Premier League

26 Dec နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများစုစည်းမှု


-မန်ချက်စတာယူနိုက်တက်အသင်းဟာ အီကွေဒေါဆယ်ကျော်သက်မွိုက်စ်ကိုင်ဆဲဒိုးကို ခေါ်ယူဖို့ ပြိုင်ပွဲမှာ ချဲလ်ဆီးကို အလဲထိုးနိုင်တော့မယ်လို့ သိရပြီး ဆယ်ကျော်သက်ကွင်းလယ်ကစားသမားဟာ ယူနိုက်တက်နဲ့ ဆေးစစ်ဖို့ ပြင်ဆင်နေပြီဖြစ်။


-ယူနိုက်တက်နည်းပြဆိုးလ်ရှားက အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ စပါးနဲ့ပွဲစဉ်က အနီကတ်ဟာ မာစီယယ်ရဲ့ ယုံကြည်မှုကို ထိခိုက်စေခဲ့ပြီး လက်ရှိမှာတော့ ယင်းခါးသီးမှုတွေဟာ အဆုံးသတ်သွားခဲ့ပြီလို့ ယုံကြည်နေ။


-အိုလေဂန်နာဆိုးလ်ရှားက ၎င်းရဲ့ကစားသမားတွေကို အခြေအနေအသစ်နဲ့ ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲဆိုတာကို သင်ကြားပေးနေပြီး လက်ရှိအချိန်မှာ ချီးကျူးခံနေရတာကလည်း နောက်ထပ်ဖြေရှင်းဖို့ သင်ကြားရမယ့်အရာဖြစ်တယ်လို့ ပြောကြားခဲ့။


-နီမန်ဂျာမာတစ်က ပရိသတ်တွေမရှိတဲ့အခြေအနေက အများကြီးကွာခြားကြောင်းနဲ့ လီဗာပူးအသင်းအနေနဲ့ ပရိသတ်တွေသာရှိရင် အက်စ်တွန်ဗီလာကို ၇-၂ နဲ့ ဘယ်တော့မှ ရှုံးမှာမဟုတ်ဘူးလို့ ပြောကြားခဲ့။


-အာဆင်နယ်ဂန္တဝင်တိုက်စစ်မှူး အီယန်ရိုက်က ဂျေဒန်ဆန်ချိုနဲ့ ဂျက်ဂရီးလစ်ရှ်တို့ဟာ မန်ချက်စတာယူနိုက်တက်ကို ပိုမိုကောင်းမွန်စေမယ့်ကစားသမားတွေဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ ခံစစ်ကိုပဲ အင်အားဖြည့်တင်းဖို့လိုအပ်နေတယ်လို့ ပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက်ဟာ ယခုရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဂျက်ဆီလင်ဂတ်ရဲ့စာချုပ်ပါ တစ်နှစ်သက်တမ်းတိုးခွင့်ကို အသက်သွင်းချင်နေတယ်လို့ သိရပြီး ယူနိုက်တက်က အင်္ဂလန်ကွင်းလယ်ကစားသမားကို လာမယ့်နွေရာသီမှာ အဆုံးရှုံးမခံနိုင်သေးတာဖြစ်။


-မန်ချက်စတာယူနိုက်တက်ဟာ ရော်နယ်ဒိုနဲ့ ပေါ့ဂ်ဘာကို ဒဲ့လဲမယ့် အလဲအထပ်ကိစ္စကို လုပ်ဆောင်လိုခြင်းမရှိဘူးလို့ ESPN က ဖော်ပြခဲ့ပြီး ဒုဥက္ကဌအက်ဒ်ဝုဒ်ဝဒ်က သိပ်မကြာမီကာလအတွင်း အဲဒီလိုအပြောင်းအရွှေ့ကို လုပ်ဆောင်ဖို့ စိတ်ဝင်စားခြင်းမရှိဘူးလို့ သိရ။


-မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ လာမယ့်နွေရာသီမှာ ဗဟိုခံစစ်ကစားသမားသစ်ကို ဦးစားပေးခေါ်ယူသွားမှာဖြစ်ပြီး ဒေးဗစ်အလာဘာနဲ့ အူပါမီကာနိုတို့ကို ခေါ်ယူဖို့ စဉ်းစားထားခြင်းမရှိဘူးလို့ Express က ဖော်ပြခဲ့ပြီး အခြားကစားသမားသစ်ကိုသာ ရှာဖွေသွားမှာဖြစ်။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


-မန္ခ်က္စတာယူနိုက္တက္အသင္းဟာ အီေကြေဒါဆယ္ေက်ာ္သက္မြိဳက္စ္ကိုင္ဆဲဒိုးကို ေခၚယူဖို႔ ၿပိဳင္ပြဲမွာ ခ်ဲလ္ဆီးကို အလဲထိုးနိုင္ေတာ့မယ္လို႔ သိရၿပီး ဆယ္ေက်ာ္သက္ကြင္းလယ္ကစားသမားဟာ ယူနိုက္တက္နဲ႔ ေဆးစစ္ဖို႔ ျပင္ဆင္ေနၿပီျဖစ္။


-ယူနိုက္တက္နည္းျပဆိုးလ္ရွားက အိုးထရက္ဖို႔ဒ္မွာ ကစားခဲ့တဲ့ စပါးနဲ႔ပြဲစဥ္က အနီကတ္ဟာ မာစီယယ္ရဲ့ ယုံၾကည္မႈကို ထိခိုက္ေစခဲ့ၿပီး လက္ရွိမွာေတာ့ ယင္းခါးသီးမႈေတြဟာ အဆုံးသတ္သြားခဲ့ၿပီလို႔ ယုံၾကည္ေန။


-အိုေလဂန္နာဆိုးလ္ရွားက ၎ရဲ့ကစားသမားေတြကို အေျခအေနအသစ္နဲ႔ ဘယ္လိုရင္ဆိုင္ေျဖရွင္းရမလဲဆိုတာကို သင္ၾကားေပးေနၿပီး လက္ရွိအခ်ိန္မွာ ခ်ီးက်ဴးခံေနရတာကလည္း ေနာက္ထပ္ေျဖရွင္းဖို႔ သင္ၾကားရမယ့္အရာျဖစ္တယ္လို႔ ေျပာၾကားခဲ့။


-နီမန္ဂ်ာမာတစ္က ပရိသတ္ေတြမရွိတဲ့အေျခအေနက အမ်ားႀကီးကြာျခားေၾကာင္းနဲ႔ လီဗာပူးအသင္းအေနနဲ႔ ပရိသတ္ေတြသာရွိရင္ အက္စ္တြန္ဗီလာကို ၇-၂ နဲ႔ ဘယ္ေတာ့မွ ရႈံးမွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့။


-အာဆင္နယ္ဂႏၲဝင္တိုက္စစ္မႉး အီယန္ရိုက္က ေဂ်ဒန္ဆန္ခ်ိဳနဲ႔ ဂ်က္ဂရီးလစ္ရွ္တို႔ဟာ မန္ခ်က္စတာယူနိုက္တက္ကို ပိုမိုေကာင္းမြန္ေစမယ့္ကစားသမားေတြျဖစ္ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ခံစစ္ကိုပဲ အင္အားျဖည့္တင္းဖို႔လိုအပ္ေနတယ္လို႔ ေျပာၾကားခဲ့။


-မန္ခ်က္စတာယူနိုက္တက္ဟာ ယခုရာသီကုန္မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ ဂ်က္ဆီလင္ဂတ္ရဲ့စာခ်ဳပ္ပါ တစ္ႏွစ္သက္တမ္းတိုးခြင့္ကို အသက္သြင္းခ်င္ေနတယ္လို႔ သိရၿပီး ယူနိုက္တက္က အဂၤလန္ကြင္းလယ္ကစားသမားကို လာမယ့္ေႏြရာသီမွာ အဆုံးရႈံးမခံနိုင္ေသးတာျဖစ္။


-မန္ခ်က္စတာယူနိုက္တက္ဟာ ေရာ္နယ္ဒိုနဲ႔ ေပါ့ဂ္ဘာကို ဒဲ့လဲမယ့္ အလဲအထပ္ကိစၥကို လုပ္ေဆာင္လိုျခင္းမရွိဘူးလို႔ ESPN က ေဖာ္ျပခဲ့ၿပီး ဒုဥကၠဌအက္ဒ္ဝုဒ္ဝဒ္က သိပ္မၾကာမီကာလအတြင္း အဲဒီလိုအေျပာင္းအေရႊ႕ကို လုပ္ေဆာင္ဖို႔ စိတ္ဝင္စားျခင္းမရွိဘူးလို႔ သိရ။


-မန္ခ်က္စတာယူနိုက္တက္နည္းျပဆိုးလ္ရွားဟာ လာမယ့္ေႏြရာသီမွာ ဗဟိုခံစစ္ကစားသမားသစ္ကို ဦးစားေပးေခၚယူသြားမွာျဖစ္ၿပီး ေဒးဗစ္အလာဘာနဲ႔ အူပါမီကာနိုတို႔ကို ေခၚယူဖို႔ စဥ္းစားထားျခင္းမရွိဘူးလို႔ Express က ေဖာ္ျပခဲ့ၿပီး အျခားကစားသမားသစ္ကိုသာ ရွာေဖြသြားမွာျဖစ္။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.