပယ်ခံ မားကို့စ်အလွန်ဆိုဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အက်သလက်တီကိုမက်ဒရစ်အသင်းကို အငှားနဲ့ ပြောင်းရွှေ့ဖွယ်ရှိနေပြီး လာလီဂါထိပ်သီးအသင်းက ဘယ်နောက်ခံကစားသမားကို ရာသီဝက်အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း El Chiringuito က ဖော်ပြခဲ့။


-နာပိုလီအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေးစျေးကွက်မဖွင့်မီ စတန်းဖို့ဒ်ဘရစ်ဂျ်မှာ နေရာမရဖြစ်နေတဲ့ အီမာဆင်အပေါ် စိတ်ဝင်စားမှုကို နောက်တဆင့်တက်ခဲ့ပြီလို့ သိရပြီး လက်ရှိမှာတော့ နာပိုလီဟာ အီမာဆင်ကို ခေါ်ယူဖို့ ကြိုးပမ်းသွားတော့မယ်လို့ Sport Mediaset က ဖော်ပြခဲ့။


-အာဆင်နယ်နဲ့ပွဲစဉ်မှာ ဒဏ်ရာပြဿနာကြောင့် လွဲချော်မယ်လို့ နည်းပြလမ်းပတ်ရဲ့အတည်ပြုခြင်းခံခဲ့ရတဲ့ ဟာကင်ဇီယက်က အသင်းဖော် အေဒူယာ မန်ဒီနဲ့ အတူတူအချိန်ကုန်ဆုံးနေတဲ့ပုံတင်ပြီး တုံ့ပြန်ခဲ့။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


-ေဂ်ာ္ဂ်င္ညိဳဟာ ခ်ဲလ္ဆီးအသင္းက ေရာင္းထုတ္ဖို႔ ျပင္ဆင္ေနတဲ့ ကစားသမား ၇ ဦးထဲမွာ တစ္ဦးအပါအဝင္ျဖစ္ေနတဲ့အတြက္ စတန္းဖို႔ဒ္ဘရစ္ဂ်္ကေန ထုတ္ပယ္ခံရမယ့္အေရးနဲ႔ ရင္ဆိုင္ေနရတယ္လို႔ Sky Sports က ေဖာ္ျပခဲ့။


-ခ်ဲလ္ဆီးအသင္းဟာ ဘြန္ဒက္စ္လီဂါလူငယ္ၾကယ္ပြင့္ ဂ်ဳဒ္ဘယ္လင္ဂမ္ကို ဒီကလန္ရိုက္စ္အျပင္ ေနာက္ထပ္ေရြးခ်ယ္စရာအျဖစ္ သတ္မွတ္ထားတယ္လို႔ သိရ။


-အာဆင္နယ္နည္းျပအာတီတာက ေဘာက္ဆင္ေဒးမွာ ေတြ႕ဆုံယွဥ္ၿပိဳင္ရမယ့္ ခ်ဲလ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္မွာ အေတာင့္တင္းဆုံးလူစာရင္းရွိတဲ့အသင္းလို႔ ေျပာၾကားခဲ့။


-ခ်ဲလ္ဆီးနည္းၿပ လမ္းပတ္က ပရီးမီးယားလိဂ္နဲ႔ ႐ုပ္သံထုတ္လႊင့္သူေတြဟာ ခ်ဲလ္ဆီးနဲ႔ အက္စ္တြန္ဗီလာတို႔ကို ၄၈ နာရီအတြင္း ၂ ပြဲကစားခိုင္းၿပီး ကစားသမားေတြရဲ့ လုံျခဳံေရးကို မ်က္ကြယ္ျပဳထားတယ္လို႔ ေျပာၾကားခဲ့။


-ဆီဆာ အက္ဇ္ပီလီေကြတာက ပရီးမီးယားလိဂ္ပြဲစဥ္ ျပန္လည္ပါဝင္ကစားခြင့္ရရွိတာေၾကာင့္ ဝမ္းသာေနေပမယ့္ ရလဒ္ဆိုးေတြနဲ႔ ရင္ဆိုင္ေနရတဲ့ အာဆင္နယ္အသင္းကို မေလးမစား မျပဳလုပ္ၾကဖို႔ သတိေပးေျပာၾကားခဲ့။


-ခ်ဲလ္ဆီးအပယ္ခံ မားကို႔စ္အလြန္ဆိုဟာ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ အက္သလက္တီကိုမက္ဒရစ္အသင္းကို အငွားနဲ႔ ေျပာင္းေရႊ႕ဖြယ္ရွိေနၿပီး လာလီဂါထိပ္သီးအသင္းက ဘယ္ေနာက္ခံကစားသမားကို ရာသီဝက္အငွားစာခ်ဳပ္နဲ႔ ေခၚယူဖို႔ ျပင္ဆင္ေနေၾကာင္း El Chiringuito က ေဖာ္ျပခဲ့။


-နာပိုလီအသင္းဟာ ဇန္နဝါရီအေျပာင္းအေရႊးေစ်းကြက္မဖြင့္မီ စတန္းဖို႔ဒ္ဘရစ္ဂ်္မွာ ေနရာမရျဖစ္ေနတဲ့ အီမာဆင္အေပၚ စိတ္ဝင္စားမႈကို ေနာက္တဆင့္တက္ခဲ့ၿပီလို႔ သိရၿပီး လက္ရွိမွာေတာ့ နာပိုလီဟာ အီမာဆင္ကို ေခၚယူဖို႔ ႀကိဳးပမ္းသြားေတာ့မယ္လို႔ Sport Mediaset က ေဖာ္ျပခဲ့။


-အာဆင္နယ္နဲ႔ပြဲစဥ္မွာ ဒဏ္ရာျပႆနာေၾကာင့္ လြဲေခ်ာ္မယ္လို႔ နည္းျပလမ္းပတ္ရဲ့အတည္ျပဳျခင္းခံခဲ့ရတဲ့ ဟာကင္ဇီယက္က အသင္းေဖာ္ ေအဒူယာ မန္ဒီနဲ႔ အတူတူအခ်ိန္ကုန္ဆုံးေနတဲ့ပုံတင္ၿပီး တုံ႔ျပန္ခဲ့။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.