Premier League

ပရီးမီးယားလိဂ်နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများစုစည်းမှု


-ဝုဖ်ဘတ်အသင်းဟာ တော့တင်ဟမ်ဟော့စပါးအသင်းက ယူရို ၃၅ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့မယ်ဆိုရင် အသင်းကနေ ထွက်ခွာခွင့်ပြုသွားမယ်လို့ ဝေါက်ဝက်ဟော့စ်ကို ကတိပေးခဲ့ကြောင်း Bild က ဖော်ပြခဲ့။


-အာဆင်နယ်အပယ်ခံအိုဇေးလ်ဟာ ဇန်နဝါရီလမှာ တူရကီကလပ် ဖီနာဘာချီအသ်ငးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့မယ့်အကြောင်းကို အတည်ပြုသွားဖွယ်ရှိနေပြီး တူရကီကလပ်အသင်းက အပြောင်းအရွှေ့ဟာ ပြီးမြောက်လုနီးပါးဖြစ်နေပြီလို့ Sport Digitale ကို ထုတ်ဖော်ပြောကြားခဲ့။


-လိုင်လီကွင်းလယ်ကစားသမား ရီနာတိုဆန်းချက်စ်ဟာ လီဂူးဝမ်းကလပ်ကို စွန့်ခွာချင်နေတယ်လို့ ဖက်ဘရီဇီယိုရိုမာနိုက ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ လီဗာပူးအတွက် အားတက်စရာဖြစ်လာခဲ့ပြီဖြစ်။


-ဝက်စ်ဟမ်းအသင်းဟာ ဆလားဗီးယားပရက်ဂ်တိုက်စစ်မှူး အဗ္ဗဒူလာဆီမာကို ခေါ်ယူဖို့ ကြိုးပမ်းရာမှာ ချက်ကစားသမားတွေဖြစ်တဲ့ တိုမက်စ်ဆူဆက်နဲ့ ဗလာဒီမာကူဖယ်တို့အသင်းမှာရှိနေတာကြောင့် မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ထက်စာရင် အခွင့်အရေးပိုရှိလိမ့်မယ်လို့ ယုံကြည်နေ။


-တော့တင်ဟမ်ဟော့စပါးကွင်းလယ်ကြယ်ပွင့် ဒယ်လီအလီဟာ စပါးနည်းပြဟောင်း ပိုချက်တီနို ကိုင်တွယ်မယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ The Sun က ဖော်ပြခဲ့။


-မန်စီးတီးနဲ့ စပါးအသင်းတို့ဟာ ကစားသမားဘဝအစောပိုင်းကို မစ်ဒယ်ဘရော့အသင်းမှာ ကုန်ဆုံးခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် အတ္တလန္တာကွင်းလယ်ကစားသမား မာတင်ဒီရွန်းကို ခေါ်ယူဖို့ စောင့်ကြည့်နေကြတယ်လို့ 90min က ဖော်ပြခဲ့


-ဖီယင်နုအသင်းမန်နေဂျာဒစ်အက်ဗိုကတ်က အဲဗာတန်အသင်းတိုက်စစ်မှူး ဆန့်တိုဆင်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့သတင်းတွေကို ငြင်းပယ်သွားခဲ့ကြောင်း Sport Witness က ဖော်ပြခဲ့။


-ဘာစီလိုနာအသင်းဟာ အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အာဆင်နယ်နောက်ခံကစားသမား မူစတာဖီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းတွေကို ငြင်းဆိုခဲ့တယ်လို့ Mundo Deportivo ရဲ့သတင်းအရ သိရ။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

















REF: FOOTBALL LONDON
SPORTS A2Z.